Yin Yin Htun Knowledge Sharing

Yin Yin Htun Knowledge Sharing

Share

Personal development, Law of attractions and Leadership

22/02/2022

22.2.2022
Portal တွေပွင့်တဲ့ရက်မှာ မိမိတို့ရဲ့စိတ်တွေကို Unconditional Love ဖြင့် အားလုံးအပေါ်မှာထားနိုင်အောင် ကြိုးစားကြပါရှင့် 💚💚
ကျွန်မတို့ရဲ့စိတ်ကြည်လင်လန်းဆန်းရန်အတွက် ​
ဤနေ့မှာ ကောင်းသောအရာတွေလုပ်ဆောင်ကြပါရှင့်🙏🙏
ဘုရားရှိခိုးခြင်း၊ အဓိဌာန်တစ်ခုခုစတင်ဆောင်ရွက်ခြင်း၊တရားထိုင်ခြင်း၊ ခင်ပွန်းကြီးဆယ်ပါးကန်တော့ခြင်း၊ မိမိအပေါ်အမှားလုပ်ခဲ့သူများကို ခွင့်လွှတ်ပေးခြင်း၊ အားလုံးအပေါ်မှာမေတ္တာတရားထားပေးပါ၊ ​မိမိအိမ်သန့်ရှင်းရေးလုပ်ခြင်း၊ မိမိတို့ရဲ့ ပိုက်ဆံအိတ်တွေရှင်းပေးပါ၊
Breathwork and Meditation လုပ်ခြင်း အစရှိတာတွေ လုပ်ဆောင်ပြီး ကျွန်မတို့အားလုံး ရရှိလာတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရဖမ်းဆုပ်နိုင်ကြပါစေရှင့်
💚💚
အားလုံးကို ချစ်တယ် ကျေးဇူးတင်ပါတယ်ရှင့်😘🙏

With Love,
💚💚👸
yinyin

06/01/2022

Law of Attraction

😍😍😍ကျွန်မတို့ အားလုံးမှာ ကျွန်မတို့သိတာထက် အဆမတန်ကြီးမားတဲ့ ဖြစ်နိုင်ချေတွေနဲ့ တန်ခိုးစွမ်းအားတွေ အများကြီးပိုင်ဆိုင်ပါတယ်။ အာရုံခံမြင်ခြင်းဟာ ဒီတန်ခိုးစွမ်းအားတွေထဲက အကြီးကျယ်ဆုံး အစွမ်းတစ်ခုပါပဲလို့ GENEVIEVE BEHREND က​ပြောထားပါတယ်ရှင့်💓💓💓

☀☀☀လူတိုင်းမှာ စွမ်းအားကိုယ်စီရှိကြပါတယ်။
ကိုယ့်ဆီမှာရှိတဲ့စွမ်းအားကို ထုတ်သုံးတတ်ဖို့လိုအပ်ပါတယ်။
ဒါမှသာကိုယ့်ဘဝမှာ ကိုယ်လိုချင်တာတွေကို ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ရှင့်။
ကိုယ်လိုချင်တာကို အာရုံခံမြင်ခြင်းဖြင့် မိမိတို့၏တန်ခိုးစွမ်းအားများကို ထုတ်ပြီးအသုံးပြုနိုင်ကြပါစေရှင် ကျေးဇူးတင်ပါတယ်ရှင့်💚💚💚

#6.1.2022
Love,

💜💜💜

05/01/2022

ကျေးဇူးတရား

🙏🙏🙏 ကျေးဇူးတရားသည် ကောင်းကျိုးများကို အကြွင်းမဲ့ ပိုမိုဆောင်ကြဥ်းပေးသော နည်းလမ်းတစ်ခုပင် ဖြစ်၏။လို့ MARCI SHIMOFF ကပြောထားပါတယ်ရှင့်💛💛💛

😍😍😍ကျွန်မတို့နေစဥ်နေ့တိုင်း ကျေးဇူးတရားကို သတိရနေမိဖို့လိုအပ်ပါတယ်ရှင့်။
အရာရာတိုင်းအတွက် ကျေးဇူးတင်တတ်ခြင်းဟာ စကြာဝဠာကြီးဆီမှ ကိုယ်လိုချင်တာတွေကို ရရှိနိုင်ခြင်းရဲ့ လျို့ဝှက်ချက် တစ်ခုဖြစ်ပါတယ်ရှင့် ။
ဒါကြောင့် ကျွန်မတို့ နေ့စဥ်ဘဝမှာ အကောင်းမြင်တတ်ပြီး ကျေးဇူးတရားကို လက်ကိုင်ထားမယ်ဆိုရင် ပြည့်စုံတဲ့ဘဝကို ရရှိမှာဖြစ်ပါတယ်ရှင့်။
ကျေးဇူးတင်ပါတယ်ရှင့်💗💗💗

