Pure Essence
Authentic perfume & decant များကိုရောင်းပေးတဲ့ Pure Essence page ရဲ့ Page နောက်တစ်ခုဖြစ်ပါတယ်။
16/09/2026
နိုင်ငံတော် ရေမွှေး Y EDP ထက် ပိုအေး ပိုမွှေးတဲ့ YSL Y iced colonge မင်မင်တို့ ဆိုင်မှာ decant ရပါပြီ ဗျာ
JPG ရဲ့ 2026 မှာ ထွက်ရှိထားတဲ့ Divine Couture 🥰🥰
21/08/2026
Full-size Perfume Collection (Part 3)
ဆိုင်မှာ အကုန်လုံး In-stock ရှိတာမို့ ကြိုက်နှစ်သက်တဲ့ ရနံ့လေးကို တန်းမှာယူနိုင်ပါတယ်နော်....
20/08/2026
💋ဒီညအတွက် ကိုယ့်နားကနေ သူမမခွါတော့
မယ့် ရေမွှေး
Cardamon နဲ့ နွေးတာလေးရယ် Kulfi နဲ့ Vanilla ရဲ့ Sexy ကျမှုလေးရယ် ပေါင်းထားတာလေး
💯 Authentic Branded ရေမွှေး (၅၀၀) ကျော်ကို မင်မင်တို့ “Pure Essence“ ရေမွှေးဆိုင်မှာ 💫ပစ္စည်းမှန် စျေးမှန်မှန် နဲ့ decant ရော full bottle ရေမွှေးတချို့ကို အနံ့စမ်းပြီး လာရောက် ဝယ်ယူအားပေးလို့ရပါပြီ ခင်ဗျာ 😍
ဆိုင်လိပ်စာလေးကတော့
2/30 Bogyoke Road, Mindan Yat , Hpa-an
“Adidas & Ipanema Showroom” ရဲ့ မြေအောက်ထပ်လေးမှာပါဗျ
20/08/2026
Full-size Perfume Collection (Part 2)
ဆိုင်မှာ အကုန်လုံး In-stock ရှိတာမို့ ကြိုက်နှစ်သက်တဲ့ ရနံ့လေးကို တန်းမှာယူနိုင်ပါတယ်နော်....
20/08/2026
Full-size Perfume Collection (Part 1)
ဆိုင်မှာ အကုန်လုံး In-stock ရှိတာမို့ ကြိုက်နှစ်သက်တဲ့ ရနံ့လေးကို တန်းမှာယူနိုင်ပါတယ်နော်....🥰
16/08/2026
ပူအိုက်တဲ့ရက်တွေမှာ Fresh Vibe အပြည့်နဲ့ ကြည့်ကောင်းစေမယ့် Hawas Sapphire 🌊💎
အပြင်ထွက်တိုင်း အနံ့သင်းသင်းလေးနဲ့ လန်းဆန်းနေချင်တဲ့သူတွေအတွက် Rasasi Hawas Sapphire က တကယ်ကို ကွက်တိပါပဲ။
စဖြန်းလိုက်တာနဲ့ Fresh ဖြစ်တဲ့ မာလကာသီးနဲ့ Citrus အနံ့သင်းသင်းလေးက စိတ်ကို တန်းပြီး လန်းသွားစေပါတယ်။ ခဏကြာလို့ Dry down ဖြစ်သွားရင်တော့ ပိုပြီး သိမ်မွေ့ဆွဲဆောင်မှုရှိတဲ့ Orange Blossom, Musk နဲ့ Ambergris ရနံ့လေးအဖြစ် ပြောင်းသွားတာပါ။ Blue Talisman ဒါမှမဟုတ် Pacific Chill စတိုင် Tropical Aquatic Vibe လေးရလို့ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ဆို အတော်လေး လိုက်ဖက်ပါတယ်။
အနံ့စွဲအားလည်း တော်တော်ကောင်းပြီး အဝတ်အစားပေါ်ဆို တနေကုန်နီးပါး စွဲနေတတ်ပါတယ်။ ရုံးတက်ရင်ပဲဖြစ်ဖြစ်၊ အပြင်မှာ Casual လေး သွားရင်ပဲဖြစ်ဖြစ် Daily Wear အဖြစ် သုံးရတာ တကယ် အဆင်ပြေတယ်။ Fresh ဖြစ်ပြီး အနံ့ဆန်းဆန်းလေး ကြိုက်တဲ့သူတွေအတွက်တော့ မရှိမဖြစ် ဆောင်ထားသင့်တဲ့ ရေမွှေးလေးပါပဲ...
ကာကာလေးတို့ရေ မင်မင်တို့ pure essence မှာ လာရောက်အားပေးလို့ရပီးနော် 🤪
14/08/2026
လူတစ်ယောက်ကို စကားတစ်ခွန်းမှ မပြောဘဲနဲ့တောင် သတိထားမိသွားစေတာ "Creed Royal Oud" ရဲ့ ဆွဲဆောင်မှုပါပဲ ....
တချို့ ရနံ့တွေက ရေမွှေးတစ်ခုထက် ပိုပါတယ်။ ကိုယ့်ရဲ့ ခန့်ညားမှု၊ ယုံကြည်မှုနဲ့ ရင့်ကျက်မှုကို မမြင်ရတဲ့ စာလွှာတစ်ခုလို ပတ်ဝန်းကျင်ဆီ အလိုလို ရောက်သွားစေတာမျိုးပေါ့...
