Hnin Shwe Yi

Hnin Shwe Yi

Share

အမြဲနုပျိုလန်းဆန်း​နေပြီး လှပ​နေဖိ

Photos from အိမ်ပုံစံ လှလှလေးများ's post 31/01/2023
17/11/2022

ဘိလပ်မြေဖျော်စပ်နည်းအချိုးသိချင်
တဲ့ညီကိုတွေအတွက် ပြန်တင်ပေး
လိုက်ပါတယ်းး လိုအပ်ရင် copy
ယူပီး ဖုန်းnotebookလေးထဲ
Saveပီးသိမ်းထားပေါ့းးကိုနားမလည်
တဲ့အခါပြန်ဖတ်ကြည့်လို့ရပါတယ်
ကျတော်လဲအဲလိုလေးပဲအမြဲသိမ်းထား
ပါတယ်းး

ဘိလပ်မြေနှင့် သံချောင်း တွက်နည်း”

=========================

ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ
မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။

မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။
ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

"ကုဗကျင်း"
======

- ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

- ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့
ကွန်ကရစ်လောင်းခြင်းတို့
မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။

- ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင်
ကုဗကျင်းထွက်လာပါပြီ။

- မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

- 1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်
သဲကျင်းဝက် ကျောက် ၁ ကျင်း

- 1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်
သဲကျင်းဝက် ကျောက် ၁ ကျင်း

- 1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်
သဲကျင်းဝက် ကျောက်၁ ကျင်း

- အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊
ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။

- အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။

"စကွဲယားကျင်း"
=========

- စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။

- ၄လက်မခွဲ အုတ်စီခြင်း
ဆေးသုတ်ခြင်းတို့
အမိုးမိုးခြင်းတို့
ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

- နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ
အုတ် ၅၅၀ လုံး

- 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း

"သံချောင်း"
======

- သံချောင်းတစ်ချောင်းဟာ ဆိုဒ်မှန်ပါကပေ ၄၀/ ၁၂ မီတာရှိရပါတယ်။
သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။

တစ်တန်မှာရှိရမယ့် အချောင်းရေက

- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။

"ဘိလပ်မြေ"
=======

- ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး
အိတ်၂၀ ဟာ ၁ တန်ပါ။

- သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ
အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။

- ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ
သုံးတတ်ပါတယ်။
ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။

အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။
ဆက်သွယ်ချက်က
၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။

1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား

ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ

credit

17/11/2022

18×35 အိပ်ခန်း2ခန်း ရေ မီး ဆေး မျက်နှာကျက် ကြွေပြားအပီးစီး 295သိန်းသာကျသင့်ပါမယ်ခင်ဗျား မွန်ပြည်နယ် ကရင်ပြည်နယ် အတွင်း ဆောက်လုပ်လိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား09258306004 photo crited

Category

Telephone

Website

Address

No. 14 , 1st Thrimyine
Nattalin

Opening Hours

Monday 08:00 - 19:00

Alerts

Be the first to know and let us send you an email when Hnin Shwe Yi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Nattalin.