Nang Lay-Dubai

Nang Lay-Dubai

Share

All our dreams can come true if we have the courage to pursue them💪

05/10/2026

မနေ့က 'Offloaded Due Immigration' အကြောင်းလေး ရေးဖြစ်တာက တကယ်လက်တွေ့မှာ နေ့စဉ်ကြုံတွေ့နေရလို့ပါ။ သိပြီးသားသူတွေအတွက် ကျော်သွားပေးပါ မသိသေးတဲ့သူတွေအတွက်တော့ နန်းရဲ့ Sharing လေးက အကျိုးရှိသွားမယ်လို့ ယုံကြည်ပါတယ်။

နေ့တိုင်းလိုလိုကို လူ ၁၀ကျော်လောက် လေယာဉ်လက်မှတ်လာချိန်းကြတယ်။ အကြောင်းရင်းမေးလိုက်ရင်...

✅ Visa က Under Process ဖြစ်နေလို့ Immigration က မဖြတ်ခိုင်းတာမျိုး၊

✅ Travel Ban ရှိနေတာမျိုး စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နေကြတာပါ။

လေယာဉ်လက်မှတ်တစ်ခါချိန်းရင် Ticket Fare Rules အရ Change Fees တွေ ပေးရပါတယ်။ ကိုယ်ဝယ်ထားတဲ့ Ticket အမျိုးအစားအပေါ်မူတည်ပြီး Difference Fares တွေ ထပ်ပေးရတဲ့အတွက် ငွေကြေးတွေ အပိုကုန်ကျပါတယ်။

ဒါ့အပြင် ခရီးစဉ်ရွှေ့လိုက်ရလို့ အချိန်တွေကုန်တာ၊ လူပင်ပန်းရတာ စတဲ့ အခက်အခဲတွေ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါကြောင့် သတိထားဆင်ခြင်နိုင်ကြဖို့ ရည်ရွယ်ပြီး စေတနာရှေ့ထားပြီး ပြန်လည်
မျှဝေပေးလိုက်တာပါရှင်🤗

ချစ်တဲ့
နန်း❤️

04/10/2026

⚠️ Important Travel Reminder

Many travelers are still unaware that you cannot travel while your visa is currently under process, nor can you leave the country until your cancellation process is fully completed.

Especially with today being Sunday, I’m seeing so many passengers having to change their flights at the last minute due to being "Offloaded due to Immigration."

Please, kindly double-check all your visa and cancellation statuses before heading to the airport to avoid any travel disruptions! ✈️

With love
Nang ❤️

04/10/2026

✈️ UAE ကနေ ပြန်မယ့်သူတွေ သတိထားဖို့! လေဆိပ်ရောက်မှ တားဆီးခံရနိုင်တဲ့ အကြောင်းရင်း (၆) ချက် 🛑

ချစ်ရသော မိတ်ဆွေသူငယ်ချင်းများရှင်... အခုတလော UAE နိုင်ငံကနေ အလည်အပတ်ပဲဖြစ်ဖြစ်၊ နိုင်ငံရပ်ခြားကို ခရီးထွက်ဖို့ပဲဖြစ်ဖြစ်၊ အပြီးအပိုင် ပြန်ဖို့ဖြစ်ဖြစ် လေဆိပ်သွားတဲ့အခါ "နိုင်ငံကနေ ထွက်ခွာခွင့်မရှိလို့" လေဆိပ်မှာ ပိတ်မိတာ၊ Flight လာချိန်းရတာတွေ မကြာခဏ ကြုံနေရတာကို တွေ့ရှိရပါတယ်။

ဒါကြောင့် ကိုယ်တိုင်လည်း ဒီလိုဒုက္ခမျိုး မကြုံရအောင် ဘာတွေကြောင့် ထွက်လို့မရတာလဲဆိုတဲ့ အချက်တွေကို အသိပေးမျှဝေလိုက်ပါတယ်နော်။ 👇

