Lucky Baby Store -Taunggyi
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lucky Baby Store -Taunggyi, Health/Beauty, ခိုင်မေတ္တာဆေးရုံရှေ့၊ကမ္ဘောဇလမ်း၊ ရေအေးကွင်းရပ်၊ တောင်ကြီးမြို့, Taunggyi.
Mom & Baby Store
ကိုယ်ဝန်ဆောင် မိခင် နဲ့ မွေးစ ကလေး အသုံးအဆောင်ပစ္စည်း အမျိုးမျိုး ကို လက်လီ လက်ကား စျေးနှုန်း မှန်ကန်စွာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်ရှင့်။
တောင်ကြီးမြို့ အတွင်း အိမ်အရောက်ငွေချေရပါတယ်။
နယ်မြို့များ ကားဂိတ်ချပေးပါတယ်ရှင့် ။
06/08/2026
Instock ပါရှင့်
👪🧡တစ်နေ့တာ ပင်ပန်းချိန်နဲ့ မနက်ခင်းတွေမှာ ကော်ဖီ၊ လက်ဖက်ရည် ချိုချိုလေးနဲ့ အားမွေးလေ့ရှိကြပေမဲ့ နေ့စဉ် စားသုံးနေတဲ့ အချိုဓာတ်က မိသားစုကျန်းမာရေးအတွက် တကယ်ရော စိတ်ချရရဲ့လားဆိုပြီး တွေးပူမိတတ်ကြပါတယ်။
သင့်မိသားစုရဲ့ ကျန်းမာရေးကို ရှေ့တန်းတင်ပြီး ဂရုတစိုက် ထုတ်လုပ်ထားတဲ့ 𝐁𝐋𝐦 𝐏𝐮𝐫𝐞 𝐂𝐨𝐜𝐨𝐧𝐮𝐭 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐒𝐮𝐠𝐚𝐫 ကတော့ ဒီစိုးရိမ်မှုတွေကို အပြည့်အဝ ပြေပျောက်စေမယ့် ယုံကြည်စိတ်ချရတဲ့ Brand တစ်ခုပါ။
🇻🇳ဗီယက်နမ်နိုင်ငံကနေ သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ ဒီ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐎𝐫𝐠𝐚𝐧𝐢𝐜 အုန်းသကြားလေးက သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် ဆောင့်မတက်စေတဲ့ (Low GI) ဖြစ်လို့ အလုပ်လုပ်ရင်း လူနုံးသွားတာမျိုး၊ အမောဖောက်တာမျိုး မဖြစ်စေဘဲ တစ်နေ့တာလုံးအတွက် ခွန်အားကို တည်ငြိမ်စွာ ပေးစွမ်းနိုင်ပါတယ်။
သဘာဝ 𝐂𝐚𝐫𝐚𝐦𝐞𝐥 အရသာလေးနဲ့မို့ နေ့စဉ်သောက်နေကျ ကော်ဖီ၊ အအေးနဲ့ မိသားစုထမင်းဝိုင်းက ဟင်းလျာတွေမှာ သကြားဖြူနေရာမှာ အရသာရှိရှိ အစားထိုးနိုင်ပါတယ်။ အိမ်က (၁) နှစ်အရွယ် ကလေးငယ်လေးတွေကစလို့ လူကြီးမိဘတွေအထိ နေ့စဉ်စားသုံးဖို့ စိတ်အချရဆုံးပါပဲ။
🇺🇸𝐔𝐒𝐀 𝐅𝐃𝐀 မှတ်ပုံတင်စက်ရုံကနေ နိုင်ငံတကာအဆင့်မီ 𝐔𝐒𝐃𝐀, 𝐄𝐔 စတဲ့ 𝐎𝐫𝐠𝐚𝐧𝐢𝐜 လက်မှတ်တွေအပြင် 𝐈𝐒𝐎 𝟐𝟐𝟎𝟎𝟎 နဲ့ 𝐇𝐚𝐥𝐚𝐥 အသိအမှတ်ပြုတွေပါ ရရှိထားတဲ့ 𝐁𝐋𝐦 𝐌𝐲𝐚𝐧𝐦𝐚𝐫 ဟာ သင့်မိသားစုရဲ့ နေ့စဉ်ဘဝမှာ အမြဲယုံကြည်အားထားရတဲ့ ကျန်းမာရေးအဖော်မွန်ကောင်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။🧡✨💫
06/08/2026
👶🏻ကလေးက ဆူညံသံကြားရင် လန့်နိုးပြီး ငိုနေတတ်လို့ စိတ်ညစ်နေရပြီလား မေမေ?
