May Beauty Center

May Beauty Center

Share

🔹 တင်းတိတ်🔹 အမဲစက်🔹 မှဲ့ခြောက်🔹 အရေးအကြောင်း အရေပြားရောဂါကို ဖြေရှင်းပေးသည်။
🇰🇷 korea make hm Skincare

08/06/2026

"ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့"
==================
အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့

ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့

သူများအလုပ် လုပ်ကိုင်နေရတော့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့

ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်း မနေနိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့

ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရှုံးတော့လို့
ငါ့ဘဝက အဓိပ္ပါယ်မဲ့သွားပြီလို့ မတွေးလိုက်ပါနဲ့

ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့ မတွေးလိုက်ပါနဲ့

ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့

ရောဂါဝေဒနာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့ မတွေးလိုက်ပါနဲ့

အဲဒိီလို တွေးလိုက်မိပြီဆိုတာနဲ့ သင့်ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပြီလေ

ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို
အလင်းရောင် ပေးစွမ်းနေကြတယ်

အဆင်မပြေမှုတွေ နှလုံးသားရဲ့ ခံစားမှုတွေ
ဖိစီးနှိပ်ဆက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းကြီးပေးလာမှာ မဟုတ်ဘူးလေ

သူငယ်ချင်း.....ကိုယ့်ကိုကိုယ် အထင်သေးတဲ့တစ်နေ့
မင်းဟာ တန်ဖိုးမဲ့လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပြီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို အိုးမဲ သုတ်သလိုပဲ

ငါမလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့ မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်

ခံစားချက်တွေများလွန်းလို့ မခံမရက်နိုင် ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ 🥹🥲
ပြီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါနော်။

Credit:

18/02/2026

mayကတော့ လက်ရှိဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖြစ်တယ် ။

#ချစ်တဲ့မေတခူး

17/02/2026

ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်လာတဲ့အခါ
နေ့ရက်တိုင်းမှာ စိတ်ရောလူရော ပြန်ပြီး
ကျန်းမာလာတာကို ခံစားရလိမ့်မယ်။

​ဘဝမှာ တစ်ခုတော့ သိထားဖို့ လိုတယ်
စိတ်ကို ပူလောင်စေတဲ့ "လူ" နဲ့

ဦးနှောက်ကို ပင်ပန်းစေတဲ့ "အတွေး" တွေကို
စွန့်ပစ်နိုင်မှသာ
ငါတို့ဘဝမှာ ပန်းတွေ ပြန်ထပ်ပွင့်နိုင်မှာပါ။

​ချစ်ခြင်းမေတ္တာဆိုတာ အရာအားလုံးကို
အဆုံးစွန်ထိ သည်းခံခွင့်လွှတ်နေဖို့
ပေးထားတဲ့ အကြောင်းပြချက် မဟုတ်ဘူး။

ကိုယ့်ရဲ့ စိတ်ငြိမ်းချမ်းမှုထက်
ဘယ်အရာကမှ ပိုအရေးမကြီးပါဘူး။

💭
#ချစ်တဲ့မေတခူး

17/02/2026

ပန်းနဲ့တွေ့ရင် မိန်းခလေးတိုင်း နုပျိုသွားကြတာတာ သဘာဝပဲရှင်.... အလုပ်တွေခဏနား / မေမေဗိုက်ခဏအနားယူမယ်

#ချစ်တဲ့မေတခူး

13/02/2026

မနက်တိုင်း စိတ်အေးချမ်းပြီး ငွေတွေများများဝင်ချင်ရင် မိုးလင်းတာနဲ့ လုပ်ဆောင်ရမယ့်အရာ ...

#ချစ်တဲ့မေတခူး

12/02/2026

Baby လေးမွေးဖို့ တဖြေးဖြေး ရက်တွေနီးလာပြီ 🤱🤱🤱

6 လပိုင်းမွေးမယ့် ဘဝတူမေမေဗိုက်တွေ ရှိကြလားးရှင်

#ချစ်တဲ့မေတခူး

Photos from May Beauty Center's post 11/02/2026

ဘယ်လောက်ပဲ ထောက်ပံ့ပေးတဲ့သူ ရှိရှိ ..
ကိုယ့်ပိုက်ဆံ ကိုယ်ရှာသုံးရတာလောက် အဆင်ပြေတာမရှိဘူး

မိဘ ပိုက်ဆံပဲ သုံးသုံး .. အိမ်ထောင်ကျပြီးလို့ အိမ်ထောင်ဖက်ရဲ့ ပိုက်ဆံပဲသုံးသုံး ရေရှည်ကျရင် မျက်နှာငယ်ရတာပဲ ..

အဲဒါကြောင့် ကိုယ့်မောင်နှမတွေကိုဆိုရင် ကိုယ့်အားကိုယ်ကိုးဖို့နဲ့ အလုပ်လုပ်ပြီး ကိုယ့်ပိုက်ဆံကိုယ်သုံံးဖို့ပဲ အမြဲ အားပေးတယ်
(သိတတ်လို့ မိဘကို ပြန်ထောက်ပံ့တာ .. ကန်တော့တာကတော့ တပိုင်းပေါ့ )

မိဘက ကျွေးမွေးစောင့်ရှောက်တယ်ထား .. အသက်ဘယ်လောက်ထိ တာ၀န်ယူပေးနေရမှာလဲ

"ကိုကို" လို့ခေါ် ပြီးချွဲလို့ရတဲ့သူတွေကလည်း စက်ရုပ်မဟုတ်ဘူး .. တစ်ယောက်တည်းကြိုးစားရတဲ့အခါ အချိန်တန်ရင် ညည်းလာလိမ့်မယ် ..

