Beauty With A Phyu

Beauty With A Phyu

Share

stay pretty with me �

Photos from Beauty With A Phyu's post 15/08/2026

ဝက်ခြံ ခဏခဏထွက်ပြီး အသားအရေခြောက်မှာ ကြောက်တဲ့သူတွေအတွက် Review လေးပါ 🌿✨

အရင်က ဝက်ခြံထွက်လို့ သုံးခဲ့တဲ့ ဝက်ခြံဆပ်ပြာအများစုက မျက်နှာသစ်ပြီးတာနဲ့ အသားတွေ တင်းကြပ်ပြီး အရမ်းခြောက်ကပ်သွားတာမျိုး ခံစားရဖူးတယ်
အဖြူလည်း အဲ့လိုဖြစ်မှာကြောက်လို့ ဘာသုံးရမှန်း မသိဘဲ စိတ်ညစ်နေတာ
ဒါပေမဲ့ S2 မျက်နှာသစ်ဆပ်ပြာ လေးကို စမ်းသုံးကြည့်မိမှပဲ လုံးဝ စိတ်ကျေနပ်သွားရတယ် ❤️

အဖြူ ကြိုက်ရတဲ့ အချက်တွေကတော့ -
✨ သုံးသုံးချင်း ချက်ချင်း ပျောက်သွားတာမျိုး မဟုတ်ဘဲ၊ စွဲသုံးရင်း အချိန်တစ်ခုရောက်တာနဲ့ ဝက်ခြံတွေ သိသိသာသာ သက်သာ ငြိမ်ကျသွားတာကို အဖြူကိုယ်တိုင် ခံစားရတယ်
✨ သဘာဝ ဆေးသစ်ဥသစ်ဖုတွေနဲ့ ထုတ်ထားတာမို့ မျက်နှာသစ်ပြီးရင် အသားအရေလေးက အေးအေးအိအိနဲ့ စိုစိုလေး ကျန်ခဲ့တယ် အဆီနဲ့ ရေဓာတ်ကို ညီမျှအောင် ထိန်းပေးတာ အကြိုက်ဆုံးပဲ!

✨သူရဲ့စျေးနှုန်းလေးနဲ့ ပါဝင်တဲ့ Ingredients တွေနဲ့ယှဉ်ရင် အခုလိုကာလမှာ တကယ်ကို Budget Safe ဖြစ်တယ်

အဖြူ့အနေနဲ့ အကြံပေးချင်တာက ဝက်ခြံသမားတွေဆိုရင် ၃ ခဲလောက်အထိ စွဲသုံးပေးရင် ဝက်ခြံတွေ အတော်လေး သက်သာသွားတာ တွေ့ရတယ်
အမဲစက် သမားတွေဆိုရင်တော့ ပိုပြီး စွဲသုံးပေးမှ အမဲစက်လေးတွေ ပါးသွားမှာပါနော်

ဝက်ခြံကြောင့် စိတ်ညစ်နေသူတွေ၊ Budget မထိခိုက်ဘဲ ထိရောက်တဲ့ မျက်နှာသစ်ဆပ်ပြာ ရှာနေသူတွေဆိုရင် S2 ဆပ်ပြာလေး ကို မဖြစ်မနေ စမ်းသုံးကြည့်ဖို့ အဖြူညွှန်းပေးချင်ပါတယ်နော်! 🥰✨

ဒီpageလေးမှာ မှာယူလို့ရပါတယ်နော် S2 Luxury Myanmar 🫶🏻✨

27/05/2026

Beauty Paradise မှာ blindbox တွေအရမ်းတန်နေပြီနော်🤩💖

ခုလိုလမ်းကြောင်းကြောင့် ပစ္စည်းအခက်အခဲတွေဖြစ်နေချိန်မှာ instock အစုံအလင်နဲ့
Authentic စစ်စစ်တွေပဲရနိုင်မယ့်ဆိုင်🫶🏻

Skincare လား
Cosmetic လား
Perfume လား
Beauty devices တွေလား
Blindbox တွေထိပါအစုံအလင်ပဲ🫶🏻✨

#𝐌𝐚𝐠𝐰𝐚𝐲

27/05/2026

📷_Photo shoot အမြဲရိုက်နေရတာဆိုတော့ ခေါင်းအစခြေအဆုံးကြိုက်တဲ့နေရာ highlights ထားလို့ရအောင် အမြဲဂရုစိုက်နေရတယ်

ခုလည်း Pinterest ဆန်ဆန် ဆံပင်လှလှလေးတွေ highlight ထားချင်တယ်ဆိုတော့လည်း Forest Hair set လေးနဲ့အမြဲ hair care လုပ်ဖြစ်နေတော့ ပူစရာမလိုတော့ဘူး 🤷🏻‍♀️🌱

