Nwe - Beauty & Health Care

Nwe - Beauty & Health Care

Share

ဆက်သွယ်ရန်
09-686717048(Telegram) or(Viber)orCb📞

Photos from Nwe - Beauty & Health Care 's post 27/07/2025

🌺အစောင့်အရှောက်ကောင်း ရလိုသော်🌺
================================

မိမိကို အစောင့်‌အရှောက်ကောင်း ရလိုပါက
ဒီအချက်တွေ လိုက်နာပါ။

ဗဟုသုတအနေဖြင့် ပြန်လည်မျှဝေလိုက်သည်။

#အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

#ပြန်လည်မျှဝေခြင်းဖြင့်ဓမ္မကုသိုလ်ယူကြပါ

#အရှင်ကောဝိဒ{မကွေး}

Photos from Nwe - Beauty & Health Care 's post 18/07/2025

🌹ပရိတ်ကြီး {၁၁} သုတ် 🌹
ပါဠိ + မြန်မာအသံထွက် ရွတ်ဖတ်နည်း🌻🌺
--------------------------------------------------------------

တရားဓမ္မစာပေတွေ မကြာမကြာပြန်တင်
ပေးပါတယ်။

ဓမ္မမိတ်ဆွေ လူအသစ်တွေအတွက် လိုအပ်ရင်
ပူဇော်ပွားများနိုင်ပါစေ။

မိမိက အလွတ်မ‌တဲ့အခါ လမ်းခရီးဖြစ်စေ
ရေမြေခြား‌ နိုင်ငံခြားရောက်လို့ စာအုပ်မရှိလို့
အဆင်မပြေတဲ့ လူတွေအတွက် အဆင်ပြေအောင်
လို့ ဓမ္မဒါနဖြင့် ပြန်မျှဝေလိုက်သည်။

ပရိတ်ကြီး (၁၁) သုတ် ဆိုတာ
ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူတိုင်း ရထား သင့် တယ်။
တရားဓမ္မစာပေတွေဟာ လေ့လာကျက်မှတ်ထားပါ
မိမိက ညဏ်ကောင်းတဲ့ အချိန် စီးပွား‌လည်းရှာ
အသိပညာ အတတ်ပညာ လေးဖတ်‌လေထောင်ကို
ပြည့်စုံအောင် လုပ်ထားပါ။

အသက်တွေကြီးမှ ဒါတွေ မရှားနဲ့ မလေ့လာနဲ့
မိမိက ငယ်တုန်းကလို့ အသိပညာ ဉာဏ်ရည်ကမှစ
မသန်မာတော့ဘူး။

ဒါကြောင့် မိမိ သန်မာနေချိန် ငယ်တုန်းမှာ
အကုန် လေ့ထားပါ။
အခုချိန်မှ မလေ့ထားရင် အသက်တွေကြီးလာရင်
နောင်တရပါလိမ့်မယ်။

အခုခေတ် လူငယ် လူကြီးတွေကအစ အားနေရင်
ဖုန်းတစ်လုံးနဲ့ အချိန်ကုန် လိုက်တာများတယ်။
တကယ်ကို နှမြောဖို့ကောင်းလိုက်တာ ရခဲလှတဲ့
လူဖြစ်တဲ့ အခိုက်တန်လေးမှာ အချိန်ကမှအစ
တန်ဖိုးထားပါ။

အခုမြင် အခုပျောက်တဲ့ခေတ်မှာ သေခြင်းတရားက
အချိန် ကန့်သတ်မထားဘူး။
ငယ်သေးတယ်လို့ မတွေးနဲ့ ဦးဇင်း နာရေး
ဆွမ်းသွပ်ကြွတိုင်း ငယ်သူတွေက အရင်
သေတာများတယ်။

အားရင် ဂုဏ်တော်ပွားနေပါ စာဖတ်ပါ
စာဖတ်တယ်ဆိုတာက ဗဟုသုတအသိပညာ
ရစေမယ့် စာကိုသာ ဖတ်ပါ။

