Phyo Phyo Gym

Phyo Phyo Gym

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo Phyo Gym, Health/Beauty, Hpa-an, Hlaing-Bwe Street, Hpa-an.

17/03/2025

မနက်စာ မစားခြင်းရဲ့ ဆိုးကျိုး(10)ချက်

ခုခေတ်မှာနံနက်စာစားဖို့ အင်မတန်ပျင်းလာကြပါတယ်။
နံနက်ဆို ဘာမှမစားချင်လို့၊ နံနက်စာစားဖို့ အချိန်မမီလို့၊ အိပ်ရာထနောက်ကျလို့၊ စတဲ့ စတဲ့ အကြောင်းပြချက်
အမျိုးမျိုးနဲ့ နံနက်စာကို ရှောင်လာကြပါတယ်

တကယ်တော့ နံနက်စာက နေ့တစ်နေ့အတွက် အရေးအကြီးဆုံးဖြစ်ပြီး နေ့လည်စာနဲ့ ညစာထက်တောင် ပိုအရေးကြီးပါတယ်။ နံနက်စာမစားတာ လနဲ့ချီ၊ နှစ်နဲ့ချီ ဖြစ်လာတဲ့အခါ အန္တရာယ်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်

စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်
(နံနက်စာမစားတဲ့အခါ သွေးတွင်းသကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာစေနိုင်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ စိတ်ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်)

လူမှုဆက်ဆံရေး အားနည်းလာမယ်
(ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှုများနေတဲ့သူဟာ လူမှုဆက်ဆံရေးပိုင်းမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ လက်ရှိ ခင်မင်ရင်းနှီးရသူတွေနဲ့လည်း ပြဿနာတွေ များလာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဝင်ဆံ့တော့မှာ မဟုတ်ပါဘူး)

ဦးနှောက်ကျန်းမာရေး ထိခိုက်လာမယ်

(နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်)

ဆံပင်ကျွတ်နိုင်တယ်

(နံနက်စာမစားတဲ့အခါ ခန္ဓာကိုယ်ကနေProtein ကို ပြည့်ဝစွာမရရှိနိုင်ပါဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin လည်း မရရှိတော့ပါဘူး။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့လည်း ခက်ခဲလာနိုင်ပါတယ်)

Gym /Workout စတာတွေဆော့ပေမယ့် အကျိုးမရှိတော့ဘူး

(နံနက်စာစားတဲ့အခါ မာဆယ်တွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကို စားပေးရပါတယ်။ မစားဘူးဆိုရင်တော့ gym ဘယ်လောက်ဆော့ဆော့ ခန္ဓာကိုယ်ဟာ ကိုယ်မျှော်လင့်ထားသလို ပုံပန်းကျ လှပနိုင်မှာ မဟုတ်ပါဘူး။)

ဝမ်းဗိုက်မှာအဆီတွေ ဖြစ်လာမယ်

(နံနက်စာရှောင်တဲ့သူတွေဟာ နေ့လည်စာနဲ့ ညစာကို ပိုစားတတ်ကြပါတယ်။ တကယ်တော့ နံနက်စာဟာ ဘယ်လောက်အများကြီးစားစား ဝမ်းဗိုက်မှာအဆီစု မလာစေပါဘူး။ နေ့လည်စာနဲ့ ညစာကတော့ စားရင်စားသလို အဆီတက်စေပါတယ်။ တကယ်လို့ ဝိတ်ချမယ်လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက်စာကို ဝဝလင်လင် စားပေးသင့်ပါတယ်။)

နှလုံးရောဂါ ဖြစ်လာမယ်

နံနက်စာမစားတဲ့သူဟာ တဖြည်းဖြည်းနဲ့ နှလုံးအားနည်းလာပါတယ်။ ကြာလာတဲ့အခါ silent killer လို့ တင်စားတဲ့ နှလုံးရောဂါ ဖြစ်လာမှာပါ။ နှလုံးရောဂါဟာ ရုတ်တရက်အသက်ရှူရပ်ပြီး အသက်ဆုံးစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဖြစ်ပြီးသွားရင်လည်း အရှင်းမပျောက်တော့တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။

