Kuu Kuu Cosmetics
Cosmatics Wholesale & Retail
ငွေကြေးဆိုတာက ထိန်းချုပ်လို့ မရတဲ့သဘောရှိတယ် ။
တကမ္ဘာလုံးမှာ အခုသုံးနေကြတဲ့ ငွေတွေရဲ့ တန်ဘိုးက ဘယ်လိုမှကို အမိန့်အာဏာနဲ့ ထိန်းချုပ်လို့ မရဘူး။သူ့တန်ဘိုးအမှန်အတိုင်းပဲ သူ့အလိုလို ရောက်သွားတာ ။
ငွေကြေးရဲ့သဘောကို မြင်သာအောင် ဥပမာ ပြပါမယ်။
အိမ်တအိမ်မှာ ညီအကို ၁၀ယောက် နေတယ် ဆိုပါတော့ သူတို့မှာ မိဘအမွေ ရွှေ ၁၀သား ရှိတယ် အားလုံးစုပေါင်းပိုင်ဆိုင်တယ် ။
ဒါကို အလွယ်တကူ အချင်းချင်း လှည့်လည်လို့ရအောင် ကူပွန် ၁၀ခု လုပ်ပြီး တယောက်တခုစီ ယူထားတယ်။အဲဒီ ကူပွန် တခုစီက ရွှေ ၁ကျပ်သားနဲ့ ညီမျှတယ်လို့ သဘောတူထားကြတယ် ။အပြင်ကလူတွေကိုလည်း ဒီအကြောင်း ပြောထားတာကြောင့် ရပ်ကွက်ကလည်း လက်ခံတယ် ။သူတို့မှာ ရွှေ ၁၀သား ရှိနေမှန်း သိကြတယ်။
အဲဒီလိုနဲ့ တချိန်မှာ အိမ်ထောင်ပြုလိုက်ကြတာ လူ ၂၀ ဖြစ်သွားတယ်။အဲဒီအခါ လူတိုင်း အဆင်ပြေအောင် ဆိုပြီး ကူပွန် ၁၀ခု ထပ်လုပ်ပြီး မိန်းမတွေကို ထပ်ပေးလိုက်တယ် ။ရွှေက ၁၀သား၊ ကူပွန်က ၂၀ ၊အဲဒီအချိန်မှာ ကူပွန် ၁ခုဟာ ရွှေငါးမူးသားပဲ ဖြစ်သွားပြီ ၊ကူပွန် ၁ခုရဲ့တန်ဘိုးက မူလအတိုင်း ရွှေ ၁ကျပ်သားပါပဲလို့ သူတို့ ဘယ်လို ပြောပြော လူတွေက လက်မခံတော့ဘူး။
ဒါက ငွေကြေးဖောင်းပွမှု Inflation ကို အလွယ်ဆုံး ဥပမာ ပေးတာပါ ။ကျောထောက်နောက်ခံ ဥစ္စာဓန ( Wealth )မရှိဘဲ ငွေစက္ကူတွေ ရိုက်ထုတ်တာ အဲဒီသဘောပါပဲ။
တချိန်မှာ သူတို့တွေ တနည်းနည်းနဲ့ အမွေထပ်ရလို့ဖြစ်စေ ဝင်ငွေကောင်းလာလို့ဖြစ်စေ နောက်ထပ် ရွှေ ၁၀သား ထပ်စုမိလာတဲ့ အချိန်မှာတော့ ကူပွန် ၁ခုရဲ့ တန်ဘိုးဟာ ရွှေ ၁ကျပ်သား ပြန်ဖြစ်လာတာပဲ ။
ငွေကြေးဆိုတာ အဲဒီသဘောပဲ
သူ့တန်ဘိုးကို အမိန့်အာဏာနဲ့ သတ်မှတ်လို့ မရဘူး။စီးပွားရေးအခြေအနေ၊ ဥစ္စာဓနပိုင်ဆိုင်မှုတွေကဆုံးဖြတ်ပေးတာ ကိုယ့်ငွေကြေးရဲ့ ပကတိတန်ဘိုး အပေါ်မူတည်ပြီး နိုင်ငံတကာ ငွေကြေးတွေနဲ့ လဲလှယ်တဲ့နှုန်း( Exchange Rate )က ပြောင်းနေတယ် ။ကိုယ့်ငွေကြေး တန်ဘိုးတက်ရင် ငွေလဲနှုန်းက လျော့ကျသွားမယ် ။ကိုယ့်ငွေကြေး တန်ဘိုးကျသွားရင် ငွေလဲနှုန်းက မြင့်တက်လာမယ် ။