အချစ်အလွမ်းကဗျာ ဖတ်မယ်အစား
မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားဓမ္မစာကိုသာ
များများဖတ်ပါ လူတွေရဲ့အကြောင်းကို
အရာရာသိတင်မက ကောင်းကျိုးချမ်းသာပါရစေတယ်။

မိမိ ကိုယ့်တိုင်းလေ့လာ ကျင့်သုံးပါက နောက်ဆုံး
နိဗ္ဗာန်ကို လည်း ရောက်နိုင်ပါတယ်။

#အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

#ပြန်လည်မျှဝေခြင်းဖြင့်ဓမ္မဒါနပြုလိုက်သည်

#အရှင်ကောဝိဒ_(မကွေး)

Photos from Nwe - Beauty & Health Care 's post 10/06/2025

#ကိုယ့်ကိုယ်ကိုယ်မေတ္တာပို့ပေးပါ

ပြန်လည်းမျှဝေပြီးပူဇော်ပါ၏🙏🙏🙏🙏🙏

31/05/2025

💢Skincare
အသုံးပြုပုံအဆင့်ဆင့်....

🌄မနက်ပိုင်း

(၁) မျက်နှာသစ်ပါ။
(၂) Toner လိမ်းပါ။
(၃) ပြီးရင်serum လိမ်းပေးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။
(၅) ပြီးရင် နေလောင်ကာ sunscreen လိမ်းပေးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

🌃 ညပိုင်း

ညဖက် Skincare သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။

ဒါပေမယ့် sunscreen နဲ့ makeup လုံးဝမသုံးသင့်ပါ ❌❌

အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။
အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။

📌သတိပြုစရာ အချက်များ📌

(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ အခြား skincare တွေဆက်သုံးပါ။

(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။

(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် ဘာမှမသုံးဘဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်ပါတယ်။

#အလှအပရေးရာ
အသုံးပြုနည်း


#ပန်းသီးစိမ်းမျက်နှာသစ်

27/05/2025

ရှားစောင်းလက်ပတ်နှင့်ပေါင်းတင်နည်းများ

၁။အသားအရေစိုပြေစေရန်ပေါင်းတင်နည်း

ရှားစောင်းလက်ပတ် အနှစ်လေးတွေကို
ဇွန်းနဲ့ခြစ်ယူပြီး ဂျယ်အနှစ်လေးတွေကို မျက်နှာပေါ်လိမ်းပေးပါ

မိနစ် သုံးဆယ်ခန့်ခြောက်သွေ့အောင်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချပါ။

တစ်ပတ် 2 ကြိမ် ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေ စိုပြေတင်းရင်းစေပြီး ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဝက်ခြံထွက်ခြင်း
အသားအရေခြောက်သွေ့ယားယံခြင်း၊အသားအရေရောင်းရမ်းခြင်း များကိုသက်သာစေမှာဖြစ်ပါတယ်

၂။ဝက်ခြံအမာရွတ်နဲ့အမဲစက်အတွက်ပေါင်းတင်းနည်း

ရှားစောင်းလက်ပတ်အနှစ်နဲ့

ခရမ်းချဉ်သီး အစေ့ထုတ်ပြီးသားတစ်လုံးကို
ဓားသန့်သန့်ဖြင့် နုတ်နုတ်ဆင်းပြီး
ရလာသောအရည်ကိုရှားစောင်းလက်ပတ်အနှစ်နဲ့
ဆတူရောပြီး သမအောင် မွှေနှောက်ပေးပါ။

ရလာသောအနှစ်အရည်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။

ဆယ့်ငါးမိနစ်ခန့်ခြောက်သွေ့အောင်ထားပြီး ကြက်သီးနွေးရေလေးနှင့်ဆေးချပါ
တစ်ဖန်ရေအေးအေးလေးနှင့် ပြန်သစ်ကာ
ခြောက်သွေ့သန့်ရှင်းသော တဘက်လေးနဲ့
ခပ်ဖွဖွသုတ်ပေးပါ
လိမ်းနေကျ toner, moisturizerလေးလိမ်းပေးပါ။

တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။

ခရမ်းချဉ်သီးမှာပါတဲ့ အက်စစ်ဓာတ်နဲ့အာဟာရဓာတ်တွေက ဝက်ခြံကြောင့်ဖြစ်တဲ့အမဲစက်တွေနဲ့ဝက်ခြံအမာရွတ်တွေကို ကုသပေးနိုင်ပြီး အသားအရေကို ကြည်လင်သန့်ရှင်းစေပါတယ်။

ရှားစောင်းလက်ပတ်က အသားအရည်ကိုရေဓာတ်ဖြည့်စိုပြေစေပြီး အသားအရေယောင်ရမ်းမှုကိုသက်သာစေပါသည်။

၃။ရှားစောင်းလက်ပတ်အနှစ်+ကြက်ဥအကာပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ်နှစ်ဇွန်းကို
ကြက်ဥအကာတစ်လုံးနဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းပေးပါ။

ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပါ။တစ်ဖန်ရေအေးလေးနဲ့ပြန်ဆေးပါ

တစ်ပတ်နှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ချွေးပေါက်ကျဉ်းကာ အသားအရေစိုပြေစေမှာဖြစ်ပါတယ်။

၄။ရှားစောင်းလက်ပတ်scrubလုပ်နည်း

သကြားခွက် တစ်ဝက်
ရှားစောင်းလက်ပတ်အနှစ် ခွက် လေးပုံတစ်ပုံ
အုန်းဆီခွက်တစ်ဝက် တို့ကိုရောမွှေပါ။

ရလာသောအနှစ်ကို အသားအရည်ပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးခြင်းဖြင့် ဆဲလ်သေဖယ်ရှာပေးသော scrub အဖြစ်အသုံးပြုနိုင်ပါသည်။နှုတ်ခမ်းသားမဲညိုနေခြင်းအတွက်လည်း အသုံးပြုနိုင်သလို ဒူးခေါင်းမဲခြင်း တံတောင်စစ်မဲခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပါသည်။

၅။ဆံသားတောက်ပဖို့အတွက် ရှားစောင်း လက်ပတ်+ဒိန်ချဉ်ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက်
ဒိန်ချဉ်ခွက်တစ်ဝက်
ပျားရည်နဲ့သံလွင်ဆီ တစ်ဇွန်းဆီထည့်ပြီး ခေါင်းလျှော်ပြီးသား ဆံသားမစိုမခြောက်ပေါ် ဦးရေးပြားမှစ၍ ဆံသားအဆုံးအထိလိမ်းပေးပါ။

တဘတ်ကလေးနဲ့ ဆယ်မိနစ်ခန့်ပေါင်းပေးထားပါ။
ဆယ်မိနစ်ပြည့်ရင် တဘတ်ကိုဖြေချပြီး နာရီဝက်ခန့် ထားပြီးမှ ရေပြောင်အောင်ဆေးချပါ။ဒိန်ချဉ်အနံ့ပျောက်ချင် ခေါင်းလျှော်ရည်နည်းနည်းနဲ့ပြန်လျှော်ပေးပါ။တစ်ပတ်တစ်ကြိမ်အသုံးပြုနိုင်ပါသည်။

၆။ဆံသားခြောက်သွေ့ခြင်းအတွက် ရှားစောင်းလက်ပတ်+အုန်းဆီပေါင်းတင်နည်း

အုန်းဆီခွက် တစ်ဝက်
ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက်
ပျားရည်ခွက် လေးပုံတစ်ပုံ တို့ကိုရောမွှေ၍ ခေါင်းလျှော်ပြီးသား မစိုမခြောက်ဆံသားပေါ် လိမ်းပေးပါ။နာရီဝက်ခန့်ထား၍ ခေါင်းလျှော်ရည်အနည်းငယ်နှင့်ပြန်လျှော်ပေးပါ။ဆံသားခြောက်သွေ့ပျက်စီးနေခြင်းအတွက် အလွန်အသုံးဝင်သောပေါင်းတင်နည်းဖြစ်ပါတယ်။တစ်ပတ်တစ်ကြိမ်အသုံးပြုနိုင်ပါသည်။

