Yu's Mindset Garden

Yu's Mindset Garden

Share

Self-Improvement /Mental Health/Mindset
Learn Everyday.Grow Everyday.

17/04/2026

အရင်က ကိုယ်ဘာကြောင့်ဒေါသကြီးခဲ့တာလဲဆိုတော့ လိုချင်နေတဲ့အရာတွေအရမ်းများခဲ့တာကြောင့်ဆိုပီး ခုချိန်မှာ သိလိုက်ရတယ်😌
ကိုယ်မျှော်လင့်နေတဲ့အရာတွေ ထင်သလိုဖြစ်မလာတော့ လိုချင်မှု(လောဘ)ကြောင့် ဒေါသဆိုတာဖြစ်ရတယ်🖤
ခုချိန်မှာ ကိုယ်တွေးမိတဲ့ အရာလေးတစ်ခုက
တခြားသူတွေဆီက ဘာရမလဲဆိုတာထက် ကိုယ်ကပဲ ဘာပေးနိုင်မလဲဆိုတဲ့အရာကို တွေးလိုက်တဲ့အခါမှာ အတွေးလေးနဲ့တင် စိတ်အေးချမ်းသွားတယ်🌿
ကိုယ့်ကိုယ်ကို အကောင်းဆုံး​ပြုစုပျိုးထောင်ဖို့ ခရီးစဥ်လေးစတင်ပါပီ❣

14/04/2026

နှစ်သစ်ဆုတောင်း🙏

နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ မျောပါပါစေ💦
နှစ်သစ်မှာ စိတ်နှလုံးငြိမ်းချမ်းခြင်းကို ရှာဖွေတွေ့ရှိပါစေ🍀
ဘေးအန်တရယ်ကင်းဝေးပြီး ကျန်းမာခြင်းတွေ ပိုင်ဆိုင်ပါစေ💕
လှပတဲ့အရာတွေနဲ့ ဘဝကို ပြန်လည်တည်ဆောက်ဖို့ခွန်အားသစ်တွေ ရရှိကြပါစေ⭐🌿

12/03/2026

လှပတဲ့စိတ်ဉယျာဉ်လေးဖြစ်ဖို့🌸🌿

​ကိုယ်စီမှာ "ကိုယ်ပိုင်စိတ်" ဆိုတဲ့ ဥယျာဉ်လေးတစ်ခုစီ ရှိကြပါတယ်။
ဒီဥယျာဉ်လေးဟာ စိမ်းလန်းစိုပြေနေဖို့၊ လှပတဲ့ပန်းတွေ ပွင့်လန်းနေဖို့ဆိုရင် ကျွန်မတို့ကိုယ်တိုင်ကပဲ တစိုက်မတ်မတ် ဂရုစိုက်ပျိုးထောင်ဖို့ တာဝန်ရှိပါတယ်။
​✨ ကိုယ့်ရဲ့စိတ်ဥယျာဉ်လေးကို လှပအောင် ဘယ်လိုစိုက်ပျိုးမလဲ ✨
​ဒီအချက်လေးတွေနဲ့ ဒီနေ့ပဲ စတင်လိုက်ပါ-
1.​🌿 သတိရှိရှိ ​​ပေါင်းပင်နူတ်ပါ:
ကိုယ့်ရဲ့ "အတွေး" တွေကို အမြဲသတိထားပါ။ စိတ်ဓာတ်ကျစေတဲ့၊ အဆိုးမြင်တဲ့ အတွေးတွေဝင်လာတိုင်း၊ ဒါဟာ ဥယျာဉ်ထဲက ခြုံနွယ်ပိတ်ပေါင်းတွေလို့ သဘောထားပြီး ချက်ချင်းဖယ်ရှားပစ်ပါ။
2.​💧 အကောင်းမြင်စိတ်နဲ့ ရေလောင်းပါ:
"အကောင်းမြင်စိတ်" ဆိုတာ စိတ်ဥယျာဉ်အတွက် အရေးကြီးဆုံး ရေအရင်းအမြစ်ပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ကောင်းကွက်ကို ရှာဖွေပြီး ကိုယ့်ရဲ့စိတ်ကို အမြဲရှင်သန်လန်းဆန်းနေအောင် လုပ်ပါ။
3.​🧘‍♀️ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပါ:
တရားထိုင်တာ ဒါမှမဟုတ် ခဏတာ စိတ်ငြိမ်ငြိမ်ထားတာက ဥယျာဉ်ရဲ့မြေဆီလွှာကို ပိုမိုကောင်းမွန်စေပါတယ်။ စိတ်တွေ ဟိုရောက်ဒီရောက် ဖြစ်နေတာကို ထိန်းချုပ်ပြီး၊ ပိုပြီး တည်ငြိမ်ရင့်ကျက်တဲ့ စိတ်နေစိတ်ထားကို တည်ဆောက်ပါ။
4.​☀️ ကျေးဇူးတင်တတ်တဲ့ ပန်းပွင့်လေးတွေကို ပွင့်လန်းစေပါ:
ကိုယ့်မှာရှိတဲ့အရာတွေ၊ ကိုယ်ရရှိတဲ့ အခွင့်အရေးလေးတွေအတွက် "ကျေးဇူးတင်တတ်တဲ့စိတ်" မွေးမြူပါ။ အဲဒီကျေးဇူးတင်စိတ်တွေက ကိုယ့်ဥယျာဉ်​လေးကို အလှပဆုံး ပန်းပွင့်လေးတွေလို လင်းလက်စေပါလိမ့်မယ်။
5.​🚫 ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ခြင်းဆိုတဲ့ ပိုးမွှားတွေကို ဖယ်ရှားပါ:
ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ သူများတွေနဲ့လည်း နှိုင်းယှဉ်မနေပါနဲ့။ ဒီလိုလုပ်တာဟာ ကိုယ့်ဥယျာဉ်ကို ကိုယ်တိုင် ဖျက်ဆီးနေတာနဲ့ တူပါတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ဥယျာဉ်ကိုပဲ အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။