Photos from Beauty With A Phyu's post 26/05/2026

အမိုးအကာမဲ့နေတဲ့ ဦးရေပြားလေးအတွက် Forest Hair ရဲ့ ကယ်တင်ရှင်အတွဲလေး 🫶🏻

တကယ်ပါ... အဖြူအရင်က stress အရမ်းပိပြီး ဆံပင်ကျွတ်လွန်းလို့ ကြမ်းပြင်ပေါ်မှာ ဆံပင်တွေချည်းပဲ ကောက်နေရတာ ငိုချင်လောက်အောင်ပဲ😭
ဆေးတွေလည်းထိထားတာဆိုတော့ အရမ်းလည်းဂရုစိုက်ရတယ်

ဒါပေမဲ့ ဒီ forest hair အတွဲလေးကို စမ်းသုံးကြည့်ပြီးတဲ့နောက်မှာတော့ ဆံပင်ကျွတ်တာ ၇၀% လောက် သိသိသာသာ လျော့သွားတယ်✨

ခံစားချက်ကတော့ Tonic က ဖြန်းလိုက်ရင် အေးအေးလေးနဲ့ နေလို့ တကယ်ကောင်းတယ်🌧️
အနံ့လေးကလည်း သဘာဝအတိုင်း Herbs အနံ့သင်းသင်းလေးမို့ စိတ်ကိုပါ လန်းဆန်းစေတယ် 🌿
Oil ကလည်း အဆီပြန်ပြီး ခေါင်းကပ်သွားတာမျိုး မရှိဘူး

Hair Tonic အသုံးပြုပုံ👇🏻

1 ဦးရေပြား သန့်ရှင်းအောင်ထားပါ ခေါင်းလျှော်ပြီးစ (ဆံပင်ခြောက်အောင် မှုတ်ပြီးချိန်) သို့မဟုတ် ပုံမှန်အချိန် ဦးရေပြား သန့်ရှင်းနေချိန်တွင် ဖြန်းပေးနော်…..
2 ဆံပင်အပိုင်းလိုက်ခွဲပါ Tonic က ဆံသားပေါ်မတင်ဘဲ ဦးရေပြားထဲ တိုက်ရိုက်ရောက်ဖို့ လိုအပ်တဲ့အတွက် ဆံပင်ကို အပိုင်းလေးတွေ ခွဲပေးနော်…….
3 ဆံပင်ပါးတဲ့နေရာ၊ ကွက်တဲ့နေရာနဲ့ ဆံပင်ကျွတ်တတ်တဲ့ ဦးရေပြားနေရာတွေကို တိုက်ရိုက် ခပ်ခွာခွာလေးကနေ ဖြန်းပေးနော်…..
4 ဖြန်းပြီးတာနဲ့ လက်ချောင်းထိပ်လေးတွေ သုံးပြီး ဦးရေပြားထဲ စိမ့်ဝင်သွားအောင် (၂) မိနစ်ခန့် ခပ်ဖွဖွလေး ဝိုင်းဝိုင်းလေး နှိပ်နယ် (Massage) ပေးပါ….

Hair oil အသုံးပြုပုံ👇🏻

1 ခေါင်းမလျှော်ခင် အဆီကို ယူပြီး ဦးရေပြားအနှံ့ (အထူးသဖြင့် ဆံပင်ပါးသောနေရာများ) သို့ ချပေးပါ…
2 လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားကို (၅) မိနစ်ခန့် နှံ့စပ်အောင် နှိပ်နယ်ပေးပါ ဆံသားအဖျားတွေ ခြောက်သွေ့တတ်ရင် အဖျားလေးတွေကိုပါ အနည်းငယ် လူးပေးနိုင်ပါတယ်…
3 အနည်းဆုံး မိနစ် ၃၀ ကနေ ၁ နာရီအထိ ထားပေးပါ
4 အချိန်ပြည့်ပါက ပုံမှန်အတိုင်း shampoo နဲ့ စင်ကြယ်အောင် ခေါင်းလျှော်ချလိုက်ပါ….
(ခေါင်းလျှော်ပြီး hair oilလေးလိမ်းပြီး ဆံသားလေးတွေကိုအာဟာရဖြည့်လို့ရပါတယ်)

အခုဆိုလေ အဖြူဦးရေပြား ကွက်ချင်သလို ဖြစ်နေတဲ့နေရာတွေမှာ ဆံပင်အနုလေးတွေ ပြန်ပေါက်လာပြီ 💖

ဆံပင်ပါးလို့ စိတ်ညစ်နေတဲ့ ကောင်မလေးတို့ရေ... ဈေးကြီးပေးပြီး Treatment တွေ သွားလုပ်မယ့်အစား အိမ်မှာတင် ဒီ forest hair အတွဲလေးနဲ့ Safe ဖြစ်ဖြစ် ထိန်းသိမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်နော် 🫶🏻🌱

