Eilay Cosmetics Store

Eilay Cosmetics Store

Share

ဆိုင်မဖွင့်ထားသေးတဲ့တွက် အိမ်မှာလာဝယ်ချင်ရင် ဖုန်းကြိုဆက်ပေးပါရှင့်🙏🏻

09/02/2023

Hello! သဲတို့ရေ………

Valentine promotionလေးတွေရှိတယ်လို သတင်းကောင်းလေး ပြောပါရစေနော်☺️

ProMotionပေးသော ပစ္စည်းလေးတွေပါ👇🏻👇🏻👇🏻👇🏻👇🏻By one Get oneတွေလည်းပါတယ်နော်👇🏻👇🏻

ELLE Collagen
Donut fiber
Byphasse Toner
TONYMOLY foam cleanser(lemon,Acerola )
Bb serum
LEBELAGE suncream
LEBELAGE Mask
Savepak Tissue

promotionမှာ ပါဝင်သောပစ္စည်းလေးတွေကို Chat Boxမှာ အားမနာတမ်းမေးလို့ရပါတယ်

Photos from Eilay Cosmetics Store's post 29/01/2023

BKK Tshirt လေးတွေ ရသေးတယ်နော်သဲတို့☺️

Photos from Mya's Daily Blogs's post 07/01/2023
06/01/2023

❤️❤️

Photos from Treasure by Thar Phyoe's post 27/12/2022

မင်ဆီမှာ ရတယ်နော်😊

19/12/2022

တင်းတိပ်သမားများ

တင်းတိပ်အမည်းစက် အကြောင်း
ရေးပေးမယ်ဆိုပြီး တလပိုင်းထဲက
အကြွေးတင်နေတာလေး
ခုရေးပေးလိုက်ပါပြီနော်

တင်းတိပ် က ဖြစ်သွားရင်
အရှင်းပျောက်စေတဲ့
ဆေး ခုထိ မရှိသေးပါ
မပေါ်သေးပါ ❌❌❌

မဖြစ်အောင်ကြိုတင်ကာကွယ်ရပါမယ်
ဖြစ်သွားခဲ့ရင်လဲ
ပါးစေတဲ့ skincare မျိုး
ပဲ ထွက်သေးပါတယ်

တပတ်အတွင်း တင်းတိပ်ပျောက်တယ်
တလနဲ့ တင်းတိပ်ပျောက်တယ်ဆိုရင်တော့
Steroid ထိပြီ မှတ်လိုက်တော့ 🙂

အမြန်ပျောက်ချင်ရင်
လေဆာ ကုသမှု နဲ့ ကုသပါ✅✅✅

တင်းတိပ်ဘာကြောင့်ဖြစ်လဲ ဆိုတော့
နေရောင်ခြည် ကြောင့်
မီးအပူကြောင့်
အဖြစ်များပေမဲ့

မျိုးရိုးလိုက်တာကြောင့်
ဟော်မုန်းအပြောင်းလဲ ကြောင့်
လဲ ဖြစ်တတ်ပါတယ်

💚 မဖြစ်ခင် ကြိုတင်ကာကွယ်နည်းကတော့

မနက်တိုင်း နေကာမဖြစ်မနေလိမ်းပါ
နေကာ = Sunscreen or Sun cream

အိမ်ထဲနေနေ အပြင်နေနေ
နေပူပူ မပူပူ မနက်တိုင်း နေကာ လိမ်းရမယ်

နေကာက ကလေးငယ်ဘဝထဲက
မသေမချင်း
အသက်ကြီးသည်အထိ လိမ်းရမယ်

တင်းတိပ်က dry skin တွေမှာ
အဖြစ်များပါတယ်
အဆီပြန် ဝက်ခြံ ထွက်တဲ့သူက
တင်းတိပ်မဖြစ်ပါဘူး

အဆီပြန်ဝက်ခြံ ထွက်ပါရဲ့ တင်းတိပ်ဖြစ်တယ်
ဆိုရင် တော့ ခေတ်သစ် မင်းကုသပါပဲ
တရာမှာတယောက် ထူးကဲ ဖြစ်စဉ်ပါ
ရသစုံလင် မျက်နှာပြင်ကြီးပေါ့ 😁😁