နံနက်စာမစားတဲ့သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်လို့ ဆရာဝန်တွေက ထောက်ပြထားပါတယ်။ အင်ဆူလင် လုံလုံလောက်လောက်မထွက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။

ခေါင်းကိုက်ဝေဒနာ ဖြစ်လာမယ်

(နံနက်စာမစားတဲ့အတွက် သွေးတွင်းသကြားဓာတ်နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို ထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းကြောင့် သွေးဖိအားမြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းတဲ့သူဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။)

အသက် ၄၀ ဝန်းကျင်လောက်နဲ့အားအင်ချိနဲ့လာမယ်

(နံနက်စာမစားတဲ့သူဟာ ပုံမှန်လူတွေထက် ကျန်းမာသန်စွမ်းမှုနဲ့ လျင်မြန်သွက်လက်မှုတွေ မြန်မြန် ကျဆင်းနိုင်ပါတယ်။ အသက်ကြီးလေ သိသာလေ ဖြစ်လာမှာပါ။ သူများအသက် ၄၀ ဆို သန်မြန်နေဆဲပေမယ့် နံနက်စာမစားတဲ့သူကတော့ အသက် ၄၀ လောက်နဲ့ အဖိုးကြီး၊ အဖွားကြီးတွေ ဖြစ်နေကြမှာပါ။)

နံနက်စာ စားသင့်တဲ့အချိန်ကတော့ အိပ်ရာထပြီး ၂ နာရီအတွင်း ဖြစ်ပါတယ်။
ဒါပေမယ့် အိပ်ရာထချိန်ဟာ နံနက် ၆ နာရီကနေ ၉ နာရီအတွင်း ဖြစ်ရပါမယ်။
၇ နာရီခွဲဆို အိပ်ရာထပြီး ၈ နာရီခွဲကနေ ၉ နာရီအတွင်း နံနက်စာ ပုံမှန်စားဖြစ်ပါတယ်။

နံနက် ၁၀ နာရီလောက် အိပ်ရာထပြီး နေ့လည် ၁၁ နာရီမှာ စားတဲ့အရာကိုတော့ နံနက်စာလို့ မခေါ်ပါဘူး

နံနက်စာ စားတဲ့အခါမှာလည်း အာဟာရဖြစ်စေမယ့်အရာတွေ စားပေးဖို့လိုပါတယ်။ ကြက်ဥ၊ ကွေကာအုပ်၊ ကော်ဖီ၊ ဘယ်ရီသီးတွေနဲ့ အခွံမာသီးတွေက ကျွန်တော်တို့ စားပေးသင့်တဲ့ နံနက်စာတွေ ဖြစ်ပါတယ်

ဂရုစိုက်ကြပါမိတ်ဆွေသူငယ်ချင်းတို့

#လေးစားစွာဖြင့်မူရင်းရေးသားသူကိုCreditပေးပါတယ်...

ကျန်းမာပျော်ရွှင် ချမ်းမြေ့ကြပါစေ...

အလုပ်အကိုင်လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ...

ပေးကမ်းမျှဝေကူညီနိုင်သော လက်ပိုင်ရှင်များ ဖြစ်ကြပါစေ။

17/03/2025

Training hard is a skill! လေ့ကျင့်ခန်းလုပ်တဲ့ အခါ ပြင်းပြင်းထန်ထန်လေ့ကျင့်နိုင်တာက လေ့ကျင့်ယူရတဲ့ စွမ်းရည်တစ်ခုပါ။

လူအများစု၊ အထူးသဖြင့် လေ့ကျင့်ခန်းစလုပ်တဲ့သူတွေက ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့ ပျက်ကွက်လေ့ရှိကြပါတယ်။ အာရုံမစိတ်ပဲ၊ လေ့ကျင့်ခန်းလှုပ်ရှားမူတွေကို အကြိမ်သတ်မှတ်ချက်အတိုင်းသာလုပ်လိုက်ကြတယ်။ ဒါကြောင့်လုံလောက်တဲ့ လှုံဆော်မူမရကြတာဖြစ်တယ်။ ပြီးတော့ ထင်ထားသလောက် ရလဒ်တွေမရတာဖြစ်တက်တယ်။