ဒီနေရာမှာ မေးခွန်းတခုက ငွေလဲနှုန်း ( Exchange Rate) ကို နှုန်းသေ (Fixed Rate)ထားချင်ရင် ရသလားဆိုတာပါပဲ ။
အဖြေက ရပါတယ်
ဒါပေမယ့် အဲဒီ နှုန်းကို ကျောထောက်နောက်ခံပေးနိုင်
မယ့် ဥစ္စာဓန (Wealth)မျိုး ရှိမှရတယ်။
ဥပမာတခု ပြပါမယ်
ကာတာနိုင်ငံသုံးငွေကြေး ရီးယဲလ် (Qatari Riyal) ဟာ နှုန်းသေပါပဲ ။၁ဒေါ်လာကို ၃.၆၄ ရီးယဲလ် ဆိုပြီး ဒေါ်လာနဲ့ အသေချိတ်ထားတာ ဒေါ်လာဈေးတက်တက် ကျကျ သူ့ငွေလဲနှုန်းက ဒီတိုင်းပဲ။
ဘာလို့ အဲဒီလို လုပ်လို့ရလဲဆိုတော့ ကာတာဟာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေထဲပါလို့ သူ့ဥစ္စာဓနနဲ့ သူ့ငွေကို ကျားကန်ထားတယ် ။ဒေါ်လာ ကြိုက်သလောက် လာရောင်း အဲဒီနှုန်းနဲ့ ဝယ်နိုင်တယ် ။အဲဒီလိုပဲ သူ့ငွေနဲ့ ဒေါ်လာကြိုက်သလောက်လာဝယ် အဲဒီနှုန်းနဲ့ ရောင်းပေးနိုင်တယ် ။ဒီတော့ ပြဿနာမရှိဘူး ။
အဲဒီလိုမလုပ်နိုင်ရင်တော့ နှုန်းသေ သွားလုပ်လို့မရဘူး ။နှုန်းရှင် (Floating Rate)ပဲ ထားရတယ်။ဈေးကွက်ရဲ့ ပေါက်ဈေးအတိုင်းပေါ့ ။ဒီလို မလုပ်နိုင်ဘဲ နှုန်းသေသွားလုပ်ရင် ကမောက်ကမတွေ ဖြစ်တာပဲ ။
ဆိုရှယ်လစ်ခေတ်ကတည်းကနေ ၁ဒေါ်လာကို ၆ကျပ်ခွဲ လို့ ပုံသေသတ်မှတ်ထားတာ ၁ဒေါ်လာကို ၁၀၀၀ ကျော်လာတဲ့အထိလည်း သူ့နှုန်းက၆ကျပ်ခွဲပဲ ။ဒါပေမယ့် အဲဒီနှုန်းနဲ့ တကယ်လဲပေးနိုင်လား ဆိုတော့ မပေးနိုင်ဘူး။ဒီတော့ ဒေါ်လာမှောင်ခိုဈေးကွက်ကြီး အကြီးကြီးကိုပေါ်လာတာပေါ့။တကယ် ဒေါ်လာ အရောင်းအဝယ်က အဲဒီမှာပဲ ဖြစ်တာလေ။တကယ့် ငွေလဲနှုန်းအမှန်က အဲဒီမှောင်ခိုဈေးကွက်က ပေါက်ဈေးပဲ ။
အမှန်တကယ်လုပ်ရမှာက
ဒေါ်လာကို နှုန်းရှင် လုပ်လိုက်ကတည်းကဒေါ်လာမှောင်ခိုဈေးကွက် ပျောက်သွားတာပဲ။သူ့ပေါက်ဈေးအတိုင်း တရားဝင် ကြိုက်ရောင်းကြိုက်ဝယ်ပဲလေ။မှောင်ခိုက ဘယ်သူက ဝယ်တော့မှာလဲ။