၈။ဗောက်ပျောက်စေမည့် ရှားစောင်းလက်ပတ်+ပန်းသီးရှာလကာပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက်
ပန်းသီရှာလကာရည် ခွက်လေးပုံတစ်ပုံ
ပျားရည် ခွက်လေးပုံတစ်ပုံ တို့ကိုရောမွှေပြီး ခေါင်းလျှော်ပြီးသား မစိုမခြောက်ဆံသားပေါ်လိမ်းပေးပါ။မိနစ်နှစ်ဆယ်ခန့်ထားပြီး ခေါင်းလျှော်ရည်အနည်းငယ်နဲ့ပြန်ဆေးချပါ။တစ်လ နှစ်ခါ ပုံမှန်အသုံးပြုပေးလျှင် ဗောက်ထခြင်းကိုသက်သာစေမှာဖြစ်ပါတယ်။

၉။အသားအရေကြည်လင်စေမည့် ရှားစောင်းလက်ပတ်အနှစ်+ နနွင်း ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက်
နနွင်း ခွက်လေးပုံတစ်ပုံ
ပျားရည် သုံးဇွန်း တို့ကို သမအောင်ရောမွှေပြီး ရလာသောအနှစ်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။မိနစ်နှစ်ဆယ်ခန့်ထားပြီး ရေအေးနှင့်ဆေးချပါ။အဆီပြန်၍အသားအရေ ညစ်ထေနေခြင်း၊အသားအရည်အမဲစက်များကို သက်သာစေပြီး အသားအရည်ကြည်လင်စေမှာဖြစ်ပါတယ်။တစ်ပတ်နှစ်ကြိမ်အသုံးပြုနိုင်ပါသည်။

25/05/2025

ဒီနည်းလေးကို သုံးလာတာ ၃ နှစ်ရှိပြီး။
၁။ အသက် ၄၀ ကျော်ပေမဲ့ မျက်နှာမှာ မှဲ့ခြောက်၊ အမည်းစက်၊ တင်းတိပ်တွေ မရှိတော့ဘဲ နုပျိုပြီး လူတိုင်းက မေးကြတယ်။ မျက်နှာ လှလာတယ်လို့ပြောကြတယ်။ ဗက်ဆလင် (Vaseline) ကို ရှားစောင်းလက်ပတ်နဲ့ ရောပြီး အသုံးပြုနိုင်ပါတယ်။ 🟢❤️

၂။ အမည်းစက်ရှိတဲ့ နေရာကို ညအိပ်ရာဝင်ခါနီးတိုင်း ပါးပါးလေး လိမ်းပေးပါ။ ဒါမှမဟုတ် မျက်နှာတစ်ခုလုံးကို ၁၅ မိနစ်လောက် ပေါင်းထားပြီးမှ ရေဆေးချပါ။ အသားခြောက်တဲ့သူနဲ့ အသားစပ်တဲ့သူတွေအတွက် အရမ်းကောင်းတယ်။ အသားက ချောမွေ့ နူးညံ့ ဝင်းပ စိုပြေ လာတယ်။ အရမ်းမိုက်တယ်.....! 💚

၃။ မျက်နှာကြည်လင်ဝင်းပပြီး ​ရေဓာတ်ပြည့်ဝပြီး တင်းရင်းစိုပြေလာမယ်။ အရေးအကြောင်းတွေလည်း လျော့နည်းလာမယ်။ မှဲ့ခြောက်၊ အမည်းစက်၊ တင်းတိပ်တွေကို အပြီးပိုင် နှုတ်ဆက်လို့ရပြီး အမြဲတမ်း နုပျိုနေမယ်။ ❤️

၄။ အရင်က ဘာတွေပဲသုံးသုံး အမည်းစက် မပျောက်ဘူးဆိုရင် ဒီနည်းကို စမ်းသုံးကြည့်နော်........။
ကျေးဇူးပါ