သူ့ကို ဆွတ်လိုက်တာနဲ့ မနက်ခင်း လေပြည်အေးလေးလို Lemon ရနံ့လေးကစိတ်ကို လန်းဆန်းသွားစေတယ်… ပြီးရင်တော့ မသိမသာလေး ခံစားမိတဲ့ Pink Pepper ရဲ့ spicy ဆန်းပြားတဲ့ ရနံ့လေးက 'ဟင်… ဒါ ဘာအနံ့လေးလဲ' ဆိုပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်ရလောက်အောင် ဖမ်းစားသွားတာပေါ့...😬 နောက်ဆုံး ကြာလာလေလေ ကျန်ခဲ့တာကတော့ ရင်ထဲအထိ အေးမြနက်နဲသွားစေမယ့် Oud နဲ့ Cedarwood တို့ရဲ့ သစ်သားမွှေးရနံ့လေးပါပဲ… တကယ်ကို ရင့်ကျက်ပြီး ခန့်ညားတဲ့ vibe ကို တစ်နေ့တာလုံး အပြည့်အဝ ပေးစွမ်းနိုင်တာမျိုးနော် ကာကာလေးတို့ရေ 🥰
Experience the regal authority and timeless depth of Creed Royal Oud – a single spray commands attention and leaves an unforgettable impression. Elevate your presence.
ကိုယ့်ရဲ့ Presence ကို တစ်ဆင့်မြှင့်တင်ဖို့နဲ့ လူတိုင်း မေ့မရနိုင်တဲ့ အမှတ်တရ ရနံ့တစ်ခု ဖြစ်စေဖို့ Creed Royal Oud ကို ပိုင်ဆိုင်ဖို့အတွက် မင်မင်တို့ pure essence မှာ လာရောက်အားပေးလို့ရပီးနော် 🤪
10/08/2026
Triumph of Bacchusကို ဆွတ်လိုက်မှ... aww... တချို့ အချစ်တွေက ကိုယ့်ဘဝထဲမှာ မကျန်ခဲ့ပေမဲ့ အနံ့တစ်ခုအဖြစ်တော့ တစ်သက်လုံး ကျန်နေတတ်သေးပါလားပေါ့.....😥
ဒီနေ့တော့ မိုးကလဲ အေးနဲ့ လွမ်းစရာလေးဖြစ်နေလို့ ခံစားချက် နည်းနည်းတော့ပါမယ်နော် 😔
တစ်ခါတစ်လေ ရေမွှေး တစ်ပုလင်း ကြိုက်သွားတယ် ဆိုတာ အနံ့ကောင်းလို့ဆိုတာထက် ပိုပါတယ်..😇
ကိုယ့်စိတ်ထဲမှာ မပြောဖြစ်တဲ့ ခံစားချက်တွေ စကားလုံးတွေကို အနံ့တစ်ခုနဲ့ ပြောပြလိုက်သလိုမျိုးပေါ့... 😐
သူနဲ့ အတူရှိခဲ့တဲ့ နေ့ရက်တွေ မပြောဖြစ်လိုက်တဲ့ စကားလုံးတွေ မေ့သွားပီးလို့ ထင်ခဲ့တာ...😩
Triumph of Bacchus အနံလေးက သူ့ရဲ့ အပြုံးလိုဘဲ ချိုတယ် သူရဲ့ ဂရုစိုက်မှုလေးတွေလိုဘဲ နွေးထွေးတယ် သူရဲ့ အကြည့်လိုမျိုး ဆွဲဆောင်မှု ရှိတယ် ...😍
အဲ့လိုဘဲ အချစ်မှာ တစ်ခါတွေ့ပီး မေ့မရတဲ့ သူရှိသလို ရေမွှေးမှာလဲ တစ်ခါနမ်းပီး နောက်တစ်ခါ ပြန်ရှာမိတဲ့ scent တွေရှိတယ်... 🥰
ရေမွှေးဆိုတာ အနံတစ်ခုထဲ မဟုတ်ဘူး…
ကိုယ်ဖြတ်သန်းခဲ့တဲ့အချိန်တွေကို ပြန်သတိရစေမယ့် Memory တစ်ခုပါ..😊😊
ARGOS Triumph of Bacchus ဟာ
ကိုယ့်ရဲ့ Memory တစ်ခု ဖြစ်လာမယ့် Scent ဖြစ်နိုင်တယ်.....😋
ကာကာလေးတို့ရော…
ရေမွှေးတစ်မျိုးနဲ့ လူတစ်ယောက်ကို ပြန်သတိရဖူးလား? 🥺
ရှိရင် ဘယ် Scent လေးလဲ ပြောခဲ့ပါဦး…
ကဲ…မိုးအေးအေးလေးနဲ့ လွမ်းစရာလေးလည်းဖတ်ပြီးပြီ ဆိုတော့ မင်မင်တို့ pure essence မှာ အမှတ်တရလေးတွေ ဖန်တီးဖို့ ဝယ်ယူအားပေးလို့ရပါနော် .....
Triumph of Bacchus
04/08/2026
✨မင်မင်တို့ Pure Essence Perfume Shopမှာ ရနိုင်မယ့် Van Cleef & Arpels perfumes ✨
Category
Website
Address
Hpa-an
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 19:00 |
Alerts
Be the first to know and let us send you an email when Pure Essence posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