#5.1.2022
Love

💜💜💜

04/01/2022

Law of Attraction

🌞🌞🌞 သင့်အနေနဲ့ သင်တောင်းဆိုတာတွေနဲ့ ဟန်ချက်ညီတဲ့ နယ်ပယ်ထဲကို ရောက်နေရပါမယ်။
ဒါဟာ ပျော်ရွှင်ဝမ်းမြောက်မှု၊ တန်ဖိုးထားမှုနဲ့ အာသီသပြင်းပြတဲ့ ခံစားချက်တွေ ရှိဖို့ပါပဲ။
သို့ပေမဲ့ စိတ်ပျက်မှု၊ ကြောက်ရွံံ့မှု၊ ဒေါသဗျာပါဒ ခံစားနေရတာတွေကတော် သင်တောင်းဆိုတာတွေနဲ့ လောလောဆယ် ဟန်ချက်မညီကြောင်း အခိုင်အမာ ညွှန်ပြနေတာပဲပေါ့လို့ ESTHER HICKS ကပြောထားပါတယ်ရှင့်💛💛💛

✨✨✨ သင်က သင်လိုချင်တဲ့အရာကို စကြဝဠာကြီးဆီ တောင်းဆိုတဲ့အခါ ဟန်ချက်ညီတဲ့နယ်ပယ်ထဲကို ရောက်ရှိနေဖို့အရေးကြီးပါတယ်။
သင့်ဆီမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်း၊ တန်ဖိုးထားခြင်း၊ ပြင်းပြတဲ့ အာသီသရှိခြင်း၊ ယုံကြည်မှုရှိခြင်း အစရှိတဲ့ ခံစားချက်ကောင်းတွေ သင့်ဆီမှာ ရှိနေဖို့လိုအပ်ပါတယ်။
ဒါမှ သင်လိုချင်တဲ့အရာကို လွယ်လွယ်ကူကူဆွဲခေါ်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ သင့်ဆီမှာ စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း အစရှိတဲ့ မကောင်းတဲ့အရာတွေရှိနေရင် သင်တောင်းဆိုတာတွေနဲ့ ဝေးကွာနေမှာဖြစ်ပါတယ်ရှင့် ။
ဒါကြောင့် Positive Energy ရှိဖို့က အရေးကြီးပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် 💕💕💕

#4.1.2022
Love,

💜💜💜

03/01/2022

Law of Attraction

🌠🌠🌠လောလောဆယ် ပစ္စုပ္ပန်ကာလ သင့်ဆီမှာ ဘယ်တော့မှ ဖြစ်နိုင်မယ်မထင်လို့ အိပ်မက်မမက်ခဲ့တာတွေကို လုပ်နိုင်တဲ့ စွမ်းအား တန်ခိုးရှိနေပါတယ်။
ဒီတန်ခိုးစွမ်းအားဟာ သင့်ယုံကြည်မှုတွေကို ပြောင်းနိုင်သလောက် ပြောင်းပစ်လိုက်တာနဲ့ တစ်ပြိုက်နက် သင့်လက်ထဲ ရောက်လာမှာပါလို့ DR. MAXWELL MALTZ ကပြောထားပါတယ်ရှင့်💛💛💛

☀☀☀ သင့်ဘဝမှာ မဖြစ်နိုင်ဘူးထင်လို့ အိမ်မက် မမက်ရဲခဲ့တဲ့အရာတွေ အများကြီးရှိမှာပါ။
သင့်မှာ သင်လိုချင်တာကိုရအောင် လုပ်နိုင်တဲ့ တန်ခိုးစွမ်းအား ရှိတယ်ဆိုတာကိုသင်သိရင် သင်ဘာလုပ်မလဲ?
သင်လိုချင်တဲ့အရာကို ရအောင်ယူမယ်ဆိုတဲ့ ယုံကြည်မှု သင့်ဆီရောက်လာမှာဖြစ်ပါတယ်။
ဒါဆိုရင် သင်လိုချင်တဲ့အရာကို သင်ရအောင်ယူနိုင်ပါပြီရှင့် ကျေးဇူးတင်ပါတယ်ရှင်💞💞💞

#3.1.2022
Love,

💜💜💜

02/01/2022

သင်ဟာ တန်ခိုးစွမ်းအား အပြည့်ရှိသူ

🌏🌏🌏ဆုံးဖြတ်ချက်တစ်ခု သင်ချလိုက်တာနဲ့ စကြဝဠာကြီးက တကယ်ဖြစ်လာအောင် လျှို့ဝှက်စွာ ကူညီပံ့ပိုးပေးပါတယ်လို့ RALPH WALDO EMERSON ကပြောထားပါတယ်ရှင့်💙💙💙

