Ko Phyo's Fragrance

Ko Phyo's Fragrance

Share

100% Authentic ရေမွှေးများသာ အာမခံအပြည့်ဖြင့် ရောင်းချပေးပါတယ်ခင်ဗျ

Photos from Ko Phyo's Fragrance's post 02/05/2026

ကလေးမြို့တွင်း အိမ်ရောက်ငွေချေရတယ်နော် တခါတလေ deli သမားဖြစ်သွားရသေးတာ 😅😅 အားပေးကြတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်ဗျ အားမပေးရသေးတဲ့သူများ လာအားပေးကြပါ 😁😁

13/04/2026

ADG Series ထဲက ရနိုင်တာလေးတွေပါဗျ EDT ကတော့ Retail ပုလင်းကြီးရနိုင်ပါတယ် ကျန်တာတွေ Decant ရပါမယ်ဗျ 🥰 #ကလေးမြို့ရေမွှေးဆိုင်

12/04/2026
Photos from Ko Phyo's Fragrance's post 12/04/2026

Street Origin ရဲ့ Thats London Love

ဒီတစ်ခါတော့ SO ရဲ့ Thats London Love ဆိုတဲ့ရေမွှေးလေးအကြောင်းပြောပြချင်ပါတယ်
ထုံးစံအတိုင်း နာမည်မှာပါသလိုပဲ London မြို့မှာရတတ်တဲ့ အငွေ့အသက်တွေကို inspired လုပ်ပီးထုတ်ထားတဲ့ ရေမွှေး

အနံ့အကြောင်းပြောရရင် opening မှာတော့ လိမ္မော် ဂျင်းနဲ့ သစ်တော်သီး အနံ့ပေါင်းထားတဲ့ အရည်ရွှမ်းရွှမ်းအသီးနံ့နဲ့စဖွင့်ထားတယ် အဲ့နောက် Middle note ပြောင်းသွားတော့ လိမ္မော်ပွင့်ဖတ်လေးတွေရယ် စံပယ်ပန်းရယ် နှင်းဆီပန်းအနံ့ရယ် ရောထားတဲ့ ထုံထုံသင်းသင်း အနံ့လေးဖြစ်လာတယ် drydown ရောက်တော့ စန္ဒကူးရယ် ပယင်းနံ့ရယ်နဲ့ ငြိမ်သွားတယ်

ဆိုတော့ ဒီရေမွှေးက နွေးထွေးနှစ်လိုဖွယ်ကောင်းတဲ့ အမြဲပြုံးနေတတ်တဲ့ လူတစ်ယောက်ရဲ့ အနံ့မျိုးဗျ ဆိုလိုတာက dating တွေအတွက် အရမ်းမိုက်တယ်လို့ပြောချင်တာပါ

#ရေမွှေးဆိုင် #ကလေးမြို့ရေမွှေးဆိုင်

Photos from Ko Phyo's Fragrance's post 12/04/2026

Street Origin ရဲ့ Love Daze Santorini

ဒိီရေမွှေးကလဲ Santorini မြို့မှာရတတ်တဲ့ အငွေ့အသက်လေးတွေကို inspired ယူပီးထုတ်ထားတာပါ
Santorini မြို့ရဲ့ သမိုင်းလေး နည်းနည်းပြောပြပေးပါ့မယ်
BC1600 ဝန်းကျင်တုန်းက မီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့ပီးမှ ဖြစ်ပေါ်ထွက်လာတဲ့ ကျွန်းလေးဖြစ်ပါတယ်
1579 ခုနှစ်ကစ Ottoman Empire ရဲ့ လက်အောက်ခံဖြစ်ခဲ့ပီး 1912 ခုနှစ်နောက်ပိုင်းမှာမှ Greece (ဂရိနိုင်ငံ) ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပိုင်ဆိုင်လာခဲ့တယ်
ဆိုတော့ ဒီမြို့လေးက ကျွန်းမြို့လေးဖြစ်တဲ့အလျောက် ရတတ်တဲ့ အနံ့လေးတွေက အချဥ်သီးအနံ့ ပင်လယ်နံ့ငွေ့ငွေ့ မီးတောင်ချော်ကျောက်အနံ့ စတာတွေ ရတတ်ပါတယ်

ရေမွှေးအနံ့အကြောင်းပြောရရင် အဖွင့်မှာတော့ သူက အရက်ပျံအနံ့ နည်းနည်းပြင်းတယ်ဗျ (UAE ဆိုတဲ့ အသိလေးမပျောက်အောင် ) အဲ့အနံ့လေးနောက်မှာ အဖွင့်နံ့မှာ herbel ဖြစ်တဲ့ mint လိုအနံ့လေးရယ် citrus နံ့တွေရယ် လာဗင်ဒါပန်းအနံ့လေးရယ် စရတယ်
အဲ့နောက် middle note ရောက်တော့ ပင်လယ်အနံ့ရယ် Rose Geranium လို့ခေါ်တဲ့ အချဥ်နံ့ပါတဲ့နှင်းဆီနံ့ရယ်ကို ခံစားရတယ်
Drydown မှာ Patchouli ,Vetiver နဲ့ Evernyl (Chemical ပစ္စည်းဖြစ်ပီး ဈေးများတဲ့ရေမွှေးတချို့မှာပါတတ်တဲ့ပါဝင်ပစ္စည်း) တို့နဲ့ ငြိမ်ထားလို့ လေးလေးပင်ပင်ဖြစ်တဲ့ ခံစားချက်ကိုပေးတယ်

