Sandi online store

Sandi online store

Share

Cosmetic/skin care & dress

09/10/2026

အသင့်ရှိ 💕💕

🐼 Old but Gold 🐼

You တို့တော့မသိဘူး … You တို့ကိုသာ မျက်လုံးတဝိုက်က အသာအရေးလေးကို ဂရုစိုက်ဖို့ Eye Cream လိမ်းကျစို့ ဘာညာတွေသာ အော်နေပြီး ကံယာကံရှင် အိုင်ကျွန်ုပ် သားဖြိုးကတော့ Eye cream ကို လိမ်းလိုက်မလိမ်းလိုက်နဲ့ မလိမ်းဖြစ်တာများတယ် ဟီးဟီး 😁

ခုတစ်လော အိပ်ရေးပျက်တာတွေများပြီး အဝိစိရောက်နေတဲ့ မျက်တွင်းကိုတော့ အိပ်ရေး၀၀ အိပ်ပြီးဆွဲတင်လို့ ရခဲ့ပေမယ့် ညိုမဲနေတဲ့ မျက်ကွင်းကြီးကတော့ Eye Cream မှလွဲ၍ အားကိုးစရာမရှိ။

သုံးလက်စ MARY & MAY ရဲ့ Eye Cream လေးကို ပြန်တွေ့လိုက်တဲ့ အချိန်မှာ ရွှေတွေ့လိုက်သလိုပဲ ပျော်မိတယ်။ အနာနဲ့ ဆေး ကွက်တိပဲဆိုတဲ့ စိတ်နဲ့ သုံးလိုက်တာ ….။

သူက ထွက်တာတော့တော်တော်ကြာပေမယ့် သားဖြိုးက သေချာသုံးကြည့်ပြီး Wow ဖြစ်သွားလို့ ပြန်လာပြီးဖောက်သည်ချတာကွာ။

[Honest Review] MARY & MAY TXA+Gluta Eye Cream

MARY & MAY ရဲ့ Eye cream က မျက်ကွင်းညိုတာ နဲ့ မျက်ဝန်းတဝိုက် အသားရေခြောက်ပြီး Tired Eye ဖြစ်တာတွေကို သိသိသာသာ သက်သာစေတဲ့ Eye Cream ဖြစ်တယ်။ ၁ပတ်ကျော်ကျော် ၂ပတ်ဝန်းကျင်နဲ့တင် ခြောက်ပြီး ညိုနေတဲ့ မျက်ဝန်းက ပြုံးလိုက်တိုင်း အသက်ပါပြီး လင်းလာစေတဲ့ Eye Cream မျိုးကွာ။

မျက်လုံးတဝိုက်အရေးအကြောင်း၊ မျက်အိတ်ဖောင်းတာ ဘာညာအတွက်ဆိုရင် သူ့ကို မသုံးနဲ့။ အရေးအကြောင်းသက်သာတာ ဘာညာကိုတော့ သားဖြိုးလည်းသုံးနေတဲ့အချိန်မှာ မသိသာခဲ့လို့ Fasle Hope မပေးချင်ဘူး။

Panda Eyes ပိုင်ရှင်တွေဆိုရင် သုံးကိုသုံးကြည့်ဖို့ Highly Highly Recommend လုပ်တယ်။

သူ့ထဲမှာ ပါတဲ့ Ingredient တွေက Glutathione, Tranexamic Acid, Niacinamide & Vitamin C တို့က Main Ingredient တွေဖြစ်တာမို့ ညိုတာတွေ မသက်သာမှာ မပူနဲ့ အိုကေ!

ညိုနေတဲ့ မျက်ဝန်းက Color corrector, Concelar ဘယ်လောက်သုံးသုံး သုံးတုန်းခန လင်းတာမို့ ခုလိုမျိုး Brightening အတွက် ထိထိရောက်ရောက်ပေးတဲ့ Eye Cream လေးတွေကိုသုံးစေချင်တယ်။

မျိုးရိုးလိုက်တာမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ညိုတဲ့မျက်ဝန်းအတွက် Eye Cream ကို Recommend ပေးပါဆိုရင် ဒီ MARY & MAY ကိုပဲ ညွှန်းပေးမယ်။ ခုလည်း ညွှန်းမယ်၊ နောက်လည်း သူ့ကိုပဲ ညွှန်းဖြစ်မယ်။

ဘာလို့လဲဆိုတော့ Panda Eyes အတွက် ထိရောက်တဲ့ Eye Cream ဖြစ်နေလို့ပဲ။ “Believe in Truth”!

