Hmon Nan Thar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hmon Nan Thar, Patiala.
05/04/2026
20/03/2026
: သိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်က လေ
သူ တန်ဖိုးထားရတဲ့ဆက်ဆံရေးတစ်ခုကို…
အဆင်မပြေလို့ဆိုတဲ့
စကားလေးတစ်ခွန်းနဲ့
လွယ်လွယ်ကူကူလေး
မစွန့်ခွါတတ်ဘူး ။
ပထမ အဆင်မပြေဘူးဆိုတဲ့အရာတွေကို
ညှိယူဖို့ ကြိုးစားလိမ့်မယ်
ပြောပြလိမ့်မယ်
အဲ့လို ပြောပြနေခြင်းတွေက
အဆင်မပြေတာတွေ ပိုဖြစ်လာရင်
မြိုသိပ်ဖို့ တွေးမိလိမ့်မယ်
တကယ် သိပ်ချစ်တတ်တဲ့
မိန်းကလေးတစ်ယောက်ကလေ
သူ မကြိုက်ဘူးဆိုတဲ့အရာတွေကို
သူသိပ်ချစ်တဲ့ လူတစ်ယောက်က လုပ်နေခဲ့ရင်
အဲ့ဒီအရာကို သဘောကျတတ်ဖို့
တစ်ခါတော့ ကြိုးစားကြဖူးတယ်တဲ့ ။
ထားပါတော့ …
အဆင်မပြေတဲ့အရာတွေကို
မြိုသိပ်ထားရင်းက
နာကျင်လာရတဲ့ နေ့ရက်တွေမှာ
အရင်လို ပြန်ဖြစ်လာရင်ဆိုတဲ့
မျှော်လင့်ချက်လေး ထားတတ်ကြသလို
အဲ့ဒီနေ့ရက်တွေထိ
သူ … တန်ဖိုးထားရတဲ့ ရပ်ဝန်းကနေ
လှည့်ထွက်ဖို့ တွေးတောင် မတွေးရဲသေးပါဘူး
ကျွန်မ … သိပ် နာကျင်နေရတယ်ဆိုတဲ့
စကားလုံးလေးနဲ့
ဂရုစိုက်ဖို့ သတိပေးခဲ့လိမ့်မယ်
ကျွန်မ … လှည့်ထွက်မိသွားလိမ့်မယ်ဆိုတဲ့
စကားလုံးလေး သုံးလာတဲ့ ရက်တွေကျရင်တော့
သူက … တကယ်ပဲ မျှော်လင့်ချက် မဲ့နေခဲ့တာ သေချာပါတယ်
နောက်ဆုံးကျတော့မှ …
လမ်းခွဲရအောင်ဆိုတဲ့ စကားလုံးလေးပဲဖြစ်ဖြစ်
ကျွန်မ နေခဲ့လိုက်တော့မယ်ဆိုတဲ့ စကားလုံးလေးပဲဖြစ်ဖြစ်သုံးပြီး
သူ … သိပ်ချစ်တဲ့ လူတစ်ယောက်အနားက
လှည့်ထွက်ခဲ့ဖို့ ရွေးတာပါ
လွယ်လွယ်လေးနဲ့ဆိုပြီး လူတွေက
မြင်ကြပေမယ့်
တကယ်တမ်းကျတော့
လွယ်လွယ်ကူကူလေး မဟုတ်ခဲ့သလို
နှစ်တွေအကြာကြီး ချစ်ခဲ့တဲ့လူတစ်ယောက်အနားက
လှည့်ထွက်နိုင်ဖို့ဆိုတာ
တော်ရုံနာကျင်မှုမျိုးနဲ့တော့
မဟုတ်ဘူး ။
တစ်ယောက်တည်းငို ပြီး…
ညတွေအများကြီးကို ဖြတ်သန်းခဲ့ဖူးပြီဖြစ်သလို
လမင်းကြီးနဲ့ကော ကြယ်တွေနဲ့ကော
စကားပြောဖူးတဲ့အထိ အထီးကျန်ခဲ့ဖူးပြီမို့
အဲ့ဒီမိန်းကလေးက
တစ်ယောက်တည်းလည်း
ရှေ့ဆက်လျှောက်နိုင်တဲ့အထိ သန်မာလာအောင်
ဒဏ်ရာတွေကပဲ သင်ပေးခဲ့တာပါ ။
#စာချစ်သူ
20/03/2026
အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါမှာ ဘဝကို အရင်လို အလောတကြီး မဖြတ်သန်းချင်တော့ဘူး။ အရင်တုန်းကတော့ ကိုယ်ဘာတွေလုပ်နေလဲ၊ ဘယ်လောက်ထိ ကြိုးစားနေလဲဆိုတာကို သူများတွေ သိစေချင်တယ်၊ အသိအမှတ်ပြုခံချင်တယ်။ ဒါပေမဲ့ အခုတော့ "ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တိတ်တိတ်ဆိတ်ဆိတ် နေရတာ" ကိုပဲ ပိုသဘောကျလာတယ်။လူမှုပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ တည်ရှိမှုကို အတင်းအကျပ် သက်သေပြနေရတာမျိုးတွေက တကယ်တော့ အရမ်းပင်ပန်းဖို့ကောင်းမှန်း သိလာလို့ပါ။ ကိုယ့်ကို မေ့နေတဲ့သူတွေ၊ ကိုယ့်အနားမှာ မရှိတော့တဲ့သူတွေကိုလည်း လိုက်ပြီး အကြောင်းပြချက်တွေ တောင်းမနေတော့ဘူး။ သူတို့ဆီက ဂရုစိုက်မှုကိုလည်း မမျှော်လင့်တော့သလို၊ သူတို့မေ့နေရင်လည်း မေ့နေတဲ့အတိုင်းပဲ အေးအေးဆေးဆေး လွှတ်ထားပေးလိုက်နိုင်ပြီ။အခုချိန်မှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ စိတ်အေးချမ်းမှု ပဲ။ လူအများကြီးနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ခံမယ့်အစား ကိုယ်ဝါသနာပါတာလေးတွေလုပ်၊ ကိုယ့်ရှေ့က အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်ဘက်ထားပြီး နေထိုင်ရတာက ပိုပြီး အဓိပ္ပာယ်ရှိလာတယ်။ သူများအမြင်မှာ ဘယ်လိုပဲဖြစ်နေပါစေ... ကိုယ့်စိတ်ထဲမှာ ငြိမ်းချမ်းနေဖို့ကသာ လက်တွေ့ကျတဲ့ ပျော်ရွှင်မှုပဲ ဖြစ်ပါလိမ့်မယ်။
#စာချစ်သူ
20/03/2026
မတော်တဆပေါ့ … ဆုံခဲ့ကြတယ်လို့ပါပဲ
တစ်ယောက်နဲ့တစ်ယောက် .....
တွေ့ရဆုံရခြင်းတွေက
ခဏတာဆိုတာမှန်းသာ သိခဲ့ရင်
ဘယ်သူ့ကိုမှ .....
မစွဲလမ်းဖြစ်တော့အောင် နေဖြစ်ခဲ့မှာပါ
ဒါပေမယ့် စွဲလမ်းခဲ့ပြီးပြီဆိုတော့လဲ
ခဏတာဆုံခဲ့ရတော့လဲ ...
ခဏတာပေါ့ ဘယ်တတ်နိုင်ပါ့မလဲဆိုတဲ့ ...
စကားကိုပဲ အသွင်သွင်ပြောပြီး
ကျနေတဲ့မျက်ရည်တွေကို
ခဏခဏသုတ်လိုက်ရုံပေါ့.....
ငါတို့ဆုံခဲ့ကြတာ ....
မတော်တဆလို့ပဲ ထားပါတော့
ဆုံခဲ့ရတယ် ပြီးတော့ ခွဲခဲ့ရတယ်
ဒါကလဲ သဘာ၀ပဲ ဖြစ်မှာပါ ထူးထူးခြားခြား
ဘာမှ ဖြစ်မသွားတာမှ မဟုတ်ပဲလေ
ဟုတ်တယ်မလား ထုံးစံအတိုင်း
ချန်ခဲ့တဲ့သူက ချန်ခဲ့ပြီဆိုမှတော့
ကျန်ခဲ့တဲ့သူကလဲ ကျန်ခဲ့ရဲရမှာပေါ့
ဆုံခဲ့ကြတုန်းက ပျော်ခဲ့ကြသလို
ပြုံးပြုံးလေး ခွဲနိုင်ဖို့တော့ ကိုယ့်ကိုယ်ကိုယ်
အချိန်အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ရုံပေါ့ ..
မင်းပြောသလိုပဲ … မတော်တဆဆုံခဲ့ကြတယ်ပေါ့
ပြီးတော့ ရေစက်တွေကုန်လို့ ခွဲခဲ့ရတယ်လို့ပဲ
ခေါင်းစဉ်လှလှလေးနဲ့ ချန်ထားခဲ့တဲ့
ဇာတ်လမ်းလေးပဲ ထားပါတော့ ......