ဆိုတော့ ဒီ Love Daze Santorini အနံ့က fresh , herbel,aquatic,earty and salty ဖြစ်လို့ လန်းဆန်းတဲ့သစ်တောတွေကတဆင့်မြေပြင်ပေါ်ကို တိုက်ခတ်လာတဲ့ ဆားဓါတ်ပါတဲ့ ပင်လယ်လေအနံ့မျိုးလို့ ပြောချင်ပါတယ်

မစမ်းရသေးရင် လာစမ်းကြည့်ပီး အားပေးဖို့ ဖိတ်ခေါ်ပါရစေဗျ

#ရေမွှေးဆိုင် #ကလေးမြို့ရေမွှေးဆိုင်

Photos from Ko Phyo's Fragrance's post 12/04/2026

UAE inde brand တစ်ခုဖြစ်တဲ့ Street Origin ရဲ့ Capetown Grace

ရေမွှေးအကြောင်းမပြောခင် ဒီ SO brand ရဲ့ အကြောင်းလေး နည်းနည်းပြောပြချင်ပါတယ် street origin ဆိုတာ UAE နိုင်ငံက independent brand တစ်မျိုးပါ သူ့ကို ထုတ်တဲ့ company ကတော့ UAE ရဲ့ နာမည်ကြီးရေမွှေး brand တစ်ချို့ရဲ့ ရေမွှေးတွေကို ထုတ်ပေးနေတဲ့ company ပါ အခုဒီရေမွှေးလေးကိုတော့ သူ့ရဲ့ ကိုယ်ပိုင် independent brand အနေနဲ့ ထုတ်ထားတာပါ
ဆိုတော့ ကျနော်သိသလောက် ဒီ SO brand ကရေမွှေးတွေက မြို့ကြီးပြကြီးတွေမှာ ရတတ်တဲ့ အငွေ့အသက်လေးတွေကို inspired ယူပီး ထုတ်ထားတာများတယ် အခုဒီ Capetown grace ဆိုရင်လဲ Capetown မြို့မှာရတတ်တဲ့ အနံ့လေးတွေ အငွေ့အသက်လေးတွေကို အခြေခံ inspired ယူပီးထုတ်ထားတာ

Capetown ဆိုတာ south africa ရဲ့ မြို့တော်ဖြစ်ပီး ပင်လယ်ကမ်းစပ်မြို့လေးတစ်မြို့ ဖြစ်ပါတယ် penguin လေးတွေလဲ တခါတရံကြက်စားတတ်တဲ့ နေရာလေးပါ (အဲ့ဒါကြောင့် ရေမွှေးပုလင်းမှာလဲ Penguin ပုံလေးတွေကို ကိုယ်စားပြုပီးထည့်ထားပါသေးတယ်)ဒီရေမွှေးက Capetwon မြို့ရဲ့ ညနေခင်းမှာ ရတတ်တဲ့ အနံ့လေးကို inspired လုပ်ထားပါတယ်

အနံ့အကြောင်းပြောရမယ်ဆိုရင် အဖွင့်ကတော့ ပုံမှန် fresh perfume တွေလို lemon တို့ bergamot တို့လို citrus note တွေနဲ့ opening ထားလို့ သိပ်မထူးခြားပါဘူး
ဒါပေမယ့် middle note (heart note) ချိန်းသွားတဲ့အခါကျမှ သူ့ရဲ့ ထူးခြားတဲ့ အနံ့ကရလာတာ ဒီရေမွှေးမှ ဟုတ်ရဲ့လား လို့တောင် ထင်သွားမိသေးတယ် 😅
စံပယ်နဲ့ violet ပန်းပေါင်းထားတဲ့အနံ့က ထုံမွှေးလေး ထွက်လာတာ အဲ့နောက် drydown ရောက်တော့ cederwood ,vetiver, musk နဲ့ amber တို့နဲ့ ငြိမ်သွားလို့ နွေးထွေးတဲ့ feeling လဲရတယ်ဗျ

ဆိုတော့ ဒီ capetown grace က fresh,citrus,floral,sweet,warm,seductive vibe ကိုပေးတဲ့ ရသစုံတဲ့ရေမွှေးလေးလို့ ပြောချင်ပါတယ်

75ml ကို သုံးသိန်း မပြည့်တဲ့ဈေးလေးနဲ့ရမှာမို့ အမြန်ဆုံးလာရောက် စမ်းသပ်ပီး အားပေးကြပါလို့ ပြောပါရစေဗျ ( Decant လေးလဲ ခွဲရောင်းပေးပါတယ်ဗျ)

#ရေမွှေးဆိုင် #ကလေးမြို့ရေမွှေးဆိုင်

20/02/2026

Rayhaan Aquatica Unboxing and quick review #ကလေးမြို့ရေမွှေးဆိုင်

Want your business to be the top-listed Beauty Salon in Kalemyo?
Click here to claim your Sponsored Listing.

Telephone

Address

No (141/2) Bogyoke Road
Kalemyo
02091

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00