🚨 မင်္ဂလာပွဲတွေ၊ မွေးနေ့ပွဲ၊ဘားတွေ သွားတဲ့အခါ၊ ခရီးသွားတဲ့အခါ ၊ လေယာဉ်နဲ့ရထားတဲ့သွားတဲ့အခါ ဒါမှမဟုတ် အိမ်အပြင်ထွက်တဲ့အခါ အသံဗလံ ဆူညံလွန်းလို့ ဘေဘီလေးတွေ လန့်ပြီး ဂျီကျတာ၊ ငိုတာမျိုး မေမေတို့ ကြုံဖူးကြမှာပါ
👶🏻 ကလေးငယ်တွေရဲ့ နားစနစ်ဟာ လူကြီးတွေထက် အဆများစွာ ပိုမိုနုနယ်တာမို့ ဆူညံသံပြင်းပြင်းတွေဟာ ကလေးရဲ့ နားစနစ်ကို ထိခိုက်စေနိုင်ပါတယ်
✅ဒါတွေကို အထိရောက်ဆုံး ကာကွယ်ပေးဖို့ 2-in-1 Baby Earmuffs (Noise Cancelling) လေး ရှိတယ်နော် 💖
✨ ဘာလို့ ရွေးချယ်သင့်တာလဲ?
🎧 23dB Noise Reduction: ဘေးပတ်ဝန်းကျင်က ပြင်းထန်တဲ့ ဆူညံသံတွေကို အထိရောက်ဆုံး လျှော့ချပေးလို့ ပွဲတွေ၊ခရီး၊ဘားသွားရင် ဘေဘီလေးတွေ အိပ်ရေးဝဝ အေးအေးချမ်းချမ်း အိပ်ပျော်စေပါတယ်
👶 2-in-1 Design: Headband အပျော့ကြိုး စီလီကွန်အနူးညံ့ဆုံးနဲ့ရော၊ ပုံမှန် နားကြပ်ကိုင်း စီလီကွန်အခံနဲ့ရော (၂) မျိုးလုံး သုံးလို့ရလို့ အသက် (၁) လကနေ (၄) နှစ်အထိ ရေရှည် အသုံးပြုနိုင်ပါတယ်
☁️ Comfort Fit: ကလေးရဲ့ ဦးခေါင်းနဲ့ ငယ်ထိပ်ကို ဖိအားမသက်ရောက်စေဘဲ သက်တောင့်သက်သာရှိတဲ့ Soft Padding တွေနဲ့ ပြုလုပ်ထားပါတယ်
🤱🏻မိသားစုနဲ့အတူ အပြင်ထွက်တဲ့အခါ ဘေဘီလေး စိတ်အေးချမ်းစွာ အိပ်ပျော်နေဖို့ Earmuffs လေး တခုကတော့ လိုကို လိုအပ်တယ်နော် မေမေတို့ရေ... 🛒
BLM Product လေးနဲ့ စားချင်စဖွယ် မနက်စာလေး 😘😘😘😊😊😊
28/07/2026
✨ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဆိုင်ပိတ်ရက်အကြောင်း ကြေညာချက်✨
မင်္ဂလာပါရှင့် 🙏
ချစ်ခင်ရပါသော lucky baby store ရဲ့ Customer ကြီးများရှင်...
