Swal Taw Learning Centre
Education Centre (on campus and online classes)
19/06/2026
အမှတ်တရလေး တင်ဦးမယ်နော် 🥰
ကျေနပ်ပျော်ရွှင်မှုတွေကို Sharing လုပ်တာပါ 🫶🏻
နောက်ပြီး Online Class တွေ ထိရောက်ပါ့မလား စိုးရိမ်နေတဲ့ ဖေဖေ မေမေ တို့ရေ ဒီကလေးလေးက Online တက်ရင်းစာကို အရမ်းကြိုးစားသူလေးပါနော် 🫶🏻
ခုကတော့ ကလေးလေးတွေရဲ့ မေမေတွေ ဖုန်းဆက်၊ စာပို့ပြီး အားပေးစကားပြောကြတာတွေကို သိပ်မတင်ဖြစ်ပေမဲ့... ဒီနေ့ message လေးကတော့ အရမ်းကို ပီတိဖြစ် ဝမ်းသာရလွန်းလို့ မမျှဝေဘဲ မနေနိုင်တော့တာပါ 🫶🏻
ဒီကလေးလေးက Swal Taw Learning Center စဖွင့်ကတည်းက စပြီး Join ခဲ့တာပါ။ Language အတွေ့အကြုံ လုံးဝ (လုံးဝ) မရှိခဲ့တဲ့ ကလေးလေးကို (၁) နှစ်မပြည့်သေးတဲ့ အချိန်ကာလအတွင်းမှာ ယုံကြည်မှုအပြည့်နဲ့ စိတ်ချလက်ချ အပ်နှံပေးခဲ့တဲ့ ဖေဖေ မေမေတို့ကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်။
အခုလို အတန်းထဲက (၅)ခန်း ၊ တစ်ခန်းချင်းစီ ရဲ့ အတော်ဆုံးတွေချည်း ပြိုင်ကြတဲ့အထဲမှာ အမှတ်အများဆုံးရအောင် ကြိုးစားပြခဲ့တဲ့ သမီးလေးကိုလည်း တီချယ်တို့က အများကြီး ဂုဏ်ယူသလို၊ ကျေးဇူးလည်း တင်ပါတယ်ကွယ်။ 🥰👏
ကလေးတို့ရဲ့ အောင်မြင်မှုက တီချယ်တို့ရဲ့ ခွန်အားတွေမို့... ရှေ့ဆက်ပြီးတော့လည်း အများကြီး ကြိုးစားသွားပါဦးမယ်ရှင်။ ❤️
Swal Taw Learning Center
No.135, Sanpya2nd Street, Kinmalinkyune, Pathein.
09750052021,09750050521
17/06/2026
15 Minutes of Pure Happiness! ⏰🍕✨
စာသင်ရုံသက်သက်ပဲဆိုရင် ကလေးတွေ ပျင်းသွားမှာပေါ့! ဒါကြောင့် Sunday တိုင်းမှာ 15 mins အချိန်ပေးပြီး ကလေးတွေနဲ့အတူ Fun Learning Activity လေးတွေ အမြဲလုပ်ဖြစ်ပါတယ်။
ဒီနေ့ရဲ့ Pizza Craft လေးတွေလုပ်ပြီး ဂုဏ်ယူဝင့်ကြွားနေကြတဲ့ ကလေးတို့ရဲ့ Mini Artist လက်ရာလေးတွေကို ပုံလေးထဲမှာ ရှုစားပေးပါဦးရှင်။ 👩နိုင်ငံကျော် ပန်းချီဆရာကြီးတွေကျလို့! 😂🎨
ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံးတွေ သင်ယူသွားကြရအောင်နော် ကလေးတို့ရေ... ❤️
Swal Taw Learning Center
No.135, Sanpya2nd Street, Kinmalinkyune, Pathein.
09750052021,09750050521
ကျွန်မတို့ Swal Taw Learning Center နဲ့ Edu Hub ( YGN) တို့ရဲ့ MOU Signing Ceremony နှင့်အတူ Annual Certificate Awarding Ceremony ကို January,2026 မှာ ကျင်းပပြုလုပ်ဖြစ်ခဲ့တဲ့ အမှတ်တရလေး တင်ပေးလိုက်တာပါရှင့် 🥰
အမှတ်တရလေးတွေ ဖန်တီးရင်း အမြဲကြိုးစားလျက် …..
