Pau's

Pau's

Share

BDS, MDS (O.M.F.S)
Official Fb Acc: Pau Lam Khup

05/11/2025

-ကျွန်တော့်ရဲ့ ၇ တန်း၊ ၈ တန်းအရွယ်လောက်က ကဗျာဖတ်ရတာ အင်မတန်နှစ်သက်ခဲ့တဲ့အချိန်တွေပေါ့။

-ဖတ်ခဲ့တဲ့ကဗျာတွေထဲမှာမှ သင်ရိုးစာအုပ်ထဲက ကျွန်တော်အရမ်းကြိုက်ခဲ့ရတဲ့ မြန်မာကဗျာ တစ်ပုဒ်ရှိတယ်။

-ကဗျာအရေးအသားက ရိုးရှင်းပြီး နားလည်ရလွယ်ကူသလို လက်တွေ့ဘဝနဲ့ဆက်စပ်လို့ စာဖတ်သူရင်ထဲကို အလွယ်တကူရောက်စေပါတယ်။

-ကဗျာကိုဖွဲ့ဆိုသူကတော့ “ငွေတာရီ”ဖြစ်ပြီး ခေါင်းစဥ်ကိုတော့ “ထိပ်ဆုံးသို့” လို့ အမည်ပေးထားပါတယ်။

-လက်ရှိပြည်တွင်းရော ပြည်ပမှာပါ ရောက်နေတဲ့သူတွေအားလုံးအတွက် ဒီကဗျာက အားအင်တစ်ခွက်ဖြစ်စေဖို့ မျှော်လင့်ပါတယ်။

Photos from Pau's post 26/07/2025

Congratulations to all the Graduates 2025 🎓🎉

Class of 2025 မှာ မြန်မာကျောင်းသူ/သား ဘွဲ့ရတဲ့သူ လေးယောက်ရှိပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်လည်း ပါလာပါပြီ။

ဘွဲ့ရပြီးနောက်ပိုင်း ဘဝခရီးပန်းတိုင်ကို အရောက်လှမ်းပြီး ထူးချွန်ထက်မြတ်တဲ့ ဆရာဝန်ကောင်းတွေ ဖြစ်ပါစေ လို့ ဆုမွန်ကောင်းပေးလိုက်ပါတယ်။

23/06/2025

Root Canal Treatment (သွားအကြောထုတ်ခြင်း)

ကျွန်တော်တို့တော်တော်များများ သွားအကြောထုတ်ခြင်း (RCT) နဲ့ ရင်းနှီးကြပါတယ်။ ဒါပေမဲ့ RCT ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတော့ မသိကြပါဘူး။ သဘာဝသွားကိုနှုတ်တာထက် ထိန်းသိမ်းတာမျိုးအလိုရှိရင်တော့ ဒီနည်းဟာလည်း ရွေးချယ်စရာတစ်ခုပါပဲ။ ဒါကြောင့် ဒီ,ဗီဒီယိုမှာ RCT အကြောင်းကို အားလုံးနားလည်ရအလွယ်ကူဆုံးဖြစ်အောင် ရှင်းပြထားပါတယ်။

အားလုံးကြည့်ရအဆင်ပြေပြီး နားလည်ရလွယ်ကူအောင် ဗီဒီယိုရဲ့ကြာချိန်ကို ၁ မိနစ်ဝန်းကျင်နဲ့အတိုင်းအတာတစ်ခုထိ ပြည့်စုံအောင် ရှင်းပြထားပါတယ်။

07/06/2025

သွားစိုက်ဖို့ ဘာကြောင့်လိုအပ်တာလဲ! (How important is Dental Prosthesis)

