KHA Health & Care
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KHA Health & Care, Health/Beauty, Thidar Street, Myawady Quarter, Monywa.
11/07/2025
ဘာဆေးတွေက ဘာရောဂါအတွက်ဆိုတာ အကြမ်းဖျင်းသိထားရန်
========================
ဦးနှောက်အတွက် = Omega3 နဲ့ Vitamin D3
နှလုံးအတွက် = CoQ10 , Magnesium, Garlic
အာရုံကြော = Ginkgo , B12
အသည်း = Milk thistle , Tumeric , Liver Detox
အဆုတ် = Acetylcystine
ဆံပင် ခြေသည်း လက်သည်း= Biotin
အသားရည်လှပဖို့ = placenta extract, collegen , hair skin nail
အစာခြေစနစ် အစာအိမ် /ကိုယ်ခံအားတတ်စေဖို့= Probiotic , နွယ်ချို , oxbile , HCL pepsin, Digestive enzyme
အမျိုးသား 50ကျော်= Arginine
အမျိုးသမီး 50ကျော်= ဒေါင်းကွေးမြစ်
အိပ်ပျော်ဖို့ = Melatonin
အရိုး အဆစ်အမြစ်အတွက် = Glucosamine , Boswellia ,D3&K2, UCII ( အ ရွတ် )
အားဆေးသောက်မယ်ဆို = Zinc ပါတာ
ရွေးသောက်ပါ
သည်းခြေကျောက်တည် = Apple Cider Vinegar
ဆီးချို အတွက် = Cinnamon
အသည်းအဆီဖုန်း = Vitamin E , Vitamin D3 , Lecitin
အနာကျက် သွားဖုံးသွေးယို =Zinc , Vitamin C
မျက်စိအတွက် = Lutein, zeaxanthin
ဆီးကျိတ်အတွက် = saw palmetto+Bee Pollen
သွေးအားကောင်းဖို့ = Chlorella, Folate , iron
ဆီးလမ်းကြောင်းအတွက် = Cranberry
ရာသီလာစဉ် နာကျင်တာသက်သာဖို့ =Evening Primrose oil
အားကစားသမားများအတွက်=BCAA
Credit #
ဘီပိုး ကျန်းမာရေး ဗဟုသုတ ဒါန အပိုင်း ၁။
B ပိုးကြောင့် ဖြစ်လာမည့် ဆိုးကျိုးတွေ ဖြစ်သည့်
၁. အသည်း ခြောက်ခြင်း၊
၂. အသည်း အလုပ် မလုပ်နိုင်တော့ခြင်း၊ liver failure
၃. အသည်း ကင်ဆာကို ဘယ်လို ကာကွယ်ကြမလဲ ?
ကမ္ဘာပေါ် မှာ မြန်မာပြည်ဟာ ဘီပိုး အများဆုံး နိုင်ငံ တစ်ခု ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေလဲ ထိုးကြ၊ ကျန်းမာရေး ဗဟုသုတတွေလဲ ပေးကြ၊ ဘီပိုး လူနာတွေကို ကုလဲ ကုပေးနေကြသည့် အထဲက တစ်နေ့ထက် တစ်နေ့ ပိုပြီး များလာတာကို တွေ့ရပါတယ်။
အသည်းကင်ဆာ ဟာလည်း အလွန် များလှပါတယ်။
ကုနေကြ လုပ်နေကြ လုပ်ငန်းစဉ်များဟာ ဒီပြဿနာကို မဖြေရှင်းနိုင်တာ သေချာနေပါတယ်။ ဒါကြောင့်လဲ ထိန်းမနိုင် သိမ်းမရ ဖြစ်နေတာပေါ့။
ပုံး အပြင်ကို ထွက်ပြီး ကြည့်ဖို့ အချိန် တန်နေပါပြီ။
ကျွန်မသာဆိုရင် ဘယ်ဆေးခန်းမှာမှ တကယ် မလိုအပ်ပဲ ဆေးမထိုးပါ။ ဘာကြောင့်လဲ ဆိုတော့ ဆေးထိုးအပ်ကနေ အများဆုံး ကူးစက်နိုင်လို့ ဖြစ်ပါတယ်။
တစ်ခါသုံး အပ်တွေ သုံးတယ် ဆိုပေမဲ့ လောဘ ဦးဆောင်နေတဲ့ ခေတ်ကြီးမှာ ဘာမှ အာမခံချက် မရှိလို့ ဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာလူမျိုးတွေ အများစုဟာ ဆေးစွဲနေကြသူများလည်း မဟုတ်ကြပါ ။ drug addicts
ဒါကြောင့်လဲ ကိုယ့်ကိုယ်ကို မူးယစ်ဆေးဝါးတွေကို မသန့်ရှင်းတဲ့ အပ်တွေနဲ့ ပြန်ထိုးနေကြမယ်လည်း မထင်ပါ။
နောက်တစ်နည်းနဲ့ ရနိုင်တာကတော့ ဘီပိုး ရှိနေသည့်သွေး သွင်းခံရခြင်း ဖြစ်ပါတယ်။ blood transfusion
နေမကောင်းရင် ဆေးပဲ သောက်ကြပါ။
အနောက်နိုင်ငံတွေမှာ နေမကောင်းလို့ ဆေး မထိုးကြပါ။ ဆေးထိုးတာ မြန်မာပြည်မှ လူနာတွေက သဘောကြကြပါတယ်။