လာမည့် 29.7.2026 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင်
ဆိုင်ကို တစ်ရက်တိတိ ခေတ္တပိတ်မည်ဖြစ်ကြောင်း
အသိပေးကြေညာအပ်ပါတယ်ရှင့်။
ဝါဆိုလပြည့်နေ့လေးမှာ မေမေတို့ ဖေဖေတို့
အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပြီး
လိုအဆန္ဒမှန်သမျှ ပြည့်ဝကြပါစေလို့ Lucky Baby Store မိသားစုမှ ဆုတမွန်ကောင်း တောင်းလိုက်ပါတယ်ရှင် 🙏
✨
ပိတ်ရက်ပြီးရင် ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးသွားမှာဖြစ်လို့ ဆက်လက်အားပေးကြပါဦးနော် ✨
26/07/2026
Dr မာမီ သုံးနေတဲ့ နို့ဘူး ပေါင်းစက်လေး
Instock ပါရှင့်
Good Quality
Good Rating ပါနော် ✅✅✅
အိမ်မှာ ၂၄နာရီ မနားရတာသူပါ။ (ဘယ်အချိန်ထိခံမလဲတော့မသိဘူး😁)
လက်ရှိသုံးနေတဲ့ကလေးပစ္စည်းတွေထဲမှာ ဒီပစ္စည်းလေးလည်း တော်တော်ကိုကြိုက်မိတယ်။ နို့ဘူးပေါင်းစက်ပါ။ ပေးရတာ ၂သိန်းကျော်ပေမယ့် နို့ဘူးပေါင်းတာရော၊ အခြောက်ခံတာရော၊ နို့နွှေးလို့ရတဲ့ Function ၃ ခုလုံးရောပါနေလို့ ပေးရတာတကယ်တန်ပါတယ်။
နို့ဘူးတွေလည်း ၅ဘူး၆ဘူးလောက်အေးဆေးဆန့်
တယ်။ နောက်ကျ ဖြည့်စွက်စာကျွေးချိန်ရောက်ရင်
ပန်းကန်လေးတွေပါ ထည့်ပေါင်းလို့ရတယ်။ တော်တော်ကိုအဆင်ပြေပါတယ်။ 💯
ကျွန်မက Mixed Feeding ပါ။ ပြီးတော့ မိခင်နို့လည်းညှစ်ပြီးသိမ်းတဲ့မိခင်မို့ နို့ဘူးနဲ့တိုက်ရချိန်တွေမှာဆိုရင် နို့ဘူးမသန့်လို့ ကလေးဝမ်းပျက်မှာ တအားကြောက်တာပါ။ ဒါကြောင့် နို့ဘူးတွေသေချာဆေးကြော ပိုးသတ် ပေါင်းတာကို တအားသတိထားပါတယ်။
တခြားစက်တွေလည်းကောင်းကြမှာပါ။ ဒါကတော့ ကျွန်မကိုယ်တိုင်သုံးပြီး ဝယ်ရတာ မှန်လိုက်တာဟယ်လို့တွေးမိတဲ့ပစ္စည်းတစ်ခုပါ။ အများကြီးဆန့်တာကိုက အတော်ကျေနပ်စရာဖြစ်နေတာပါ။
#နို့ဘူးပေါင်းစက်
21/07/2026
ကိုယ်ဝန်ဆောင်မေမေတို့အားလူံးစောင့်မျှော်နေတဲ့ Anmum နို့မှုန့်လေး ဆိုင်မှာ ပြန်ရောက်ထားပါပြီရှင့် ။
ကိုယ်ဝန်ဆောင်မိခင် တွေအတွက် လိုအပ်တဲ့ DHA
သံဓာတ် ကယ်လစီယမ်နဲ့ အာဟာရဓာတ်တွေရစေဖို့ Anmum (Thai) နို့မှုန့် ။
အရသာလဲရှိပြီး မွေးလာတဲ့ ကလေးလဲ အသားဖြူဖွေးလို့ မေမေတွေ အရမ်းကြိုက်ကြတဲ့ Anmum နို့မှုန့်လေးပါ
