Crypto King

Crypto King

Share

Visa Card အတွက် အယုံကြည်ရဆုံး၊ စိတ်အချရဆုံး Page

23/09/2026

Billing Service Partner အဖြစ် လက်တွဲချင်သူများကို ဖိတ်ခေါ်ပါတယ်။

✅ ကိုယ်နဲ့လက်တွဲရင် ရရှိမယ့် အကျိုးကျေးဇူးတွေက -
(၁) Billing Error တွေတက်လာရင် ခေါင်းကိုက်စရာမလိုဘူး။
(၂) Visa Card နဲ့ပတ်သက်တဲ့ Error တွေလည်း စိုးရိမ်စရာမလိုဘူး။
(၃) Visa Card ရှိထားဖို့လည်းမလိုဘူး။
(၄) အမြတ်ငွေကိုလည်း ကိုယ့်စိတ်ကြိုက်တောင်းပါ။ ဘယ်လောက်မြတ်တယ်ဆိုတာ Crypto King က စိတ်မဝင်စားဘူး။
(၅) Bill ဆောင်ဖို့ရက်တွေ ကျော်သွား/ မေ့သွားမှာလည်း စိုးရိမ်စရာမလိုဘူ။

🕺 Run မယ့် System က-

(၁) Region အလိုက် ကုန်ကျမယ့် USDT သို့မဟုတ် မြန်မာငွေကို အတိအကျ တွက်ချက်ပြီး ထည့်ပေးရမယ်။
(၂) Crypto King ကို စက်တလုံး ငါးထောင်ကျပ် ပေးရမယ်။ အလုံးရေများရင် ဈေးညှိပေးမယ်။ ကျန်တာ ဘယ်ဈေးတောင်းတောင်း အဆင်ပြေသလိုလုပ်။
(၃) ဆောင်မယ့်စက်မှာ Crypto King ရဲ့ Email ကို Billing Role ထည့်ပေးရမယ်။ ဆက်မဆောင်ဖြစ်ရင် Role ဖြုတ်ပေးရမယ်။
(၄) စာရင်းတိကျရမယ်။ Crypto King ဘက်ကလည်း Excel File နဲ့ အတိအကျ စာရင်းပြုစုပြီး Update တင်ပေးမယ်။
(၅) ကိုယ်နဲ့ ဘေလ်မဆောင်တော့လို့ စက်ပိုင်ရှင်အကောင့်ကို သိမ်းတာမျိုး၊ ငွေညှစ်တာမျိုး စတဲ့ မဟုတ်မမှန်သောနည်းလမ်း လုံးဝ မလုပ်ရဘူး။ စစ်ဆေးတွေ့ရှိခဲ့ရင် လက်တွဲဖြုတ်ပါမယ်။

လက်တွဲချင်တယ်ဆိုရင် CB မှာ အသေးစိတ် လာညှိနှိုင်းလို့ရပါတယ်။

23/09/2026

Billing Service လုပ်မယ် သို့မဟုတ် နည်းပညာနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တော့မယ်ဆိုရင် ဒီမေးခွန်းတွေ အရင်ဖြေကြည့်ပါ။

(၁) Gmail အစရှိတဲ့ Email တွေရဲ့ Setting တွေကို သိပြီလား။ ဘယ် Setting က ဘာအတွက်ဆိုတာ နားလည်ပြီလား။ Security ပိုင်းဆိုင်ရာတွေကို Control လုပ်နိုင်ပြီလား။ မြင်ဖူးရုံကတော့ ကိုယ့်မေးလ်ထဲ ကိုယ်ပြန်ဝင်ကြည့်ရတယ်။ သိရမယ့်အဆင့်။ တတ်ရမယ့်အဆင့်ရှိဖို့လိုတယ်။

(၂) Application မျိုးစုံကို ဒေါင်းတတ်ပြီလား။ Play Store မှာရှာမယ်။ App Store မှာရှာမယ်လို့ မတွေးလိုက်နဲ့။ ခွင့်မပြုထားတဲ့ နိုင်ငံမှာ ဒေါင်းမရတာတွေအများကြီး။ Store ရဲ့ Region ကို ပြောင်းတတ်ပြီလား။