~ “သွားလှမှ လူလှမည်။ သွားကျန်းမာမှ လူကျန်းမာမည်” ဆိုပြီး ကျွန်တော့်အဖေပြောနေကျ ဆောင်ပုဒ်အတိုင်း ယနေ့မျက်မှောက်ခေတ်မှာ လူတွေက သွားကို ကျန်းမာရေးတွက်သာမက အလှအပအတွက်ပါ ဂရုစိုက်လာကြပါတယ်။
~ ပုလဲလုံးလေးတွေလိုဖြူစင်ပြီး ညီညာလှပတဲ့သွားလေးတွေကို ပိုင်ဆိုင်ခြင်းဟာ အလှအပရဲ့စံနှုန်းတစ်ခုလို ဖြစ်လာပါပြီ။ အဲ့လိုရရှိဖို့ကလည်း ကလေးအရွယ်ကတည်းက အထူးဂရုစိုက်ပေးဖို့လိုပါတယ်။
~ ဒီတစ်ခေါက်ဗီဒီယိုအဆုံးမှာ ကလေးတွေအတွက် ကျွန်တော်တို့သိပ်မရင်းနှီးဖူးကြသေးတဲ့ သွားကုသမှုအကြောင်း ထည့်ပြောထားပါတယ်။ ကြည့်ရှူသူအားလုံးတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Noted: ပုံမှန်သွားစိုက်တာကို သွားနှုတ်ပြီး ၃ လ ကြာမှ စိုက်ရပေမဲ့ အဲ့မတိုင်မှီလိုအပ်ခဲ့ရင် ယာယီသွားစိုက်တာကိုတော့ သွားဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး အမြန်ဆုံးစိုက်လို့ရပါတယ်။

16/02/2025

WMU မှာတက်ရင် Internship ဆင်းလို့ရလား?

ဒီမေးခွန်းကို WMU မှာ ကျောင်းတက်ချင်တဲ့ ညီ/ ညီမငယ်လေးတွေတော်"များ" သိချင်ကြမယ်ထင်ပါတယ်။ ကျွန်တော်ရဲ့အဖြေကတော့ “ရပါတယ်”

ဒါဆိုဘာတွေလုပ်ရလဲ?
ဒီမေးခွန်းဟာဆိုရင် ကျွန်တော့်အနေနဲ့ Personal Experience အရပဲ ပြောပြချင်ပါတယ်။ ကျွန်တော်ဟာ သွားဆေးပညာကို အထူးပြုထားတာမို့ ကျွန်တော့်အပိုင်းနဲ့ပက်သတ်ပြီးပဲ အဓိကထားပြောချင်ပါတယ်။

-ပထမဆုံးအနေနဲ့ ကျွန်တော် 见习 (Observation) ဆိုတဲ့အတိုင်း ကြည့်ရှုလေ့လာရပါတယ်။
-ဒုတိယအနေနဲ့ ဆရာ့ရဲ့အကူ (Assistant) အနေနဲ့ လုပ်ရပြီး
-တတိယအနေနဲ့ လူနာရဲ့ရောဂါစစ်ဆေးတာ (Examination) လုပ်ပြီး ရောဂါအမျိုးအမည်ကိုဖော်ထုတ်ခြင်း (Diagnosis) စတင်လုပ်ရပါပြီ။
-နောက်ဆုံးအဆင့်မှာတော့ ဆရာက အကူ (Assistant) အနေနဲ့ ကြည့်ပြီး လွယ်ကူတဲ့ Case ကနေ တစ်ဆင့်ပြီးတစ်ဆင့် စကိုင်ရပါတယ်။

တရုတ်ပြည်မှာ လူဦးရေလည်းများတာမို့ Case တွေလည်း အမျိုးမျိုးတွေ့ရတတ်ပါတယ်။

~Pau's Page ထောင်တာ ဒီနေ့နဲ့ဆို ၁ နှစ်ပြည့်ခဲ့ပါပြီ။ ကျွန်တော့်ရဲ့ Page ကတစ်ဆင့် စာဖတ်သူတို့အကျိုးတစ်စုံတစ်ရာရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