Anmum မှာ ကယ်လိုရီနဲပြီး မိခင်တွေကို ဝိတ်မတက်စေပဲ မိခင် နဲ့ ကလေးအတွက်လိုအပ်တဲ့ အာဟာရနဲ့ ခွန်အားကိုရစေမှာပါ
ရေထဲမှာပျော်ဝင်တာလွယ်ပြီး လတ်ဆတ်တဲ့ နွားနို့အရသာလေးပါပဲ။
100 g powder သောက်မှ ကယ်လိုရီ 400 ပဲ
ကိုယ်ဝန်ဆောင်မိခင်များ ရွေးချယ်သင့်တဲ့ အတွက် Anmum Materna Plain Milk Powder လေးပါရှင့်။
420 g နဲ့ 550 g နှစ်မျိုးရှိပါမယ်ရှင့်။
🏠 ခိုင်မေတ္တာ ဆေးရုံရှေ့ ၊ ရေအေးကွင်းရပ် ၊ တောင်ကြီး မြို့။
📞📞📞 or Viber - 09 94000 3374
မြို့တွင်း အိမ်အရောက် ငွေချေ Delivery နဲ့ ပို့ပေးပါတယ်ရှင့်။
နယ်မြို့များ ကားဂိတ်ချပေးပါတယ်ရှင့် ။
ဂိတ်ချခ 3000/3500ကျပ်ပါ ။
တခြား မြို့များကို Royal Express ၊ Ninja Van နဲ့ ငွေကြိုရှင်း စနစ်နဲ့ ပို့ပေးပါတယ်ရှင့် ။
မှတ်ချက် - Royal မှ 1 ပေ ပတ်လည် ပါဆယ်ပုံးများ ပဲ လက်ခံ တော့ပါတယ်ရှင့်။
✅✅✅ပစ္စည်းများကိုစိတ်တိုင်းကျပြခိုင်းလို့ရပါတယ်ရှင့်။
❎❎ဝယ်ပြီးပစ္စည်းကိုတော့ ပြန်မလဲပေးပါဘူးရှင့်။
⭕️⭕️🛑 ငွေစျေးအတက်အကျရှိသောကြောင့် စျေး နှုန်း ပြောင်းနိုင်ပါတယ်ရှင့် ။
21/07/2026
မိခင်နို့အရည်အသွေးပြည့်ဝဖို့၊ နို့ထွက်အားကောင်းစေဖို့၊ ရေဓာတ်အပြည့်အဝရရှိဖို့အတွက်𝗛𝘂𝗺𝗮𝗻𝗮 𝗡𝘂𝗿𝘀𝗶𝗻𝗴 𝗧𝗲𝗮 လေး ပြန်ရောက်ထား ပါတယ်ရှင့်🤗🤗
𝗛𝘂𝗺𝗮𝗻𝗮 𝗡𝘂𝗿𝘀𝗶𝗻𝗴 𝗧𝗲𝗮 မှာပါဝင်တဲ့ သဘာဝဆေးဖက်ဝင်ပန်းနှင့် သစ်သီးများကြောင့် ကလေးမွေးဖွားပြီးနောက် ကလေးနို့လှိုင်လှိုင်ရစေဖို့၊ နို့ချိုပြည့်ဝစွာရရှိဖို့ လိုအပ်တဲ့အာဟာရဓာတ်များစွာကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်နော်🤱🏻🥰
☕ Nursing Tea ကို သောက်ခါနီးအချိန်မှ တစ်ခါဖျော်အနေနဲ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း (၉ ဂရမ်) ကို ရေနွေး ၂၀၀ မီလီလီတာထည့်ပြီး ပျော်တဲ့အထိ မွှေပြီးမှ သောက်ရမှာပါ။ သကြားပါပြီးသားဖြစ်တဲ့အတွက် သကြားလုံးဝထပ်ထည့်စရာ မလိုပါဘူးရှင်😉😉
❗️သတိပြုရမှာက အဖုံးဖွင့်ပြီးသား Nursing Tea တစ်ဘူးကို (၆)ပတ်အတွင်း အသုံးပြုပေးရမှာဖြစ်ပြီး တကယ်လို့ ဘူးကို လုံးဝမဖွင့်ရသေးဘူးဆိုရင်တော့ ဘူးရဲ့အောက်ခြေမှာ ဖော်ပြထားတဲ့ သက်တမ်းကုန်ဆုံးရက် မတိုင်ခင်အထိ အသုံးပြုလို့ရပါတယ်နော်❗️
