Dr Tin Hlyan Aung

Dr Tin Hlyan Aung

Share

Thanks � GOD for EVERYTHING

26/06/2026

တကယ့် အသက်ကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားလိုက်ပါ🤫

ဘယ်လောက်ပဲ Skincare တွေသေချာသုံးပြီး နုပျိုအောင် ပြင်ဆင်ထားစေဦးတော့ ကိုယ့်ရဲ့ ကိန်းဂဏန်းကို မသိမသာပြောပြနေတဲ့ နေရာ (၂) နေရာရှိပါတယ်။

အဲဒါကတော့ လည်ပင်းနဲ့ လက်ဖမိုးပါပဲ။🫣

ဒီနေရာတွေက ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေထက် Collagen အလွှာ ပါးတာမို့ ဂရုစိုက်မှု လိုအပ်တာနဲ့ အရေပြားရဲ့ တုံ့ပြန်မှုကို အစောဆုံး ပြသတတ်ပါတယ်။

အလှအပကို စနစ်တကျ ထိန်းသိမ်းသူတိုင်း Anti-aging treatment တွေ ရွေးချယ်တဲ့အခါ မျက်နှာတစ်ခုတည်းကိုပဲ အာရုံမစိုက်ဘဲ စစ်မှန်တဲ့ နုပျိုမှုရဖို့ Balance ဖြစ်တဲ့ ဂရုစိုက်မှုမျိုး လိုအပ်ပါတယ်။🍃

ဒါကြောင့် မျက်နှာတင်မကဘဲ လည်ပင်းနဲ့ လက်ဖမိုးအထိ တစ်ပြေးညီ နုပျိုဝင်းပနေစေဖို့…

✨Moisturizer လိမ်းတဲ့အခါ လည်ပင်းအထိ လိမ်းဖို့ သတိရပါ။

✨Suncream လိမ်းတဲ့အခါလည်း လည်ပင်းနဲ့ လက်ဖမိုးကို မေ့ခဲ့လို့မဖြစ်ဘူးနော်။

✨ဒါ့အပြင် Collagen ထုတ်လုပ်မှုနှုန်းအတွက် Professional ကုသမှုပေးနေတဲ့ Beauty Clinic တွေမှာ Professional Care ရယူလို့ရပါတယ်။

ပြီးပြည့်စုံတဲ့ Confidence ဆိုတာ အသေးစိတ် ဂရုစိုက်မှုကနေ စတင်တာမို့ အခုကတည်းက ကိုယ့်ရဲ့ Skincare Routine ထဲမှာ လည်ပင်းနဲ့ လက်ဖမိုးကိုပါ ထည့်သွင်းဖို့ အကြံပြုလိုက်ပါတယ်နော်🌱

❗️ဒေါက်တာရဲ့ Page Messenger မှာ စာမပြန်သေးပါဘူးရှင့်။ ဒေါက်တာ့ကို Treatment အတွက်ဆက်သွယ်လိုရပါက ဆက်သွယ်ရန်အချက်အလက်များကို ထည့်ပေးသွားပါမယ်ရှင့်။

19/06/2026

❝ ခေါင်းအုံးစွပ်ကပေးတဲ့ မျက်နှာပေါ်က အရေးအကြောင်းများ🛌🚨❞

အိပ်စက်တာက အသားအရေကို ပြန်လည်ပြုပြင်ပေးတဲ့ Time Machine တစ်ခုဖြစ်ပေမယ့် အိပ်ပျော်နေတဲ့ (၈) နာရီအတွင်း မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို တော်တော်များများက မသိကြပါဘူး။

အဓိက ပြဿနာကတော့ နေ့တိုင်း မျက်နှာအပ်ထားရတဲ့ “ခေါင်းအုံးစွပ်” ပါပဲ။🌪️

အသားအရေ ထိန်းသိမ်းဖို့အတွက် Skincare ကို အကုန်အကျခံနေပေမယ့် အိပ်ရာထတဲ့အခါတိုင်း မျက်နှာပေါ်မှာ Sleep Lines တွေ ကျန်ခဲ့တာမျိုး ကြုံဖူးကြမှာပါ။💥