ဒီအယူဟာ အင်မတန် မှားနေတာမို့ ကြိုးစားပြီး ပြင်ရမှာ ဖြစ်ပါတယ်။ တစ်ချက် မှားတာနဲ့ တစ်သက်စာ ဖူလုံမှာ ဖြစ်ပါတယ်။
အစားအသောက်က ကူးစက်နိုင်ဖို့ ခဲယဉ်းလှပါတယ်။ တစ်အိမ်ထဲမှာ အတူ နေလို့လဲ မကူးစက်နိုင်ပါ။ သားသမီးကို ဖက်ပြီး နမ်းရှုံ့ခြင်းမှလည်း မကူးစက်နိုင်ပါ။ အလုပ် အတူတူ လုပ်နေကြသည့် လုပ်ဖော် ကိုင်ဖက်တွေကိုလဲ မကူးနိုင်ပါ။
လင်မယား ဆက်ဆံရင်တော့ သုက်ရည်ကနေ ကူးနိုင်တာမို့ ကာကွယ်မှု ယူရမှာ ဖြစ်ပါတယ်။
နောက်တစ်ချက် လူတွေ ထင်နေကြတာကတော့ ဘီပိုးပဲ ဖြစ်စေ စီပိုးပဲ ဖြစ်စေ ကုသလို့ ပိုးအကောင်ရေ မရှိတော့ဘူးဆိုရင် ရောဂါ ပျောက်ကင်းပြီဆိုပြီး ကျေနပ်နေကြပါတယ်။
ဘီပိုး စီပိုးတွေ မရှိတော့ဘူး ပျောက်ကင်းပြီလို့ ပြောပြီး အသည်း ကင်ဆာ ဖြစ်ပြီး သေသွားသည့် လူတွေ မြန်မာပြည်မှာ ကျွန်မ အသိတွေ အတော် များများ ရှိကြပါတယ်။ ဆရာဝန်တွေလဲ ပါပါတယ်။
ကျွန်မ ဆိုလိုချင်တာကတော့ ပိုးကြောင့် ကင်ဆာ ဖြစ်တာ မဟုတ်ပဲ ပိုးကို တိုက်ခိုက်ဖို့ ခန္ဓာကိုယ်မှ ထုတ်သော ရောင်ကိုင်းခြင်းကို ဖြစ်စေသည့် ဓာတ်များကြောင့် ဖြစ်တာ ဖြစ်ပါတယ်။
ဒါကြောင့် ပိုးတစ်ခုထဲကိုပဲ အဓိကထား ကုပြီး ခန္ဓာကိုယ် ရောင်ကိုင်းခြင်းကို ဘေးချိတ်ထားမယ် ဆိုရင် ကင်ဆာက ဖြစ်နိုင်ပါသေးတယ်။ ကုသမှုဟာလည်း မပြည့်စုံသေးပါ။
ကင်ဆာ ဖြစ်ခြင်းမှာ ခန္ဓာကိုယ် ရောင်ကိုင်းခြင်းမှ စလို့ ဖြစ်ပါတယ်။ ဒါကြောင့် antioxidants တွေ သောက်ရမှာ ဖြစ်ပါတယ်။
အသည်းကို ပံ့ပိုးပေးမဲ့ ဓာတ်စာများလည်း သောက်ရမှာ ဖြစ်ပါတယ်။ ဥပမာ Milk Thistle
အသည်း အဆိပ်သင့်နိုင်သော အရာများကို ရှောင်ရမှာ ဖြစ်ပါတယ်။ ဥပမာ အရက် သောက်ခြင်း၊ ပတ်ဝန်းကျင် အဆိပ်များ၊
အောက်ပါ ဆေးဝါးများ
1. Paracetamol အထူးသဖြင့် အများကြီး သောက်သူများ
2. TB ဆေး Isoniazid
3. Cholesterol ချ ဆေး statins
4. Methotrexate chemotherapy ဆေး၊ arthritis လူနာ အချို့လည်း မှီဝဲတတ်ပါသည်။
5. Anticonvulsants တက်သည့်အခါ သောက်သည့်ဆေးများ
6. Psychiatric medications စိတ်ရောဂါ ဆေးများ
7. Cancer chemotherapy ကင်ဆာကုသည့် အဆိပ်ဆေးများ
8. Antihypertensive agents သွေးတိုးချဆေးများ
9. Cardiovascular drugs နှလုံးရောဂါ ဆေးများ
10. Antidiabetic agents ဆီးချို ဆေးများ
11. Estrogens birth control pills ကိုယ်ဝန် တားဆေးများ
12. Anabolic steroids ကိုယ်ကာယ ကြီးထွားအောင် ထိုးသည့် ဆေးများ
14. မှိုတက်သော အစာများ အသည်းကို ထိခိုက်စေပါသည်။
ဆက်ပါဦးမည်။
ဘီပိုး ကျန်းမာရေး ဗဟုသုတ ဒါန အပိုင်း ၂ ။
ဘီပိုး အတွက် သွေးစစ်ပြီး အဖြေများကို ကြည့်ပေးဖို့ တောင်းဆိုလာသည့် မိတ်ဆွေများအတွက်နှင့် အခြား စိတ်ဝင်စားသူများ အတွက်ပါ ဖြစ်ပါတယ်။
ဆရာဝန် မဟုတ်သူများအတွက် နားလည်ဖို့ ခက်ပေမဲ့ ကျွန်မ အတတ်နိုင်ဆုံး အရှင်းဆုံး တင်ပြထားပေးပါတယ်။
တစ်ခေါက်နှင့် နားမလည်နိုင်ရင် အခေါက်ခေါက် ပြန်ဖတ်စေလိုပါတယ်။
မြန်မာပြည်မှာ အလွန် အဖြစ်များတာမို့ နားလည်ရင် ကိုယ့်အတွက်လည်း ကောင်း၊ သူတစ်ပါး အကျိုးကိုပါ ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဘီပိုးကို စစ်ဖို့ သွေးဖောက်သည့် အခါ
