Mr.Siren
my skincare journey �� email : [email protected]
06/06/2026
လိမ်းရတာအရမ်းပေါ့ပါးပြီး အသားထဲစိမ့်ဝင်တာမြန်လွန်းတဲ့ sunscreen မို့ စာရေးပျင်းတဲ့ Siren review မပေးဘဲ မနေနိုင်လို့ လာရေးပေးတာပါ။ 😩❤️✨
Sunscreen နာမည်က BeBreeze Seoul Sun Cream ပါ။ ☀️🩵
Siren ဆီ ဒီ suncream ရောက်လာတုန်းက cream type ပျစ်ပျစ်ထူထူလေးဖြစ်မယ် ထင်ထားတာ။ 🤔 ဒါပေမယ့် လုံးဝ serum type ကျဲကျဲလေးဖြစ်ပြီး မျက်နှာပေါ်မှာ စေးကပ်တာ၊ လေးတာမျိုး မရှိဘူး။ 😍💦 အခုလိုပူတဲ့ရာသီဥတုမှာ လိမ်းရတာ အရမ်းအဆင်ပြေတယ်။ 🌞
သူ့မှာ Ginseng-derived PDRN ပါဝင်လို့ အသားအရေကို နူးညံ့စိုပြေစေတဲ့အပြင် အရေးအကြောင်းတွေ မဖြစ်လာအောင်လည်း ကူညီပေးတယ်။ 🌿✨
Fully Chemical Sunscreen ဖြစ်ပေမယ့် Fragrance Free, Essential Oils Free, Alcohol Free 🌱❌ ဖြစ်တာကြောင့် sensitive skin ရှိတဲ့သူတွေလည်း စိတ်ချလက်ချ သုံးလို့ရပါတယ်။ 🤍
Sun Protection အနေနဲ့ SPF50+ PA++++ ☀️🛡️ အပြည့်အဝ ပါဝင်ပြီး နေ့စဉ်အသုံးပြုဖို့ လုံလောက်တဲ့ UV ကာကွယ်မှုကို ပေးနိုင်တယ်။
လိမ်းပြီးရင် ရတဲ့ finish က Siren အရမ်းသဘောကျတဲ့ glowy finish လေး။ ✨💖 အသားလေးကို အိအိစိုစိုနဲ့ ကျန်းမာပြီး ဝင်းနေသလိုမျိုး ဖြစ်စေတယ်။ 🫶🏻
Blend ရတာလည်း အရမ်းလွယ်တော့ မနက်မနက် အချိန်မရတဲ့နေ့တွေဆို moisturizer တောင် မလိမ်းတော့ဘဲ သူ့တစ်ခုတည်း ကောက်လိမ်းပြီး ထွက်သွားတတ်တယ်။ 🏃🏻♂️💨 Moisturising effect လည်း ရှိလို့ တစ်ခုတည်းသုံးလည်း အဆင်ပြေတယ်။ 💙
အခုထိ သုံးဖူးသမျှ sunscreen တွေထဲမှာ တော်တော်စိတ်ကျေနပ်မိတဲ့ sunscreen တစ်ခုပါ။ 🥹❤️ Siren Rating ကတော့ 10/10 ⭐⭐⭐⭐⭐ ပေးပါတယ်။ 💯✨
တကယ် suncreamကို lightweight ဖြစ်တာမှကြိုက်တဲ့သူတွေ try ကို tryကြည့်သင့်ပါတယ်။❤️ Sirenတော့ကြိုက်ပြီးသုံးလွန်းလို့အခုတစ်ဘူးကုန်တော့မယ်။ 😹🥹
ဝယ်ချင်ရင်တော့ Beauty & Me မှာ ဝယ်ယူနိုင်ပါတယ်နော်။ 🛍️💖
22/04/2026
သင်္ကြန်လေးရက်လုံးလည်ပြီး မျက်နှာလုံးဝမမဲခဲ့တာ ဒီနှစ်ခုကြောင့် 🥰✨
-----------BIODERMA ကတော့ ပြောစရာမလိုဘူး။ ပြင်သစ် brand ကိုမှ sunscreenေတွဆို protection ပြည့်အောင် သေချာထုတ်ထားတာမို့ သူက နေေလာင်ကာအား တော်တော်လေးစိတ်ချရပါတယ် ☀️