သကြား၊ မော်လ်တိုဒက်စ်ထရင် ၃.၆ ရာခိုင်နှုန်း၊ သစ်သီးနဲ့ ဆေးဖက်ဝင်အပင်များ၊ ဗီတာမင်(စီ) ၀.၀၅ ရာခိုင်နှုန်း၊ Raspberry အနှစ်နဲ့ စမုန်နက်အဆီတို့ကို ရောစပ်ပြီး ထုတ်လုပ်ထားတဲ့ Nursing Tea မှာ Glutan မပါဝင်သလို အနံ့အရသာကိုလည်း ပြုပြင်ထည့်သွင်းထားတာမျိုး လုံးဝမရှိတဲ့အတွက် စိတ်ချစွာ သောက်သုံးနိုင်ပါတယ်ရှင်😍😍
21/07/2026
Oat ရဲ့ ကောင်းကျိုးများ
မနေ့က ဆေးခန်းမှာ ကျွန်မကို မေမေတစ်ဦးကမေးပါတယ်။ ကလေးကို Oat ကျွေးတာ တကယ်ရောအကျိုးရှိသလားပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးကိုရေးလိုက်ပါတယ်။
💠ကလေးကို Oats ဘယ်လကစကျွေးလို့ရလဲ?
WHO နဲ့ American Academy of Pediatrics တို့ရဲ့ အကြံပြုချက်အရ ကလေးကို မိခင်နို့နဲ့ Formula နို့မှလွဲ၍ ကျန်တဲ့ဖြည့်စွက်အစာတွေကို အသက်ခြောက်လဝန်းကျင်မှာ စတင်ကျွေးနိုင်ပါတယ်။ လေးလမတိုင်ခင် အစာစကျွေးဖို့တော့ မအကြံပြုထားပါဘူး။
ကလေးမှာခေါင်းနဲ့လည်ပင်းကို ထိန်းနိုင်ခြင်း၊ အထောက်အပံ့နဲ့ထိုင်နိုင်ခြင်း၊ အစာပေးတဲ့အခါ ပါးစပ်ဖွင့်ခြင်း၊ အစာကို လျှာနဲ့ပြန်တွန်းမထုတ်ဘဲ မျိုချနိုင်ခြင်း စတဲ့ အစာစားဖို့အဆင်သင့်ဖြစ်တဲ့ လက္ခဏာတွေ ရှိဖို့လိုအပ်ပါတယ်။
💠Oats ကျွေးခြင်းရဲ့ ကောင်းကျိုးတွေကဘာတွေလဲ?
Oats ဟာ Whole Grain အုပ်စုထဲမှာပါဝင်ပြီး ကလေးအတွက် စွမ်းအင်ရစေမယ့် carbohydrate၊ အမျှင်ဓာတ်အချို့၊ သံဓာတ်နဲ့အာဟာရဓာတ်တွေ ပေးနိုင်ပါတယ်။ ပြုတ်ထားတဲ့ Oats ကို ပျော့ပျော့လေးပြင်နိုင်လို့ အစာစစားတဲ့ကလေးတွေအတွက် texture (အပျော့အမာ)ကိုအသက်အရွယ်အလိုက် လွယ်ကူစွာ ပြောင်းပေးနိုင်ပါတယ်။
ဒါ့အပြင် Rice Cereal တစ်မျိုးတည်းကိုသာ နေ့တိုင်းကျွေးနေတာထက် Oat၊ Barley နဲ့ Multigrain Cereals စတာတွေကို အလှည့်ကျကျွေးခြင်းက ကလေးအာဟာရအတွက် ပိုကောင်းပါတယ်။ AAP နဲ့ FDA က ဆန်တစ်မျိုးတည်းမဟုတ်ဘဲ grain မျိုးစုံပြောင်းကျွေးရင်လည်းကောင်းတယ်လို့ အကြံပြုထားပါတယ်။
💠Oat ကိုဘယ်လိုပြင်ပြီးကျွေးရမလဲ?