🌍🌍🌍 သင်ဟာ တန်ခိုးစွမ်းအား အပြည့်ရှိသူ တစ်ယောက်ဖြစ်တာမလို့ သင်လိုချင်တဲ့အရာကို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်ဖို့ပဲလိုပါတယ်။
ကျန်တဲ့အပိုင်းကို စကြဝဠာကြီးက သင့်ကိုကူညီပါလိမ့်မယ်ရှင့်။
သင်အနေနဲ့ ယုံကြည်မှုအပြည့်ရှိဖို့လိုအပ်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင်❤❤❤

#2.1.2022
Love,

💜💜💜

01/01/2022

🍀🍀🍀 ရှင့်အတွက် အကြီးမားဆုံးစွန့်စားမှုက အိပ်မက်တွေကို အသက်သွင်းပြီး နေထိုင်ဖို့ပါပဲလို့ OPRAH WINFREY ကပြောထားပါတယ်ရှင့်
💚💚💚

💒💒💒 လူတိုင်းမှာ အိပ်မက်တွေ ကိုယ်စီရှိကြပါတယ်။ ဒီအိပ်မက်တွေကို အကောင်အထည် ဖော်နိုင်တဲ့လူနဲ့
မဖော်နိုင်တဲ့လူဆိုပြီး နှစ်မျိုးကွဲသွားပါတယ်။
ကိုယ့်ရဲ့ အိပ်မက်ကိုအကောင်အထည်ဖော် နိုင်တဲ့လူတွေကတော့ သူတို့ရဲ့အိပ်မက်တွေကို အသက်သွင်းပြီး နေထိုင်ကြပါတယ်။
ဒါကြောင့် ကျွန်မတို့အားလုံး ကိုယ့်ရဲ့အိပ်မက်ထဲကအတိုင်း ဖြစ်လာဖို့ဆိုရင် နေ့စဥ်နေ့တိုင်း ကိုယ့်ရဲ အိပ်မက်တွေကို အသက်သွင်းပြီးဖြစ်လာရမယ်ဆိုတဲ့စိတ်နဲ့ ဆက်ပြီးလုပ်ဆောင်ဖို့လိုအပ်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် 💜💜💜

#1.1.2022
Love,

💜💜💜

31/12/2021

Happy New Year 2022
💜💜💜

31/12/2021

👌👌👌 ကိုယ်လိုချင်တာ ရတာ၊ မရတာက အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ဆုံးဖြတ်နိုင်တာ မဟုတ်ပါဘူး။
တကယ် အဆုံးအဖြတ်ပေးတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားချက်သာ ဖြစ်ပါတယ်လို့ DR.WAYNE DYER ကပြောထားပါတယ်ရှင့် 💛💛💛

🎀🎀🎀 ကျွန်မတို့အားလုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ်ဘဝမှာ ဖြစ်ချင်တာတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့် ❤❤❤

#31.12.2021
Love,

💜💜💜

30/12/2021

🔮🔮🔮 ကိုယ်လိုချင်တာတွေကို ကိုယ်ပိုင်ပြီလို့သာ မြင်မှတ်လိုက်ပါ။ လိုအပ်သလို သင့်ဆီကို ရောက်လာမယ်လို့ သိလိုက်ပါ။ သူတို့နဲ့ ပတ်သက်လို့ ဘာမှမစိုးရိမ်ပါနဲ့။ စိတ်ပူမနေပါနဲ့။ လိုချင်သလောက်မရဘူးလို့လည်း လျော့မတွက်ပါနဲ့။ ကိုယ်ရနေပြီ၊ ကိုယ်ပိုင်နေပြီ၊ ကိုယ့်လက်ထဲရောက်နေပြီလို့သာမှတ်ပါလို့ ROBERT COLLIER က​ပြောထားပါတယ် 💙💙💙

☀☀☀ လိုချင်တာတွေကို မရခင်ကတည်းက ရနေပြီ ပိုင်နေပြီ ကိုယ်ဆီကိုရောက်လာပြီဆိုတဲ့ ခံစားမှုမျိုး ကျွန်မတို့ ဆီမှာရှိဖို့လိုအပ်ပါတယ်။
ငါရပါ့ရပါ့မလား? ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူးထင်တယ် အစရှိသဖြင့် ကိုယ့်ကိုကိုယ် ပြန်ပြောနေတဲ့ အသံတွေကို တစ်ခါတလေ ပြန်ကြားရတတ်ပါတယ်။
ဒါကိုလက်ခံပြီး ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာက ရကိုရမှာ ဖြစ်ကိုဖြစ်မှာ ဆိုတဲ့ ခံစားချက်ကိုထည့်ပြီး မြင်အောင်ပုံဖော်ကြည့်ဖို့လိုပါတယ် ထပ်ခါထပ်ခါပြောနေဖို့လည်းလိုအပ်ပါတယ်ရှင့် အဓိကကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိရပါမယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်💛💛💛

#30.12.2021
Love,

💜💜💜

Telephone

Website

Address

Meiktila

Alerts

Be the first to know and let us send you an email when Yin Yin Htun Knowledge Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Meiktila.