AG group

AG group

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AG group, Hair salon, ဆိုင်းတောင် လမ်းမကြီး ကြည်ရတနာမြေ ရွှေဆိုင်ရှေ့, Hpakan.

Photos from AG group's post 03/03/2022

Barber-shop fade

Photos from AG group's post 03/03/2022
02/03/2022

ဆံပင် ရေမခြောက်သေးပဲ အိပ်ရင် ဘာတွေဖြစ်လာနိုင်သလဲ.....

“ဆံပင်ရေစိုကြီးနဲ့ မအိပ်နဲ့နော်..ဖျားလိမ့်မယ်”လို့ မိဘတွေက သတိပေးကြမှာပါ။

အဲဒီလို သတိပေးတာတွေက လျစ်လျူရှုနေကြပါတယ်။

အဲဒီလိုလုပ်နေတာကို ဆက်ပြီး လျစ်လျူရှုနေမယ်ဆိုရင်တော့ ကိုယ့်ကိုယ့်ကို ဒုက္ခပေးနေတာပါ။

ဘာကြောင့် အဲဒီလိုပြောလဲဆိုတာ ကြည့်လိုက်ကြရအောင်…။

ဆံပင်ကျွတ်ခြင်း

သင့်ဆံပင်ဟာ ကျန်းမာ​ရေး နဲ့ညီညွတ်အောင် မစားတာကြောင့်ကော၊ လေထုညစ်ညမ်းမှုတွေကြောင့်ကော ပျက်စီးချင်သလိုဖြစ်နေပါတယ်။

သင့်ဆံပင် ရေမခြောက်သေးဘဲ ရေစိုကြီးနဲ့ အိပ်လိုက်တဲ့အခါ ဆံသားအားနည်းသွားပြီး ဆံပင် ကျိုးပဲ့ပျက်စီးခြင်းတွေ ပိုဖြစ်စေနိုင်ပါတယ်။

ဖျားနာခြင်း

ဆံပင်ကလည်း မခြောက်သေးဘဲ လေအေးစက်ဖွင့်ပြီး အိပ်မယ်ဆိုရင် အအေးမိခြင်းနဲ့ ဖျားနာခြင်းတွေဖြစ်ဖို့ အခွင့်အရေးများပါတယ်။

ဆံပင်ပုံကျအောင် လုပ်ဖို့ အချိန်ယူရခြင်း

သင့်ဆံပင်ရေစိုကြီးနဲ့ အိပ်လိုက်တဲ့အခါ နောက်နေ့ မနက်ခင်းရောက်ရင် ဆံပင်က ပုံမကျပန်းမကျဖြစ်နေမှာပါ။

အဲဒီလိုမျိုးဖြစ်လာရင် ဆံပင်ပုံကျအောင် လုပ်ဖို့အတွက် အချိန်ယူရတော့မှာပါ။

ကိုယ်ခံအားစနစ်ကို ဆိုးရွားစေခြင်း

ဆံပင်ရေစိုနဲ့ အိပ်ရင် ကိုယ်ခံအားစနစ် ဆိုးရွားစေတယ်လို့ ပြောကြပါတယ်။ သင့်ကို အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

ဘတ်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာခြင်း

ဆံပင်မခြောက်သေးဘဲ ရေစိုကြီးနဲ့အိပ်လိုက်မယ်ဆိုရင် ရေက ခေါင်းအုံးနဲ့ ထိတွေ့လိုက်တဲ့အခါ ဘတ်တီးရီးယားပိုးမွှားတွေ ကြီးထွားလာစေပါတယ်။

ခေါင်းအုံးထဲရောက်သွားတာကြောင့် ခေါင်းအုံးစွပ်ပြောင်းလိုက်ရင်လည်း ဘတ်တီးရီးယားတွေ ပျောက်သွားမှာမဟုတ်ပါဘူး။

ဗောက်ထခြင်း

စိုစွတ်ခြင်းက သင့်ခေါင်းမှာ ရှိတဲ့ ဘတ်တီးရီးယားတွေကို တိုးလာစေပြီး ဗောက်ထခြင်းတွေ ဖြစ်လာစေပါတယ်။

ဆံပင်ရေစိုနဲ့ အိပ်ခြင်းက ဆံသားခြောက်သွေ့သွားစေပြီး ဆံသားက သဘာဝအဆီတွေကို အဝေးကို ဖယ်ထုတ်ပစ်စေပါတယ်။

ဘတ်တီးရီးယားနဲ့ သဘာဝအဆီဆုံးရှုံးခြင်းတွေ ပေါင်းစပ်လိုက်တဲ့အခါ ဦးရေပြားကို ဗောက်ထစေပါတယ်။

ဝက်ခြံပေါက်ခြင်း

သင့်ခေါင်းအုံးက ဘတ်တီးရီးယားတွေနဲ့ ပြည့်နေရင် မကြာခင်မှာ ဝက်ခြံပေါက်ခြင်းတွေနဲ့ ကြုံတွေ့လာရမှာပါ။

ဆံပင်ခြောက်အောင်သုတ်ပြီးမှ အိပ်စက်မယ်ဆိုရင် သင့်အသားရေမှာ ဝက်ခြံပေါက်ခြင်းတွေ ဖြစ်လာမှာမဟုတ်ပါဘူး။

ဘာလုပ်ရမလဲ

အိပ်ရာမဝင်ခင် (၂) နာရီ၊ (၃) နာရီလောက်ကတည်းက ခေါင်းလျှော်ပါ။ ဒါမှ ဆံပင်ခြောက်သွားဖို့ အချိန်လုံလောက်မှာပါ။

ညဘက် ခေါင်းလျှော်ရင် ဆံပင်ကို ခြောက်အောင် သုတ်ပါ။

ပိုးသားခေါင်းအုံးနဲ့ အိပ်စက်ပါ။ ဒါက ဆံပင် ကျိုးပဲ့ပျက်စီးခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးမှာပါ။

စာဖတ်ပရိသတ်တွေ ရှောင်ကျဉ်နိုင်အောင်လို့ ဆံပင်မခြောက်ဘဲ အိပ်ရင် ဘာတွေဖြစ်လာမယ်၊ ဘာတွေလုပ်သင့်လဲဆိုတာတွေကို တင်ပြပေးလိုက်ရပါတယ်။

Category

Website

Address

ဆိုင်းတောင် လမ်းမကြီး ကြည်ရတနာမြေ ရွှေဆိုင်ရှေ့
Hpakan