Water Proof / Sweat Proof ဖြစ်လို့ Siren သင်္ကြန်မှာ သူ့ကိုလိမ်းဖို့ရွေးလိုက်တာ မှန်သွားတယ်ပြောရမယ် 💦
ပြီးတော့ သူက Aquatic Ecosystem Tested မို့ sunscreen တွေ ရေထဲရောက်သွားရင် ရေနေသတ္တဝါတွေကို ထိခိုက်တာ pollution ဖြစ်တာမျိုးကို လျော့ချပေးတယ်။🌊🐠
ဒါကြောင့် beach သွားတာဖြစ်ဖြစ်၊ ရေကူးတာဖြစ်ဖြစ်၊ သင်္ကြန်လည်တာဖြစ်ဖြစ် တကယ်သုံးသင့်တဲ့ sunscreen ပါ။✨
ဘူးကလည်းကြီးတယ်။ 100ml ပါတာအသုံးခံတယ် 😳
Siren 4 ရက်လုံး သူ့ကိုလိမ်းပြီး reapply တွေ ထပ်ခါထပ်ခါလုပ်တာတောင် အခုထိဘူးထဲကျန်သေးတယ် 💖
---------
KOSÉ ကထုတ်တဲ့ Suncut Sun Mist က Siren sunscreen reapply လုပ်ဖို့အတွက် သင်္ကြန်မတိုင်ခင် ဝယ်ထားတာ ✨
သင်္ကြန်အကြိုနေ့မှာ Bioderma လိမ်းတော့ တချို့အချိန်တွေ နေရာအကူးအပြောင်းကြောင့် blend ဖို့အချိန်မရတာမျိုးရှိတော့ အကျနေ့မှာ sun mist ကို ထပ်ယူသွားလိုက်တယ်။ 👜
ယူလိုက်တာဆုံးဖြတ်ချက်မှန်တယ်ပြောရမယ်။ 👍
သူ့ကိုဖြန်းရတာ တော်တော် convenient ဖြစ်တယ် 💨
ဇတ်ခနဲ့လိုရင် များများဖြန်းလိုက်ရုံပဲ။blend စရာမလိုတော့ဘူး။✨
သူကလည်း waterproof ဖြစ်တယ်။ 💦
သူ့ကိုဖြန်းပြီးရင် မျက်နှာပေါ်မှာ oil layer လေးလိုကျန်ခဲ့တာ ✨
hydrating face mist တွေလိုဖြန်းလိုက်ရင်ဖြစ်မယ့်ပုံစံမျိုးထင်တာ ဒါပေမယ့် အဲ့လိုမဟုတ်ဘူး 😅
နောက်ပြီး japanese sunscreen formula တွေရဲ့ထုံးစံအတိုင်း alcohol ပါတယ် 🧪
ဒါကြောင့် နေထိထားတဲ့အချိန်ဖြန်းရင်တော့ နည်းနည်းစပ်ချင်တယ်။ အသားလည်းနည်းနည်းခြောက်ချင်တယ်။ ဒါပေမယ့်နေလောင်တာတော့တော်တော်လေးကာကွယ်ပေးတယ်။
-----------
Sunscreen နှစ်ခုလုံးက နေကာတဲ့ protection ပိုင်းမှာ တော်တော်အားကောင်းကြတယ် 💯
ပြည့်ပြည့်ဝဝ ကာကွယ်ပေးကြတယ်။☀️✨
ဒါပေမယ့် နှစ်ခုလုံးရဲ့ အားနည်းချက်က လိမ်းပြီးရင် မျက်လုံးစပ်တာပါပဲ။😭
Waterproof ဖြစ်အောင်လုပ်ထားတဲ့ formula ကြောင့်လား or Chemical UV Filter တွေကြောင့်လားပဲ သူ့ဖြန်းပြီး ရေထိရင် မျက်လုံးတော်တော်စပ်တယ်။💧
Sirenတော့ အဲ့လိုစပ်ရင် ရေစိုနေတဲ့ လက်ရှည်အကျီနဲ့ ဖွဖွလေးပုတ်လိုက်တယ် 👕
အဲ့လိုဆိုရင်တော့ သက်သာတယ်။ မစပ်တော့ဘူး။ ✨
ဒါကြောင့် ဒီ sunscreen တွေက daily သုံးဖို့တော့ မပြေနိုင်ဘူး။❌
beach တို့၊ ရေကူးတာတို့ လုပ်တဲ့အချိန် အဲ့လို occasional situation တွေမှာပဲ သုံးလို့ရမယ်လို့ Siren မြင်မိပါတယ် 🌊✨