အောက်ပါ အချက်အလက်များကို သေသေချာချာ နားလည် အောင် ပြောပြပါမယ်။ ဂရုတစိုက်နဲ့ လေ့လာပြီး နားလည်မယ် ဆိုရင် အားလုံးအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။
ဘီပိုး ရလိုက်ပြီ ဆိုရင် ပထမဦးစွာ သွေးထဲမှာ ပေါ်လာတာကတော့
၁. Hepatitis B surface antigen ( HBsAg )positive ဖြစ်ပါတယ်။
သူက ဘီပိုးရဲ့ အပြင်ဆုံးအလွှာမှာ ရှိနေတဲ့ ပရိုတင်းဓာတ် ဖြစ်ပါတယ်။ ရောဂါ လက္ခဏာ ဘာမှ မပေါ် သေးမီ သူက အရင်ဆုံး ပေါ် ပါတယ်။
သွေးထဲမှ ဒီ ပရိုတင်းဓာတ် HBsAg ရှိနေပြီ ဆိုရင် သိထားရမဲ့ အချက်က ဘီပိုးကို ရလိုက်ပြီ ဆိုတာပါပဲ။
လောလောဆယ် ရတာလဲ ဖြစ်နိုင်သလို အရင်က တစ်ချိန်ချိန်မှာ ရထားတာလဲ ဖြစ်နိုင်ပါတယ်။
၂. အခု လောလောဆယ် ရတာလား အရင် တစ်ချိန်ချိန်က ရခဲ့တာလား ဆိုတာ ခွဲခြားဖို့ကတော့ နောက်တစ်မျိုးနဲ့ သွေးစစ်ကြည့်ရမှာ ဖြစ်ပါတယ်။
IgM antibody to hepatitis core antigen ( IgM anti-HBc လို့ ခေါ် ပါ တယ်။) ဒီ IgM anti-HBc positive ဆိုရင် ၆လ အတွင်းမှာ ရရှိလိုက်တာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောရရင် acute infection ပေါ့။
Negative ဆိုရင် အရင်က ရခဲ့တဲ့ chronic infection ဖြစ်ပါတယ်။
၃. HepatitisB e antigen ( HBeAg )
Positive ဖြစ်ရင် ခန္ဓာကိုယ်ထဲမှာ ဘီပိုးဟာ အတော်ပွား နေတယ် ဆိုတဲ့ အဓိပ္ဗါယ် ဖြစ်ပါတယ်။ ဒီအချိန်မှာ အလွန် ကူးစက်တတ်ပါတယ်။
၄. Hepatitis B core antibody ( anti- HBc )
Positive ဖြစ်ရင် လောလောဆယ် ရထားတဲ့ infection ဖြစ်နိုင်သလို အရင်က ရထားတဲ့ infection လဲ ဖြစ်နိုင်ပါတယ်။ ဒီဟာ positive ဖြစ်ရင် သွေးထဲမှာ တသက်လုံး positive ဖြစ်ပါတယ်။
ဒီ Hepatitis B core antibody ဟာ အလွန် အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ဘာသာ ကိုယ် ရသွားတဲ့ infection လူတွေမှာ အမြဲ positive ဖြစ်ပြီး hepatitis B ကာကွယ်ဆေး ထိုးထားတဲ့ လူတွေမှာ အမြဲ negative ဖြစ်ပါတယ်။
ဒါကို ကြည့်ပြီး အရင်က ရဖူးတဲ့ infection လား ကာကွယ်ဆေး ထိုးထားလို့ ခန္ဓာကိုယ်ထဲမှာ antibodies လို့ ခေါ်တဲ့ ခုခံအားတွေ ရှိနေတာလား ဆိုတာ ခွဲခြား သိနိုင်ပါတယ်။
၅. Hepatitis B surface antibody ( anti- HBs )
အရေးအကြီးဆုံးမို့ နောက်ဆုံးမှာ တင်ပြရခြင်း ဖြစ်ပါတယ်
ကျွန်မ အမြဲ ပြောနေကျ စကားကတော့ ခန္ဓာကိုယ် ခုခံအား ကောင်းရ မယ် ဆိုတာ ဖြစ်ပါတယ်။
ဘီပိုးကို ရတဲ့ အခါမှာ ခုခံအား မကောင်းရင် ဒီပိုးကို တိုက်ဖျက်ဖို့ အားမရှိတာကြောင့် ခန္ဓာကိုယ်က antibodies လို့ ခေါ်တဲ့ ရောဂါကို တိုက်ဖျက်မဲ့ စစ်တပ် တစ်ခု မရှိပါ။
ဒါကြောင့်မို့လို့ ဘီပိုးကို ကိုယ် မနှိမ်နင်းနိုင်တာကြောင့် ကိုယ့် ခန္ဓာကိုယ်ထဲမှာ ဘီပိုးနဲ့ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောပြရရင် chronic carrier state ဖြစ်သွားပါတယ်။
ဒါကြောင့် ခန္ဓာကိုယ် ခုခံအား မကောင်းရင် ဘီပိုးကို နှိမ်နင်းရန် antibodies မရှိပါ။
ဒါကြောင့် ခုခံအား နည်းနေသူတွေမှာ လောလောဆယ် ဘီပိုး ရသူတွေမှာ Hepatitis B surface antibody negative
chronic infection ကြာမြင့်စွာ ရထားသူတွေမှာလည်း hepatitis surface antibody negative.