09/10/2026

အသင့်ရှိ ❤️

💗 Vaseline Lip Therapy Rosy Lips Review 💗

ဒီဟာလေးကိုတော့ တော်တော်များများသိပြီးသားဖြစ်မှာပါ💁‍♀️

ငြိမ်းလည်း သုံးလာတာ ၅ ဗူးလောက်ရှိပြီ၊ အခွံတွေလွှင့်ပစ်မိလို့ အခုမှပဲ Review ရေးဖြစ်တော့တယ်🤦‍♀️

ငြိမ်းလိုမျိုး ဆောင်းတွင်းမှ မဟုတ်ပဲ ၁၂ လရာသီလုံး နှုတ်ခမ်းခြောက်ပြီး အဖတ်လန်တတ်တဲ့သူတွေ၊ Matte Lipstick အမြဲဆိုးလို့ နှုတ်ခမ်းခြောက်တတ်တဲ့သူတွေဆို ဒီလို Lip Care လေးတစ်ဗူးတော့ ဆောင်ထားသင့်တယ်နော် 👄

ဒီ Vaseline Rosy Lips လေးမှာ Almond Oil နဲ့ Petrolatum အဓိကပါဝင်တယ် 💁‍♀️
🌰 Almond Oil က နှုတ်ခမ်းခြောက်တာ၊ ကွဲတာ၊ အဖတ်လန်တာတွေကို သက်သာစေပြီး နူးညံ့စိုပြေစေတယ်
💧 Petrolatum ကတော့ အစိုဓာတ်မဆုံးရှုံးအောင် ထိန်းပေးလို့ နှုတ်ခမ်းလေး စိုစိုအိအိဖြစ်နေစေတယ်

အရောင်ကလည်း ပန်းရောင်သန်းသန်းလေး ဆိုတော့ Lipstick မဆိုးချင်တဲ့နေ့တွေမှာ သူ့တစ်မျိုးတည်း လိမ်းထားလည်း သဘာဝဆန်ဆန် စိုစိုပြောင်ပြောင်လေး ပြီးတော့နှုတ်ခမ်းသားညိုတာ မဲတာတွေကိုလဲ သက်သာစေတယ် 🙆‍♀️

အနံ့ကလည်း နှင်းဆီနံ့သင်းသင်းလေးပဲ 🌹

ငြိမ်းကတော့ ညအိပ်ရာဝင်တိုင်း လိမ်းဖြစ်ပြီး အပြင်မသွားတဲ့နေ့တွေဆို တစ်နေ့လုံး သူ့ကိုပဲ လိမ်းထားတယ် 🙇‍♀️

တစ်ခုပဲ… ဘူးအဖုံးဖွင့်ရတာ တကယ်ဂယက် 🤷‍♀️ Lip Balm လိမ်းဖို့ထက် ဘူးဖွင့်ဖို့ ပိုအားစိုက်နေရသလိုပဲ

ဒါကလွဲရင်တော့ စွဲသုံးဖြစ်တဲ့အထိ သဘောကျလို့ နှုတ်ခမ်းခြောက်တတ်တဲ့သူတွေကို 100% Recommend ပါ 👄💗

08/10/2026

Underarm (ဂျိုင်းသား) ကို ၃ကြိမ်လောက်သုံးပြီးတာနဲ့ ရှင်းသန့်ကြည် ဖြစ်သွားရော

J🦋 Armpit laser ၁၅ ကြိမ်လုပ်ပြီးပြီဆိုတော့ ဂျိုင်းမွှေးလဲမရှိတော့ clinic မရောက်ဖြစ်တာ ၂လကျော်ပြီ

Clinic ပဲသွားနေတော့ underarm ကို self care မလုပ်ဖြစ်ဘူး
Clinic မရောက်တဲ့ ၂လကျော်မှာ နဲနဲညစ်လာတာနဲ့ ဒါလေးသုံးကြည့်တာ ၃ကြိမ်နဲ့ကို clinic မှာ treatment ယူထားသလို underarm ပြန်ကြည်သွားတာ

အရင် laser ပစ်ထားတဲ့အခံတွေလဲပါမယ် အရမ်းညစ်တဲ့အထိမထားပဲ ပြန် care လို့လဲဖြစ်မယ်ပေါ့နော်
၂/၃ ရက်ခြားလေး ၃ကြိမ်လောက်သုံးရုံနဲ့ ပြန်ကြည်တာဆိုတော့လေ

