Stupid Friendship
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Stupid Friendship, Beauty, cosmetic & personal care, Mawlamyine.
04/09/2026
ကိုယ့်ကိုယ်ကို ချစ်ဖို့ ကောင်းလိုက်တာလို့ တစ်ကယ့် နှစ်နှစ်ကာကာ ဖြစ်သွားပြီး တွေးမိ ပြောမိတာ ဘယ် အချိန်လောက်က နောက်ဆုံး ဖြစ်မယ်လို့ ထင်လဲ … ပြန် စဉ်းစားကြည့်ပါ …
လူ အတော်များများဟာ တစ်စုံတစ်ယောက်ကို ချစ်ပေးဖို့, မိသားစုကို ချစ်ပေးဖို့, သူငယ်ချင်း မိတ်ဆွေတွေကို ချစ်ပေးဖို့, ကိုယ့်အနီးနားက လူတွေကို ချစ်ပေးဖို့ တစ်ချိန်လုံး တွေးချင် တွေးမိ နေနိုင်ပါတယ် …
ဒါပေမဲ့ မိမိကိုယ်ကို ပြန်ပြီးတော့ ချစ်ကြောင်း နှစ်သက် မြတ်နိုးကြောင်း သေသေချာချာလေး တွေးကြည့်ဖူးရဲ့လား …
ဒါ့ကြောင့် ဒီလိုလေး ကိုယ့်ကိုယ်ကို စာတစ်စောင်ရေးပြီး Randy နဲ့ အတူတူ Heart Chakra Activation & Healing လုပ်ကြပါမယ် …
💚 A Love Letter to Myself ဆိုပြီးတော့ပေါ့ …
Dear Me …
မင်းရဲ့ နှလုံးသားထဲမှာ သယ်ပိုးထားရတဲ့ ဘဝရဲ့ ဝန်ထုတ်ဝန်ပိုးတွေ အကြောင်း, မျှော်လင့်ချက်တွေ အကြောင်း, အနာတရာတွေ အကြောင်းနဲ့ ဘယ်သူမှ မမြင်နိုင်တဲ့ တိတ်ဆိတ်တဲ့ တိုက်ပွဲတွေ အကြောင်း … အားလုံးကို ကိုယ် သိပါတယ် …
I see you, I feel you ဆိုတဲ့ အတိုင်း … ကိုယ် မင်းကို သေသေချာချာ နားလည်ပေးပြီး ခံစားကြည့်ပေးလို့ ရပါတယ် …
မင်းဟာ အခြားသူတွေ အတွက်, Relationship တွေ အတွက်, မိသားစုဝင်တွေ အတွက်, ကမ္ဘာမြေကြီး အတွက် … နောက်ဆုံး ကိုယ့်ကိုယ်ကို အတွက် လုံလောက် ပြည့်ဝ “Enough” ဖြစ်စေဖို့ အတွက် ကြိုးစားရင်း အချိန်တွေ အများကြီး ကုန်ဆုံးစေခဲ့ ပြီးပြီပဲ …
ဘာလို့ ဒီလိုတွေ အများကြီး ကြိုးစားခဲ့တာလဲ ဆိုတော့ ချစ်ခြင်းမေတ္တာကို ရရှိဖို့ တစ်ခုထဲ အတွက် ကြောင့်ပါပဲ … ဒါပေမဲ့ Enough ဖြစ်ဖို့ ကြိုးစားရင်း အများကြီး ပင်ပန်းခဲ့ ပြီးပြီလေ …
ကိုယ် ဒီနေ့မှာ သတိပေးချင်တာက “ မင်းဟာ ချစ်ခြင်းမေတ္တာကို ခံယူဖို့ ပြီးပြည့်စုံဖို့ မလိုဘူး” ဆိုတာပါပဲ … ဒါဟာ သိပ်ကို ရိုးရှင်းပေမဲ့ စွမ်းအားကြီးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ် …