MON SOUNG

21/05/2025

မိမိရဲ့ရုပ်ကို စိတ်တိုင်းမကျရင် ဒီအချက် (၄) ချက်နဲ့ ပြောင်းလဲပါ

ဆံပင်အရောင်ပြောင်းတာ၊ ဆံပင်ပုံစံပြောင်းတာ၊ မိတ်ကပ်လိမ်းပုံပြောင်းတာ စတဲ့ပြောင်းလဲမှု သေးသေးက သင့်ရဲ့ရုပ်ရည်ကို ပိုမိုလှပ သွားစေနိုင်ပါတယ်။ လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ရုပ်ရည်နဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျ ဖြစ်နေရင် ဒီအချက် (၄) ချက်နဲ့ စတင်ပြောင်းလဲ ကြည့်လိုက်ပါနော်။

၁။ ဆံပင်အရောင်

သင့်အသားအရေက ရွှေရောင်ဆိုရင် ရွှေရောင်ဖျော့ဖျော့ ဆံပင်အရောင်နဲ့လိုက်ဖက်ပြီး အသားလတ်သူဆိုရင် ချောကလက် အညိုရောင်နဲ့ လိုက်ဖက်ပါတယ်။ သင်က အသားညိုသူ ဆိုရင်တော့ ရွှေအိုရောင်၊ အညိုဖျော့ဖျော့နဲ့ဆို ပိုလှသွားမှာပါ။

အသားလတ်သူတွေက ပယင်းရောင် ဆံပင်နဲ့တော့ မလိုက်ဖက်ပါဘူး။ အသားညိုသူတွေက ဆံပင်အနက်နဲ့လည်း ပေါ်လွင်ပါတယ်။

အသားဖြူသူတွေကတော့ ရွေးချယ်စရာ ပိုများပါတယ်။ ပန်းရောင်၊ ကြေးနီရောင်ကို ရွေးချယ်ရင်လည်း အလှက မပျက်သွားပါဘူး။ အသားအရေက မဖြူမညိုဆိုရင် နီညိုရောင်ကို ပြောင်းဆိုးလည်း လှနေမှာပါ။

၂။ ဆံပင်ပုံစံ

မျက်နှာပုံစံကိုလိုက်ပြီး ဆံပင်ပုံစံတွေကလည်း ရွေးချယ်စရာ အများကြီး ရှိပါတယ်။ ဆံပင်ပါးသူတွေက ဆံပင်အတိုလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်ကို ပိုထူသယောင် ဖြစ်အောင် ဆံပင်ပုံသွင်းပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။

ဆံပင်ထူတဲ့သူတွေကတော့ အတိုလည်း လိုက်ဖက်သလို အရှည်နဲ့လည်း ကြည့်ကောင်းနေမှာပါ။ ဆံပင်အရှည်ထားမယ် ဆိုရင် အထပ်လေးတွေ ဖြစ်အောင်ညှပ်တာ၊ လှိုင်းတွန့်ကြီးတွေဖြစ်အောင် ကောက်တာတွေက သင့်ရဲ့ဆံပင်အလှနဲ့ မျက်နှာအလှကို ပိုပြီးပေါ်လွင် စေပါတယ်။

ဆံပင်ထူပြီး ကြမ်းတဲ့သူတွေက ဆံပင်ကို ခပ်ပါးပါးလေးဖြစ်အောင် ညှပ်ပါ။ ဆံပင်အတိုလေးနဲ့လည်း ဝိုင်းဝိုင်းလေး ညှပ်လိုက်ရင် ကြမ်းတာက သိပ်မသိသာတော့ပါဘူး။

၃။ မျက်ခုံးပုံစံ

မျက်ခုံးကလည်း မျက်နှာရဲ့အလှအပမှာ အရေးပါတဲ့ အစိတ်အပိုင်းပါ။

- နှာခေါင်းနဲ့ ဒေါင်လိုက် တန်းတန်းနေရာကနေ မျက်ခုံးကို စဆွဲပါ။

- နှာခေါင်းကနေ ထောင့်ဖြတ်နေရာဖြစ်တဲ့ မျက်လုံးအပေါ်ဘက်နေရာမှာ မျက်ခုံးကို နည်းနည်းလေး ကွေးလိုက်ပါ။