ခုခံအား ကောင်းသူတွေကြတော့ ဘီပိုးကို တိုက်ထုတ်နိုင်တာကြောင့် ဒီပိုးလဲ မရှိတော့ပဲ hepatitis B surface antibodies တစ်သက်လုံး ရှိသွားတာမို့ နောက်ထပ်လဲ ဘီပိုး မဝင်နိုင်တော့ပါ။ ခုခံအားကောင်း သူတွေမှ ဒီ antibodies ဟာ positive ဖြစ်ပါတယ်။
မြန်မာပြည်နဲ့ အကိုက်ညီဆုံး အရေးကြီးဆုံး အချက်တွေကတော့ မြန်မာပြည်က လူအများစုတွေဟာ ခန္ဓာကိုယ် ခုခံအား မကောင်းကြပါ။ ဒါကြောင့် ဘီပိုး ရတဲ့ အခါမှာ ခုခံအား တစ်ခုဖြစ်တဲ့ antibodies တွေ မထုတ်နိုင်ကြပါ။ ဘီပိုးကို မသုတ်သင်နိုင်တာကြောင့် ဘီပိုးနဲ့ နာတာရှည် ရောဂါ ဖြစ်ပြီး ကျန်ခဲ့ကြတာ ဖြစ်ပါတယ်။
အဓိကကတော့ ခန္ဓာကိုယ် ခုခံအား ကောင်းအောင် လုပ်ထားရင် ဘီပိုးနဲ့ နာတာရှည်ရောဂါ မဖြစ်နိုင်တော့ပါ။ အသည်းခြောက်ခြင်း၊ အသည်း အလုပ် မလုပ်နိုင်တော့ခြင်း၊ အသည်း ကင်ဆာ ဖြစ်ခြင်းမှာလဲ လွတ်နိုင်ကြမှာ ဖြစ်ပါတယ်။
လောလောဆယ် ဘီပိုး ရလိုက်တဲ့ လူတွေကလဲ ခန္ဓာကိုယ် ခုခံအားကို အထွတ် အထိပ် ဖြစ်နေအောင် လုပ်လိုက်မယ် ဆိုရင်လဲ မှီနိုင်ပါသေးတယ်။
အခြားဟာတွေ မသောက်ချင် နေ၊ အဓိက သောက်ရမှာတွေကတော့
၁. Vitamin D3 5000IU – 10,000 IU daily with I capsule of superK
၂. Thyroid hormone နည်းနေရင် ဖြည့်ပေးလိုက်ပါ။
၃. Zinc 50 mg a day.
၄. Probiotics အနည်းဆုံး 20 billion count a day.
၅. VitaminC 1000 – 2000mg a day ဖြစ်ပါတယ်။
ဒါကို လိုက်နာ သောက်သုံးနိုင်မယ်ဆိုရင် အလွန်ဆိုးတဲ့ ဘီပိုး နာတာရှည် ရောဂါမှ လွတ်မြောက်နိုင်မယ်လို့ ကျွန်မ အကြွင်းမဲ့ ယုံကြည်ပါတယ်။
ကျွန်မ ပြောတာကို သဘောတူသူတွေ ရှိနိုင်ပေမဲ့ သဘော မတူသူတွေလဲ ရှိကြမှာ အမှန်ပါပဲ။ ဘာအရှုံးမှလဲ မရှိ ဥပါဒ်လဲ မရှိတာမို့ ဘယ်လိုပဲ ကြည့်ကြည့် လုံးဝ အရှုံး မရှိနိုင်ပါ။
ကျွန်မ ပြောတာ အဓိပ္ပါယ် ရှိတယ် ထင်ရင်လဲ လိုက်နာကြရုံပါပဲ။ သဘော မတူရင်လဲ ဒီရောဂါ ရေယဉ်ကြောမှာ ဆက်ပြီးမြောကြနိုင်ပါတယ်။
ဒီပိုးက မြန်မာပြည်မှာ အလွန် များတာကြောင့် တစ်နေ့ မဟုတ် တစ်နေ့ ကြုံရမှာ အမှန်ပါ။
Credit - To A Better Health
06/10/2023
Hello
Everyone
01/05/2023
☕️Blueberry Coffee အကြောင်းလေး ဖတ်ကြည့်ပါ
==============================
☕Blueberry ကော်ဖီတစ်ခွက်မှာ ပါဝင်သော အာဟာရဓာတ်တွေကတော့
• Riboflavin ရိုင်ပိုဖလေဗင်
• (ဗီတာမင် B2)
• ဗီတာမင် B5
• မဂ္ဂနစ်
• ပိုတက်စီယမ်
• ဗီတာမင် B3
• ရေဓာတ်
• ကာဗိုဟိုက်ဒရိတ်
• ပရိုတင်းဓာတ်
• အဆီဓာတ်
• အမျှင်ဓာတ်
• ဗီတာမင် (A ,C ,E ,B7 ,B3 ,B9)
• သတ္ထုဓာတ်တွေပါဝင်ပါတယ်
ဒါကြောင့်
ဘလူးဘယ်ရီ ကော်ဖီ သောက်ရင်း
ရရှိမည့်အကျိုးကျေးဇူး အများကြီးကိုရယူလိုက်ပါ
1. စိတ်ကို ကြည်လင်လန်းဆန်းစေခြင်းစွမ်းအင်ကို တိုးမြင့်စေခြင်း ၊