နှုန်းသေပြန်လုပ်တော့ပေါက်ဈေးအမှန်နဲ့ကွာဟသွားပြီ။အဲဒီ ကွာဟသွားတဲ့ တန်ဘိုးကို ကာမိအောင် ဈေးတွေ တင်ကြမှာပဲ ။
စီးပွားရေး-Business လုပ်တာ ဘယ်သူမှ အရှုံးခံမလုပ်ကြပါဘူး ။ဈေးကို တင်လို့ ရရင်ရ မရလို့ ရှုံးရင် ရပ်ပစ်လိုက်မှာပဲ ။ဒီတော့ ကုန်ပစ္စည်းတွေ ဈေးတက်ရင်တက် ၊မတက်ရင် ရှားပါးသွားပြီပေါ့။စီးပွားရေး-Business ရဲ့ သဘောမှာက ရှုံးနေရင် ရပ်ပစ်ရတယ်။မရပ်ဘဲ ဆက်လုပ်နေရင် လုပ်လေ ရှုံးလေ ဖြစ်မှာမို့ ရပ်ပစ်လိုက်ရင် မရှုံးတော့ဘူးပေါ့ ။(တချို့ လုပ်ငန်းတွေကျတော့ ရာသီအလိုက် ရှုံးတတ်တဲ့ မြတ်တတ်တဲ့ အချိန်တွေရှိတယ် ။အဲဒါမျိုးကိုတော့ မဆိုလိုပါဘူး။ဒါမျိုးကျ အရှုံးအမြတ်ကို ၁နှစ်စာ ခြုံငုံပြီး ကြည့်ရတာပေါ့)
အဲဒီလို ရပ်ပစ်လိုက်တော့ ဘာဖြစ်လာမလဲဆိုရင် ကုန်ပစ္စည်းတွေ အကုန် ရှားပါးသွားပြီပေါ့။
ကုန်ပစ္စည်းရှားပါးတာနဲ့အမျှ ဈေးကွက်သဘောအရ ဈေးက တက်လာမှာပဲ ။အဲဒါကိုလည်း အမိန့်နဲ့ အာဏာနဲ့ထိန်းလို့ မရဘူး ထိန်းရင် မရောင်းဘဲ နေလိုက်ကြမှာပဲ ။ ရောင်းစရာ ပစ္စည်းမှ မရှိရင်လည်း ဘယ်လို အမိန့်ထုတ်ထုတ် ရောင်းလို့ကို မရဘူးလေ ။
ငွေကြေးသာ ပြိုလို့ကတော့
တဆင့်ချင်းစလာလိုက်တာ ဘဏ်တွေ အကြပ်အတည်းကနေ အခု ပြင်းထန်တဲ့ ငွေကြေး ဖောင်းပွမှု အထိ လာပြီ။အချိန်ဘာမှ မကြာလိုက်ဘူး။
ဇင်ဘာဘွေမှာလို Hyperinflation အထိ မဖြစ်သေးပေမယ့် ဒါကို မထိန်းနိုင်ရင် မကြာခင်ဖြစ်လာနိုင်တော့မယ့် Risk ရှိနေတယ်။
ငွေတန်ဘိုး ပြန်တက်ဖို့ ခဏထား ဆက်မကျအောင် (တည်ငြိမ်လာအောင်) လုပ်ဖို့တောင် အတော်ကို ခက်တာပါ။
ငွေကြေးကို ထိန်းဖို့ တခုတည်းသော နည်းလမ်းက "ငွေ" ပဲ ။ ငွေရှိမှရမယ် ငွေနဲ့ ထိန်းနိုင်ရင်ထိန်း၊မထိန်းနိုင်ဘဲ ဆေးမြီးတိုတွေနဲ့ ထင်ရာ လျှောက်လုပ်နေရင်တော့ ဆိုးသထက်ဆိုးလာမှာပဲ။
COPY Lwin
10/10/2020
ပစ္စည်းတွေရောက်ပါပြီ😍😍
အသဲတို့မှာထားတာတွေ အကုန်ပါတယ်နော်
Cosmetic လေးတွေ Date မပါလို့
ဘယ်တော့ ကုန်မလဲမသိရင် ဒါလေးကိုဖတ်ပါ.....