သင်္ကြန်တွင်း ဒီနှစ်ခုကြောင့် မျက်နှာမမဲခဲ့တာတော့ တော်တော်ကျေးဇူးတင်မိတယ် 🥺💖
သုံးကြည့်ချင်တဲ့သူတွေ စမ်းသုံးကြည့်ကြပါနော် 🥰✨
သင်္ကြန်မှာ Waterproof Suncreamမဖြစ်မနေလိမ်းကြပါနော် 💕💦💦
17/03/2026
အရင်နေ့က skincare မှန်တင်ခုံးရှင်းရင်း ဒီ Axis Y ရဲ့ Suncream လေးတွေ့တော့ Siren တွေးမိတာ "ဒီကောင်လေး white cast မကျန်ရင် တော်တော်ကောင်းမှာပဲ"
လို့ 🤍🫠
ဘာလို့ဆိုတော့ သူကလေ formulation နဲ့ ingredient အရကြည့်မယ်ဆိုရင် တော်တော်လေး solid ဖြစ်တယ် 💯✨
ပြီးတော့လိမ်းပြီးရင်ရတဲ့ finish လည်းလှတယ် ✨ သိပ်သိပ်စိုစိုလေး 💧 အရမ်းကြီးလည်း matte မဖြစ်ဘူး။
Mugwort 🌿 နဲ့ Niacinamide ✨ ပါတော့ အဆီလည်းထိန်းပေးတယ် 🫶 တစ်နေကုန်လိမ်းရတာ ပေါ့ပေါ့ပါးပါးလည်းရှိတယ် ☁️
Physical Suncream ဖြစ်တာတစ်ကြောင်း ☀️ ပီးတော့ skin soothing ingredient တွေပါတာတစ်ကြောင်း 🌱 မို့ သူက sensitive skin တွေနဲ့တော်တော်လေးအဆင်ပြေတဲ့ suncream ပါ 💚
ဒါပေမယ့်… 🥲
သူထဲက physical uv filter ကြောင့် သူ့ကို sunscreen တွေရဲ့ လုံလောက်တဲ့ amount ဖြစ်တဲ့ two finger method ✌️ နဲ့ လိမ်းလို့ လုံးဝမရဘူး ❌
လိမ်းလိုက်ရင် ပြာသွားရော 😭🤍
နည်းနည်းကြာရင် စလိမ်းတုန်းကလောက်မပြာတော့ပေမယ့် မျက်နှာမှာ ပြာနေတာရှိနေတုန်းပဲ 🫠
တစ်layer ချင်းလိမ်းလိမ်း၊ ပုတ်ပုတ်ပီး လိမ်းလိမ်းအတူတူပဲ 😩
physical suncream ကို အဲ့လိုလိမ်းရင် white cast မကျန်ဘူးလို့ပြောနေတဲ့သူတွေက… honestly gaslight လုပ်နေကြတာပါ 👊
Siren လို အသားရေ ညို/ဝါ တဲ့သူဆိုရင် လိမ်းလို့အဆင်ပြေမှာမဟုတ်ဘူး 🤎
သူ့ကို လူကြားသူကြားထဲသွားရင် လိမ်းလို့ကို အဆင်မပြေတာ 😭 (make up အောက်ကနေလူးရင်တော့ရနိုင် တယ်💄✨) အသားလတ်တဲ့သူ၊ ဖြူတဲ့သူမှပဲလိမ်းလို့အဆင်ပြေမှာ။ 🤍
ဒါကြောင့် အသားဖြူပြီး ကိုယ်က sensitive skin (or) oily/acne-prone skin ဆိုရင်တော့ tryကြည့်ပေါ့နော်။🫶✨
ဘာပဲဖြစ်ဖြစ် product ကတော့ သူ့ဟာနဲ့သူ ကောင်းတဲ့အချက်ရှိပေမယ့် Siren အတွက်တော့ ဘယ်လိုမှလိမ်းလို့အဆင်မပြေလို့ ချောင်ထိုးထားရတဲ့ suncream ပါပဲ 🥹🫠
ဝယ်ထားတာ နှစ်နှစ်ကျော်ပီ 🕰️ ဒီတိုင်းပစ်ထားတာ review တင်မယ်တင်မယ်နဲ့ မေ့နေပီး ပြန်တွေ့လို့ အခုမှပဲတင်ဖ်ြစတော့တယ် ✨🩷