အကြောင်းအရင်းကတော့ အများစု အသုံးပြုနေတဲ့ ဂွမ်းသားခေါင်းအုံးစွပ်တွေက အသားစ ကြမ်းတဲ့အတွက် ညဘက် ဘေးစောင်းအိပ်တဲ့အခါ မျက်နှာအသားအရေနဲ့ အမြဲတမ်း ပွတ်တိုက်မှုတွေ ဖြစ်နေတာပါ။

အသက်အရွယ်အရ Collagen လျော့နည်းလာတဲ့အခါ အဲ့ဒီပွတ်တိုက်မှုက ရလာတဲ့ အရာတွေက ရေရှည်မှာ အရေပြားထဲအထိ နက်ရှိုင်းတဲ့ အရေးအကြောင်းတွေ ဖြစ်သွားတတ်ပါတယ်။

ဒါ့အပြင် Cotton ရဲ့သဘောအရ မျက်နှာပေါ်က သဘာဝအစိုဓာတ်နဲ့ ညဘက်လိမ်းထားတဲ့ Skincare Step တွေကို စုပ်ယူပစ်လိုက်တာမို့ အသားအရေကို ပိုမိုခြောက်သွေ့စေပါတယ်။🌱

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အထိရောက်ဆုံး နည်းလမ်းကတော့ ခေါင်းအုံးစွပ်ကို ပိုးသားနဲ့ ဖဲသားတွေ အစားထိုး အသုံးပြုပေးဖို့ပါပဲ။

🌸 ဒီလိုအသုံးပြုပေးတာက နူးညံ့ချောမွေ့တဲ့ Texture ကြောင့် Sleep Lines တွေ မထင်အောင် ကာကွယ်ပေးခြင်း
🌸 Cotton လို အစိုဓာတ်ကို စုပ်ယူခြင်း မရှိတဲ့အတွက် ညဘက်လိမ်းထားတဲ့ Skincare တွေ အရေပြားထဲကို ၁၀၀% အာနိသင် ရောက်ရှိစေခြင်းအပြင်
🌸 ဦးရေပြားအတွက်လည်း ဆံပင် ငြိတာ၊ ဖောင်းပွတာနဲ့ ဆံပင်ကျွတ်တာတွေကိုပါ သက်သာစေပါတယ်

ရွေးချယ်မှု စနစ်ကျခြင်းဖြင့် Invest သေချာလုပ်ထားတဲ့ Skincare တွေ တကယ်ကောင်းတဲ့ရလာဒ်မျိုး ထွက်နိုင်ကြပါစေနော်🪴

❗️ဒေါက်တာရဲ့ Page Messenger မှာ စာမပြန်သေးပါဘူးရှင့်။ ဒေါက်တာ့ကို Treatment အတွက်ဆက်သွယ်လိုရပါက ဆက်သွယ်ရန်အချက်အလက်များကို ထည့်ပေးသွားပါမယ်ရှင့်။

Photos from Dr Tin Hlyan Aung's post 19/06/2026

#အမြန်ရောင်းမည်

𝐄𝐦𝐞𝐫𝐚𝐥𝐝 𝐁𝐚𝐲 River View 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐮𝐦 𝐅𝐨𝐫 𝐒𝐚𝐥𝐞

Video in comment ⬇️

Original Price - 116,504 USD
Selling Price - 103,168.61 USD
( Can negotiate the price )
Including furnitures in the video at the comment.
I bought this room with that price from Emerald Bay Company.
In Burmese Kyats - Update Exchange Rate

Location - ရန်ကုန်မြို့ရဲ့မိန်းလမ်းမကြီးတွေထဲကတစ်ခုဖြစ်တဲ့ သာကေတမြို့နယ် ၆လမ်းသွား ရှုခင်းသာမြို့ပတ်လမ်းမကြီးပေါ်တွင်တည်ရှိပါတယ်။
တည်နေရာအချက်အခြာကျသောကြောင့် ဝေဇယန္တာလမ်း၊ စျေးဝယ်စင်တာများ၊ International school များ၊ ဆေးရုံဆေးခန်းများ၊ လေဆိပ်၊ စက်မှုဇုံများကို လွယ်လွယ်ကူကူနဲ့ သွားလာနိုင်ပါတယ်။