Fondation - ဖွင့်ပြီး ၆ လမှ ၁၂ လအတွင်း
2 way - ဖွင့်ပြီး ၂နှစ်မှ ၃ နှစ်အတွင်း
Eye shadow - ဖွင့်ပြီး ၂ နှစ်မှ ၃ နှစ်အတွင်း
Eyeliner - ဖွင့်ပြီး ၃ လမှ ၆ လအတွင်း
Mascara - ဖွင့်ပြီး ၃ လမှ ၆ လအတွင်း
Micellar water - ဖွင့်ပြီး ၆ လ သို့မဟုတ် ၁ နှစ်
Lipstick - ဖွင့်ပြီး ၂ နှစ်မှ ၃ နှစ်
Highliter ပါးနီ - ဖွင့်ပြီး ၂ နှစ်မှ ၃ နှစ်
perfume - ဖွင့်ပြီး ၃ နှစ်အတွင်း
Nailpolish - ဖွင့်ပြီး ၁ နှစ်အတွင်း
Eyebrow - သုံးလို့ရသည်ထိသုံးနိုင်
Lotion - ဖောက်သုံးပြီး ၈ လ မှ ၁၂လအတွင်း
ကဲ မိမိ မှန်တင်ခုံပေါ်က cosmetic တွေကို
ဒိတ်လွန်တာနဲ့လွှင့်ပြစ်ဖို့မမေ့နဲ့နော် ❤️
အားလုံးလှနိုင်ကြပါစေ 💋
အားလုံးဘဲ မင်္ဂလာပါနော် .... KUU KUU မှကြိုဆိုပါတယ် ရှင့်
ထိုင်းနိုင်ငံ Made Cosmetics Brand မျိုးစုံကို
လက်လီရော လက္ကားရော စျေးကိုချိုချိုသာသာရောင်းပေးနေတာ ဖြစ်တဲ့အတွက်အခုမှ OS စလုပ်မယ့်သူများ , လုပ်နေတဲ့သူများ အတွက် စျေးသက်သက်သာသာလေး ရောင်းချပေးထားပါတယ်ရှင့် 🥰🥰
ပစ္စည်းအစစ်နဲ့စျေးတန်တန်ရမှာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာဝယ်ယူအားပေးလို့ရပါတယ်ရှင့် 💝💝
WS ယူမဲ့သူများ ၅သောင်းကျပ်ဖိုးပြည့်တာနဲ့စယူလို့ရတဲ့အတွက်အရမ်းအဆင်ပြေပါတယ်နော် 😻😻
တမျိုးထဲလိုချင်တဲ့သူတွေအတွက်လဲ (၅)ခု ယူလိုက်တာနဲ့ လက္ကားစျေးနဲ့ရပါတယ်နော် 😁😁
Wall ထဲလဲဝင်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ရှင့် ..... ပစ္စည်းစုံစုံလင်လင်တင်ပေးထားပီး ယိုးဒယားမှတိုက်ရိုက်တင်သွင်းတာဖြစ်တဲ့အတွက် ပစ္စည်းလဲမှန် စျေးကလဲသက်သက်သာသာရမှာပါနော် 😍😍
စျေးတန်တန်လေးနဲ့သက်သက်သာသာရဖို့ အခုမှစလို့ ဆက်သွယ်ဝယ်ယူလိုက်တော့နော် 🥳🥳
မန်းလေးဆို လာဝယ်လို့ရပါတယ်ရှင့် 🥰🥰
ရန်ကုန် , မန်းလေး , နေပြည်တော် အိမ်အရောက်ငွေချေရပါတယ်ရှင့် 😉😉
ကျန်မြို့နယ် များနီးစပ်ရာကားဂိတ် စာတိုက်ပို့ဆောင်ပေးပါတယ်နော် 😗😗
09953330524, 09457122223 အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 😚😚
☘️🙏🏻 မဂ်လာပါရှင့် 🙏🏻☘️
Bangkok ကို ကိုယ်တိုင်သွားစရာ မလိုပဲ
Thailand Local Cosmetics,
Hair Treatment, Skin Care,
Body Lotion, Supplements အမျိုးမျိုး
instock ရနိုင်မဲ့ items လေးတွေကို
စျေးနှုန်းလေးတွေနဲ့အတူတင်ပေးထားပါတယ်ရှင့်🌸🌸
🔖လက်ကားစျေး သီးသန့် ရှိတာမို့ CB မှာစုံစမ်းနိုင်ပါသည်ရှင့် 🌸
🔖BKK direct ဖြစ်လို့ပစ္စည်း Quality စိတ်ချပါနော်
🔖မှာယူပြီးတစ်ပတ်အတွင်းပို့ပေးမှာမို့ စောင့်စရာမလိုပါဘူး
🔖အရည်အသွေးကောင်းပြီး လူသုံးများတာလေးတွေဘဲတင်ပေးပါတယ်
🔖လိုအပ်တာရှိရင်လဲ ပုံပြရင်ရှာပေးပါ့မယ်နော်
🔖စျေးလေးတွေက sale ချတာမို့ တန်စေရမယ်နော်
ဝယ်ယူအားပေးတဲ့ ချစ်ကလေးတွေကိုလဲ ကျေးဇူးများကြီးတင်ပါတယ်ရှင့်
စျေးနှုန်းသက်သာပစ္စည်းကောင်းလေးတွေဘဲ အမြဲတင်ပေးပါ့မယ်နော်။🥰
Contact the business
Telephone
Website
Address
Alerts
Be the first to know and let us send you an email when Kuu Kuu Cosmetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