2. အင်သိုဇိုင်ရာနင်ဓာတ် ပါသောကြောင့် အမြင်အာရုံကို အားကောင်းစေခြင်း
3. အဆီများကို လောင်ကျွမ်းစေခြင်း ၊
4. ရုပ်ပိုင်းဆိုင်ရာ ယုံကြည်မှု ရှိစေခြင်း
5. အာဟာရဓာတ်များစွာ ပါဝင်ခြင်း
6. Type 2 ဆီးချိုကိုလျော့ချပေးခြင်း
7. အယ်ဇိုင်းမားရောဂါနှင့် ရူးသွပ်ခြင်း ရောဂါများကို ကာကွယ်ပေးခြင်း
8. ပါကင်ဆန် ရောဂါ ဖြစ်ပွားမှုကို လျော့ချပေးခြင်း ၊
9. အသဲရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း ၊
10. အူမကြီးနှင့် ပတ်သက်သော ရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း
11. လေဖြတ်ခြင်း ကို မဖြစ်အောင် ကာကွယ်ပေးခြင်း ၊
12. အနောက်တိုင်း ဝိတ်ချ plan တွေအတွက် အကောင်းဆုံး Antioxidants များ ပါဝင်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။
☕Blueberry coffee ကို တနေ့တထုပ် ပုံမှန်သောက်ပေးရုံနဲ့ အကျိုးကျေးဇူးတွေ အများကြီးရမှာနော် ဒါကြောင့် ခုပဲ မှာယူလိုက်တော့ coffee ချစ်သူတို့ရေ☕
၁၂ထုပ်ပါ တဗူးကို 16000ပဲနော်
ပြီးတော့ပြောဖို့မေ့တော့မလို့ USA product နော်
09956515919 (or) cb တွင် မှာယူနိုင်ပါတယ်
19/06/2022
Happy Father's Dayမှာ ဖေဖေနဲ့မေမေအတွက် ကျန်းမာခြင်းလက်ဆောင်လေးပါတဲ့
ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေပေါ်လွင်နေတဲ့ ဆေးခြင်းလေး💞
💊အမေရိကန်တိုင်းရင်းဆေးဝါးတွေကို တတ်သိကျွမ်းကျင်တဲ့ ဆရာ၀န်၊ ဆေးဝါးပညာရှင်များနဲ့တိုင်ပင်ပြီး တစ်ဦးချင်းစီအလိုက်လည်း စီစဉ်ပေးနေပါပြီရှင်
Side effectsလုံး၀မရှိဘဲ အဆင်မြင့်နည်းပညာနဲ့ capsuleပုံစံထုတ်လုပ်ထားတဲ့ 💊အမေရိကန်တိုင်းရင်းဆေးဝါးဖြစ်ပါတယ်
ISOအသိအမှတ်ပြုလက်မှတ်
FDAလက်မှတ်
HACCP (ကမ္ဘာ့ကုလသမ္မဂ္ဂမှ ခွင့်ပြုထားသော ကျန်းမာရေးထုတ်ကုန်အဖွဲ့ကြီး၏ အဆင့်မြင့် စီမ့ခန့်ခွဲမှုဆိုင်ရာ ထောက်ခံချက်)လက်မှတ်
ကနေဒါနိုင်ငံမှထောက်ခံချက်ပေးသော NPNလက်မှတ်တို့ အသီးသီးရရှိထားသောကြောင့် ကျန်းမာရေးအတွက်အထူးကောင်းမွန်သော ဆေးဝါးများလည်းဖြစ်ပါတယ်
အနားနားမှာမရှိလည်း ဒါမျိုးလက်ဆောင်လေးနဲ့ 🥰ဂရုစိုက်လို့ရပြီနော်
လူကြီးမိဘအတွက်မှ မဟုတ် ချစ်သူ၊ ကောင်မလေး ၊သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ပေးလို့ရအောင် adminတို့က တစ်ဦးချင်းစီအလိုက် စီစဉ်ပေးနေပြီဖြစ်ပါတယ်
ချစ်ခင်မြတ်နိုးရတဲ့သူတွေကို တန်ဖိုးထားခြင်း၊ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေပြည့်နက်နေတဲ့ "ကျန်းမာခြင်းလက်ဆောင်" ဆေးခြင်း၊ medicine and supplement gift boxလေးတွေပေးဖို့ adminတို့နဲ့ အသေးစိတ်လာတိုင်ပင်လို့ရပါတယ်ရှင်❣️
Medical product details တစ်မျိုးချင်းစီကိုလည်း