​ကိုယ့်ရဲ့ စိတ်ဥယျာဉ်ကို လှပအောင် စိုက်ပျိုးပျိုးထောင်ခြင်းက ကိုယ့်ဘဝကို ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတွေနဲ့ ပြည့်စုံစေပါလိမ့်မယ်။
​🌿 Happy Gardening, Everyone! 🌿
​

10/03/2026

ကိုယ့်ကိုယ်ကို တန်ဖိုးထားချစ်တတ်လာဖို့💕🌿

ယုတို့ရဲ့ဘဝမှာ ရှိနေတဲ့အရာတွေအတွက်
ကျေးဇူးတင်တတ်ဖို့(Gratitude)ပါပဲ။
မနက်နိုးလာရင် အသက်ရှင်ခွင့်ရနေသေးလို့
ကျေးဇူးတင်တာမျိုး၊စားစရာရှိနေလို့ ကျေးဇူးတင်တာမျိုး၊ကိုယ့်ချစ်ရတဲ့မိသားစုတွေ ရှိနေတာ၊သူငယ်ချင်းတွေ ရှိနေတာ​ကိုလည်း ကျေးဇူးတင်ရပါမယ်။🌿

ဒီလိုမျိုး ယုတို့ဘဝထဲမှာ ရှိတဲ့အရာ အသေးအမွှားလေးတွေကအစ ကျေးဇူးတင်တတ်လာတဲ့အခါ ကိုယ်တိုင်လည်း စိတ်ပေါ့ပါးပြီး ပျော်ရွှင်လာသလို၊ကိုယ့်ကိုယ်လည်း ပိုနားလည်ပြီး တန်ဖိုးထားချစ်တတ်လာမှာ အသေအချာပါပဲ။💕🍀
ကျေးဇူးတင်တဲ့အခါမှာတော့ ယုတို့ရင်ထဲကနေ လှိုက်လှဲ ကျေးဇူးတင်တတ်ရပါမယ်နော်😊

ဒါကြောင့်မို့လို့ စိတ်ပျော်ရွှင်ပြီး တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့နေ့ရက်တိုင်းကို ကျေးဇူးတင်စိတ်နဲ့ပဲ ဖြတ်သန်းကြမယ်နော်🌿🤍

08/03/2026

"ပန်းလေးတွေလို လှပတဲ့အသိအမြင်ကောင်းတွေ မျှဝေပေးမယ့် Yu's Mindset Garden လေးမှ ကြိုဆိုပါတယ်ရှင့်🌸
လောကကြီးကို ပန်းလေးတွေနဲ့ အလှဆင်သလိုပဲ
ယုတို့ရဲ့အတွေးအခေါ်တွေကိုလည်း အပြုသဘောဆောင်တဲ့အလှတရားတွေနဲ့ ဖြည့်ဆည်းကြမယ်နော်🌿🤍
💫

Category

Website

Address

Monywa

Alerts

Be the first to know and let us send you an email when Yu's Mindset Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Monywa.