Tiens Dawei online shop

Tiens Dawei online shop

Share

are you ok all right

04/03/2023

hi မဂ်လာပါရှင့်

10/01/2021

ချောင်းဆိုးခြင်း၊ အအေးမိခြင်းနှင့် အဆုတ်ရောင်ရောဂါများ မဖြစ်ပွားရအောင်
အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ သိထားသင့်သည့် အချက်များ

အဆုတ်ရောင်ရောဂါကြောင့် အသက်(၅)နှစ်အောက် ကလေး ၅-ယောက်တိုင်းတွင် ၁-ယောက် သေဆုံးနေကြရသည်။

ချောင်းဆိုးခြင်း၊ အေးမိခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာစေးနှာရည်ယိုခြင်းတို့သည် ကလေးဘ၀တွင် အဖြစ်များလေ့ရှိသည်။ အများအားဖြင့် စိုးရိမ်ရ လောက်သည့် အကြောင်းတစ်ရပ်မဟုတ်ပါ။ သို့သော အချို့သောကိစ္စရပ်များတွင် ချောင်းဆိုးခြင်းသည် အဆုတ်ရောင် သို့မဟုတ် တီဘီရောဂါ ကဲ့သို့သော ပိုမိုဆိုးဝါးသည့် နာမကျန်းဖြစ်စေသည့် လက္ခဏာများ ဖြစ်နေတတ်ပါသည်။

အဆုတ်ရောင်ရောဂါသည် ၀မ်းပျက်ဝမ်းလျှောနှင့်အတူ ကမ္ဘာနှင့်အ၀ှမ်း အသက်(၅)နှစ်အောက် မိန်းကလေးများနှင့်ယောက်ျားလေးများအတွက် အသက်ဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။ မိန်းကလေးတိုင်းနှင့်ယောက်ျားလေးတိုင်းသည် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုမျိုးကို ခံယူနိုင်ခွင့်ရှိပါသည်။ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနှင့် အခြားဖျားနာမှုများကို တိကျစွာရှာဖွေစစ်ဆေးခံယူ၍ အချိန်မီဆေးကုသခံယူခွင့်ရှိပါသည်။

အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ သိသင့်သည့် အချို့သောအချက်အလက်များ

၁။ ချောင်းဆိုး သို့မဟုတ် အအေးမိနေသော ကလေးကို နွေးနွေးထွေးထွေးထားရပါမည်။ အစားအစာနှင့်ရေများ စားနိုင်သောက်နိုင်သမျှ စားသောက်နိုင်ရန် အားပေး တိုက်တွန်းရပါမည်။

၂။ တစ်ခါတစ်ရံတွင် ချောင်းဆိုးခြင်းသည် ပြင်းထန်သောရာဂါလက္ခဏာများ ဖြစ်နိုင်ပါသည်။ အသက်ရှူမြန်သော သို့မဟုတ် အသက်ရှူခက်နေသော ကလေးငယ်တစ်ဦးသည် နမိုးနီးယားခေါ်အဆုတ်ရောင်ခြင်း ဖြစ်နိုင်ပါသည်။ အဆုတ်တွင် ရောဂါပိုးဝင်ရောက်နေခြင်းကြောင့်ဖြစ်ပြီး အသက် အန္တရာယ်ကို ထိခိုက်စေနိုင်ပါသည်။ လေ့ကျင့်သင်ကြားထားသည့် ကျန်းမာရေးဝန်ထမ်းများ၏ ပြုစုကုသမှုကို ချက်ချင်းခံယူရပါမည်။ လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများက ဆေးရုံဆေးခန်းများသို့လည်း ဆက်လက် ညွှန်းပို့ပေးနိုင်ပါသည်။

၃။ မိသားစုများအနေနှင့် ကလေးငယ်များ အဆုတ်ရောင်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ရန်ကလေးအသက် ပထမခြောက်လအရွယ်အထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးရန် ကူညီပံ့ပိုးပေးကြရပါမည်။ ကလေးငယ်တိုင်းကို အာဟာရပြည့်ဝအောင်ကျွေးမွေးပြီး ကာကွယ်ဆေးများကိုလည်း အပြည့်အ၀ ထိုးနှံတိုက်ကျွေးပေးရပါမည်။

၎။ ကလေးငယ်တစ်ဦးသည် ရက်သတ္တပတ် သုံးပတ်ကျော်သည်အထိ ချောင်းဆက်ဆိုးနေပါကချက်ချင်း ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်ပါသည်။ ကလေး၏အဆုတ်တွင် ရောဂါပိုးဝင်နေပြီး တီဘီရောဂါ ဖြစ်နိုင်ချေရှိပါသည်။

၅။ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဆေးလိပ်ငွေ့နှင့်မီးခိုးငွေ့များ ရှူရှိုက်နေရပါကအဆုတ်ရောင်ရောဂါ သို့မဟုတ် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်နိုင်ချေ ပိုမိုများပြားပါသည်။

Photos from Tiens Dawei online shop's post 10/01/2021

Zawgi

Category

Telephone

Website

Address

Ye Road
Dawei

Alerts

Be the first to know and let us send you an email when Tiens Dawei online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Dawei.