Condominium Facilities 🌇

☘️ Smart Eco System
☘️ Gated Compound
☘️ 24/7 Electricity
☘️ Back up generator
☘️ 24 Hour Security
☘️ 24 Hour Lift
☘️ Water Purified system
☘️ Olympic Swimming Pool & Children Pool
☘️ 6 Acres Garden Area (Sky Garden &
Riverside Park)
☘️ Car Parking
☘️ Fitness Center
☘️ Tennis Court
☘️ Basketball Court
☘️ Pre school
☘️ Playground တို့ ပါဝင်ပါတယ်

🟢 Tower -2 , Lucky Room Number -( 16-10 )
🟢 Type-E
🟢 16 Floor
🟢 River View + Garden View + Swimming
Pool View 🤩
🟢 ဝရံတာ - တောင်ဘက်လှည့်၊ Main Door- မြောက်ဘက်လှည့်
🟢 One Bedroom
🟢 527.93 sqft
🟢 Including Furniture
🟢 Living Room with Balcony
🟢 Maintenance Fees - 110670 kyats

Contact via Viber - 095190928
Agent များလည်းဆက်သွယ်နိုင်ပါတယ်

#အမြန်ရောင်းမည်

05/06/2026

❝ မိုးရာသီမှာ ပေါက်တဲ့ ဝက်ခြံတွေက ရိုးရိုး ဝက်ခြံ မဟုတ်ဘူးနော်‼️❞

မိုးတွင်းရောက်မှ ဝက်ခြံတွေပိုထွက်လာတယ်၊
ယားလည်းယားပြီး ဘာဆေးလိမ်းလိမ်းလည်း မသက်သာတော့ဘူးလား😢

ဒါဆိုရင် အဲ့ဒီ ဝက်ခြံတွေက ရိုးရိုးဝက်ခြံမဟုတ်ပဲ မှိုကြောင့်ဖြစ်တတ်တဲ့ ဝက်ခြံတွေဖြစ်နိုင်တာမို့ သတိထားဖို့ လိုလာပါပြီ။

မိုးတွင်းရဲ့ မြင့်မားတဲ့ စိုထိုင်းဆကြောင့် ချွေးနဲ့အဆီတွေက ချွေးပေါက်ထဲမှာ ပိုပြီးပိတ်ဆို့ရလွယ်လာပါတယ်…

အဲ့ဒီကနေ Malassezia လို့ခေါ်တဲ့ မှိုပိုးလေးတွေ ပေါက်ဖွားဖို့ အကောင်းဆုံး နေရာဖြစ်သွားပြီး မှိုဝက်ခြံတွေ အစုလိုက်အပြုံလိုက် ထွက်လာတာပဲ ဖြစ်ပါတယ်။

ဒါကိုရိုးရိုး ဝက်ခြံနဲ့မှားပြီး သာမာန် ဝက်ခြံပျောက်ဆေးနဲ့ ပိုးသတ်ဆေး Antibiotics တွေ သောက်ကြရင်တော့🦠

မှိုဝက်ခြံက Bacteria ကနေဖြစ်တာ မဟုတ်တဲ့ အတွက် မထိရောက်တဲ့အပြင် ပိုတောင်ဆိုးသွားနိုင်ပါတယ်။

ဒါကြောင့်မို့ ဒီလို လက္ခဏာပြတဲ့ ဝက်ခြံတွေထွက်လာရင်တော့ အကောင်းဆုံးကုသမှု အနေနဲ့ သေချာတတ်ကျွမ်းနားလည်တဲ့ အရေပြားဆရာဝန်တွေနဲ့ ပြသသင့်ပါတယ်။

​အရေပြားပြဿနာဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူညီသလို၊ ရာသီဥတုအပြောင်းအလဲနဲ့ ဟော်မုန်းအခြေအနေပေါ်မှာလည်း မူတည်တာမို့လို့ ငွေကုန်ကြေးကျခံပြီး ဟိုဆေးစမ်း၊ ဒီဆေးစမ်း လုပ်နေမယ့်အစား အထိရောက်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်းကို ရွေးချယ်ဖို့အကြံပေးလိုက်ပါတယ်။💚