#
Swal Taw Learning Center ရဲ့ Completion Certificate လေးကို ကျောင်းသား/သူလေးတွေ၊ မိဘအုပ်ထိန်းသူတွေရဲ့ စိတ်ကျေနပ်မှုနဲ့ ယုံကြည်မှု အပြည့်အဝရရှိစေဖို့အတွက် အသေးစိတ်အချက်အလက်လေးတွေကို အသေအချာ ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်သွင်းပုံဖော်ပေးထားတာ ဖြစ်ပါတယ်ရှင်။ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးပေးထားတဲ့ အချက်လေးတွေကို ချစ်စနိုးနဲ့ ပြောပြပေးပါရစေနော်...
1. Company Registration Number: သင်တန်းကျောင်းရဲ့ တရားဝင်ရပ်တည်မှုကို ပြသဖို့အတွက် ကုမ္ပဏီမှတ်ပုံတင်အမှတ်ကို သေချာလေး ထည့်သွင်းပေးထားပါတယ်။
2. Student ID (Level အလိုက်): ကလေးတို့ရဲ့ တက်ရောက်တဲ့ Level အလိုက် သီးသန့်ခွဲခြားထားတဲ့ Student ID နံပါတ်လေးတွေ စနစ်တကျထည့်သွင်းထားပါတယ်။
3. ကျောင်းရဲ့ Official Logo (အပွင့်အသားတံဆိပ်): Swal Taw Learning Center ရဲ့ ကိုယ်ပိုင် Logo လေးကို အသားတံဆိပ် (Embossed Seal) လေးအဖြစ် ငွေရောင်တောက်တောက်လေးနဲ့ သေသပ်လှပစွာ ရိုက်နှိပ်ပေးထားလို့ ဂုဏ်ယူစရာ လက်မှတ်လေးတစ်ခု ဖြစ်နေမှာပါ။
4. Individual Qualifications - QR Code
ကျောင်းသား/သူ တစ်ဦးချင်းစီရဲ့ အောင်မြင်မှုနဲ့ အရည်အချင်းကို အလွယ်တကူ စစ်ဆေးနိုင်ဖို့ QR Code စနစ်လေး ထည့်သွင်းပေးထားပါတယ်။
ဒီ QR Code လေးကို Scan ဖတ်လိုက်ရုံနဲ့ ကလေးတို့ရဲ့ 4 Skills (Listening, Speaking, Reading, Writing) အပြင် Attendance (ကျောင်းတက်မှန်ကန်မှု) ကိုပါ အရည်အချင်းစစ်ဆေးချက် ရလဒ် ရာခိုင်နှုန်း (%) လေးတွေနဲ့ အသေးစိတ် တိတိကျကျ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
👉မိဘတွေအနေနဲ့လည်း ကလေးရဲ့ တိုးတက်မှုကို အကဲဖြတ်ရလွယ်ကူပြီး စိတ်အေးချမ်းသာမှု ရစေဖို့ မျှော်လင့်ပါတယ်ရှင့် 😍
📍ဒီလို အချက်အလက်လေးတွေကို တစ်ခုချင်းစီ စေ့စေ့စပ်စပ်နဲ့ ချစ်စဖွယ် ပုံဖော်ပေးထားတာမို့ Swal Taw ရဲ့ Certificate လေးကို ရရှိတဲ့ ကလေးတိုင်းအတွက် တကယ်ကို တန်ဖိုးရှိပြီး ဂုဏ်ယူစရာ အမှတ်တရလေး ဖြစ်နေဖို့ကိုလည်း အလေးအနက်ထားမျှော်လင့်ပါတယ်ရှင့် 🥰✨
အမြဲကြိုးစားလျက် 🙏
🏡အမှတ် ၁၃၅၊ စံပြ(၂)လမ်း၊ ကင်မလင်းကျွန်း၊ ပုသိမ်မြို့။ 09750052021,09750050521
ပညာရေးက ဘဝအတွက် အရေးကြီးဆုံးအရာ တစ်ခုဖြစ်ပါတယ်။ 💡
အရေးပါလှတဲ့ ပညာရေးကို အကောင်းဆုံးလေ့လာနိုင်ဖို့နဲ့ International Education နဲ့ International Careers အသီးသီးမှာ အကောင်းဆုံးရပ်တည်နိုင်ဖို့အတွက် English Language ရဲ့ အရေးပါပုံကို Tr. Mave ရဲ့ အနည်းငယ်ဆွေးနွေးမှုလေး အမှတ်တရ တင်ပေးလိုက်ပါတယ်ရှင့် 🥰
Tr. Mave နဲ့အတူ ပညာရေးလောကကို တူတူလှမ်းကြည့်ကြရအောင်။ 👇
Let’s listen together “ How important is English!”