(၃) VPN သုံးတတ်လား။ VPN သုံးတာများ ဘာခက်သလဲလို့မထင်နဲ့။ ဖွင့်ရုံအဆင့်က လူတိုင်းရတယ်။ နိုင်ငံရွေးတတ်ပြီလား။ ဘယ် Application က ဘယ်နိုင်ငံ Location နဲ့မှ သင့်တော်တယ်ဆိုတာ သိပြီလား။

(၄) Device Permissions တွေအကြောင်းရောသိလား။ ဘယ်လို Device က ဘယ်လို Permission နဲ့သွားတယ်။ ဘယ်လို Application က ဘယ်လို Permission တွေလိုအပ်တယ်။ Account တွေကို Device တခုကနေ အခြား Device တခုကို ပြောင်းဝင်တဲ့အခါ ဘာတွေလိုတတ်တယ်၊ အဲဒီအတွက် ဘယ်လိုပြင်ဆင်ထားရမယ်ဆိုတာတွေသိပြီလား။ မြင်မြင်သမျှ OK ပေးလိုက်မဟဲ့ဆိုရင်တော့ အဆင်ပြေမနေဘူး။

(၅) ကိုယ် Service ပေးမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီးရော ခြေခြေမြစ်မြစ်သိပြီလား။ ခြေခြေမြစ်မြစ်မဟုတ်ရင်တောင် အကြမ်းမျဉ်း သဘောတရားတွေကို နားလည်ပြီလား။

(၆) Error တက်လာရင် Screenshot ပြမေးမယ်ဆိုတဲ့အဆင့်ထက် အဲဒီ Error ကို ဘယ်လိုဖြေရှင်းကြသလဲဆိုတာ Google ခေါက်ရှာတတ်ပြီလား။ ရှာချင်စိတ်ရောရှိလား။ ပြဿနာတွေကို လက်မလျော့ဘဲ ဇွဲကောင်းကောင်းနဲ့ ဖြေရှင်းချင်စိတ်ရှိပြီလား။ ဖြတ်ထိုးဉာဏ်သုံးရမယ့်ကိစ္သတွေမှာရော ကိုယ့်ဉာဏ်ကို အသုံးချချင်စိတ် ရှိရဲ့လား။

ဒီမေးခွန်းခြောက်ခုမှာ နံပါတ် (၆) ကို Yes လို့ဖြေရင်တော့ Ok. Welcome ပါ။ မဟုတ်ရင်တော့။ Get out. ပါပဲ။ ဒီနယ်ပယ်မှာ ခင်ဗျား ရှင်သန်နိုင်မှာမဟုတ်ဘူး။

23/09/2026

မွေးနေ့ ဆုတောင်းပေးကြသူအားလုံး
အမျိုးသမီးအိမ်ထောင်သည်ဆိုရင် သင့်တော်ကောင်းမွန်တဲ့အိမ်ထောင်ဖက်ဖြစ်ပြီး သာယာသောမိသားစုဘဝလေးကို ဖန်တီးပေးနိုင်တဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်နိုင်ပါစေ။

အပျိုကြီးဆိုရင် တပွင့်တည်းနဲ့ တောက်ပနိုင်တဲ့ LED မီးလုံး ကြီးလို တောက်ပနိုင်ပါစေ။

အမျိုးသား အိမ်ထောင်သည်ဆိုလျှင် သာယာအေးချမ်းသော မိသားစုလေးကို ရရှိနိုင်ပါစေ။

လူပျိုဆိုလျှင် သင့်တော်ကောင်းမွန်ပြီး မိမိကိုငေါက်ငန်းလမ်းပြပေးနိုင်တဲ့ ဘဝလက်တွဲဖော် (Crypto King) နဲ့ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🫩