❗️ဒေါက်တာရဲ့ Page Messenger မှာ စာမပြန်သေးပါဘူးရှင့်။ ဒေါက်တာ့ကို Treatment အတွက်ဆက်သွယ်လိုရပါက ဆက်သွယ်ရန်အချက်အလက်များကို ထည့်ပေးသွားပါမယ်ရှင့်။

29/05/2026

❝ Skincare တွေက ယဉ်သွားတတ်လား🤔 ❞

အရင်က သုံးလို့ အဆင်ပြေပြီး မျက်နှာကို ဝင်းပနေစေတဲ့ Premium Skincare က အခုမှ ဘာလို့ ဘာအာနိသင်မှ မပြတော့တာလဲ??

ကိုယ်သုံးနေတဲ့ Skincare က အစပိုင်းမှာ သိသိသာသာ အာနိသင်ပြခဲ့ပေမယ့် (၃) ၊ (၄) လလောက်နေတော့ အသားအရေက ငြိမ်ချက်သားကောင်းပြီး ဘာမှမထူးခြားတော့သလို ဖြစ်လာတတ်ပါတယ်။

တကယ်တော့ အရေပြားက Skincare ကို ဓာတ်ယဉ်သွားတယ်ဆိုတာမျိုး မရှိပါဘူး။❌
အဲဒီ Skincare က ကိုယ်သုံးနေသရွေ့ သူ့အာနိသင်က ရှိနေမှာဖြစ်ပါတယ်။

🤩ဥပမာ _ အသားအရေက ရေဓာတ်ခမ်းခြောက်လို့ ဖြစ်တဲ့ ပြဿနာတွေကို Skincare က အပြည့်အဝ ကုသပေးလိုက်တဲ့အခါ အသားအရေက Plateau Stage ကို ရောက်သွားပါတယ်၊

အဲ့ဒီအခါ စသုံးတုန်းကလို အရမ်းသိသာတဲ့ အပြောင်းအလဲမျိုး မပြတော့ဘဲ အရေပြားက တည်ငြိမ်တဲ့ အနေအထားကို ရောက်သွားတဲ့အတွက် Skincare က အာနိသင်မပြတော့ဘူးလို့ အထင်မှားတတ်ကြတာ ဖြစ်ပါတယ်။

ဒါဆို သင့်အသားအရေကို အမြဲတမ်း Active ဖြစ်ပြီး ကျန်းမာနေဖို့ ဘာလုပ်ရမလဲ❓

အဲ့တာကတော့ ကမ္ဘာ့အရေပြားအထူးကု ဆရာဝန်တွေ ထောက်ခံထားတဲ့ Skin Cycling စနစ်က ပါဘဲ။

✅Active Ingredients တွေကို နေ့တိုင်း ဆက်တိုက် သုံးမယ့်အစား အလှည့်ကျ စနစ်တကျ သုံးစွဲပေးရပါမယ်။

🔅ပထမညမှာ Exfoliation လုပ်မယ်ဆိုရင်
🔅ဒုတိယညမှာ Retinoid လုပ်ပြီး
🔅တတိယနဲ့ စတုတ္ထညတွေမှာတော့ အသားအရေကို နားရက်ပေးပြီး Recovery ပြန်လုပ်ပေးတာမျိုးပါ။

ဒီလို Skin Cycling လုပ်ပေးခြင်းက Product က ပါဝင်ပစ္စည်းတွေကို အသားအရေက ပိုပြီး ထိထိရောက်ရောက် စုပ်ယူနိုင်သလို၊ Skin Barrier ပျက်စီးခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

ဒါပေမယ့် အသက်အရွယ်၊ ရာသီဥတုနဲ့ Hormones အပြောင်းအလဲကြောင့် အရေပြားရဲ့ လိုအပ်ချက်တွေက အမြဲတမ်း ပြောင်းလဲနေတတ်တာမို့ ငွေကုန်ကြေးကျခံပြီး ဟိုဟို ဒီဒီ စမ်းသုံးနေမယ့်အစား...