24/01/2025

Pit and Fissure Sealant

ဒီ,ဗီဒီယိုဟာ အထူးသဖြင့် လူကြီးသွားစပေါက်တဲ့ ၆ နှစ် ကနေ ၁၄ နှစ်အရွယ်တွက်ဆိုပေမဲ့ လူတော်တော်များများအတွက် အကျုံးဝင်ပါတယ်။ ကလေးတွေကိုအဓိကထားတယ်ဆိုတာက သူတို့လေးတွေက သွားနှင့်ခံတွင်းသန့်ရှင်းရေးမှာ လူငယ်နဲ့လူကြီးတွေထက်စာရင် အားနည်းနိုင်တာမို့ အုပ်ထိန်းသူတွေအနေနဲ့ မိမိရဲ့ကလေးတွေတွက် သွားဆေးခန်းမှာ သွားရောက်ပြုလုပ်လို့ရပါတယ်။ နောက်တစ်ခုက ချိုင့်နဲ့ကွဲကြောင်းနိမ့်ပြီး အဖျားချွန်တွေမြင့်နေရင်လည်း ပြုလုပ်သင့်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ‘သွားပိုးစားခြင်း’ လျော့နည်းအောင်လို့ပါ။

Note: ဒီလုပ်ငန်းစဉ်ဟာ သွားဖာသလိုမဟုတ်ဘဲ သွားကိုစားပေးဖို့(လုံးဝ)မလိုအပ်တာမို့ နာကျင်မှု(လုံးဝ)မရှိပါဘူး။

သွားပိုးစားခြင်းရဲ့အကြောင်းရင်း
https://www.facebook.com/share/p/1EcLTaQ394/?mibextid=wwXIfr

12/11/2024

Dental Scaling (သွားကျောက်ခြစ်ခြင်း)

သွားကျောက်ခြစ်ခြင်းဟာ တော်တော်အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး နားလည်လွယ်အောင်သိသင့်သလောက်ကို ဒီ,ဗီဒီယိုထဲမှာ ရှင်းပြထားပါတယ်။ ဗီဒီယိုရဲ့ကြာချိန်က ၁ မိနစ်စွန်းစွန်းလေးဆိုပေမဲ့လည်း ပြည့်ပြည့်စုံစုံရှင်းပြထားတာမို့ အဆုံးထိကြည့်သွားဖို့ တိုက်တွန်းချင်ပါတယ်။

Note: နီးစပ်ရာ သို့မဟုတ် အသိသွားဆရာဝန် တွေဆီမှာ အနည်းဆုံး ခြောက်လတစ်ကြိမ် သွားရောက်ကုသမှုခံယူဖို့ အကြံပေးပါ‌ရစေ။

Edited: သွားကျောက်ခြစ်ခြင်းလို့ပြောတာက ပိုသင့်တော်ပါတယ်။

Photos from Pau's post 09/09/2024

What do we need to prepare before we go to China?

September/ October Intake နဲ့တရုတ်ပြည်ကိုလာကြတော့မယ့် ညီ/ညီမလေးတွေအတွက် တရုတ်ပြည်ကိုမလာခင် ဘာတွေကြိုပြင်ဆင်ထားရမလဲဆိုတာလေး အတိုချုံးပြောပါရစေ။

အားလုံးပဲ 欢迎光临!

(မှတ်ချက် - တရုတ်စကားမပြောတတ်ရင်တော့ Offline Translator ပဲဖြစ်ဖြစ်၊ Dictionary ပဲဖြစ်ဖြစ် မသွားခင် ကြို Download သွားဖို့ အကြံပေးချင်ပါတယ်။)

16/08/2024

Oral Habits in Children (ကလေးတွေပြုလုပ်တတ်ကြတဲ့ သွားနှင့်ခံတွင်းဆိုင်ရာ အလေ့အကျင့်)