20/03/2026
: ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ရင် လူတယောက်ကိုရွေးချယ်ဖို့
တခြားသောအကြောင်းပြချက် ကိုယ့်မှာမရှိဘူး
သူမို့လို့ သူဖြစ်နေလို့ဆိုတဲ့စိတ်တခုထဲနဲ့ရွေးချယ်ချင်တာ
သူ့ကဘာကြီးမို့လို့ ကိုယ့်အပေါ်ဘာလုပ်ပေးလို့
အဲ့လိုမတည်မြဲတဲ့အကြောင်းပြချက်တွေလဲ ကိုယ့်မှာမရှိဘူး၊
တခုခုဖြစ်လာမှတို့ တအတူက်ယောက်လိုတော်နေမှတို့
ဒါမျိုးပကာသနဆန်တဲ့အတွေးမျိုးလဲ ကိုယ့်မှာမရှိဘူး
သူ့ရဲ့အရှိအတိုင်းလေးကိုလက်ခံပီး
သူ့မှာမရှိတဲ့အရာတွေကို အတူတူကြိုးစားသွားရင်းနဲ့
အကောင်းဆုံးသောအရာတွေကို တခုပြီးတခု ပိုင်ဆိုင်သွားချင်တာ
အဲ့လိုလေးနဲ့ပဲ နောင်လာမဲ့ခုနှစ်သက္ကရာဇ်မြောက်မြားစွာ
ဒီလိုလေးနဲ့ကိုယ်တို့အတူတူရှိသွားချင်တာအချစ်ရဲ့...။
20/03/2026
ချေတယ်ဆိုတာ Branded တွေ မချွတ်တမ်းဝတ်ပြတာလဲ
မဟုတ်ဘူး။ မျက်နှာကြီးမာပြီး ခေါင်းကြီးမော့ထားတာလဲ
မဟုတ်ဘူး လူတွေကို ကိုယ်နဲ့မတူဘူး မတန်ဘူး ထင်နေတာလဲ မဟုတ်ဘူး။ ချေတယ်ဆိုတာ ကိုယ့်ကိုယ်အရှုပ်တွေ လာမငြိအောင်။ အထာနဲ့နေတာ။ ချေတယ်ဆိုတာ ဘဝကိုဆင်းရဲသည်ဖြစ်စေ။ ချမ်းသာသည်ဖြစ်စေ။ မတရားနည်းနဲ့ဖြစ်ဖြစ်ရတဲ့ငွေကြေးဥစ္စာကို မမက်မောဘဲ။ ကိုယ့်တန်ဖိုးနဲ့
ကိုယ်နေတာ။ ချေတယ်ဆိုတာ ကိုယ့်နှုတ်ထွက်စကားကအတိတ်ပစ္စုပ္ပန် အနာဂတ်ကို မထိခိုက်အောင်ပြောတက်
ဆိုတက်တာ။ ချေတယ်ဆို အဲ့လိုချေတာအကောင်းဆုံးပါ
လူမြင်ရင်ရွဲ့ဆောင်းပြောနေတာက ချေတာမဟုတ်ဘူးနော်
ဟိုလူဒီလူနဲ့အဆင်မပြေလို ချေတဲ့ပုံနဲ့ ကိုယ့်ကိုယ်ကိုအထင်းကြီးနေရင်မှားမယ်။ တစ်ကယ်တော့ သင်ဟာ
လူတောမတိုးတာပါ။ လူသူကြားထဲမနေမထိုင်တက်တာပါ
ဒါကိုချေတယ်မခေါ်ပါဘူး။ လူတောမတိုးတာလို့ခေါ်ပါတယ် လူဆိုတာသူ့နေရာနဲ့သူ သွားလာပြောဆို
တက်ရပါတယ်။ လူကြားထဲရောက်ရင် ငါးစိမ်းသယ်လေသံနဲ့နေထိုင်ပြောဆိုလို့မရပါဘူးနော်ရှင်
#မက်မွန်သီးလေးရွှေစု
13/03/2026
အားကိုးလို့တော့ရနေပါပြီ
13/03/2026
မမဗိုက် ချစ်စရာလေး😍
ဟောင် နေရင် ရှောင် သွားလိုက်ပေါ့
ခွေး နဲ့ ပြိုင်နေရင်
ကိုယ်က ခွေး ထက်မိုက်တဲ့သူ
ဖြစ်သွားတာပဲ အဖတ်တင်လိမ့်မယ် ၊၊
Click here to claim your Sponsored Listing.
