Plant & Petals Botanical Skincare

Plant & Petals Botanical Skincare

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Plant & Petals Botanical Skincare, Health/Beauty, 30(A), Kone Myint Yeikthar Lane, 7 mile, Yangon.

Plant & Petals မှ ထုတ်လုပ်သော Geranium မျက်နှာသစ်ဆေးသည် အသက် ၆ နှစ်အထက် မိသားစုတစ်စုလုံးအတွက် Gentle, Sulfate-Free, pH Balanced , Geranium Essential Oil & Hyaluronic Acid ဖြင့် အသားအရေကို နူးညံ့စွာနှင့် ထိရောက်စွာ သန့်စင်ပြီး စိုအိဝင်းပစေပါသည်။

14/08/2026

အခုလိုထပ်ရွေးတဲ့အတွက် ကျေးဇူးအထူးပါDDရေ❤❤❤

တစ်ဘူးကနှစ်ဘူး နှစ်ဘူးကနေ နောက်ထပ်ဘူးတွေလည်း ဆက်သုံးချင်စိတ်ပေါက်ရတဲ့gel cleanser 🩷

Morning Cleanser ကို gentle ဖြစ်တာရွေးတာရယ် acne skin, sensitive သမားမို့ တစ်ခုခုကိုကြိုက်မိပြီဆို တောက်လျှောက်ကသုံးချင်သေးတာဆိုတော့ သူ့ကိုပဲထပ်ရွေးဖြစ်ပါတယ်

Plant & Petals Botanical Skincare

14/08/2026

🇲🇲 MADE IN MYANMAR — Local Products Fair မှာ Plant & Petals နဲ့တွေ့မယ်! 🌿🌸

ပြည်တွင်းထုတ်ကုန်တွေကို အားပေးရင်း ကိုယ်ချစ်ရတဲ့ အသားအရေအတွက် Gentle & Botanical Skincare မျက်နှာသစ်​ဆေးလေးကို Special Promotion နဲ့ ရွေးချယ်နိုင်မယ့်အချိန် ရောက်လာပါပြီရှင့်။ 💚

MYENWEN ရဲ့ (၅၁) ကြိမ်မြောက် Made In Myanmar Local Products Fair မှာ Plant & Petals Botanical Skincare လည်း ပါဝင်ပြသသွားမှာဖြစ်ပြီး—

🎉 FAIR SPECIAL PROMOTION 🎉

🌸 Geranium Facial Cleanser — BUY 1, GET 10% OFF

🎁 40,000 Ks ဖိုးနှင့်အထက် ဝယ်ယူသူတိုင်း
BYPHASSE Cotton Pad (1) ထုပ် လက်ဆောင်ရရှိမှာပါ။

🌿 Plant & Petals Geranium Facial Cleanser 250ml က
နေ့စဉ်မျက်နှာပေါ်မှာ စုပုံလာတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို နူးညံ့စွာနဲ့ ထိရောက်စွာ သန့်စင်ပေးနိုင်တဲ့ Gentle Gel Cleanser လေးပါ။

💧pH Balanced& Sulfate-Free ဖြစ်လို့ အသားအရေကို အလွန်အမင်းခြောက်သွေ့တင်းကျပ်စေခြင်းမရှိဘဲ နူးညံ့စွာသန့်စင်ပေးနိုင်ပြီး
🌸 Geranium Essential Oil နဲ့
💦 Small Molecule Hyaluronic Acid တို့ ပါဝင်တာကြောင့် မျက်နှာသစ်ပြီးနောက် စိုစိုအိအိ၊ နူးညံ့ကြည်လင်တဲ့ Skin Feeling လေးကို ရရှိစေပါတယ်။

မိသားစုအတွက် နေ့စဉ်သုံးဖို့ Gentle Cleanser လေးရှာနေသူတွေအတွက်လည်း အဆင်ပြေတဲ့ ရွေးချယ်မှုတစ်ခုပါ။ 🌿💚

📍 Junction Square — Promotion Area (The Whole Aqua Hall)(Dr. Kaung counter)
📅 16th – 19th August 2026
⏰ 9:00 AM – 6:00 PM

🛍️ Fair ရက်အတွင်းရရှိမယ့် Special Promotion မို့ ကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ်၊ မိသားစုအတွက်ပဲဖြစ်ဖြစ် အခွင့်အရေးရှိတုန်း လာရောက်ဝယ်ယူထားလိုက်ပါနော်။ 🌸

🇲🇲 Made in Myanmar ကို အားပေးရင်း
Gentle Care နဲ့ ကျန်းမာလှပတဲ့ အသားအရေကို Plant & Petals နဲ့ စတင်လိုက်ပါ။ 🌿✨