23/09/2026

အသက်ကြီးလာတော့ ဆေးပေးမီးယူလိုလာပြီ။
နေ့ရှိသရွေ့သူများကိစ္စတွေ ‌လုပ်ပေးနေတာနဲ့ အချိန်ရှိတုန်း သငယ်မထောင်ခဲ့ရဘူး။

ခုတော့ လူအိုစော်နံပြီလေ။
ဘယ်သငယ်က အနားကပ်ချင်မှာတုန်း။

အေး... အဲတာ ခင်ဗျားတို့မှာ အပြစ်ရှိတယ်။
ခင်ဗျားတို့ ကိစ္စတွေ ဖြေရှင်းနေရလို့ သငယ်မထောင်ရတာ။ ခု အိုမင်းမစွမ်းဖြစ်ပြီ။ ဆေးပေးမီးယူလိုပြီ။

ကျုပ်ကိုပဲ ယူမည်လော။
အိမ်ကိုပဲ ခေါ်ထားမည်လော။
ကြိုက်ရာရွေးလော့။ 🫩

23/09/2026

အသက်တနှစ်ကြီးလာလို့များ ငေါက်တာလျှော့လိမ့်မယ်တော့မထင်နဲ့။
ပိုတောင် တိုးငေါက်ဦးမှာ။

အသက်ကြီးလာလေလေ မြင်မြင်သမျှက ငေါက်ချင်စရာတွေချည်း ဖြစ်လာလေလေပဲ။ 🫩

23/09/2026

Happy Birthday To Me 🎉

မွေးနေ့လည်း ငေါက်ပါတယ်နော်။ 🫩

22/09/2026

၂၀၂၃-၂၄ ယခင် ပျက်သွားတဲ့ Page ကတည်းက-

(၁) အကောင့်ဖွင့်ရင် နာမည်အမှန်နဲ့ဖွင့်ကြဖို့ပြောခဲ့တယ်။ မလိုက်နာခဲ့ဘူး။ ID ကိစ္စတွေ ကြုံလာတော့မှ လက်ခံကြတော့တယ်။

(၂) Admin Email ကို စက်တလုံး Email တခုသာသုံးဖို့၊ အသုံးပြုပြီးသား Email အဟောင်းဆိုရင် ထပ်မသုံးဖို့ပြောခဲ့တယ်။ မလိုက်နာခဲ့ကြဘူး။ Multiple Account Accociated Case ဖြစ်လာမှ လက်ခံလာကြတယ်။

(၃) Account Name, Profile Name, Billing Name ဒီသုံးခုကို တူပါစေလို့ အကြိမ်ကြိမ်ပြောခဲ့တယ်။ Billing Name မှာ Service လုပ်ငန်းနာမည်တွေ၊ ဘေလ်ဆောင်ပေးသူရဲ့နာမည်တွေ လျှောက်မရေးဖို့ သတိပေးခဲ့တယ်။ Support နဲ့ ဆက်သွယ်ရပြီဆိုမှ ပျာပျာသလဲတွေပြောင်းရ၊ ဒုက္ခတွေများတော့မှ လက်ခံလာကြတယ်။

(၄) အခု Finical Approval ကိစ္စတွေလာမယ်။ လာလည်းလာနေပြီ။ Source of income ငွေရလမ်းကြောင်းတွေပြရလိမ့်မယ်။ သတိထားကြ။ ကြိုတင်ပြင်ဆင်ထားကြ။

မြန်မာနိုင်ငံအနေနဲ့က ပြစရာ Documents ဆိုရင် ဘုတ်... ဘုတ်... ပဲရှိတယ်။ 🫩

22/09/2026

Gmail ကို Password ပြောင်းလိုက်ရုံနဲ့ လုံခြုံပြီလား။ Lock မကျအောင် ဘယ်လိုဝင်မလဲ။ Gmail Lock ကျရင် ပြန်ယူနိုင်အောင် ဘာတွေ လုပ်ထားရမလဲ။
အဖြေကို ဒီမှာကြည့်ပါ။

(ကြားဖြတ်- စာကိုသဘောကျလို့ ကော်ပီယူမယ်ဆိုလည်း အောက်ဆုံးက ကိုယ့်နာမည်ကိုတော့ ဖျောက်မတင်ပါနဲ့။)