Cotton pad လေးထဲ ၃ စက်လောက် ထည့်ပြီး ရေချိုးပြီးချိန်မှာ underarm ကိုသုပ်ပေးရုံပါပဲ

08/10/2026

🌙 ညအိပ်လိမ်းဖို့အသင့်တော်ဆုံးနဲ့ အကောင်းဆုံး Lotion
အသားရေကြည်တောက်ရှင်း သူဠေးသမီးအသားရေမျိူးးချင်ရင် ည ရေချိူးပြီး အသားမခြောက်တခြောက်အချိန်မျိူးမှာ များများသာဖို့လ်ိမ်းပေး။

ဘယ်လောက်အများကြီးလိမ်းလိမ်း ချက်ချင်းစိမ့်ဝင်တယ် အဖြူအကြောက်းကြီး အသားေးပေါ်မှမဖြစ်နေဘူး လုံးဝမစီးကပ်ဘူး အနံ့ကလဲ မွှေးကြိုင် နေတာဘဲ၊(အနံ့တော်တော်ကေင်းတယ်)
Niacinamide/ vitamin E /vitamin B5 ပါတာမလို့ လိမ်းသာအိပ် မနက်နိူးလာရင်အသားရေက အိစက်တင်းရင်းနေတာဘဲ။
စျေးဘဲမများတော့ များများသာဖို့လိမ်းပြီးအိပ်
💖

https://shop.tiktok.com/th/pdp/1732834122864953017?_t=ZS-9ANsY7khK6f

08/10/2026

နှစ်မျိုးလုံးရ 💛

Readerတစ်ယောက်ကဒီနှစ်ခုကိုရောပြီးသုံးကြည့်လို့ပြန်ပြီးSharingလုပ်ပေးတာနဲ့လိမ်းကြည့်တာ မဆိုးဘူးမိုက်တယ်။ Raip ကကြတော့သူ့ရဲ့Resultကဆံသားကိုအပေါ်ကနေCoating လုပ်ပြီးပြောင်ပြောင်လေးဖြစ်စေတာ ဆံသားကိုDeep moisturizing မဖြစ်စေဘူး။ Pantene ကကြတော့ဆံသားကိုပြောင်ပြောင်ဝင်းဝင်းမဖြစ်စေဘူး ဒါပေမဲ့ဆံသားကိုအိပြီးဝပ်သွားစေတာ။ ဆိုတော့သူတို့နှစ်ခုရဲ့ကောင်းချက်တွေကပြောင်းပြန်ဖြစ်နေတော့ပေါင်းလိမ်းလိုက်တဲ့အခါPerfectဖြစ်သွားတဲ့သဘောမျိုးပဲ။ နှစ်ခုကိုရောပြီးမလိမ်းချင်လည်းရတယ်။ Han ကတော့ခေါင်းလျှော်ပြီးတာနဲ့Pantene ကိုအရင်လိမ်းတယ် Dryer မှုတ်ပြီးဆံပင်မခြောက်တခြောက်အနေအထားမှRaipကိုထပ်ပြီးလိမ်းပါတယ်။ Result ကတော့ဝိုးပါပဲနော် Try ကြည့်ပါ🫶🏻

Photos from Sandi online store's post 08/10/2026

✨Sensitive Skin ပိုင်ရှင်လေးတွေရေ…Cleansing Water
ရွေးချယ်ရခက်နေရင်တော့ …
“B5 Hyaluronic Acid : Cleansing Water” လေး ရှိနေပြီနော်။😍

💙Deep Cleansing Care မို့ ချွေးပေါက်အတွင်းထဲရှိည
ဖုန့်မှုန့်နဲ့ Skincare…Suncream အကြွင်းအကျန် တွေကို
ဖယိရှားပေးပါတယ်။

💙Moisturizing Factors တွေပါလို့ သုံးပြီးတိုင်း pH balance ညီပြီး အစိုဓာတ် ထိန်းထားပေးပါတယ်။

💙Soothing care လည်းပေးသေးတာမို့ ဝက်ခြံနဲ့အဆီဖုသေးလေးတွေကြောင့် ယောင်ယမ်းနေတာကိုပါ…သက်သာစေပါတယ်။

အနူးညံ့ဆုံးနည်းလမ်းနဲ့…makeup & Skincare အကြွင်းအကျန်တွေကို ဖယ်ရှားဖို့ဆို
“B5 Cleansing Water” လေးကို သတိရလိုက်နော်။😍