English
11/06/2026
မင်္ဂလာပါ ဖေဖေ မေမေရေ 🥰
သားသားမီးမီးတို့အတွက် ဖွင့်လှစ်မယ့် Level အလိုက် အင်္ဂလိပ်စာအတန်းများတွင် ကလေးတစ်ဦးချင်းစီကို ပိုမိုထိရောက်စွာ ထိန်းကျောင်းနိုင်ရန် တစ်တန်းချင်းစီမှာ Class Size (၇) ဦးစီဖြင့်သာ ဖွဲ့စည်းထားပါတယ်။
အချို့အတန်းများ လူပြည့်သွားပြီဖြစ်ပြီး လက်ရှိ ထပ်မံလက်ခံပေးနိုင်သည့် နေရာများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -
📍Phonics - 1 | 9:00-10:30 AM ➜ Available: 2
📍 Phonics - 2 | 9:00-10:30 AM ➜ Available: 3
📍Pre-Movers (2) | 4:30-6:00 PM ➜ Available: 2
📍Grammar & Speaking (1) | 1:00-2:30 PM ➜ Available: 2
(Pre-Movers - 1 နှင့် Starters အတန်းများ လူပြည့်သွားပါပြီ)
ကျန်ရှိသည့် နေရာလေးများမှာ အကန့်အသတ်ရှိသဖြင့် မိမိတို့တက်ရောက်လိုသည့် အတန်းအချိန်များကို အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။ 🌟
Swal Taw Learning Center
No.135, SanPya2nd Street, Kinmalinkyune, Pathein.
09750052021,09750050521
08/06/2026
🎒 Uniform Day လေးမှာ ဆင်တူဝတ်လို့ အပြိုင်လေ့လာနေကြတဲ့ တို့ရဲ့ သားသားမီးမီးများ 🎒
Swal Taw Learning Center ရဲ့ Uniform လေးတွေ ကိုယ်စီဝတ်ဆင်ပြီး စာသင်ခန်းထဲမှာ တက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူနေကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံရိပ်လေးတွေက တကယ့်ကို ချစ်စရာလေးတွေပါပဲရှင်။
ပုံတွေထဲကလိုပဲ တစ်ယောက်ကိုတစ်ယောက် ကူညီရင်း၊ ဆရာမတွေရဲ့ လမ်းညွှန်မှုအောက်မှာ စည်းစည်းလုံးလုံးနဲ့ ကြိုးစားနေကြတဲ့ ဒီရင်သွေးငယ်လေးတွေဟာ ကျွန်တော်တို့စင်တာရဲ့ ဂုဏ်ဆောင်လေးတွေ ဖြစ်လာမှာ အသေအချာပါပဲ။ 🥰
သားသားမီးမီးတို့အားလုံး ပညာရေးမှာ ထူးချွန်ပြီး လိမ္မာသိတတ်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်ကြဖို့လဲ ရည်မှန်းမျှော်လင့်ပါတယ်❤️
သားသားမီးမီးတို့ရဲ့ တက်ကြွတဲ့ ခြေလှမ်းတိုင်းကို Swal Taw Learning Center မှ အမြဲတမ်း ချစ်မြတ်နိုးစွာ စောင့်ကြည့်အားပေးနေပါတယ်ခင်ဗျာ။ 🌟
Swal Taw Learning center
No.135, SanPya2nd Street, Kinmalinkyune, Pathein.