1️⃣ Travel Ban (တရားရုံး သို့မဟုတ် အစိုးရ၏ ခရီးသွားလာခွင့် ကန့်သတ်ချက်)
အကြွေးပြဿနာတွေ၊ တရားရုံးအမှုတွေ၊ ဒါမှမဟုတ် အလုပ်ရှင်က တရားစွဲထားတာတွေကြောင့် တရားရုံးက Travel Ban ချထားရင် လေဆိပ်ကနေ လုံးဝထွက်လို့ မရပါဘူး။

2️⃣ Fines Issue (မရှင်းရသေးသော ဒဏ်ကြေးများ)
ဗီဇာသက်တမ်းကုန်လို့ Overstay ဖြစ်နေတာ၊ ယာဉ်မောင်းရင်း ရဲဒဏ်ကြေး (Traffic Fines) ကျူးလွန်ထားတာတွေကို မရှင်းရသေးဘဲ လေဆိပ်သွားရင် စနစ်က ပိတ်ထားတတ်ပါတယ်။

3️⃣ Police Issue & Criminal Cases (ရဲစခန်းနှင့် အမှုအခင်းကိစ္စများ)
ရဲစခန်းမှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်တာ၊ တရားခံပြေးစာရင်း ပါဝင်နေတာ (Police Case / Arrest Warrant) ဒါမှမဟုတ် တခြားသူရဲ့ တိုင်ကြားချက်ကြောင့် ရဲတားမြစ်ချက် ရှိနေတာမျိုးပါ။

4️⃣ Visa Under Process & Absconding (ဗီဇာအပြောင်းအလဲနှင့် အလုပ်ပြေးစာ)
အလုပ်သစ်ပြောင်းဖို့ ဗီဇာအဟောင်းဖျက်ပြီး ဗီဇာအသစ် လျှောက်ထားဆဲကာလ (Visa Under Process) မှာ စနစ်မပြီးသေးတာ၊ သို့မဟုတ် ကုမ္ပဏီက တရားဝင် အလုပ်ပြေးစာ (Absconding) တင်ထားတာတွေကြောင့် ထွက်ခွာခွင့် ပိတ်သွားတတ်ပါတယ်။

5️⃣ Rental or Utility Disputes (အိမ်ငှားခနှင့် ရေမီးဘေလ် အငြင်းပွားမှုများ)
ပုံမှန် မေ့ထားတတ်ကြပေမဲ့ အိမ်လခ မရှင်းရသေးတာ၊ DEWA (ရေမီး) ဘေလ်တွေ ကျန်နေပြီး တရားရုံးအဆင့် ရောက်သွားတာတွေကလည်း Travel Ban ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲ ပါပါတယ်။

6️⃣ Emirates ID & Medical Status (အိုင်ဒီနှင့် ဆေးစစ်ချက် မပြီးပြတ်ခြင်း)
Emirates ID သက်တမ်းကုန်နေတာ၊ ဆေးစစ်ချက် အဖြေမပေါ်သေးတာ ဒါမှမဟုတ် Sponsor က ဗီဇာပယ်ဖျက်မှု (Cancellation) ကို အပြီးသတ် မလုပ်ရသေးတာတွေကြောင့်လည်း လေဆိပ်မှာ ပြဿနာတက်တတ်ပါတယ်။

💡 အကြံပြုချက်: ခရီးမထွက်ခင် UAE Pass အက်ပ်ကနေတဆင့် မိမိနာမည်မှာ ဒဏ်ကြေး၊ အမှုနဲ့ Travel Ban ရှိမရှိ ကြိုတင်စစ်ဆေးထားဖို့ အထူးအကြံပြုလိုပါတယ်။

ဒီအချက်လေးတွေကို သိထားရအောင် မိမိရဲ့ မိတ်ဆွေသူငယ်ချင်းတွေ မြင်အောင် Share ပြီး ကူညီပေးကြပါဦးနော်❤️