Pageမှာ အသေးစိတ်လေ့လာနိုင်ပါတယ်ရှင်
ကျန်းမာလှပသော အနာကတ်အသစ်ဆီသို့
16/06/2022
☘️Glucoblock အင်ဆူလင်အားဖြည့်ဓာတ်စာ☘️
(ဆီးချိုဝေဒနာခံစားနေရသူတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ဆေးလေးပါ)
✍️ ဘယ်လိုလူတွေသောက်သုံးသင့်လည်းဆိုရင်
-ဆီးချိုဝေဒနာခံစားနေရသူများ
-ဆီးချိုရောဂါ မဖြစ်အောင်ကြိုတင်ကာကွယ်လိုသူများ
-သွေးတွင်းအချိုဓာတ်များသူများ
-သွေးတွင်းအဆီများသူများ
သောက်သုံးသင့်ပါတယ်ရှင့်
👨⚕️➡အင်ဆူလင်ကို ပြန်လည်ဖြည့်ရန် ကူညီပေးပြီး အင်ဆူလင်ရရှိအောင် ကူညီပေးပါသည်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည်။ ဆီးချိုရောဂါ အပြင် နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါ များ ကို လျော့ချပေးနိုင်သည်။stem cell ပေါက်ဖွားခြင်းကိုတိုးတက်စေပါတယ်။
👨⚕️Gluoblock ၏ကောင်းကျိုးများ
=========================
➡ သွေးတွင်းသကြားဓာတ်ကို လျော့ချပေးနိုင်ခြင်း ၊
➡ အင်ဆူလင် လုပ်ဆောင်ချက် များကို
ပုံမှန်ဖြစ်အောင် လုပ်ပေးခြင်း ၊
➡ အင်ဆူလင်ဆဲလ်များကိုကောင်းမွန်
ေစခြင်း ၊
➡ ပန်ကရိယ ဇီဝဖြစ်စဉ်ကို ပုံမှန်ဖြစ်စခြင်း ၊
➡ ဆီးချိုရောဂါကြောင့်ဖြစ်လာသော နောက်ဆက်တွဲ ရောဂါများကို ကာကွယ်ပေးခြင်း စသည့်ကောင်းကျိုးများရရှိမှာပဲဖြစ်ပါသည်။
➡ သုံးစွဲရန်အညွှန်း
==============
📍တစ်နေ့လျှင် (၁-၂လုံး)သောက်သုံးရမည်။
📣ဆက်သွယ်ဝယ်ယူလိုပါက
📲 097943333299
ကိုဆက်သွယ်ဝယ်ယူလိုက်ပါနော်...😊😊😊
21/05/2022
✔️အိမ်တိုင်းမရှိမဖြစ်ဆောင်ထားသင့်တဲ့ဘက်စုံသုံးလေသန့်၊ ရေသန့် စက်ကလေးပါ
USA နည်းပညာနဲ့ထုတ်လုပ်ထားပြီး သုံးစွဲရတာလည်းအရမ်းကိုလွယ်ကူပါတယ်။
စျေးနှုန်းလေးက.... 120000 ကျပ်တည်းပါနော်...
တနေ့ကိုရေ လီတာ ၂၀ သန့်စင်နိုင်လို့ မိသားစုတစ်ခုစာအတွက်လုံလောက်ပါတယ်။
သားငါးနဲ့ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့အဝတ်အထည်များကိုပါ သန့်စင်နိုင်ပါသေးတယ်။
အရမ်းအသုံးဝင်တာကတော့ မိမိအခန်းထဲမှာစက်ဖွင့်ထားရုံဖြင့် ၎င်းစက်ကလေးမှ O3ထုတ်ပေးပါတယ်။ O3 ကြောင့်ပတ်ဝန်းကျင်လေ မသန့်ရှင်းမှုကိုဖယ်ရှားပေးတယ်၊ ဘတ်တီးရီးယားလည်းေသေစတယ်၊ အနံ့အမျိုးမျိုးကိုလည်းဖယ်ရှားေပးေသးတယ်၊ ပြီးတော့ အောက်ဆီဂျင်ပြည့်ဝသောလေကို ရှူရှိုက်ရတော့မှာပါ။
ကုန်ကျငွေ တစ်သိန်းနှစ်ေသာင်းကျပ်ထဲနဲ့ ပိုမိုသောကောင်းကျိုးများရရှိမှာ သေချာပါတယ်။
ဒီစက်ကလေးအသုံးပြုလိုက်ခြင်းက လေ၊ ရေ ၊နှင့်အစားအစာ မသန့်ရှင်းမှုပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်မယ်ဆိုရင် အရမ်းကိုတန်သွားပါပြီ။(Function 6 မျိုးပါ)
ဆက်သွယ်မှာယူလိုပါက......
09969833566 ကို ဟဲလိုလိုက်တော့နော်...