အများစုက Password ပြောင်းလိုက်ရင် ပြီးပြီလို့ထင်ကြတယ်။ C အလွဲကြီးလွဲပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူများဖုန်းထဲက Gmail ကို ကိုယ်အပိုင်ယူသုံးမယ်ဆိုရင် အောက်ပါအတိုင်း မဖြစ်မနေလုပ်ရမယ်။ အဆင့်ကျော်လုပ်လို့လည်းမရသလို အခုပြောသလို အစဉ်အတိုင်းမဟုတ်ဘဲလည်း မလုပ်ပါနဲ့။ ပြဿနာပိုကြီးမယ်။

Password ကိုလည်း အရင် မပြောင်းမိပါစေနဲ့။ R Password ပြောင်းလည်း မူလဝင်ထားတဲ့ဖုန်းမှာ လိုက်ပြောင်းပါမယ်။

လုပ်ရမယ့်အဆင့်တွေက-

(၁) ကိုယ့်ဖုန်း Lock Screen ကို လက်ဗွေ သို့မဟုတ် PIN နံပါတ် တခုခုသော်လည်းကောင်း နှစ်မျိုးလုံးသော်လည်းကောင်း ခတ်ထားရပါမယ်။ Y

(၂) ပေးထားတဲ့ Mail နဲ့ Password ကို အသုံးပြုပြီး ကိုယ့်ဖုန်းမှာဝင်ပါ။ Security Number လေးတွေ ပြပါမယ်။ P မူလပိုင်ရှင်က သူ့ဖုန်းကနေ ဂဏန်းလေးတွေနှိပ်ပြီး Approve ပေးရလိမ့်မယ်။

(၃) Gmail > Manage your Google account> Security and sign in > Recovery Email အထိသွားပါ။ အဲဒီမှာ ကိုယ်မသိတဲ့ Mail ဖြစ်နေရင် Edit လုပ်ပြီး ပြင်ပါမယ်။ T ဘာမှမရှိရင် Add နှိပ်ပြီး ထည့်ရပါမယ်။
Recovery Email မှာ ကိုယ့်ရဲ့ ခိုင်မာသေခြာတဲ့ တခြား Mail တခုခုထည့်ပါ။ ပြီးရင် Verify လုပ်ပါ။ ထည့်ရမယ့်ကုဒ်က ကိုယ့် Recovery Mail အဖြစ် ထည့်လိုက်တဲ့ Mail ထဲကျပါတယ်။ အဲတာ ကြည့်ထည့်ရမယ်။ ဒီအဆင့်လုပ်နေစဉ်မှာ မူလဖုန်းကနေ Approve ပေးရမယ့် Security ဂဏန်းလေးတွေ ပြလိမ့်မယ်။ ပြထားတာကို နှိပ်ခိုင်းပါ။

(၄) Gmail > Manage your Google account> Security and sign in > Passkey and security keys အထိသွားပါ။ Passkey ထည့်ပါမယ်။ Passkey ဆိုတာ ကိုယ့်ဖုန်းကိုဖွင့်တဲ့ Lock ကိုပြောတာ။ O လက်ဗွေဘာညာပေါ့။ Create Passkey ဆိုတာရှိမယ်။ မူလဖုန်းက လုပ်ထားတဲ့ Passkey လည်းရှိဦးမယ်။ သွားမဖျက်ပါနဲ့။ Create Passkey အဲတာကိုနှိပ်ပါ။ ကိုယ့် Device နာမည်နဲ့ Approve ဆိုတာလေး ပေါ်နေမယ်။ Approve နှိပ်လို့မရပါဘူး။ မူလဝင်ထားတဲ့သူကလည်း သူ့ဖုန်းကနေ Gmail > Manage your Google account> Security and sign in > Passkey and security keys > Approve ဆိုတာလေးကို နှိပ်ပေးရပါမယ်။ သူနှိပ်ပေးမှ ကိုယ့် Passkey အလုပ်လုပ်ပါမယ်။ ဒီအဆင့်လုပ်နေစဉ်မှာလည်း မူလဝင်ထားတဲ့ဖုန်းကနေ Security Number လေးတွေ ခဏခဏ နှိပ်ပေးရဦးမှာပါ။ ဒီအဆင့်ပြီးရင် မူလဝင်ထားတဲ့သူရဲ့ အကူအညီမလိုတော့ပါဘူး။