မင်းဟာ မင်းရဲ့ ထိုက်တန်မှု Self Worth ကို မင်းဘယ်လောက် စွမ်းဆောင်နိုင်ခဲ့ သလဲ ဆိုတာတွေနဲ့လဲ တိုင်းတာခဲ့ပြီးပြီ … မင်းဘယ်လောက် သန်မာနိုင်ခဲ့လဲ ဆိုတာတွေနဲ့လဲ တိုင်းတာခဲ့ပြီးပြီ …
ဒီလို ပြင်းထန်တဲ့ လူမသိ သူမသိ တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ … ဒီလို ကြိုးစား အားထုတ်မှုတွေရဲ့ အောက်မှာ … သိပ်ကို နူးညံ့ပြီး ခံစားတတ်တဲ့, အလင်းရောင်တွေနဲ့ ပြည့်နှက်နေတဲ့ လူတစ်ယောက် ရှိနေသေးတယ် ဆိုတာပါပဲ …
အဲ့ဒီ လူဟာ မင်း ဖြစ်ပြီးတော့ … အဲ့ဒီ လူတစ်ယောက်ကပဲ ကိုယ့်ကိုယ်ကို ချစ်ဖို့ သတိပြုလိုက်မိပြီး ကိုယ့်ကိုယ်ကို ရွေးချယ်လိုက်ခြင်းလဲ ဖြစ်ပါတယ် …
ကိုယ် ချစ်တဲ့ မင်းဟာ အများ အမြင်ကောင်းအောင် တောက်ပြောင်ပြီး ပြင်ဆင်ထားတဲ့ ပုံစံ မဟုတ်သလို အရာရာကို နားလည် တတ်ကျွမ်းနေတဲ့ ပုံစံလဲ မဟုတ်ပါဘူး …
ဒါပေမဲ့ ဒီအတိုင်း ရိုးသားပြီး မပြည့်စုံတဲ့ မင်း, အစစ်အမှန် ပုံစံလေး အတိုင်း ရှိနေတဲ့ မင်း, ငိုကြွေးနေပြီး မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရစဲ မင်း, နာကျင်နေပေမဲ့ မေတ္တာတရားကို တန်ဖိုးထားနေစဲ မင်းပဲ ဖြစ်ပါတယ် …
~ Randy
လူတွေက မင်းကို မမြင်ကြတဲ့ အခါတွေတိုင်း, လူတွေက မင်းကို မရွေးချယ်ကြတဲ့ အခါတွေတိုင်း မှာတော့ … မင်းလိုအပ်တဲ့ ပုံစံ အတိုင်း မင်းကိုယ်မင်းလဲ မချစ်နိုင်တော့ပါဘူး …
ဒီလိုနဲ့ပဲ မင်း အသည်းတွေ ကြေကွဲပြီး စိတ်ဓါတ်တွေ ရိုက်ချိုး ခံရတယ်လို့ ခံစားရတယ် ဆိုတာ ကိုယ် ကောင်းကောင်း နားလည်ပါတယ် …
မင်းကိုယ်မင်း အပြစ်တွေ တင်ခဲ့တယ် ဆိုတာကိုလဲ နားလည်ပါတယ် … မင်းဟာ လိုတာထက် ပိုသွားခဲ့ မိလို့လား … ဒါမှမဟုတ် မလုံလောက်ခဲ့လို့လား … ဆိုပြီး အမြဲ တွေးနေတတ်တယ် ဆိုတာကိုလဲ နားလည်ပါတယ် …
တကယ်တော့ ဒါတွေ အားလုံးဟာ မင်းရဲ့ အမှားတွေ မဟုတ်ပါဘူး … မင်းဟာ တွေဝေမှုတွေ ကြား … ဘဝရဲ့ ရှုပ်ထွေးမှုတွေ ကြား … နောက်ဆုံး ကိုယ့်ကိုယ်ကို မချစ်နိုင်တော့တဲ့ အချိန်တွေ ကြား မှာတောင် မင်းဟာ Enough & Worthy ဖြစ်နေတာပါ …
ဒါ့ကြောင့် မင်းရဲ့ နူးညံ့တဲ့ နှလုံးသား တစ်စုံကို ကိုယ်ချစ်တယ် … မင်းရဲ့ ခွန်အားတွေကိုလဲ ကိုယ် ချစ်တယ် … မင်းရဲ့ ရယ်မော သံတွေကို ကိုယ် ချစ်သလို မင်းရဲ့ မျက်ရည်တွေကိုလဲ ကိုယ် ချစ်ပါတယ် …