12/08/2026

မျက်နှာသစ်ပြီးတိုင်း တင်းတင်းခြောက်ခြောက် ဖြစ်နေတာ… Clean ဖြစ်တာလား၊ Over-cleansing ဖြစ်နေတာလား? 💦🌿

မျက်နှာပေါ်က ဖုန်မှုန့်၊ အဆီနဲ့ နေ့စဉ်အညစ်အကြေးတွေကို သန့်စင်ဖို့က အရေးကြီးသလို အသားအရေရဲ့ သဘာဝအစိုဓာတ်ကို မလွန်ကဲစွာဖယ်ရှားမိဖို့လည်း အရေးကြီးပါတယ်။

ဒါကြောင့် Daily Cleanser ရွေးတဲ့အခါ ✨ ထိရောက်စွာ သန့်စင်ပေးနိုင်မှု ✨ နူးညံ့မှု ✨ မျက်နှာသစ်ပြီး အသားမခြောက်စေမှု ဒီ ၃ ချက်ကို မျှတစွာရရှိဖို့ လိုပါတယ်။

🌸 Plant & Petals Geranium Facial Cleanser ကတော့ Sulfate-Free Gentle Gel Cleanser ဖြစ်ပြီး နေ့စဉ်မျက်နှာပေါ်မှာ စုပုံနေတဲ့ ဖုန်မှုန့်၊ အဆီနဲ့ အညစ်အကြေးတွေကို နူးညံ့ထိရောက်စွာ သန့်စင်ပေးပါတယ်။

💧 Small Molecule Hyaluronic Acid နဲ့ Glycerin တို့က အသားအရေရဲ့ ရေဓာတ်ကို ထိန်းသိမ်းပေးဖို့ အထောက်အကူပြုပြီး 🌸 Geranium Essential Oil ပါဝင်တဲ့ Botanical-inspired formulation နဲ့ အသားအရေကို နူးညံ့သက်တောင့်သက်သာဖြစ်စေပါတယ်။

ဒါကြောင့် မျက်နှာသစ်ပြီးတိုင်း တင်းတင်းခြောက်ခြောက် Feeling မလိုချင်ဘဲ သန့်ရှင်းပြီး စိုစိုအိအိလေး ဖြစ်နေတဲ့ Skin Feeling ကို ကြိုက်တယ်ဆိုရင်—

🌿 Plant & Petals Geranium Facial Cleanser 250ml တစ်ဘူးကို မိသားစုရဲ့ Daily Cleansing Routine ထဲ ထည့်ထားလိုက်ပါ။

Gentle Cleanse • Moisture Care • Everyday Freshness 🌸💧

Photos from Plant & Petals Botanical Skincare 's post 10/08/2026

Nay Chi ရဲ့ review လေးပါ💖💖💖
👇👇
ဟိုတယ်တွေ သွားရင် အဲဒီက ပေးတဲ့ Cleanser တွေပဲ သုံးလေ့ရှိပေမယ့် ဒီတစ်ခေါက် Eravati Hotel သွားတုန်းကတော့ အသားအရေအတွက် စိတ်အချရဆုံးဖြစ်တဲ့ Plant & Petals (Geranium Facial Cleanser) လေးကို ဘူးအကြီးလိုက်ကြီးပဲ မဖြစ်မနေ အိတ်ထဲ ထည့်ယူသွားမိတယ် 🥰
သူ့ကို ဘာလို့ ဒီလောက်တောင် အသည်းစွဲဖြစ်နေရလဲဆိုရင်...

မျက်နှာသစ်လိုက်တဲ့အချိန်မှာ ရတဲ့ Geranium Essential Oil ရဲ့ သဘာဝရနံ့သင်းသင်းလေးက တကယ်ကို Premium ဆန်ပြီး စိတ်ကို Relax ဖြစ်စေတယ်။ ဟိုတယ်က လှပတဲ့ မီးဆိုင်းအောက်မှာ ဒီ Cleanser လေးနဲ့ မျက်နှာသစ်ရတာ စပါး (Spa) သွားနေရသလိုမျိုး ခံစားချက်ကို ပေးစွမ်းနိုင်လွန်းလို့ အရမ်းသဘောကျတာ။