တစ်ချို့သော အကျင့်ဆိုးတွေက ကလေးတွေရဲ့ သွားနှင့်ခံတွင်းပုံစံကိုပြောင်းလဲစေနိုင်ပါတယ်။ ဥပမာ - လက်မစုပ်ခြင်း၊ လျှာဖြင့်အ‌ရှေ့သွားများကိုထိုးခြင်း၊ ပါးစပ်ဖြင့်အသက်ရှူခြင်း၊ နှာခမ်းကိုက်ခြင်း၊ လက်သည်းကိုက်ခြင်း၊ ပါးအတွင်းသားကိုကိုက်ခြင်း၊ ညအိပ်နေစဥ်တွင်း မသိစိတ်ဖြင့်သွားကိုက်ခြင်း။

၁။ (Thumb sucking) လက်မစုပ်ခြင်းကြောင့် အပေါ်ရှေ့သွားခေါပြီး အောက်‌ရှေ့သွားအနောက်ဘက်‌ယိုင်သွားတာမျိုးဖြစ်နိုင်ပါတယ်။
၂။ (Tongue thrusting) လျှာဖြင့်အရှေ့သွားများကိုထိုးခြင်းကြောင့် သွားများခေါထွက်လာနိုင်ပါတယ်။
၃။ (Mouth breathing) ပါးစပ်ဖြင့်အသက်ရှူခြင်းကြောင့် အောက်မေးရိုးကျဥ်းမြောင်းလာတာမျိုးဖြစ်နိုင်ပါတယ်။
၄။ (Lip biting) နှာခမ်းကိုက်ခြင်းကြောင့် အရှေ့သွားများခေါ်ထွက်လာနိုင်ပါတယ်။
၅။ (Nail biting) လက်သည်းကိုက်ခြင်းကြောင့် ပိုးမွှားများသွားဖုံးထဲဝင်‌ရောက်ပြီး သွားဖုံး‌ရောင်ရမ်းကာ သွားနဲ့၊ သွားကျွတ်ကျတာမျိုး ဖြစ်နိုင်ပါတယ်။
၆။ (Cheek biting) ပါးအတွင်းသားကိုကိုက်ခြင်းကြောင့် သွားဖုံးကိုထိခိုက်နိုင်ပါတယ်။
၇။ (Bruxism) ညအိပ်နေစဥ်တွင်း မသိစိတ်ဖြင့်သွားကိုက်ခြင်းကြောင့် ကြွက်သားပင်ပန်းခြင်းနဲ့ မေးရိုးအဆစ်နာကျင်မှုတွေ ဖြစ်လာနိုင်ပါတယ်။

မိဘများအနေနဲ့ မိမိကလေးရဲ့သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အထက်ကအကျင့်ဆိုးတွေသတိထားမိရင် အကျင့်ဖျောက်ဖို့ အသိပေးဖို့လိုအပ်ပါတယ်။ မိမိရဲ့ကလေးအကျင့်ဖျောက်ဖို့ခက်တယ်ဆိုရင်တော့ သက်ဆိုင်ရာသွားဆရာဝန်ဆီမှာပြသပြီး လိုအပ်တဲ့ကိရိယာတွေနဲ့ ထိန်းညှိပေးလို့ရပါတယ်။ မိမိရဲ့ကလေးသွားညှိကုသမှု (Orthodontic treatment) ခံယူချင်ရင်ကတော့ အသက် ၇ နှစ်ဝန်းကျင်ကစပြီး သက်ဆိုင်ရာသွားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်လို့ရပါတယ်။

ဒီလိုမျိုးတိုတိုရှင်းရှင်းနဲ့ ဖတ်ရတာအဆင်ပြေတယ်ဆိုရင် နောက်ပိုင်းတွေမှာ သင်ယူလေ့လာဖို့အပြင် ဗဟုသုတရဖို့အနေနဲ့ပါရည်ရွယ်ပြီး ဆက်တင်သွားဖို့ရှိပါတယ်။ အချိန်ယူဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Photo Crd

Want your business to be the top-listed Beauty Salon in Yiwu?
Click here to claim your Sponsored Listing.

Website

Address

Yiwu

Alerts

Be the first to know and let us send you an email when Pau's posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yiwu.