မင်းရဲ့ အဆင်ပြေမှုတွေရော, အဆင်မပြေမှုတွေပါ ကိုယ် ချစ်သလို မင်းရဲ့ အိမ်မက်တွေ, Shadow တွေ ထိပါ ကိုယ် ချစ်ပါတယ် …
ဒါ့ကြောင့် ချစ်ခြင်း မေတ္တာနဲ့ ထိုက်တန်ဖို့ အတွက် မင်းဟာ ပြီးပြည့်စုံဖို့ မလို သလို ပိုကောင်းတဲ့ Version လဲ ဖြစ်လာစရာ မလိုပါဘူး … အထူးသဖြင့် ကိုယ့်ကိုယ်ကို ချစ်ပေးဖို့ ဆိုရင်ပေါ့ …
အခု အတိုင်းလေး အတိုင်း, ဒီပုံစံလေး အတိုင်း မင်းရဲ့ အမာရွတ်တွေနဲ့ အတူ, မင်းရဲ့ သံသယတွေနဲ့ အတူ, မင်းရဲ့ နူးညံ့မှုတွေနဲ့ အတူ … မင်းဟာ မင်းဆိုတဲ့ အတိုင်း လုံလောက်နေပါပြီ … Enough ဖြစ်နေပါပြီ … Worthy ဖြစ်နေပါပြီ … အချစ်ခံ ထိုက်နေပါပြီ …
Today, I make a promise to myself. ကိုယ့်ကိုယ်ကို ကတိပေးပါတယ် …
မင်းကို စိတ်ရှည်ရှည်နဲ့ ချစ်ပေးဖို့ … ခက်ခဲတဲ့ အချိန်တွေ တိုင်းမှာ မင်းနဲ့ အတူ တိုက်ပွဲ ဝင်ပေးဖို့ … အောင်မြင်မှု သေးသေးလေးတွေ တိုင်းကို ဂုဏ်ယူ ဝမ်းမြောက်ပေးနိုင်ဖို့ …
မင်းရဲ့ တန်ဖိုးက ကြိုးစား ရှာဖွေမှ ရတာမျိုး မဟုတ်ပဲ မင်းကိုယ်တိုင်က တန်ဖိုး ရှိနေပြီးသား ဆိုတာကို အထပ်ထပ် အခါခါ ကိုယ့်ကိုယ်ကို သတိပေးနေပါ့မယ် …
ဒီကမ္ဘာမြေကြီး ပေါ်မှာ ရှိနေရုံလေး, လက်ရှိ ကိုယ်ရောက်နေတဲ့ နေရာမှာ ဖြစ်တည်နေရုံလေး, အသက် ရှင်သန် ရှုနေရုံလေး, မျှော်လင့်ချက် ရှိနေရုံလေး စသည်ဖြင့် မင်းလုပ်နေတာတွေက မင်းအတွက် အပြည့်အဝကို ပြည့်စုံ လုံလောက်နေပါပြီ … ချစ်ဖို့ ကောင်းနေပါပြီ …
💚 I love myself, not because I’m perfect, but because I’m real …
ငါဟာ ပြီးပြည့်စုံနေလို့ မဟုတ်ပါပဲ ငါဟာ စစ်မှန်တဲ့ သူတစ်ယောက်ဖြစ်နေလို့ … ငါ့ကိုယ်ငါ ချစ်ရပါတယ် …
အနက်ရှိုင်းဆုံးသော ချစ်ခြင်းမေတ္တာများစွာဖြင့် …
ချစ်တဲ့ Me …
🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …
Have A Nice Day! 🩵🩵🩵
မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance
Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် ခင်ဗျ …
03/09/2026
Category
Website
Address
Alerts
Be the first to know and let us send you an email when Stupid Friendship posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
