Crystal Lovers Myanmar

Crystal Lovers Myanmar

Share

Crystal Healing and Chakras Accessories

22/03/2021

Sample အနေနဲ့ မှာထားပေမယ့် ထပ်မမှာဖြစ်တော့လို့ မရောင်းတော့ပဲ Collection လုပ်ထားလိုက်တဲ့ မင်မင့်ရဲ့ Crystal Tower cabinet လေး...

28/01/2021
Photos from Crystal Lovers Myanmar's post 24/01/2021

ကျောက်တစ်မျိုးချင်းစီရဲ့ အစွမ်းသတ္တိနဲ့ အသုံးဝင်ပုံကို
Enricher Crystals page မှ Founder စာရေးသူ မ Eliza Hla ရေးသားတင်ပြမှုကို ပြန်လည်မျှဝေပေးလိုပါတယ်။

ပုံတစ်ပုံချင်းစီမှာ မူရင်း Link လေး ထည့်ပေးထားပါတယ်။
မ Eliza Hla ကို အထူးကျေးဇူးတင်ရှိပါတယ်။

မူရင်း Page Link လေးပါ။
https://www.facebook.com/enrichercrystals/

Photos from Crystal Lovers Myanmar's post 22/01/2021

ရာသီခွင်အလိုက် သင့်တော်တဲ့ Crystal လေးတွေပါ...
ဘယ် Crystal က ကိုယ့်အတွက် ဘယ်လိုအကျိုးပြုသလဲ ဆိုတာလေးတွေပါ ဖော်ပြထားပါတယ်...

သိထားတော့ သင့်တော်တဲ့ ကျောက်လေးတွေ ရွေးဆောင်လို့ ရပြီပေါ့နော် ☺☺☺

Photo credit: Pinterest

Photos from Crystal Lovers Myanmar's post 21/01/2021

ဒါလေးက ရောင်းပေးမယ့်ပစ္စည်းလေးတွေ အမြည်းနော်...

မကြာမီမှာ ရောင်းစျေးလေးတွေ ကြေငြာပေးပါ့မယ်...

ဒီထဲမှာ မပါပေမယ့် ကိုယ်လိုချင်နေတဲ့ Crystal နဲ့ ပတ်သတ်တဲ့ ပစ္စည်းလေးတွေ ရှိရင်လဲ အားမနာတမ်း လာမေးနိုင်ပါတယ်နော်...

မင်မင်က ရအောင် ရှာဖွေရောင်းချပေးပါ့မယ်လို့ ☺☺☺

21/01/2021

ဒီ page လေးမှာ Crystal Healing and Chakras နဲ့ ပတ်သတ်တဲ့အကြောင်းအရာလေးတွေ sharing လုပ်ပေးရင်း... Crystal လေးတွေနဲ့ ဆက်စပ်ပစ္စည်းလေးတွေ ရောင်းချပေးမှာ ဖြစ်ပါတယ်...

အရင်ဆုံး Crystal လေးတွေရဲ့ Energy က လူတွေရဲ့ Energy ကို ဘယ်လိုအထောက်အပံ့ပေးလဲဆိုတာလေးကို...
Enricher Crystals page ရဲ့ Founder စာရေးသူ Ma Eliza Hla ရှင်းပြထားတာကို တင်ပြပေးလိုက်ပါတယ်...

အနောက်နိုင်ငံတွေမှာ ကျောက်မျက်လုပ်ငန်းတွေ အောင်မြင်ရတဲ့ အကြောင်းအရင်း ကQuantum Physics သဘောတရားကြောင့်ပါပဲ။

လူဆိုတာ ထိတွေ့ကိုင်တွယ်လို့ ရတဲ့ ရုပ် တစ်ခုလို့ သိထားလာတာကနေ ၁၉၂၅ နောက်ပိုင်း Quantum Physics သဘောတရား ပေါ်ပေါက်လာတဲ့အခါ မှာ ရုပ်တရားဟာ Delusion တစ်ခု သာ ဖြစ်မှန်း လူတွေသဘောပေါက်လာကြပါတယ်။
လူဟာ အသေးငယ်ဆုံး အမှုန် များ Proton Neutron Electron များ ဖြင့်သာ ဖွဲ့စည်းထားပြီး Energy ဆိုတဲ့ စွမ်းအင်လှိုင်းများဖြင့် အသက်ရှင်နေထိုင်နေကြကြောင်းကို Quantum Physics က တင်ပြထားပါတယ်။
Crystal ကျောက်မျက်များရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံ Crystalline Lattice ရဲ့ atoms များဟာလည်း တုန်ခါနေတာမို့ ကျောက်များရဲ့ တုန်ခါ နှုန်း နဲ့ လူရဲ့ တုန်ခါနှုန်း နှစ်မျိုး ပေါင်းစပ်ကြရမှာ လူဟာ ကျောက်ရဲ့ စွမ်းအင် အတိုင်း လိုက်ပြီး တုန်ခါပါတယ်။ ဒီလိုနည်းနဲ့ ကျွန်မတို့ ကျောက်ရဲ့ စွမ်းအင်ကို ခံစားရရှိပြီး Vibration မြင့်လာတာဖြစ်ပါတယ်။
နောက်တစ်ခုက Crystal တွေဟာ စွမ်းအင်လှိုင်းဖမ်းပြီး ထုတ်လွှတ်တဲ့နေရာ တွေမှာ စွမ်းအင်လှိုင်းရဲ့ အချက်အလက်တွေကို မတိမ်းမယိမ်း အဖိတ်အစင် မရှိ ဖမ်းယူနိုင်စွမ်းရှိပါတယ်။