လေ့ကျင့်ခန်းတစ်ခုက လှုံဆော်မူရဖို့ဆိုရင် motor unit recruitmentမြင့်ရပြီး၊ mechanical tensionရှိဖို့လိုပါတယ်။ ဆိုလိုတာက faliureရောက်ခါနီး အကြိမ်တွေကသာလှုံဆော်မူပေးတာပါ။ ဒါကြောင့် ပြင်းပြင်းထန်ထန်လေ့ကျင့်တာက အရေးကြီးတာပါ။

ပြင်းပြင်းထန်ထန်လေ့ကျင့်နိုင်ဖို့၊ အထူးသဖြင့် စတင်သူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတစ်ခုကို မျှဝေပေးပါမယ်။

Stableဖြစ်တဲ့၊ single jointလေ့ကျင့်ခန်းတစ်ခုကို ယူပါ။ ဥပမာ leg extensionပေါ့။ ဒီလေ့ကျင့်ခန်းကို တစ်ကြိမ်မှမလုပ်နိုင်တော့တဲ့ထိ၊ လုံးဝမရွေ့တော့တဲ့ထိ တစ်ကြော့လေ့ကျင့်ကြည့်ပါ။ training hardက ဘယ်လိုဖြစ်လဲဆိုတာ သိပြီး နောက်အကြိမ်တွေအတွက် ကူညီပေးပါလိမ့်မယ်။

သင့်အတွက်အသုံးဝင်တယ်ဆိုရင် like and followလုပ်ခဲ့လို့ရပါတယ်။


ားအံ

12/03/2025

ကျန်းမာရေးအတွက်Gymဆော့ချင်သူဖစ်ဖစ်🥰🥰 ကိုယ့်ရဲ့bodyအချိုးအစားအတွက် Gym ဆော့ချင်သူဖစ်ဖစ် Phyo Phyo GYM ဘားအံမြို့ ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင့်🥰🥰 PhyophyoGym ရဲ့မိတ်ဟောင်းမိတ်သစ်များကို နွေးထွေးစွာကြိုဆိုနေပါတယ်ရှင့်🥰🥰😍

12/03/2025

Phyo Phyo GYM ဘားအံမြို့ မှမိတ်ဟောင်းမိတ်သစ်များကို ကြိုဆိုပါတယ်ရှင့်🥰🥰 ကျန်းမာရေးအတွက်လည်း gymဆော့လို့ရပါတယ်ရှင့်🥰🥰

02/03/2025

😍😍တနေ့တနေ့ စားပီအိပ်😅နေ့တဲ့သဲတို့ရေ😍😍ဝိတ်တက်နေလို့စိတ်ညစ်နေပီလား🤷‍♂️ လုံးဝစိတ်ညစ်ဖို့မလိုဘူးနော်🙅🙅‍♂️PhyoPhyoGymကိုသာလာခဲ့ကြပါနော်😍😍😍 Phyo Gym

Photos from Phyo Phyo Gym 's post 02/03/2025
Photos from Phyo Phyo Gym 's post 01/03/2025

Phyo Phyo Gym မှကြိုဆိုပါတယ် သဲတို့ရေ😍😍

လုံးဝကိုစိတ်တိုင်းကျ ကစားရမယ့်နေရာတခုပါနော်
😘😘

Photos from Phyo Phyo GYM ဘားအံမြို့'s post 26/11/2024
21/11/2024

သိချင်တာလေးများရှိရင်Phyo Phyo Gym Page အသစ်လေးမှလာရောက်မေးမြန်းလို့ရပါတယ်ရှင့်

21/11/2024

Phyo Phyo GYM ဘားအံမြို့ Phyo Phyo Gym Page အသစ်မှကြိုဆိုပါတယ်ရှင့်

Category

Telephone

Website

Address

Hpa-an, Hlaing-Bwe Street
Hpa-an

Alerts

Be the first to know and let us send you an email when Phyo Phyo Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Hpa-an.