Photos from Beauty With A Phyu's post 24/05/2026

စားသမျှ အစားအသောက်တွေ အူလမ်းကြောင်းမှာ မတင်ကျန်ရအောင် ညတိုင်း ဒါလေး သောက်ဖြစ်နေတယ် 🍏💚

🥯🍰🥤🍲🍜
အဖြူအပြင်စာတွေ ခဏခဏစားဖြစ်တော့ ဗိုက်က အမြဲအောင့်ပြီး လေပွနေတာ……
အသီးအရွက်ကလည်း ပုံမှန်မစားဖြစ်တော့ ဝမ်းချုပ်တဲ့ဒုက္ခက ကပ်ပါလာရော။

🥗🌿🍏🌱
အဲ့ဒါနဲ့ပဲ ဒီ Psyche' Green & SuperFoods Premium လေးကို အစ်မတစ်ယောက်ညွှန်းလို့ စမ်းသောက်ကြည့်တာ တကယ်ထူးခြားတယ်သိလား

အဓိက သဘောကျတာက အရသာပဲ။ အစိမ်းရောင် Detox ဖျော်ရည်အများစုက သောက်ရခက်ပေမယ့် သူက ပန်းသီးစိမ်းအရသာမို့ ကလေးသောက်တဲ့ ဖျော်ရည်လိုပဲ အရမ်းသောက်လို့ကောင်းတယ်🫶🏻

ညအိပ်ခါနီး သောက်အိပ်လိုက်ရင် မနက်ကျ ဝမ်းလည်းမှန်စေတယ် ဝမ်းရစ်ပြီး ဝမ်းသွားတာမျိုးကြီးမဟုတ်ဘဲ ပုံမှန်အတိုင်းဝမ်းမှန်စေတာမျိုးပေါ့နော် သဘာဝအတိုင်း ဗိုက်ရှင်းသွားတာ ဗိုက်ပွတာ သက်သာသွားတော့ တစ်နေ့လုံး နေလို့ထိုင်လို့ ကောင်းပြီး ပေါ့ပါးနေတာပဲ✨

အဖြူကလေ လေ့ကျင့်ခန်းလည်းတွဲလုပ်နေတာဆိုတော့ ဒါလေးသောက်ပြီး နောက်ရက်တွေမှာ အဖြူအလိုအပ်တဲ့ ဗိုက်အဆီနဲ့ လက်မောင်းအဆီလေးတွေကျတာသိသာလာတယ်
သကြားလုံးဝမပါလို့ အဆီချချင်တဲ့လူတွေသောက်ကြည့်နော်

ခန္ဓာကိုယ်အကဆိပ်အတောက်တွေဖယ်ရှားလိုက်တော့ ဝက်ခြံတွေ သက်သာပြီး အသားလေးကြည်လာတယ် ✨

ဝမ်းချုပ်တတ်တာများရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေများတယ်လို့လေ့လာမိတယ် အဲ့တော့ သဘာဝအတိုင်းဝမ်းမှန်ပြီးကျန်းမာချင်ရင် သောက်ကြည့်နော်🫶🏻✨

အစာခြေစနစ် မကောင်းတဲ့သူတွေ၊ အမြဲဗိုက်ကယ်တတ်တဲ့သူတွေ မလိုအပ်တဲ့အဆီပိုတွေ ရှိရင် ဒါလေးက ဆောင်ထားသင့်တဲ့ Psyche’ လေးပါလို့ အဖြူညွှန်းပေးပါရစေနော်🍏

အဖြူမှာတဲ့ page လေးပါ👇🏻

https://www.facebook.com/profile.php?id=100064053482959

⁠ #အူလမ်းကြောင်းကျန်းမာရေး #ဝမ်းမှန်စေဖို့

23/05/2026

သွားချင်ရာတွေသွား စားချင်တာတွေစားပြီးတော့
စနစ်တကျပြန်ပြီး ဂရုစိုက်နေရပြီ🤭🍏🫶🏻

အလှအပနဲ့ ကျန်းမာရေးအတွက် Psyche’ detox fiber လေး
အဖြူဒီpage ကမှာတာပါရှင့်👇🏻
https://www.facebook.com/profile.php?id=100064053482959

12/05/2026

Body Care ရွေးချယ်ဖို့ခေါင်းစားစရာမလိုတော့ဘူးနော် 🫶🏻
Skin editor ရဲ့ game changer set လိုက်သုံးကြည့်လိုက်