အရေပြားအထူးကု ကျွမ်းကျင်ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး ကိုယ်နဲ့ အကိုက်ညီဆုံး Routine ကို စနစ်တကျ ချမှတ်တာက အထိရောက်ဆုံးနဲ့ အမြဲတမ်းအတွက် အန္တရာယ်အကင်းဆုံး ဖြစ်စေမှာပါနော်🌟🩺

❗️ဒေါက်တာရဲ့ Page Messenger မှာ စာမပြန်သေးပါဘူးရှင့်။ ဒေါက်တာ့ကို Treatment အတွက်ဆက်သွယ်လိုရပါက ဆက်သွယ်ရန်အချက်အလက်များကို ထည့်ပေးသွားပါမယ်ရှင့်။

22/05/2026

❝ ဝက်ခြံအသစ်ထွက်တာလား၊အဆိပ်အတောက်ကျန်တာလား🔴 ❞

Skincare တွေသုံးပြီး ဝက်ခြံတွေ ပိုထွက်လာရင် ရပ်ပစ်ရမလား၊ ဆက်သုံးရမလားဆိုတာ ခေါင်းစားစရာ မေးခွန်းတစ်ခုပါ။

Skincare အသစ်လေးပြောင်းသုံးမှ မျက်နှာပေါ်မှာ ဝက်ခြံတွေ ထွက်လာတဲ့အခါ “ သုံးတာပဲမှားသွားတာလား၊ ဝယ်ထားတဲ့ ပစ္စည်းကပဲ အဆိပ်အတောက် ဖြစ်နေတာလား " ဆိုပြီး စိတ်ပူတတ်ကြပါတယ်။💥

အထူးသဖြင့် Retinol, AHA, BHA နဲ့ Vitamin C လိုမျိုး Active Ingredients ပါတဲ့ Skincare အသစ်တွေကို စသုံးကြတဲ့အခါ ဝက်ခြံပိုထွက်လာတဲ့ ပြဿနာကို ကြုံရတတ်ပါတယ်။

ဒီအခြေအနေကို Purging နဲ့ Breakout ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။

🪴ဆဲလ်အဟောင်းတွေ ကွာကျပြီး အသားအရေ ကောင်းမွန်လာခြင်း (Skin Purging)
Skin Purging ဆိုတာကတော့ Retinol, AHA/BHA လိုမျိုး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို မြန်ဆန်စေတဲ့ Ingredients တွေကြောင့် ဖြစ်တာပါ။
✅ပုံမှန် ဝက်ခြံထွက်လေ့ရှိတဲ့နေရာ (မေးစေ့၊ နဖူး သို့မဟုတ် ပါးစပ်ဘေး) တွေမှာ ထွက်တတ်ပါတယ်၊
✅ပုံမှန်အားဖြင့် ၁ လခွဲ ဝန်းကျင် ကြာတတ်ပြီး အသားအရေက တဖြည်းဖြည်း ကြည်လင်ဝင်းပလာတယ်ဆိုရင် ဆက်သုံးဖို့သင့်တော်ပါတယ်။

🪴Skin နဲ့မတည့်ခြင်းကြောင့် ဆိုးကျိုးဖြစ်ခြင်း (Skin Breakout)
Breakout ကတော့ သုံးလိုက်တဲ့ Product ထဲက ပါဝင်ပစ္စည်းတစ်ခုခုက အရေပြားနဲ့ မတည့်လို့ Skin Barrier ပျက်စီးပြီး ယောင်ယမ်းလာတဲ့ အခြေအနေပါ။
✅ပုံမှန် ဝက်ခြံ လုံးဝမထွက်ဖူးတဲ့ နေရာအသစ်တွေမှာ အစုလိုက်အပြုံလိုက် ထွက်လာတတ်ပါတယ်၊
✅Product ကို ဆက်သုံးနေသရွေ့ ဝက်ခြံက ပိုဆိုးလာတတ်ပြီး ၆ ပတ်ကျော်တဲ့အထိ လုံးဝ မသက်သာဘဲ နီရဲယောင်ယမ်းမှုတွေ ပိုများလာတတ်တာမို့ ချက်ချင်း ရပ်ပစ်သင့်ပါတယ်။