ဒါပဲတက်နေလို့မှာစားကြည့်လိုက်တာ မကောင်းလောက်ဘူးထင်ထားတာ သူ့ပေးရတဲ့စျေးနဲ့ ပါတဲ့ portion ကတန်တယ် စားလို့လည်းကောင်းတယ် yum yum 😋😋
25/01/2026
Face Mist ဖြန်းလိုက်တာနဲ့ ဂလိုးစမိုးတအိုးအိုးဖြစ်ချင်ရင် ဒီ Dr Althea ထဲက 345 Cream Mist သာသုံးချပလိုက်။ ✨💯
သူ့က မျက်နှာပေါ်ဖြန်းလိုက်တာနဲ့ကိုရှယ်ဂလိုးသောပဲ။✨ တကယ်ပြောတာ။ 😩💥
သူက cream နဲ့ water phase နှစ်ခု ပါပီး မဖြန်းခင် shake လုပ်ပြီးသုံးပေးရတဲ့ formula နဲ့ထုတ်ထားတာ။
ပါ၀င်ပစ္စည်းတွေကလည်းလုံး၀ ရှယ်တွေပဲပါတာ။ 🔥
သူက 345 cream ကိုမှ mist ပုံစံလာတာလို့လည်း brand ဘက်ကပြောတယ်။ ✅
ဆိုတော့ သူ့ကိုသုံးလိုက်ရင် moisturising လည်းဖြစ်တယ်။ အသားရေရဲ့ ရေဓာတ်ကို လည်း Hyaluronic Acid သုံးမျိုးနဲ့ ပြည့်နေအောင်ဖြည့်ပေးတယ်။ 💙💦
နောက်ပြီး Panthenol,Cica,Heartleaf,Aloe စတဲ့ skin calming ingredient တွေပါ ပါတာကြောင့် skin barrier ကိုလည်းကျန်းမာစေတယ် ရောင်ရမ်းတာတွေလည်းသက်သာစေတယ်။ 💚✅
Rice Extract 4မျိုးပါ အစစ်ပါလိုက်သေးတာကြောင့် အလစ်တဲလေးအသားရေကိုကြည်၀င်းစေသေးတယ်။🤍✨
Make up လူးတဲ့သူတွေဆိုရင်လည်း ဒီကောင်လေးကို make up ကို setလုပ်ချင်တာပဲဖြစ်ဖြစ် glowy makeup အတွက်ပဲဖြစ်ဖြစ် သုံးလို့ရတယ်။ ✨💯
ဒီ mist က Dry skin တွေအတွက်ကတော့ ရှယ်ပဲပေါ့နော်။ လုံး၀ တကယ်တကယ်ကြွေသွားမှာ။
Siren တော့ mini size 60ml လေးသုံးပြီးတော်တော်လေးကြိုက်သွားတာ အခု ဘူးကြီးပါထပ်ဖောက်ထားပြီ။ 🤒🔥 ဂလိုးချင်ရင်တော့၀ယ်သာသုံးကြည့်လိုက်တော့နော်။များများစားစားမပြောတော့ဘူး။ အရမ်းခေါင်းတယ်။ 🥹💯✨
မြန်မာမှာတော့ သူ့ကို preorder နဲ့ပဲမှာလို့ရအုံးမယ်ထင်တယ်။ သုံးကြည့်ချင်တဲ့သူတွေသူ့ကို Dr Althea ရတတ်တဲ့ BeautyHolics တို့ KOCOS Myanmar တို့မှာမေးကြည့်လို့ရပါတယ်။ ဒါမှမဟုတ် K Beauty Product တွေကို preorder မှာပေးတဲ့ဆိုင်တွေမှာတစ်ချက်မေးကြည့်လည်းရပါတယ်။
Disclaimer: This product was kindly sent to me by Dr.Althea Official as PR. The review is 100% honest and based on my genuine experience. Brand names and trademarks are used solely for review and identification purposes. No copyright infringement intended.