၂ပတ်ဝန်းကျင်ဆို result သိသာလိမ့်မယ်နော်💖

အဖြူမှာတဲ့ Skin Editor Myanmar page ကနေ ဝယ်ယူလို့ရပါတယ်ရှင့် 🫶🏻💖

Photos from Beauty With A Phyu's post 10/05/2026

✨ Skin Editor နဲ့အတူ Healthy and Bright ဖြစ်စေမယ့် Body Care Routine လေး ဖန်တီးကြမယ် ✨

အသားအရေကို အဆင့်လိုက် ထိန်းသိမ်းရတာ ကြိုက်တဲ့သူတွေအတွက် Skin Editor ရဲ့ Body Care set က တကယ်ကို Game Changer ပဲနော် ……

Products တစ်ခုချင်းဆီကို အဖြူကိုယ်တိုင်အသုံးပြုထားပြီး အဆင့်လိုက် Review လေးရေးပေးပါရစေ……

1️⃣ Skin Editor Body Scrub (The Exfoliator)
အသားဖြူချင်ရင် အရင်ဆုံး ဆဲလ်သေတွေဖယ်ရှားဖို့ လိုပါတယ်။ ဒါမှ နောက်လာမယ့်step တွေကနေ အာနိသင်အပြည့်ရမှာနော်

✨သူ့ရဲ့ Scrub အနှစ်လေးက တော်တော်လေး ညက်ညက်ညောညောရှိတယ်။ တိုက်လိုက်ရင် အသားနာတာမျိုး မဖြစ်ဘဲ ချွေးပေါက်ထဲက အညစ်အကြေးတွေကို သေချာဖယ်ရှားပေးပါတယ်။
💖သုံးပြီးတာနဲ့ အသားက ချက်ချင်းနုဖတ်သွားပြီး Skin Care တွေ စိမ့်ဝင်ဖို့ အသင့်ဖြစ်သွားစေပါတယ်။

2️⃣ Skin Editor Body Serum (The Brightener)
Scrub တိုက်ပြီးရင် အသားထဲထိ အာဟာရဓာတ်တွေ စိမ့်ဝင်ဖို့ Serum လိုပါတယ်။

✨ဒီ Serum က Texture ကျဲကျဲလေးမို့ အသားထဲကို စက္ကန့်ပိုင်းအတွင်း စိမ့်ဝင်သွားတာ။ စေးကပ်တာ လုံးဝမရှိဘူး။💖
အသားအရေကို အတွင်းပိုင်းကနေ ကြည်လင်လာစေပြီး အမည်းစက်နဲ့ အသားအရောင် မညီတာတွေကို သိသိသာသာ သက်သာစေပါတယ်။

3️⃣ Skin Editor Body Cream (The Deep Moisturizer)
Serum ရဲ့ အာနိသင်ကို ထိန်းသိမ်းပေးဖို့နဲ့ အသားကို အစိုဓာတ်အပြည့်ပေးပါတယ်

✨Serum ထက် Texture ပိုပျစ်ပေမယ့် လိမ်းရတာ အရမ်းအဆင်ပြေပါတယ်။ အသားခြောက်တတ်တဲ့သူတွေအတွက် အထူးသင့်တော်ပြီး တစ်နေကုန် အသားကြည်နေစေတယ်။
💖အသားက ရေဓာတ်ပြည့်ပြီး ချောချောအိအိလေး ဖြစ်နေစေမှာပါ။

4️⃣ Skin Editor Body Sunscreen (The Protector) ☀️
အရေးအကြီးဆုံးအဆင့်ပါ။ ဘယ်လောက်ပဲ ထိန်းသိမ်းထိန်းသိမ်း နေရောင်ကာကွယ်မှ အသားမပျက်စီးမှာပါ။

✨SPF 50+ PA++++ တောင်ပါတာမို့ နေပူဒဏ်ကို အပြည့်အဝ ကာကွယ်ပေးတယ်။ Tone-up အာနိသင်ပါလို့ လိမ်းလိုက်ရင် အသားလေးက ဖြူဖြူဝင်းဝင်းလေး ဖြစ်သွားတာက အကြိုက်ဆုံးပဲ။
💖နေလောင်ဒဏ်ကြောင့် အသားပျက်စီးတာကို ကာကွယ်ပေးပြီး အပြင်သွားရင် အသားလေး ကြည်တောက်နေစေပါတယ်။

Phyu’s Tips 👇🏻
အသားဖြူဝင်းကြည်လင်ချင်ရင် Scrub -> Serum -> Cream -> Sunscreen အစဉ်လိုက်အတိုင်း သေချာလေး သုံးပေးကြည့်ပါ။ ပုံမှန်သုံးပေးရင် ၁၄ ရက်အတွင်း သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရလိမ့်မယ်နော် ✨

Skin Editor Myanmar ကနေ ဝယ်ယူလို့ရပါတယ်ရှင့် 🫶🏻🌸

Website

Address

Magway

Alerts

Be the first to know and let us send you an email when Beauty With A Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Magway.