Active Ingredients တွေက သုံးစွဲတဲ့အခါ အသားအရေ အမျိုးအစားအလိုက် တုံ့ပြန်မှု ကွာခြားတတ်တာမို့ ပိုပြီး ဘေးကင်းပြီး ထိရောက်တဲ့ ပြောင်းလဲမှုကို လိုချင်တယ်ဆိုရင်တော့ Professional တွေနဲ့ Skin Consultation အရင်ယူပြီး ကုသမှုခံယူတာက အကောင်းဆုံးပါပဲနော်🙌🏼

❗️ဒေါက်တာရဲ့ Page Messenger မှာ စာမပြန်သေးပါဘူးရှင့်။ ဒေါက်တာ့ကို Treatment အတွက်ဆက်သွယ်လိုရပါက ဆက်သွယ်ရန်အချက်အလက်များကို ထည့်ပေးသွားပါမယ်ရှင့်။

01/05/2026

Smile Line မပေါ်အောင် များများမရယ်ဘဲနေနေတုန်းလား 🤔❓

လူတော်တော်များများထင်ကြတာက အရမ်းရယ်လွန်းရင် Smile Line တွေထင်းလာတယ်၊ Aging ပိုဖြစ်လာတယ်ထင်ကြပါတယ်။ ဒီလိုထင်ပြီး အများကြီးမရယ်ဘဲ နေနေကြသူလေးတွေအတွက် Admin Team ကနေ Smile Line အကြောင်းလေး Sharing လုပ်ပေးပါရစေနော် .. 💬

Smile Line တွေဖြစ်ပေါ်ရတဲ့ အဓိကအကြောင်းကတော့ အချက် ၄ ချက်ရှိပါတယ်။

1️⃣ Collagen & Elastin လျော့နည်းခြင်း

အသက်ကြီးလာတာနဲ့အမျှ Skin Collagen လျော့နည်းမှုကြောင့် အသားအရည်တင်းရင်းမှုလျော့ကျလာပြီး Smile Line ထင်းတာမျိုးဖြစ်တတ်ပါတယ်။

2️⃣ နေရောင်ခြည်ထိတွေ့မှုများပြားခြင်း

UV Rays အထိများတာက အသားအရည်ကိုပျက်စီးစေပြီး Wrinkles တွေနဲ့ Smile Line ကိုပိုထင်းစေပါတယ်။

3️⃣ ရေဓာတ်နည်းခြင်း

မျက်နှာအသားအရည်က ရေဓာတ်နည်းလွန်းနေမယ်ဆိုရင် Smile Line တွေပိုမြင်ရလွယ်ပါတယ်။

4️⃣ Facial Fat လျော့သွားခြင်း

Weight ကျသွားတဲ့အခါမျိုးတို့မှာ မျက်နှာအဆီလျော့သွားတတ်ပါတယ်။ ဒီလိုအချိန်မှာ Smile Line ပိုပေါ်တတ်ပါတယ်။

ဒါဆို Smile Line ထင်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ❓

✅ Sunscreen မဖြစ်မနေသုံးပေးပါ။

✅ ပြီးရင် မျက်နှာအသားအရည်ကို အမြဲ Moisturize ဖြစ်နေအောင်ထားပါ။

✅ Collagen တိုးစေမယ့် Skincare မျိုးတွေကို သေချာသုံးပေးပါ။

✅ Healthy Lifestyle ရှိထားဖို့ကလည်း အရေးကြီးပါတယ်။

✅ ပြီးရင်တော့ Gentle Facial Massage လေးတွေလုပ်ပေးပါ။

🥰 တကယ်လို့ ကိုယ့် Skin က နဂိုကတည်းက Smile Line အရမ်းထင်းတတ်တဲ့ အသားအရည်မျိုးဆိုရင်တော့ Filler, Botox, Laser တို့ HIFU တို့လို Professional Treatment တွေသေချာတိုင်ပင်ပြီး ယူနိုင်ပါတယ်။

ကဲ .. Smile Line ထင်းမှာကြောက်လို့ မရယ်ဘဲမနေနဲ့တော့.. ဒီအချက်လေးတွေကိုပဲ ဂရုစိုက်ကြည့်လိုက်တော့နော် 💬

