Shwe Aye Thu
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Aye Thu, Health/Beauty, Dawei.
အမွှေအနောက်ကသေလောက်တယ်😆
06/01/2024
ဒီဇိုင်းအသစ်နဲ့ပါလား
📚 ကာမတဏှာ ✍️ ဦးနု
အခုအရွယ်ရောက်မှ ဒီစာအုပ်လေးကို ဖတ်မိတာ အသိနောက်ကျသွားတယ်ဆိုတဲ့အတွေးနဲ့
အခုကစပြီး ကိုယ့်ကိုယ်ကိုယ်ပြုပြင်နေထိုင်
လို့ရသွားတာပေါ့ဆိုတဲ့ အတွေးက စာအုပ်ဖတ်နေရင်း
၀င်မိပါတယ်။
ဒီစာအုပ်လေးထဲမှာ ဘာသာရေးအဆုံးအမတွေအကြောင်းကို ဇာတ်လမ်းတစ်ပုဒ်နှင့်အတူ ထည့်သွင်းဆုံးမထားပါတယ်။
ဘာသာရေးအဆုံးအမတွေများစွာပါ၀င်တာကြောင့် အိမ်တိုင်းဆောင်ထားသင့်တဲ့စာအုပ်ကလေးပါ။
မိဘတိုင်းလည်း ဖတ်ရှုသင့်တဲ့ စာအုပ်ကလေးဖြစ်သလို အရွယ်ရောက်တဲ့ သားသမီးတိုင်းကိုလည်း ပေးဖတ်သင့်တဲ့ စာအုပ်ကလေးပါပဲ။
စာအုပ်နာမည်က နည်းနည်းဆိုးနေပေမဲ့
အထဲက အရေးအသားတွေကတော့ လက်တွေ့ဘ၀အတွက် အနှစ်တွေချည်းပါပဲ။
သဘောအကျဆုံးဇာတ်ကောင်ကတော့ မခင်မေပါပဲ။မခင်မေလို ဘာသာရေးအသိအမြင်တွေ ကြွယ်၀တဲ့သူတစ်ယောက်ဖြစ်ချင်ပါတယ်။မောင်မြင့်ဆွေလို သားမျိုးဖြစ်အောင်လည်း မိဘတိုင်းက ပြုစုပျိုးထောင်ပေးသင့်ပါတယ်။မောင်မြင့်ဆွေလို ဘုန်းကြီးမဖြစ်သည့်တိုင်အောင် အဓိကကတော့ သူများရဲ့သမီးပျိုတွေကို မဖျက်ဆီးတတ်ဖို့နဲ့
ကိုယ့်ရဲ့နှမအရင်းတစ်ယောက်လို စိတ်ထားရှိဖို့ပါပဲ။ကာမတဏှာဆိုတဲ့အရာက အသက်အရွယ်တွေဘယ်လောက်ကွာခြားပါစေ၊အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်ဆုံတဲ့အချိန်မှာ ဖြစ်ပေါ်လာတာပါပဲ။
ဒီစာအုပ်ဖတ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ပြီး နောင်တတွေလည်း ရမိပါတယ်။
အချစ်အပေါ်မှာထားရှိတဲ့ ကိုယ့်ရဲ့အမြင်တွေ
လည်း ပြောင်းလဲသွားပါတယ်။ဒီတစ်ခါ အချစ်နဲ့များ ထပ်ဆုံခဲ့မိရင် အရင်လို ရူးမိတော့မှာမဟုတ်ပဲနဲ့ ကိုယ့်စိတ်ကိုထိန်းပြီး အေးချမ်းစွာ မေတ္တာထားနိုင်မိတော့မှာပါ။
ကာမတဏှာဆိုတဲ့ ကြောက်စရာသတ္တဝါက နိဗ္ဗာန်နဲ့ ဝေးသထက်ဝေးအောင် ပြုလုပ်ပေးတဲ့အရာဖြစ်တယ်တဲ့။
ဒီစာအုပ်လေးထဲက သံဝေဂတရားလေးနဲ့
စာလေးကို အဆုံးသတ်လိုက်ပါတယ်။
နုနယ်ရုပ်ဆင်း ပျိုမြစ်ခြင်းကား
အိုမင်း နောက်ဆုံးရှိချေ၏။
ချစ်ခင် ပေါင်းသင်းဆက်ဆံခြင်းကား
ကွေကွင်း နောက်ဆုံး ရှိချေ၏
ခုံမင်ခယ ချစ်လွန်းကလည်း
သောက နောက်ဆုံးရှိချေ၏
ဝိညာဥ်ထင်လင်း သက်ရှင်ခြင်းကား
သေခြင်းနောက်ဆုံးရှိချေ၏။
👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇
🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚
📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️
Lazada မှ စာအုပ်များမှာယူလိုပါက 👇
https://s.lazada.co.th/s.98hrt
Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇
tiktok.com/
Line 👉 0619014022
#ဦးနု
#ကာမတဏှာ
ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