အသုံးပြုပုံလေးကို cmt တွင်ကြည့်ပေးပါရှင့်😍
08/05/2022
🍷 Blueberry Juice 🍷
ခန္ဓာကိုယ်တွင်းအဆိပ်ေတာက်များဖယ်ရှားပြီး အသားရေစိုပြေဝင်းပစေတဲ့အတွက်လူတိုင်းအတွက်အထူးသင့်လျော်တဲ့ Blueberry juice
✔️ပြန်ရောက်ပီနော် ✔️
https://www.facebook.com/104419272132623/posts/104490372125513/
02/05/2022
သွား၊ခံတွင်း နှင့် နှလုံးဆိုင်ရာဆက်စပ်မှု
ဒီတစ်ခါ ကျွန်တော်ဖော်ပြပေးမဲ့အကြောင်းအရာလေးကတော့ခံတွင်း နှင့် နှလုံးရောဂါများ ဆက်နွယ်နေမှုအကြောင်းပဲဖြစ်ပါတယ်
ခံတွင်း( Oral Cavity) နှင့် ဆက်နွယ်နေသော နှလုံးကြွက်သားများ၊နှလုံးအဆို့ရှင်များရောင်ရမ်းခြင်း ရောဂါ(Infective Endocarditis )
❇️❇️❇️❇️❇️❇️❇️❇️❇️❇️
👇👇👇👇👇👇👇👇👇👇
နှလုံးကြွက်သားများ၊နှလုံးအဆို့ရှင်များပိုးဝင်၍ရောင်ရမ်းခြင်းကိုSubacute bacteria Endocarditis (သို့မဟုတ်) Infective Endocarditis လို့ခေါ်ပါတယ်
🦠ဒီရောဂါကို ဖြစ်ပွားစေသော အဏုဇီဝပိုးများစွာများစွာရှိပါတယ်
🦠ထိုအဏုဇီဝပိုးများအထဲမှ အဓိကဖြစ်စေသောဘက်တီးရီးယားသည် ခံတွင်း နှင့် လည်ချောင်း ( Oral cavity and Throat) တွင် အဓိက နေထိုင်သောဘက်တီးရီးယားအုပ်စု ( Streptococcus viridans) နှင့် (Staphylococcus )ကြောင့် ဖြစ်ပါတယ်
🦠 Streptococcus viridans လို့ခေါ်တဲ့ ဘက်တီရီးယားအုပ်စုသည် သွားချေးကျောက် ( Dental plaque)၊
ပိုးစားနေသောသွား၏ အခေါင်းပေါက်များ( Carious tooth) နှင့် သွားအမြစ်ပြည်တည်ခြင်း ( Dental root abscesses) စသည့်နေရာများတွင် အဓိက တွေ့ရတတ်ပါတယ်
🦠(Streptococcus viridans )ဘက်တီးရီးယားများ သည် ခံတွင်းသန့်ရှင်းရေးမကောင်းခြင်း ( Poor oral hygiene) ၊သွားပိုးစားခြင်း ( Dental caries)၊သွားဖုံးပြည်တည်ခြင်း( Periodontal Abscess) ၊သွားနှုတ်ခြင်း ( Extraction )၊ သွားဖုံးသွေးထွက်အောင်သွားတိုက်ခြင်း ( Tooth brushing) စသည့် အခြေအနေ၊ရောဂါများမှတဆင့်ခန္ဓာကိုယ်၏ သွေးစီးကြောင်းအတွင်းသို့ရောက်ရှိပါတယ် ။
🦠ထိုသွေးစီးကြောင်းမှတစ်ဆင့် နှလုံး ဆီသို့ ရောက်ရှိပြီး နှလုံး ၏ ကြွက်သားများ ၊နှလုံးအဆို့ရှင်များကို
ရောင်ရမ်းခြင်းကိုဖြစ်စေပါတယ်
🦠ပုံမှန်ကျန်းမာရေးကောင်းနေသူများသည် သွေးစီးကြောင်းအတွင်းသို့ဝင်လာသောဘက်တီးရီးယားများကို
ခန္ဓာကိုယ်ခုခံအားစနစ် ( Immune system ) မှတစ်ဆင့်
ပြန်လည်တိုက်ထုတ်နိုင်ပါတယ်
👱♂️နှလုံးရောဂါ အခံရှိသူများ
👱♂️မွေးရာပါ နှလုံးရောဂါ ရှိသူများ
🧑🦳နှလုံးသွေးကြော ကျဉ်းသူများ
👨နှလုံးအဆို့ရှင် အတုတပ်ထားရသူများ
🧑နှလုံးခွဲစိတ်ထားသူများမှာအဖြစ်များပါတယ်။
အဖြစ်များတဲ့အခြေနေများကတော့
👉👉သွားနှင့်ခံတွင်းကုသမှုများ ( ဥပမာ - သွားနုတ်ခြင်း၊သွားကျောက်ခြစ်ခြင်း)
👉👉အစာအိမ်မှန်ပြောင်းကြည့်ခြင်း
👉👉တက်တူးထိုးခြင်း ၊နားဖေါက်ခြင်း
👉👉မူးယစ်ဆေးသုံးစွဲခြင်း
👉👉သွေးကြောတွင်းသို့ ဆေးထိုးပိုက်များထည့်ခြင်း
👉👉သွေးဆိပ်တက်ခြင်း
စသည့်အခြေအနေတွေကနေ အဖြစ်များပါတယ်
ကာကွယ်မှု့အနေနဲ့
🗣️အထွေထွေ ဆေးကုသမှုခံယူခြင်း၊ မေးရိုးနှင့် ခံတွင်းဆေးကုသမှုခံယူခြင်း ၊ခွဲစိတ်ကုသခြင်း မပြုလုပ်မီ
မိမိတို့၏ သက်ဆိုင်ရာ ဆရာဝန် ၊သွားနှင့်ခံတွင်းရောဂါကုဆရာဝန် များကို မိမိတွင် နှလုံးရောဂါ နှင့်ပတ်သတ်သော ရောဂါအခံရှိပါက ကြိုတင်၍ အသိပေးပါ