❗️ဒေါက်တာရဲ့ Page Messenger မှာ စာမပြန်သေးပါဘူးရှင့်။ ဒေါက်တာ့ကို Treatment အတွက်ဆက်သွယ်လိုရပါက ဆက်သွယ်ရန်အချက်အလက်များကို ထည့်ပေးသွားပါမယ်ရှင့်။

25/04/2026

မြန်မာစာ ညံ့သူမို့ စာအရေးအသား ရိုင်းပြတာ အဆင်မပြေတာရှိရင် ပြင်ပေးပါဦး မိဘတို့ ဘုရားးးးး
🙏🏻🙏🏻🙏🏻🙏🏻🙏🏻

🙏🏻🙏🏻🙏🏻🙏🏻🙏🏻

ဘဝသံသရာအဆက်ဆက်မှ ကျေးဇူးရှင် ခင်ပွန်းကြီး ၁၀ ပါး အားလုံး နှင့် တစ်ကွ ဘဝဆက် သိုက်ဆက် ပါဌာန်းဆက် နတ်ဆက်များအားလုံး မင်္ဂလာပါဘုရားးး

မော်လမြိုင်မြို့ လေးကျွန်းသစ္စာရှင်နဂါးမောက်တောင် ဘေးမဲ့တောင်တော်မြတ် (သက်သက်လွတ် နယ်မြေ) တွင် မူလဘုရား ဒါယကာ မနူဟာမင်း(မကုဋရာဇာ)မင်းတရားကြီး နှင့် မိဘုရားကြီးမင်္ဂလာဒေဝီနှင့်တကွ ခင်ပွန်းကြီး-၁၀ပါး ကျေးဇူးရှင်များ ကျေးဇူးရှင်များအားလုံးနှင့်တစ်ကွ ဘဝဆက် သိုက်ဆက် ပါဌာန်းဆက် နတ်ဆက်များအားလုံးအတွက် သိုက်ပွဲပေးမည် ဖြစ်ပါသဖြင့် ဘဝသံသရာအဆက်ဆက်မှ ကျေးဇူးရှင်များ ကျေးဇူးရှင်များအားလုံးနှင့်တစ်ကွ ဘဝဆက် သိုက်ဆက် ပါဌာန်းဆက် နတ်ဆက်မျာအားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ဘုရားးးး🙏🏻🙏🏻🙏🏻🙏🏻🙏🏻

နေ့ရက်
၁-၅-၂၀၂၆ ၊ ၂-၅-၂၀၂၆ ၊ ၃-၅-၂၀၂၆
( ၃ ရက်တိုင်တိုင် )

အချိန်
နံနက် - 9:00 မှ 12:00
နေ့လည် - 1:00 မှ ညနေ 4:00
ည - 6:00 မှ ည 8:00 အထိ

နေရာ
မော်လမြိုင်မြို့ လေးကျွန်းသစ္စာရှင်နဂါးမောက်တောင် ဘေးမဲ့တောင်တော်မြတ် ( သက်သက်လွတ် နယ်မြေ )

ဘဝသံသရာအဆက်ဆက်မှ ကျေးဇူးရှင် ခင်ပွန်းကြီး ၁၀ ပါး အားလုံး ကျေးဇူးရှင်များအားလုံးနှင့်တစ်ကွ ဘဝဆက် သိုက်ဆက် ပါဌာန်းဆက် နတ်ဆက်များအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ဘုရားးးးး

ကုသိုလ် ပညာ ဥစ္စာ အားနည်း မိုက်မဲသူမို့ အရေးအသားလေး အဆင်မပြေတဲ့အတွက် လက်အုပ်ချီမိုး တောင်းပန်ပါတယ် ကျေးဇူးရှင် ခင်ပွန်းကြီး-၁၀ ပါး နှင့် ဘဝဆက် သိုက်ဆက် ပဌါန်းဆက် နတ်ဆက်တို့ ဘုရားးးး
🙏🏻🙏🏻🙏🏻🙏🏻🙏🏻

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Category

Website

Address

Thirimyine Quarter
Mawlamyine
12011