17/01/2026
၀က်ခြံအတွက် acne patch ၀ယ်မယ်ဆိုရင် ကြယ်ပုံလေးတွေ၊ အရုပ်ပုံလေးတွေအစား ဒီလို သေသေချာချာကပ်တဲ့ Olive Young ကထုတ်တဲ့ Care Plus လိုpatchမျိုး ၀ယ်ပါနော်။ 💯🔥
Siren သုံးဖူးသမျှ ၀က်ခြံကပ်ခွာတွေထဲမှာ ဒီ Care Plus က အဆင်ပြေဆုံးလို့ ပြောလို့ရပါတယ်။ 💯🔥
သူက မနက်ကပ်ထားလိုက်ရင်တစ်နေကုန် အသားပေါ်မှာ စွဲနေပြီးလုံးဝ မကွာကျဘူး။ 💪
ဘယ်လောက်ပဲ လက်နဲ့ပွတ်ပွတ်၊ အပေါ်ကနေ sunscreen နဲ့ပွတ်လူးလူး လုံးဝ မကွာပါဘူး။ 👏👏
(အဲ့ဒါကို Siren က TikTok မှာ video နဲ့ စမ်းပြထားပြီးသားပါ 👉 https://vt.tiktok.com/ZSaJtk39y/ )
ရေစိုလည်းခံ၊ ချွေးစိုလည်းခံပြီး တော်တော် ဒူပေဒဏ်ပေ ခံနိုင်တဲ့ acne patch ပါ။ ✅
ဒါကြောင့် ကပ်ထားရင်၀က်ခြံကို လုံးဝ မကုတ်မိတော့ဘူး။ ကုတ်မိတောင် patch က မကွာတော့ အဆင်ပြေပါတယ်။ ✅
Patch က နည်းနည်း ထူတဲ့ဘက် သွားတော့ကပ်ထားရင်တော့ နည်းနည်း သိသာပါတယ်။ ဒါပေမယ့် အရမ်းကြီး ထင်ရှားနေတာမျိုး မဟုတ်ပါဘူး။ 🤷
နောက်ပြီး အထုပ်ကြီးက ပိုတန်ပါတယ်။ အသေး၊ အကြီး စုစုပေါင်း 100 ကျော် ပါတယ်။ တခြား patch တွေနဲ့ နှိုင်းယှဉ်ရင် အရေအတွက်နဲ့ ဈေးအရ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ✅
၀က်ခြံ ထွက်လေ့ထွက်ထရှိတဲ့သူ ဆိုရင်ဒီ patch လေးဆောင်ထားသင့်ပါတယ်။
Siren ကတော့ဒီကောင်လေးကို Road to Glass Skin ကအထုပ်သေးလေးလက်ဆောင်ပို့ပေးလာလို့တော်တော်လေးကြိုက်သွားတာပါ။ နောက်အဲ့ကပစ္စည်းပျက်တော့ Lily Rose Cosmetics မှာအထုပ်ကြီးရှာ ၀ယ်ခဲ့ပါတယ်။ ၀ယ်ချင်ရင် သူတို့ရဲ့ page လေးတွေမှာတစ်ချက်မေးကြည့်ကြည့်ပေါ့နော်။ သူကတခါတလေပစ္စည်းပြတ်တတ်တယ်။
Official Olive Young Care Plus Myanmar page မှာလည်း၀ယ်လို့ရပါတယ်။
ဒီ acne patch လေးကိုreview ပေးမယ်ပေးမယ်နဲ့ အခုမှပဲ ရေးဖြစ်တာပါ 😁🫶✨ အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါနော်။ နောက် review တွေ ထပ်လာဦးမယ်နော် ✨
13/01/2026
2026 မှာ trend ဖြစ်လာနိုင်ခြေရှိတဲ့ Cleansing Milk များ 🐮💙
Double Cleansing လုပ်ဖို့အတွက် Cleansing Oil/Balm တွေ ကြတော့ heavy make up လိမ်းတဲ့သူတွေလောက်ပဲအဆင်ပြေပီး ချွေးပေါက်ပိတ်တဲ့ oil နဲ့တွေ့ရင် ၀က်ခြံသမားအတွက်ကြအဆင်မပြေဖြစ်တယ်။💔
Micellar/Cleansing Water တွေကြလည်း Cotton Pad နဲ့ပွတ်ဆွဲရတော့ ချွေးပေါက်ကျယ်တာတွေဖြစ်တတ်တယ်။ 💔
အဲ့ဒါကြောင့် ဒီလိုမျိုး Cleansing Milk လေးတွေကနောက်ပိုင်းလူသုံးများလာကြတယ်။💭💭
အခုနောက်ပိုင်း K Beauty brand တွေဘက်ကနေ တော်တော်များများ 2025 ကုန်ခါနီးမှာ Cleansing Milk တွေကို ပြိုင်တူထုတ်လာကြတာတွေ့ရတယ်။🧐🧐