တင်းတိပ် ဖြစ်လာပြီဆိုရင်တော့

Skincare ကို ရွေးဝယ်တဲ့အခါမှာ

Whitening
Brighting
Arbutin
Glutathione
Vitamin A
Vitamin C
Vitamin E
Niacinamide
စတာတွေ ပါဝင်တဲ့ product တွေရွေးသုံးပေးပါ

သောက်ဆေး အနေနဲ့
COLLAGEN
Vitamin E
Vitamin C
စတာတွေ ဖြည့်စွက်သောက်သုံးနိုင်ပါတယ်
တင်းတိပ်ကို ပါးစေပါတယ်

အိမ်တွင်း ကုသမှု အနေနဲ့
အာလူးရည် နဲ့ ပေါင်းတင်နိုင်ပါတယ်

အာလူးရည်, သံပုရာရည်
သခွားသီး , ခရမ်းသီး 🍆🍆🍆
တို့တွေက တင်းတိပ်ကို
ပါးစေတဲ့ အာနိသင်ရှိပါတယ်

မပေါင်းတင်နိုင်ရင်
များများချက်စားပေးလို့ရပါတယ်

အထူးသဖြင့် အာလူးနဲ့ ခရမ်းသီး က
တင်းတိပ်သမားအတွက်
အရမ်းသင့်တော်သိသာပါတယ်

အားမငယ်ပါနဲ့
စိတ်ဓာတ်မကျပါနဲ့

မဖြစ်အောင်ကြိုတင်ကာကွယ်ကြပါ

ဖြစ်လာခဲ့ရင်
အရှင်းပျောက်တဲ့ဆေးလဲမရှိဘူး
အရှင်း ပျောက်တဲ့
skincare လဲ မပေါ်သေးဘူး😂

မနက်တိုင်း နေကာခရင် မဖြစ်မနေလူးပါ
ဒီနေ့မိုးအုံ့နေတယ် မလိမ်းတော့ဘူးတို့
သမီး က အပြင်မသွားလို့
အိမ်ထဲမှာပဲနေတာ မလူးဘူးတို့
မရပါဘူးနော် မနက်တိုင်း လိမ်းကို လိမ်းရပါမယ်

(တင်းတိပ်ဖြစ်လာရင်
ပျောက်တဲ့ဆေးမရှိသေးပါ
‌တင်းတိပ် ပျောက်တဲ့
skincare မပေါ်သေးပါ )×30000 ဖတ်ပါ

ဟုတ်ကဲ့ skincare ရုံနဲ့လဲ မရသေးပါဘူး

Lifestyle လဲ အရေးကြီးပါတယ်

အိပ်ချိန် စားချိန်
ရေသောက်နှုန်း
Hygiene

အားလုံး မျှ နေမှ အချိန်တို အတွင်း
တင်းတိပ် ပါးလာမှာ ဖြစ်ပါတယ်

မပျောက်ဘူးနော် ပါးလာမှာ

ကျားမ မရွေး မနက်ပိုင်း
အခြေခံ skincare routine
တော့ မဖြစ်မနေ လုပ်မှ
သိသာတဲ့ ရလဒ် ရမှာပါ

မနက်ပိုင်း

မျက်နှာသစ်
တိုနာ
စီရမ်
Moisture
Sunscreen

ညပိုင်း
Double cleansing
TONER
Serum
Moisture
Eye cream
Lip sleeping mask

တပတ်တခါ
Face scrub
Clay mask
Sheet mask

အားလုံးပဲ အသုံးတည့်မယ်လို့
ထင်ပါတယ် ဒါဆို like and share
ပေးသွားပါဦးနော် ကျေးဇူးတင်ပါတယ်ရှင်💜

အားလုံး ကျန်းမာ ပျော်ရွှင်ချမ်းမြေ့ပါစေ

ချစ်တဲ့ မြမြ 💜💜💜

Business inquiries,
Brand Collaboration
[email protected]

Thank you so much 🥰

Pic from Google

Category

Telephone

Website

Address

89street41&42 ဆိုင်မဖွင့်ထားသေးတဲ့တွက် အိမ်လာဝယ်ချင်ရင် ဖုန်းလေးတော့ကြိုဆက်ပေးပါရှင့်
Mandalay

Alerts

Be the first to know and let us send you an email when Eilay Cosmetics Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.