ခရီးသွားမယ့်သူများအားလုံး ဘေးကင်းလုံခြုံစွာနဲ့ ခရီးစဉ် အဆင်ပြေချောမွေ့ကြပါစေရှင်။ ✈️

ချစ်တဲ့
နန်း❤️

Photos from Nang Lay-Dubai's post 03/10/2026

နာမည်လေးက “ Laphet “တဲ့ 🥰 အများကြီး အောင်မြင်ပါစေ သူငယ်ချင်း 🤗 နန်းဘာလုပ်လုပ် အမြဲ အကြံဉာဏ်တွေပေး အားပေးခဲ့ပြီး ကိုယ့်ရဲ့ အောင်မြင်မှုတိုင်းမှာ ဘေးကနေ အမြဲ ရပ်တည်အားပေးတဲ့ ချစ်ရတဲ့ သူငယ်ချင်းအတွက် ကျေးဇူးတင်စကားလေးတွေနဲ့အတူ 🤍

ဒီနေ့မှာတော့ သူငယ်ချင်းရဲ့ ရင်ထဲက အချစ်တွေ၊ အမှတ်တရတွေနဲ့ စေတနာတွေ အားလုံးကို ပုံဖော်ပေးထားတဲ့ "Laphet" ရဲ့ ထူးခြားဆန်းသစ်တဲ့ အရသာလေးတွေကို မိတ်ဆက်ပေးချင်ပါတယ်ရှင်။ မြန်မာ့ရိုးရာ လက်ဖက်ရဲ့ မွှေးပျံ့တဲ့ ရနံ့သင်းသင်းလေးနဲ့အတူ ခေတ်မီသပ်ရပ်တဲ့ ထုပ်ပိုးမှုဒီဇိုင်းလေးတွေနဲ့ ထွက်ရှိလာပါပြီ။

သူငယ်ချင်းရဲ့ စေတနာတွေနဲ့တည်ဆောက်လာခဲ့တဲ့ ဒီလုပ်ငန်းလေး အစစအရာရာ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

မြန်မာ့ရိုးရာ လက်ဖက်အရသာ အစစ်အမှန်ကို ခံစားချင်တယ်ဆိုရင်တော့ Laphet လေးကို စမ်းသပ်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင် 🤗

ချစ်တဲ့
နန်း❤️

Photos from Nang Lay-Dubai's post 03/10/2026

ဆိုင်ကယ်မစီးရတာလည်းကြာပြီ အိမ်ကိုလည်းလွမ်းတယ်🥹ကျိုင်းတုံမြို့လေးမှာ အိမ်တိုင်းလိုလို ဆိုင်ကယ်ရှိကြတာများတယ်။ နန်းကတော့ ဆိုင်ကယ်ကို ညန်ညန်နဲ့စီးပြီး မောင်းတတ်သွားတာ သေချာမသင်လိုက်ရဘူး။ ဒူဘိုင်းမှာတာ ယူနီဖောင်းကြီးနဲ့ ဆိုင်ကယ်မောင်းလိုက်ရင်ဖြစ်😂😂😂

02/10/2026

Menuအသစ်တွေ Editing လုပ်နေတာကို ဘေးကနေပြီး မာမီ အဲ့ဒါ Menuအသစ်လား လို့မေးရင်း ဒီနေ့တော့ သွားမြည်းလေရဲ့ 🥰
Khing Myat Mon rating ဘယ်လောက်ပေးလိုက်လဲ😁

02/10/2026

ပုံလေးနဲ့ စာအလုံး ၄၊၅၀ ရေး consistency အပြည့်နဲ့ နေ့တိုင်းတာ လုပ်သွား 0.01 $ ပေါင်းများရင် 1 $ ဆိုတာ ဖြစ်လာတာပဲ အများကြီး ရတယ်လို့ ပြောတဲ့သူတွေကို အထင်မကြီးနဲ့ followers ၁သိန်းရှိပြီး အမြဲတမ်း ပုံမှန်တင်နေတဲ့သူတွေတောင် အဲ့လောက်မရဘူး။ အဲ့ဒါလာပြောပြတာ🥰