Siren တွေ့မိသလောက်ဆိုရင် 2025မှာ SKIN1004 ရယ် နောက်ပြီး Jumiso ရယ်, Make Prem ပီးတော့ Torriden စတဲ့ K Beauty ထဲက Brand တော်တော်များများထုတ်လာကြတာတွေ့ရတယ်။ 💭💭
အဲ့ထဲမှာမှပထမဆုံးထုတ်တာကတော့ Isntree ထင်တယ် သူကထွက်ထားတာတော်တော်ကြာပီ။ 🤎
Cleansing Milk တွေကတော်တော် Versatile ဖြစ်တယ်ပြောရမယ်။ Oil Cleanser တွေလို လုံး၀ Oil Based မဟုတ်ဘဲ သူက Water နဲ့ Oil အရော။ ပြောရရင်သူက Oil/Balm Cleanser တွေလောက် သူက congested မဖြစ်ဘူး။ Acne prone skin, dry skin တွေအတွက်သုံးလို့အဆင်ပြေတယ်။
နောက်ပြီးအသားအရမ်းခြောက်တဲ့သူတွေဆိုသူ့ကို မနက်ပိုင်း morning cleanser အနေနဲ့သုံးချင်သုံးလို့ရသေးတယ်။ ဒါက super dry skinတွေအတွက်ပဲအဆင်ပြေမယ်လို့ Siren မြင်တယ်။ တခြား skinတွေကတော့မရဘူး။ 😵💫
Siren တော့ လက်ရှိ SKIN1004 ထဲက cleansing milk အပြာရောင်လေး tryကြည့်နေပါတယ်။ လက်ရှိ သုံးကြည့်ရသလောက်တော်တော်လေးအဆင်ပြေတာတွေ့ရတယ်။ လက်ရှိထိသုံးကြည့်နေတာ အဆီဖုတော့မထသေးဘူး။ 😹😁 နောက်မှ full review တင်ပေးမယ်။💙
Cleansing Milk ရဲ့ texture က oilတွေလိုချောချောကြီးမဟုတ်ဘူး အရည်လိုလည်းကျဲမနေဘူး။ moisturiser or နို့ရည်နဲ့ မျက်နှာသစ်နေရသလိုလေး။ သုံးရတဲ့feeling ကတော့တော်တော်လေးမိုက်တယ်။💯
Double Cleansing အတွက် Milk Cleanser သုံးနည်းကတော့ Cleansing Oil သုံးသလိုပဲသုံးရတယ်။
1.အသားရေကိုခြောက်အောင်ထား။
2.ပြီးရင် cleansing milk ကို မျက်နှာပေါ်မှာ သေချာmassage လုပ်။
3.ပီးရင်ရေလေးနဲ့ emulsify လုပ်ရမယ်။ emulsify လုပ်ပီးမှရေးဆေးချရတယ်။
4. နောက်ဆုံးမျက်နှာသစ်ဆပ်ပြာနဲ့သစ်ချလိုက်ရုံပဲ။
ဒီပစ္စည်းက Skincare Industry မှာ ရှိနေတာတော့ကြာပြီးဒါပေမယ့်အခုမှ brand တော်တော်များများလိုက်ထုတ်လာကြတာ။ Siren ကတော့ cleansing milk တွေ လူကြိုက်များလာမယ်လို့တော့ထင်တယ်။ အထူးသဖြင့်အခုလိုအေးတဲ့ အချိန်ရာသီနဲ့ဆို သုံးရတာပိုကိုက်တယ်။dry skin သမားတွေပိုကြိုက်ကြလိမ့်မယ်။
ဆိုတော့ Siren ရဲ့ viewer တွေ reader တွေရော cleansing milk ကို ဘယ်လိုမြင်လဲ? commentမှာပြောပြခဲ့အုံးနော်။
မွဲပြီ 🥲🥲
Commalax Myanmar ကပို့လာတဲ့ သူတို့ရဲ့ brand အသစ် "HUEHEAL" ထဲက serum လေးတွေပါ။
ရုတ်တရက်ကြည့်ရင် replica ရေမွှေးရဲ့ပုံစံနဲ့ခပ်ဆင်ဆင်။ အရောင်လေးတွေကလည်းချစ်စရာ။ 🫶✨✨🩷💚💛💙 ပို့ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ ✨ သုံးကြည့်ပြီးမှ review လေးတွေတင်ပေးမယ်နော်။ 😘
Click here to claim your Sponsored Listing.