ဒါ့ ကြောင့် ကျောက်ကို ကိုင်ပြီး ကိုယ့်စိတ်ထဲက ဆုတောင်းရင် ဆုတောင်းသမျှ စိတ်စွမ်းအင်လှိုင်းတွေကို စလိုရာအရပ်သို့ရောက်အောင် ပို့ဆောင်ပြီး ကိုယ့်ဆီကို ရောက်လာအောင်လည်း ယူလာပေးနိုင်တာပဲ ဖြစ်ပါတယ်။

ရေဒီယို စတီထွင်တဲ့အခါ crystal နဲ့ တီထွင်ထုတ်လုပ်တဲ့ oscillator နဲ့ ရေဒီယိုလှိုင်း ဖမ်းယူကြပါတယ်။ အဲဒါကြောင့်ရောက်လေရာအရပ်ကနေ ရေဒီယို နားထောင်လို့ ရတာပါ။ စစ်တပ်သုံး ဆက်သွယ်ရေးစက်လည်း ထိုနည်းလည်းကောင်းပါပဲ။
အခု ကျွန်မတို့ သုံးသမျှ ဖုန်း၊ credit cards, ကား၊ TV ၊ ကွန်ပျုတာ အားလုံး crystal ကို အခြေခံထားတဲ့ အရာတွေချည်းပါပဲရှင့်။
ဒါကြောင့် crystal တွေဟာ ကိုယ့်စိတ်ရဲ့ စေရာကို အလုပ်လုပ်ပေးနိုင်တဲ့အပြင် ကိုယ့်ကိုပါ သူတို့ရဲ့ စွမ်းအားမြင့် တုန်ခါနှုန်းများဖြင့် ပြန်ပြီး အကျိုးပြုတာ ဖြစ်ပါတယ်။

သလင်းကျောက် Clear Quartz ဆိုရင် အမေရိကန် ကွန်ပျူတာ သိပ္ပံပညာရှင် Marcel Vogel က မေတ္တာ စိတ်စွမ်းအင်လှိုင်း နှင့် ပူးပေါင်း ဆေးကုသတဲ့ Tool တစ်ခုအဖြင့် ကျောက်သွေးကွက်များကို သိပ္ပံနည်းကျ ပုံဖော်ပြီး တီထွင်ခဲ့ပါတယ်။ Physics အရ Entanglement သဘောတရား တို့ကိုလည်း အခြေခံထားပါတယ်။

Clear Quartz ဟာ တုန်ခါနှုန်းမြင့်လို့ ကိုယ့်ရဲ့ စိတ်စွမ်းအင် နဲ့ ပေါင်းစပ်ပြီး လှိုင်းကို ကျောက်အတွင်းကနေ ဖြတ်သန်းစေတဲ့အခါ တစ်ဖက်လူနာရဲ့ ကိုယ်ထဲက ရောဂါတွေဟာ အလိုက်သင့် သူ့အလိုလို သက်သာ ပျောက်ကင်းလာတာကို သိပ္ပနည်းကျ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ထူးခြားချက်ကတော့ Marcel Vogel ရဲ့ သွေးကွက်ပုံက ကျောက်ရဲ့ crystalline lattice က ထုတ်လွှတ်တဲ့ လှိုင်းကို အဆ များစွာ တင်ပေးလိုက်နိုင်တဲ့ အချက်ပါပဲ။

Clear Quartz ကို ဘုရားစေတီများတွင် စိန်ဖူးတော် အဖြစ် လှူဒါန်းကြတာကိုလည်း ထူးခြားစွာ သတိထားမိပါတယ်။

မူရင်းပို့စ်

https://m.facebook.com/story.php?story_fbid=160537928834144&id=102068328014438

စာရေးသူ Ma Eliza Hla ကို ကျေးဇူးအထူးတင်ရှိပါတယ်။

Photo credit: Google

Telephone

Website

Address

Than Lwin Road
Yangon
11210

Alerts

Be the first to know and let us send you an email when Crystal Lovers Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.