- မျက်ခုံးရဲ့အစွန်းကိုတော့ မျက်လုံးရဲ့ အပေါ်ဘက် ဘေးနားမှာ အဆုံးသတ်လိုက်ပါ။

၄။ ပါးနီ

ပါးနီကို လိမ်းခြယ်လိုက်ရင် မိန်းကလေးဆန်ပြီး ရုပ်ရည်က အရမ်းကို ပြောင်းလဲသွားပါတယ်။

- သင့်မျက်နှာက ဘဲဥပုံဆိုရင် ပါးရိုးတစ်ပြင်လုံးကို ပါးနီခြယ်ပါ။

- မျက်နှာက လေးထောင့်စပ်စပ် ဆိုရင် ပါးရိုးအောက်ကို ခြယ်ပါ။ အဲဒီအခါ နူးညံ့တဲ့အသွင်ကို ရစေပါတယ်။

- ရှည်သွယ်သွယ် မျက်နှာပိုင်ရှင်ဆိုရင် မျက်လုံးအောက်ဘက် ပါးရိုးပေါ်ကို ပါးနီလိမ်းခြယ်ပါ။

- အသည်းပုံပုံစံ မျက်နှာဆိုရင်တော့ နားရဲ့ဘေးနားကနေ နှာခေါင်းနားအထိ ပါးနီခြယ်ပါ။ အဲဒီအခါ မျက်နှာက ဘဲဥပုံစံပေါ်ပြီး ပါးရိုးကားတာ အရမ်းမသိသာတော့ပါဘူး။

- မျက်နှာဝိုင်းသူတွေက နားရဲ့ဘေးနားကနေ ပါးရိုးအောက်ဘက်အထိ လိမ်းခြယ်ပါ။

- တြိဂံမျက်နှာ ရှိသူတွေက ပါးရိုးမှာ V ပုံစံအတိုင်း လိမ်းခြယ်ပါ။

Bonus

မိတ်ကပ် foundation ရွေးချယ်ဖို့အတွက် ကိုယ့်ရဲ့အသားအရောင်ကို သေချာသိဖို့ လိုအပ်ပါတယ်။

- သင့်ရဲ့လက်ကောက်ဝတ်ကို ကြည့်လိုက်ပါ။ သွေးကြောတွေက အပြာရောင်နဲ့ ခရမ်းရောင်ဖြစ်နေရင် သင်က အသားဖြူသူပါ။ သွေးကြောက အစိမ်းရောင်ဘက်သန်းနေရင် အသားညိုသူပါ။ အရောင်က အပြာလိုလို၊ ခရမ်းလိုလို၊ အစိမ်းလိုလိုဆိုရင် အသားလတ်သူပါ။

- အသားညိုသူတွေက လက်ဝတ်ရတနာတွေ ရွေးမယ်ဆိုရင် ရွှေနဲ့လိုက်ဖက်ပြီး အသားလတ်သူတွေနဲ့ ဖြူသူတွေက ငွေထည်ပစ္စည်း၊ ပလက်တီနမ်ထည်တွေနဲ့ လိုက်ဖက်ပါတယ်။

- အသားအရေက နေရောင်ကြောင့်လည်း ပြောင်းလဲနိုင်ပါတယ်။ အသားအရေက နေလောင်လွယ်ရင် အသားလတ်သူဖြစ်ပြီး ကြေးနီရောင် ပြောင်းသွားရင်တော့ အသားညိုသူပါ။

(zombie)

19/05/2025

⚜🙏ကံဇာတာမြင့်စေသော အလှူ(၇)မျိုး⚜🙏
အခါတပါး၌ သူဆင်းရဲတစ်ယောက်သည် ဘုရားရှင်အား ဤသို့လျောက်ထား၏။