Price : 320B (550ml)

Photos from Sandi online store's post 08/10/2026

JM Solution ကနေ အသစ်ထွက်ရှိလာတဲ့
500ml

Price 31500ks

တစ်နေ့တာလုံး လိမ်းထားတဲ့ Makeup တွေ၊ Suncream တွေအပြင်
အသားအရေထဲ ပိတ်ဆို့နေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို
အသားအရေ ထိခိုက်မှုမရှိဘဲ
အတွင်းပိုင်းအထိ နက်ရှိုင်းစွာ သန့်စင်ပေးမယ့် Cleansing Water လေး

ထူးခြားချက်ကတော့...

Prime Gold Effect ပါဝင်လို့ အသားအရေကို သန့်စင်ပေးရုံတင်မကဘဲ အရေးအကြောင်းတွေကို သက်သာစေပြီး၊ ပိုမိုတင်းရင်း နုပျိုဝင်းပလာစေမှာ ဖြစ်ပါတယ်။

Photos from Sandi online store's post 08/10/2026

JM ကိုတော့ Cleansing Water ဆိုရင် တကယ်အားရတယ် လို့ ခံစားမိတယ်

Budget Save ဖြစ်ပြီး သုံးရတာ တန်တယ်
Cleansing အားလည်း အတော်လေးကောင်းပြီး
အသားအရေမှာ စပ်ဖျင်းတာ ၊ ယားယံတာ ၊ ဝက်ခြံပိုဆိုးစေတာမရှိဘူး
ငုံးရှေ့မှာ ပထမဆုံးသုံးခဲ့တာက သူတို့ဆီမှာ နောက်ဆုံးထွက်ခဲ့တဲ့
Centella Care Rescue သုံးခဲ့တာ အခုတော့
“ ဆေးလုံး ” ဆိုပြီး နာမည်ကြီးတဲ့ ဒီ Derma Care Centella လေးကို
Try ကြည့်နေတာ ဒါလေးလည်း အဆင်ပြေသားပဲ

🌵 Cleansing အားကောင်းတယ် ငုံးကတော့
Sunscreen + Tinted Sunscreen လောက်ပဲ လိမ်းတော့
Cotton Pad 2 ရွက်လောက်ဆို လုံးဝကိုပြောင်စင်သွားပြီ

🌵 စစသုံးချင်း တစ်ရက်မှာတော့ စပ်ချင်သလိုလိုဖြစ်ပေမယ့်
မတည့်တာလား စိတ်ပဲထင်တာလားသေချာသိရအောင်
ဆက်တိုက်သုံးလာခဲ့တာ အဆင်ပြေတယ် မစပ်တော့ဘူး

🌵 ဝက်ခြံပျောက်မှာ ၊ သက်သာမှာ မဟုတ်သလို
ဝက်ခြံမထွက်အောင် ထိန်းပေးနိုင်မှာလည်းမဟုတ်ဘူး
( Cleansing မနိုင်လို့ထွက်တဲ့ဝက်ခြံဆိုရင်တော့
Cleansing သေချာလုပ်ပေးတဲ့အခါ သက်သာမှာပေါ့နော် )

🌵 Alcohol လည်းမပါသလို Fragrance ပါပေမယ့်
သိပ်မသိသာဘူး နည်းနည်း soapy ဖြစ်တဲ့ဘက်သွားတယ်
သေချာမရရအောင် ရှူကြည့်မှပါ 🤣

🌵 Pump နဲ့ကိုတော့ ငုံးမကြိုက်ဘူး
အရင်တစ်ခါကလည်းပြောခဲ့သေးတယ် ဖိလိုက်ရင်
မလိုအပ်ဘဲ အရည်တွေစင်ပြီး အပြင်ထွက်ကုန်တယ်

🌵 ဘူးကြီးတယ် ၊ ဈေးလည်းသက်သာလို့ သုံးရတာတန်တယ်

Price 31000ks

Photos from Sandi online store's post 08/10/2026

Cleansing Water ဘူးအကိတ်ကြီးဖြစ်တဲ့ 500ml ဆိုဒ်ရောက်ထားပြီနော် 💕

Jm solution H9 Cleansing Water 500ml
For Dry Skin 💕

Price 29500ks

Telephone

Website

Address

Myawadi

Alerts

Be the first to know and let us send you an email when Sandi online store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Myawadi.