အိမ်ထောင်ကျပြီးလည်း လစာ ဘယ်လောက်ပဲ ရရ .. ကိုယ်ပိုင်၀င်ငွေတစ်ခုရှိထားတာ မမှားဘူး .. လစာ/ ၀င်ငွေနည်းရင်တောင် အနည်းဆုံးတော့ အလုပ်ရှိနေတဲ့အတွက် ကိုယ့် confidence က ပျောက်မသွားဘူး

ပိုက်ဆံရှိတဲ့ ရည်းစားကို ရှာဖို့ထက် ကိုယ်တိုင်ပိုက်ဆံရှာပြီး ရပ်တည်နိုင်ဖို့ပဲ အားပေးပါတယ်

အရွယ်ရောက်ပြီးရင် မိဘမပြောနဲ့ ကိုယ့်မွေးချင်းတွေတောင် ယုံကြည်လို့မရတာ .. အားကိုးလို့ မရတာမျိုးတွေရှိနိုင်တာမို့ အရင်းနှီးဆုံး သူစိမ်းဆိုတာလည်း 100% ယုံကြည်လို့ မရဘူး ..

အလုပ် လုပ်ပါ .. ကိုယ်တိုင် ရပ်တည်နိုင်အောင် ကြိုးစားပါလို့ပဲ မှာချင်ပါတယ် ။

#ချစ်တဲ့မေတခူး

11/02/2026

မန်းလေးမှာ ဆိုင်ဖွင့်ထားပြီ ။

စိတ်တိုင်းကျ လာရောက်ဝယ်ယူနိုင်ပါပြီရှင့် ။

#ချစ်တဲ့မေတခူး

#ပြည်တွင်းပြည်ပနိူင်ငံစုံပို့ပေးနေပါတယ်
#မန်းလေးမြို့တွင်းဆိုနေ့ချင်းအရောက်ပစ္စည်းရောက်‌ငွေချေ

11/02/2026

ကျောထောက်နောက်ခံ မရှိလည်း 🔸🔸🔸
သင့်လက်ထဲမှာ ရှိတဲ့ ဖုန်းလေးတစ်လုံးက
သင့်ရဲ့အားကိုးရာပါ ။

လက်ရှိသင်ကိုင်နေတဲ့ဖုန်းက သင့်ဘဝကို သူဌေးဘဝရောက်အောင်ပြောင်းလဲပေးနိုင်ပါတယ် ✅💯

လူ့ဘဝမှာလေ ကိုယ်ရှာတဲ့ပိုက်ဆံနဲ့
စားချင်တာ စားရတယ်။လိုချင်တာ ဝယ်နိုင်တယ်။
ကိုယ့်ဝင်ငွေနဲ့ သုံးရတဲ့အချိန် အဲဒီ feelingက
လုံးဝကို မိမိုက်နေရော။တကယ့် paradise ပဲ။

အလုပ်လုပ်တဲ့သူက ကိုယ့်အပေါ် ယုံကြည်မှုပိုရှိတယ်။ Confidence Level မြင့်တယ်။
Independent ဖြစ်တယ်။ ဒါကြောင့် အလုပ်လုပ်ပါ။
ဝင်ငွေ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ
အဓိက အလုပ်လုပ်နေဖို့ပဲ။ဝင်ငွေပိုများချင်ရင်
ပိုကြိုးစားယူရမယ်။

ဘဝ ဒုက္ခတွေ စိန်ခေါ်မှုတွေကို စာဖွဲ့မနေပါနဲ့
လက်ထဲ ပိုက်ဆံ မရှိတာမှ တကယ့်ဒုက္ခပါ။ပိုက်ဆံ
မရှိနေချိန် ဘဝက ကိုယ့်ပါးကို တစ်ချက်ရို၊က်လိုက်
တဲ့အခါ မင်းဟာ ပြိုလဲသွားမှာပဲ။အဲတာမှ
တကယ့် စိန်ခေါ်မှု အကြီးနဲ့တွေ့တာပါ။ဒါကြောင့် ငွေရှိမှ
အဆင်ပြေပါမယ်။ငွေရှိမှ အသက်ဆက်နိုင်မယ်။

ငွေသည် Second God တဲ့လေ။
Money is Everything ဆိုတဲ့စကားက
မှန်လိုက်တာ ♥

#ချစ်တဲ့မေတခူး

10/02/2026

ခုချိန်ထိ Serum. မသုံးသရွေ့ ဂလိုးစကင်ရဖို့မမျှော်လင့်နဲ့ ❌❌❌



#ပြည်တွင်းပြည်ပနိူင်ငံစုံပို့ပေးနေပါတယ်
#မန်းလေးမြို့တွင်းဆိုနေ့ချင်းအရောက်ပစ္စည်းရောက်‌ငွေချေ

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay
Mandalay