(၅) Gmail > Manage your Google account> Security and sign in > 2 step verification အထိသွားပါ။ Authenticator ဆိုတာလေးကိုရှာပါ။ Add Authenticator or Create ဆိုတာလေးနှိပ်လိုက်ရင် QR Code လေးပြပါမယ်။ Can't read ဆိုတဲ့စာလေးနှိပ်လိုက်ရင် နံပါတ် 2 မှာ စာအမဲလေးတွေနဲ့ရေးထားတဲ့ Google Authenticator Key ကိုရပါမယ်။ K အဲတာကို အပိုအလိုမရှိအောင် ကော်ပီယူခဲ့ပါ။ Note မှာ သေခြာမှတ်ထားပါ။ ပြီးရင် Playstore ကနေ ဒေါင်းထားတဲ့ Google Authenticator Application လေးကိုဖွင့်ပါ။ ညာဘက်အောက်ထောင့်က အပေါင်းကိုနှိပ်။ Code Name မှာ နာမည်တခုခုရေးပြီး Code နေရာမှာ ခဏတုန်းက Note မှာ ‌မှတ်ထားတဲ့ Google Authenticator Key ကိုထည့်ပါ။ ကုဒ်တွေပေါ်လာမယ်။ I ကုဒ်တခုက 15 စက္ကန့်ပဲ။ ပြီးရင် QR ပေါ်ခဲ့တဲ့ တနည်းအားဖြင့် Can't read နှိပ်ပြီး ကုဒ်ထုတ်ခဲ့တဲ့စာမျက်နှာညာဘက်အောက်ထောင့်မှာ Verify ဆိုတာရှိတယ်။ အဲတာနှိပ်ပြီး Google Authenticator Application မှာအလှည့်ကျပေါ်နေတဲ့ ကုဒ်ခြောက်လုံးကိုထည့်ပါ။ Verify လုပ်ပါ။ ဒီအဆင့်လုပ်နေစဉ်မှာ Verify Number တွေ ကို မူလဖုန်းက‌ေန နှိပ်ဖို့ပြောလိမ့်မယ်။ မလိုပါဘူး။ More way to verify နှိပ်ပြီး ကိုယ့်ရဲ့ Passkey နဲ့ Verify လုပ်ပါတော့။ အကယ်၍ လုပ်မရဘူးဆိုရင် Passkey ထည့်တာ မအောင်မြင်တာပါ။ ပြန်စစ်ပါ။

(၆) Gmail > Manage your Google account> Security and sign in > Google Prompt အထိသွားပါ။
အဲဒီမှာ ဝင်ထားသမျှ Devices တွေပေါ်နေမယ်။ Manage Devices ဆိုတာကိုနှိပ်ပါ။ ကိုယ့်ဖုန်းမဟုတ်တာတွေကို တချင်းစီနှိပ်ပြီး Sign out လုပ်လိုက်ပါ။ ကိုယ့်ဖုန်းတွေချည်း လေးငါးခုပေါ်နေတာလည်း ရှိပါမယ်။ အပေါ်ဆင့်တွေလုပ်တုန်းက Browser တွေ ကူးလုပ်သွားတာမို့ ဝင်သမျှပေါ်တာပါ။ N အဲတာတွေတော့ ချန်ထားရပါမယ်။ ဒီအဆင့်ကိုမလုပ်ခင်မှာ အပေါ်ကအဆင့်တွေ သေခြာအောင်စစ်ပါ။ မသေခြာဘဲလုပ်မိရင် အကုန် Log Out ထွက်ပြီး တိုင်ပတ်ပါမယ်။