နန်းကို ချစ်ပြီး အားပေးကြတဲ့တစ်ယောက်ဆီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ လက်ဆောင်တွေလည်း ပေးဖို့ရှိပါတယ်လို့🤗
အားလုံးကို ချစ်တယ်နော်❤️

ချစ်တဲ့
နန်း❤️

Photos from Nang Lay-Dubai's post 02/10/2026

ချစ်ရတဲ့ မိတ်ဆွေများရှင့် 🤗
Shan Village Asian Restaurant Dubaiကို ယုံကြည်အားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ မာလာဘဲစပ်လေးတွေအကြောင်း မေးမြန်းစုံစမ်းနေကြလို့ပါနော်။

နန်းတို့ Menu အသစ်တစ်ခု ထုတ်တော့မယ်ဆိုရင် အချိန်အများကြီးယူပြီး သေချာလေး အကြိမ်ကြိမ် စမ်းသပ်ပါတယ်။ တခြားမိတ်ဆွေတွေကိုလည်း ဖိတ်ခေါ်ပြီး အမြည်းခိုင်းပါတယ်။ နန်းကိုယ်တိုင်ကလည်း အကောင်းဆုံးကိုမှ ကြိုက်တတ်တော့ ဖြစ်သလို လုံးဝမလုပ်ပါဘူး။ စားလိုက်တာနဲ့ "Wow" ဆိုပြီး ထိမိသွားမှသာ အားလုံးရှေ့ကို ချပြတာမို့လို့ အချိန်လေး နည်းနည်းကြာသွားတာပါရှင်။

လာမယ့်ရက်တွေမှာ စိတ်လှုပ်ရှားစရာ Menu အသစ်တွေ အများကြီး ထွက်လာဖို့ ရှိပါတယ်။ အားလုံးလည်း သေချာပေါက် ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော် 🥰 ပုံလေးတွေကတော့ မာလာဘဲစပ်ကို အကြိမ်ကြိမ် စမ်းထားတဲ့ပုံလေးပါ🫶

"မနန်းဆိုရင် ယုံကြည်ပြီးသား" ဆိုတဲ့ ရပ်တည်ချက်အတိုင်း ပိုကောင်းတာတွေ လုပ်ပေးနိုင်ဖို့ အမြဲကြိုးစားနေဆဲမို့ အချိန်လေးတော့ နည်းနည်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်။

ယုံကြည်အားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ရင်ထဲကလှိုက်လှိုက်လှဲလှဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🤗❤️

ချစ်တဲ့
နန်း❤️

Photos from Nang Lay-Dubai's post 01/10/2026

စျေးရောင်းတဲ့သူမို့ စျေးရောင်းပိုစ့်လေးတွေတော့ တင်ဖြစ်ပါတယ်ရှင်။ မိတ်ဆွေတို့ရဲ့ feed မှာ များသွားလို့ မျက်စိနောက်မှာဆိုးလို့ အစကတည်းကလည်း မေတ္တာရပ်ခံထားပါတယ်နော်။ ကိုယ်နဲ့အဆင်မပြေရင် အချိန်မရွေး Unfriend / Unfollow လုပ်လို့ရပါတယ်။ ချစ်ခင်အားပေးကြတဲ့ မိတ်ဆွေကောင်းတွေကတော့ ဆက်ပြီး အားပေးနေကြဦးမှာပါ 🥰

တကယ်တော့ Social media ဆိုတာ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ၊ ဘဝတစ်ခုလုံးတော့ မဟုတ်ပါဘူး။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်ကြပါစေရှင်🥰

ချစ်တဲ့
နန်း❤️

30/09/2026

ဒူဘိုင်းမှာတော့ ဆီဆိုင်တွေတန်းစီ🫣 ကိုယ်တွေတော့ မစီနိုင်

Category

Website

Address

Kengtung

Alerts

Be the first to know and let us send you an email when Nang Lay-Dubai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kengtung.