ပထမဆုံးစကျွေးတဲ့အခါ Oats ကို အထုပ်ပေါ်ကညွှန်ကြားချက်အတိုင်း သေချာချက်ပြီး နူးညံ့တဲ့ပျော့ပျော့၊ ခပ်ကျဲကျဲပုံစံ ပြင်ပေးပါ။ မိခင်နို့၊ Formula နို့ ဒါမှမဟုတ် သန့်ရှင်းတဲ့ရေနဲ့ လိုအပ်သလို ကျဲပေးနိုင်ပါတယ်။ ကလေးစားနိုင်အားကောင်းလာတာနဲ့အမျှ ခပ်ပျစ်ပျစ်၊ အဖုအသေးလေးတွေပါတဲ့ texture ကို တဖြည်းဖြည်းပြောင်းပေးသင့်ပါတယ်။
အစပိုင်းမှာ ပမာဏအနည်းငယ်သာပေးပြီး ကလေးရဲ့ ဗိုက်ဆာခြင်း၊ ဗိုက်ပြည့်ခြင်း signal တွေကို ကြည့်ရပါမယ်။အတင်းအကြပ်နဲ့ အကုန်စားခိုင်းဖို့ မလိုအပ်ပါဘူး။ကလေးကို ထိုင်လျက်အနေအထားနဲ့ ဇွန်းသုံးပြီးကျွေးကာ စားနေချိန်တိုင်း လူကြီးက အနီးကပ်စောင့်ကြည့်ရပါမယ်။
💠ဘာတွေနဲ့တွဲကျွေးလို့ရလဲ?
Oats တစ်မျိုးတည်းမဟုတ်ဘဲ ကလေးစားဖူးပြီး allergy မရှိတဲ့ကြိတ်ထားတဲ့ငှက်ပျောသီး၊ သစ်တော်သီး၊ ဖရုံသီး၊ အချိုမပါတဲ့ full-fat yogurt ဒါမှမဟုတ် အသက်အရွယ်နဲ့ကိုက်ညီတဲ့ ကြက်ဥ၊ အသား၊ ငါး၊ ပဲ စတဲ့ protein နဲ့ Iron ပါတဲ့အစားအစာတွေနဲ့ အလှည့်ကျတွဲပေးနိုင်ပါတယ်။
Oats က အာဟာရစုံလင်တဲ့စားသောက်ပုံရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်တာမ်ို့ Oat တမျိုးတည်းကတော့ အာဟာရအကုန်ဖြည့်စွက်မပေးနိုင်ပါဘူး။ ဒါ့ကြောင့် အစားအစာမျိုးစုံကို တဖြည်းဖြည်းမိတ်ဆက်ပေးဖို့ အရေးကြီးပါတယ်။
💠သတိပြုရမယ့်အချက်များ
▪️အသက်နှစ်နှစ်အောက်ကလေးတွေအတွက် Added Sugar ပါတဲ့အစားအစာတွေကို ရှောင်သင့်ပါတယ်။
▪️Oat ကျွေးတဲ့အခါ အသက်တစ်နှစ်မပြည့်ခင် ပျားရည်မထည့်သင့်သလို ဆားနဲ့သကြားလည်း ထပ်မထည့်သင့်ပါဘူး။
▪️Oats စားပြီး နှုတ်ခမ်း၊ မျက်နှာဖောင်းခြင်း၊ အင်ပျဉ်ထခြင်း၊ အန်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းတွေဖြစ်လာရင် ချက်ချင်းရပ်ပြီး ဆေးကုသမှုခံယူရပါမယ်။ အသက်ရှူရခက်ခြင်း၊ လည်ချောင်းများရောင်လာခြင်း၊ ကလေးပျော့ခွေသွားခြင်းတို့က အရေးပေါ်အခြေအနေဖြစ်ပါတယ်။ Celiac disease ရှိတဲ့ကလေးဆိုရင် Gluten-free label ပါတဲ့ Oats ကိုသာ ဆရာဝန်အကြံပြုချက်နဲ့ကျွေးသင့်ပါတယ်ရှင်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။
Dr Isla ဗိုက်စည်းလေးတွေ Instock ပါရှင့်
Click here to claim your Sponsored Listing.
Category
Website
Address
Taunggyi
06101