(၇) Gmail > Manage your Google account> Security and sign in > Google Password ထိသွားပါ။ ခင်ဗျားတို့အရေးအကြီးဆုံးလို့ထင်တာက အခုမှစမှာပါ။ Password ပြောင်းလိုက်ပါ။

(၈) Gmail > Manage your Google account> Security and sign in > 2 step verification > backup code အထိ သွားပါ။ Backup Code နေရာမှာ ဂဏန်းအစုအဝေး ဆယ်စုရှိပါတယ်။ ရှိနေရင် Delete နှိပ်ဖျက်ပါ။ မရှိသေးရင် Create နှိပ်ပါ။ အဲဒီကုဒ်ဆယ်လုံးကို ‌သေသေခြာခြာမှတ်ထားပါ။ G အကယ်၍ Gmail Lock ကျရင် အဲတာနဲ့ ပြန်ယူလို့ရပါတယ်။ ကုဒ်တခုကို တကြိမ်ပဲ သုံးနိုင်ပါတယ်။ ဆယ်ခုလုံး သုံးပြီးသွားရင်တော့ အဲဒီကုဒ်တွေ အသုံးမဝင်တော့ပါ။ နောက်ထပ် အသစ် Create လုပ်ပြီး ပြန်မှတ်ထားပါ။ အကြောင်းအမျိုးမျိုးကြောင့် ကုဒ်တခုသုံးလိုက်ရင် သုံးပြီးသားကုဒ်ကို ပယ်ဖျက်ပါ။ ဒါမှ သုံးပြီးသားနဲ့ မသုံးရသေးတာ သိပါမယ်။

(၉) အနှစ်ချုပ် ပြန်စစ်ပါမယ်။
Gmail > Manage your Google account> Security and sign in > 2 step verification ကိုကြည့်ပါ။
- Passkey and security keys
- Google Prompt
- Authenticator
- Backup Codes

ဒါတွေအကုန် အမှန်ခြစ်ပြနေပြီး ကိုယ့် Device ကိုယ့် Key တွေ ဖြစ်နေရင် ခင်ဗျားတို့ Gmail က အတော်ကြီး Strong ဖြစ်နေပါပြီ။ အဝါရောင်ပြနေရင်တော့ ထညိ့ပြီး Verify မဖြစ်ခဲ့တာလို့မှတ်။ အဲဒါကိုနှိပ်ပြီး ပြန်လုပ်ပါ။

Phone number ကိုတော့ မြန်မာနိုင်ငံအတွက် အဆင်မပြေလို့ ချန်ထားခဲ့ပါတယ်။ ထည့်နိုင်ရင်တော့ ထည့်ပါ။

အဆင်ပြေကြပါစေ။

22/09/2026

သောက်ကြွေးကျန်ပြီး Overdue ဖြစ်နေတဲ့စက်မျိုးဆိုရင် သိန်းရာချီပုံပေးတောင် ဘေလ်ဆောင်မပေးပါဘူး။

အကြောင်းပြချက်က သောက်ကြွေးထားတာ သောက်ညင်ကပ်လို့ပဲ။

22/09/2026

PHP ဆောင်ရခက်တဲ့သူတွေကို အမြတ်မယူဘဲ ကုန်ကျတဲ့ USDT ဖြည့်ပေးခိုင်းပြီး ဆောင်ပေးတယ်ဆိုတာ သက်သက် ကူညီပေးတာ။

ဒါကို ဘေလ်ဆောင်စားနေတဲ့သူလို လာမဆက်ဆံကြပါနဲ့။ ကြိုက်တဲ့နေရာသွား။ အမြတ်မရရင် မလုပ်ကြဘူး။

ကိုယ်ရော အမြတ်ရလားဆိုတော့။ ရတာပေါ့။ ဘေလ်ဆောင်လို့ကျန်ထားတဲ့ 0.12-0.13 $ လောက်ကို ကိုယ်စားရတယ်။
တော်တော် စီးပွားဖြစ်ဦးမယ်။

Category

Website

Address

Hpakan

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00