🗣️ သက်ဆိုင်ရာ ဆရာဝန် (သို့) သွားနှင့်ခံတွင်းရောဂါကု ဆရာဝန် မှ လိုအပ်ပါက ကြိုတင်ကာကွယ်သောအနေဖြင့်
ကုသမှု မပြုလုပ်မီ ဆေးကြို၍သောက်သုံး ခိုင်းပါက
ဆေးကြိုသောက်ရမည်ဖြစ်ပါသည်
ထို့ကြောင့် ခံတွင်းမှတစ်ဆင့် နှလုံးဆီသို့ ဘက်တီးရီးယားများ မရောက်အောင် မိမိတို့၏ ခံတွင်း ကို အမြဲသန့်ရှင်းကျန်းမာနေအောင်ဂရုစိုက်ဖို့လိုအပ်ပါသည်။
မှတ်ချက် ။ဆေးပညာဗဟုသုတအဖြစ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ဆေးပညာအရ ပို၍တိကျသောအချက်အလက်များရှိပါသေးသည်။
Ref ; https://www.mayoclinic.org/diseases-conditions/endocarditis/symptoms-causes/syc-20352576
မေတ္တာဖြင့်
Dr. Aung Thu Htun ( UDMY)
15/03/2022
👦👧သားသားမီးမီးလေးတွေ 🤒ဖျားနာနေလို့ ဘာဆေးတိုက်ရမှန်းမသိ စိတ်ပူနေရတဲ့ 🤱မေမေများအတွက် zinc အားဆေးလေးရှိပါတယ်
Green worldက နိုင်ငံတကာစံနှုန်းနဲ့အညီ ကလေးငယ်များအတွက် သီးသန့်ထုတ်လုပ်ထားတဲ့
Zincအားဆေးလေးအကြောင်း ပြောပြချင်ပါတယ်
T cellများကို ရှင်သန်စေပြီး 💪ကိုယ်ခံအားစနစ်ကောင်းစေတာကြောင့် သားသားမီးမီးလေးတွေ အမြန်ဆုံးကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်
🙊အစားကျွေးရခက်ပြီး အစာရွေးနေလို့ .... အာဟာရဓာတ်မစုံမှာ စိုးရိမ်နေရတဲ့ သားသားမီးမီးလေးတွေလည်း Zincအားဆေးလေးတိုက်လိုက်ရုံပဲ
💊ဆေးလုံး ဆေးတောင့်ပုံစံ မဟုတ်လို့
စားရတာလည်းလွယ်ပါတယ်နော်....
😋အရသာကလဲ ချိုချိုလေးဆိုတော့ သားသားမီးမီးတို့ အကြိုက်ပဲပေါ့
ဇင့် အားဆေးကို စားသုံးရင်... ဘာတွေ အကျိုးကျေးဇူး ရနိုင်လဲ❓❓
👦- အစားအစာများမှ အာဟာရကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်စွမ်း အားကောင်း စေပါတယ်တဲ့
👦- ကလေးငယ်များရဲ့ ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းစေတယ်
👦-မကြာခဏ အအေးမိ ဖျားနာခြင်းမှလည်း ကာကွယ်ပေးတယ်နော်
👦-ကလေးငယ်များ မကြာခဏ ၀မ်းလျောခြင်း ၀မ်းပျက်ခြင်းများ မဖြစ်အောင်လည်း ကာကွယ်ပေးသေးတယ် နော်
👦- အရေးကြီးဆုံးကတော့ ကလေးငယ်ရဲ့ ကြီးထွားနှုန်းကို ၁၀၀% ထောက်ပံ့ပေးတယ်...💪💪💪
အင်ဇိုင်းအမျိုးပေါင်း ၃၀၀ကျော်ရဲ့ ရှင်သန်လှုပ်ရှားမှုထောက်ပံ့ပေးတဲ့အပြင် ...
ဆဲလ်အချင်းချင်းကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တာမို့...
👶ကလေးငယ်များနှင့် 🧒မြီးကောင်ပေါက်အရွယ်များအတွက် မဖြစ်မနေတိုက်ကျွေးသင့်ပါတယ်
ဒါ့အပြင် ...
Zincသည် အခြားအဟာရဓာတ်များနှင့်လည်း အပြန်အလှန်အကျိူးရှိစေတာမို့
အသင့်အစားအစာကြိုက်တဲ့ကလေးတွေ၊ အစာအာဟာရညီဖို့ စိုးရိမ်ရတဲ့ကလေးတွေ၊
အစာခြေစနစ် မကောင်းတဲ့ကလေးတွေကိုလည်း တိုက်ကျွေးသင့်ပါတယ်
Green World ကဇင့်က ဘာတွေက နေ ထုတ်တာလဲ...
သဘာ၀Zinc lactateကို အဆင့်မြင့်ဇီ၀နည်းဖြင့် အချဉ်ဖောက်ပြီး ကုန်ကြမ်းအဖြစ် အသုံးပြု ထုတ်လုပ်ထားပြီး USA ရဲ့ ထောက်ခံချက် ရပြီးသား...🇺🇸🇺🇸🇺🇸
မြန်မာနိုင်ငံရဲ့ FDA လည်း ရပြီဆိုတော့ စိတ်ချစွာ ၀ယ်ယူသုံးစွဲနိုင်ပါတယ်....🇲🇲🇲🇲🇲🇲
တစ်ဗူးကို - 31200 ks 1000mg * အလုံး ၃၀ ပါပါတယ်..
💚We care ! We Share!
ဆက်သွယ်ဝယ်ယူလိုပါက
☎-09969833566 or page messagerမှာ ဆက်သွယ်လိုက်ပါနော်
Click here to claim your Sponsored Listing.
Category
Website
Address
Monywa
02301