09750052021,09750050521
08/06/2026
Grammar and Speaking (3) အတန်းလေးကို Results ကောင်းကောင်းလေးတွေနဲ့အတူ စာမေးပွဲအောင်မြင်ပြီး Certificate လေး ရရှိသွားတဲ့ သားသား ကျော်စိုး နဲ့ သမီးလေး မေမိုးသန့်ဖြူ ကို ဝမ်းသာဂုဏ်ယူကြောင်း ပြောပါရစေရှင့် 🏅🏅🏅
သင်ယူမှုခရီးစဉ်တစ်ခုကို အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ခဲ့လို့ တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ 📜✨
ရှေ့ဆက်အတန်းတွေမှာလဲ တိုးတက်အောင်မြင်မှုတွေ ဆထပ်တပိုး ရရှိနိုင်ပါစေကြောင်းလဲ စွယ်တော်မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
06/06/2026
Swal Taw Learning Center ရဲ့ B-1 (In-person & Online Classes) က ကျောင်းသား၊ ကျောင်းသူတွေရဲ့ Result
ထွက်ရှိမှုကို ဂုဏ်ပြုကြေညာပေးလိုက်ပါတယ်ခင်ဗျာ။ 🎉
🏆ကြိုးစားမှုရဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းအတွက် အဖိုးတန်တဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
🏆ရှေ့ဆက်ပြီးတော့လည်း ဒီထက်မက တော်ပြီးထူးချွန်တဲ့ လူငယ်လေးတွေ ဖြစ်အောင် ဆက်လက်ကြိုးစားသွားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်! တက်ရောက်ခဲ့ကြသူ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ✨
ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီရဲ့ ရလဒ်အသေးစိတ်ကိုတော့ အောက်ပါအတိုင်း ဂုဏ်ယူစွာ ဖော်ပြပေးလိုက်ပါတယ် -
အမှတ် ၁၃၅၊ စံပြ(၂) လမ်း၊ ကင်မလင်းကျွန်း၊ ပုသိမ်မြို့။
09750052021,09750050521
05/06/2026
မေမေ၊ ဖေဖေတို့ရေ... သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာအခြေခံကို အပျော်ဆုံးနဲ့ အထိရောက်ဆုံး ပျိုးထောင်ပေးကြစို့။ 🥰✨
ကျွန်မတို့ Swal Taw Learning Center က အသက် (၅ နှစ်ကနေ ၇ နှစ်) ကြား သားသားမီးမီးတို့အတွက် English Foundation Class (4 Skills) အတန်းသစ်လေး ထပ်မံဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
👉အိမ်ကနေပဲ တက်မလား? အပြင်မှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး သင်မလား?
📌Online ရော In-person (လူကိုယ်တိုင်) ပါ တက်ရောက်နိုင်အောင် အဆင်ပြေပြေ စီစဉ်ပေးထားပါတယ်နော်။ 🌟
🌟ဘယ်အရွယ်တွေ တက်ရမလဲ? 👉အသက် (၅ နှစ်မှ ၇ နှစ်) အတွင်း Young Learners လေးများ
🌟ဘာတွေသင်မှာလဲ? 👉Listening, Speaking, Reading & Writing (၄) ချက်လုံး အခြေခံပိုင်နိုင်အောင် စနစ်တကျ သင်ကြားပေးမှာပါ။
📍သင်တန်းရက် စနေ၊ တနင်္ဂနွေ (Saturday & Sunday)
📍သင်တန်းအချိန် နေ့လယ် ၂:၃၀ - ညနေ ၄:၀၀ နာရီ
📍သင်တန်းကြေးလေးကတော့ 250000MMK
📍သင်တန်းကာလကတော့ 4-5 Months
ကလေးတို့ရဲ့ ကမ္ဘာလေးထဲမှာ ကစားရင်း၊ သင်ယူရင်းနဲ့ အင်္ဂလိပ်စာကို ချစ်မြတ်နိုးသွားစေဖို့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါဦးမေမေတို့ရေ... 💖
📞 Contact Now: 09-750050521, 09-750052021
(အသေးစိတ်ကို Page Messenger ကနေလည်း လာရောက်မေးမြန်းနိုင်ပါတယ်ရှင်)
Swal Taw Learning Center
No.135, SanPya2nd Street, Kinmalinkyune, Pathein.
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Opening Hours
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