"ဘုန်းတော်ကြီးသောမြတ်စွာဘုရား"
"တပည့်တော်သည် လူမှုရေး၌ လည်းကောင်၊စီးပွားရေး၌လည်းကောင်း ၊ မိသားစုအရေး၌လည်းကောင်းဘာလုပ်လုပ် အဆင်မပြေဖြစ်ကာ ကံနိမ့်နေပါတယ်ဘုရား။အဘယ်အကြောင်းကြောင့် ဤသိုကံနိမ့်နေရပါသလဲဘုရား။"

"ချစ်သားသည် မပေးမလှူလို့ အခုလိုဘာလုပ်လုပ်အဆင်မပြေဖြစ်နေရခြင်းဖြစ်ပေတယ်။"

"တပည့်တော်က ဆင်းရဲနွမ်းပါးသူတစ်ယောက်ပါဘုရား။"

"သူဆင်းရဲတွေလည်းလှူနိုင်တဲ့ အလှူရှိပါတယ်ချစ်သား"

"ဟောကြားပေးတော်မူပါဘုရား။"

"နားထောင်လော့ချစ်သား"
"ချမ်းသာသူသာမက သူဆင်းရဲများပါလှူနိုင်တဲ့အလှူခုနစ်မျိုးရှိပေသည်။"

(၁) မျက်နှာဟန်အမူအရာဖြင့် အလှူ ဒါနပြုခြင်း
⚜အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံပါ။

(၂) နှုတ်ဖြင့် အလှူ ဒါနပြုခြင်း
⚜အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူ း စကား ၊ညှာတာစကား၊ နွေးထွေးသောစကားများ ပြောဆိုပါ။

(၃) စိတ်ဖြင့် အလှူ ဒါနပြုခြင်း
⚜စိတ်တံခါးကိုဖွင့်၍ ဖြူစင်သောစိတ်ထားဖြင့် သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံပါ။

(၄) အမြင်ဖြင့် အလှူ ဒါနပြုခြင်း
⚜ကောင်းသောစေတနာ ကောင်းသော အမြင်ဖြင့် သူတပါး၏ကောင်းကွက်များကို ကြည့်ပေးပါ။

(၅) ကာယလုပ်အားဖြင့် အလှူ ဒါနပြုခြင်း
⚜ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီပါ။

(၆) နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း
⚜လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ် တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေပါ။

(၇) နေအိမ် အလှူ ဒါနပြုခြင်း
⚜မိမိ၏ အိမ်နေရာကို သူတပါးတို့ အနားယူရန် ပေးကမ်းပါ။

"ထိုသို့လှူသောအကျင့်ကောင်းရှိသူ၏နောက်သို့ အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်လာလိမ့်မည်" ဟု ဟောကြားတော်မူခဲ့လေသတည်း။

Credit : ဆရာဇော်

Photos from Nwe - Beauty & Health Care 's post 18/05/2025

ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။

၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။

ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။

၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။

ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။

၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။

ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။

၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။

ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။

၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။

အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။

၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။

ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။

ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။

မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။

1. Calm
2. Correct
3. Consistent
4. Consequences

1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။
------------------------------------
ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။

မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။

ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။

ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။

2. Correct ကလေး အားပြုပြင်ပါ။
-----------------------------
ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။

ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။

ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။

3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။
-------------------------------
ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။

ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။

ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။

"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။

ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။

4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။
------------------------------------
ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။

မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။

ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။

ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။

ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။

ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။

မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။

အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။

ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။

ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။

ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။

Kids aren't born with perfect manners and etiquette. We need to teach them correctly.

ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။

14/05/2025

#တစ်တွဲကို27500 #လုံးဝခွဲမရောင်းပါ❌❌

🍊 🥑

14/05/2025

#မဲချင်သူများမသုံးရ ❌❌

#၃မိနစ်ပေါင်းတင်ဂျီးချွတ်အသားဖြူဆပ်ပြာ🥑
#အသားဖြူlotion 🍊

Photos from Nwe - Beauty & Health Care 's post 13/05/2025

#တကယ်ကြီးလိုချင်တယ်ပေါ့🤔

Want your business to be the top-listed Beauty Salon in Pyapon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pyapon