ကျမက အသက် 30 ကျော်အရွယ် ရောက်လာပြီမလို့ Skincare ရွေးရင် အသားအရေ ခြောက်သွေ့တာ၊ တင်းခံနေတာမျိုးကို လုံးဝ (လုံးဝ) အဖြစ်မခံနိုင်တော့ဘူး။ ဒါပေမယ့် ဒီကောင်လေးကတော့:
Hydrating & Soothing: မျက်နှာသစ်ပြီးရင် အသားအရေ ခြောက်ကပ်မသွားဘဲ ရေဓာတ်ပြည့်ဝပြီး ကျန်ခဲ့တယ်။
Balancing & Nourishing: အဆီနဲ့ ရေဓာတ်ကို မျှတအောင် ထိန်းညှိပေးလို့ All Skin Types သုံးလို့ရပြီး မျက်နှာလေးက အေးအေးအိအိလေး ဖြစ်နေရောHonest Review စစ်စစ်မလို့ ပြောရရင်...
ဒါကလည်း Collaboration တွေ ဘာတွေထက် ကိုယ်တိုင်တကယ် ကြိုက်လွန်းလို့ အိမ်မှာတင်မကဘဲ ခရီးမပါရင် မပြီးလို့ သယ်သွားရတဲ့ Review အစစ်ပါပဲရှင်။
ဘူးဒီဇိုင်း: ဘူးပုံစံလေးကလည်း သဘာဝ Botanical Skincare အငွေ့အသက် အပြည့်နဲ့ အရမ်း Aesthetic ဖြစ်လို့ ဓာတ်ပုံရိုက်ရင်တောင် အလှကြီး။
ပမာဏ: 250MLတောင်ပါလို့ တစ်ဘူးဝယ်ထားရင် အကြာကြီး စိတ်ကြိုက်သုံးလို့ရတာ တန်မှတန်။မမေ့မလျော့ သယ်သွားမိတဲ့အထိ ကိုယ့်ရဲ့ Skincare Routine ထဲမှာ နေရာယူထားတဲ့ မျက်နှာသစ်ဆေးလေးမလို့ စမ်းသုံးကြည့်ဖို့ တကယ်ကို ညွှန်းချင်ပါတယ်ရှင်။ 🫶
Plant & Petals Botanical Skincare

08/08/2026

🌸 မျက်နှာကို နေရာအလိုက် ခွဲခြားပြီး သစ်ဖူးပါသလား?

မျက်နှာရဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တစ်ဝိုက် (T-Zone) က အဆီပြန်လွယ်တတ်ပြီး၊ ပါးပြင် (U-Zone) ကတော့ တချို့သူတွေမှာ ပိုခြောက်သွေ့လွယ်တတ်ပါတယ်။

ဒါကြောင့် မျက်နှာတစ်ပြင်လုံးကို အားထည့်ပြီး ပွတ်တိုက်သန့်စင်တာထက် ကိုယ့်အသားအရေရဲ့ နေရာအလိုက် လိုအပ်ချက်ကို သတိထားပြီး နူးညံ့စွာ သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ 💧

💡 Cleansing Tip
အဆီပြန်လွယ်တဲ့ T-Zone ကို သေချာသန့်စင်ပေးပြီး၊ ခြောက်သွေ့လွယ်တဲ့ ပါးပြင်တစ်ဝိုက်ကိုတော့ အားမထည့်ဘဲ ညင်ညင်သာသာ နှိပ်နယ်သန့်စင်ပေးပါ။

နေ့စဉ်သန့်စင်ရာမှာလည်း အသားအရေရဲ့ သဘာဝအစိုဓာတ်ကို အလွန်အကျွံဖယ်ရှားမပစ်ဘဲ နူးညံ့စွာ သန့်စင်ပေးနိုင်တဲ့ Cleanser ကို ရွေးချယ်ဖို့ မမေ့နဲ့နော်။ 🌿

🌸 Plant & Petals Geranium Facial Cleanser
Gentle Gel Cleanser ဖြစ်ပြီး မျက်နှာပေါ်က ဖုန်မှုန့်၊ အဆီနဲ့ အညစ်အကြေးတွေကို နူးညံ့စွာနဲ့ ထိရောက်စွာ သန့်စင်ပေးနိုင်တဲ့အပြင် အဆီနဲ့ ရေဓာတ်(Oil-Moisture Balance)ကိုထိန်းညှိပေးလို့ နေ့စဉ် Cleansing Routine အတွက် သင့်တော်ပါတယ်။

💬 သင့်မျက်နှာကရော ဘယ်နေရာမှာ ပိုအဆီပြန်တတ်လဲ?
နှာခေါင်းလား 👃 နဖူးလား ✨ မေးစေ့လား?
Comment မှာ မန့်ခဲ့ပေးဦးနော်။ 💚

06/08/2026

Su Yee ပြောပြထားတာလေးပါ💖💖💖

Photos from Plant & Petals Botanical Skincare 's post 05/08/2026

The M World By May Yupar ပြောပြထားတာလေး 👇👇
မျက်နှာသစ်ဆပ်ပြာထဲမှာ Daily သုံးလို့ တအားကောင်းတာလေး တခု ကိုပြမယ် 🍃

ဒီ brand လေးက Plant & Petals Botanical Skincare ဆိုတဲ့ သဘာဝ ingredients တွေနဲ့ထုတ်တဲ့ skincare တွေထုတ်တဲ့ brand က ထုတ်တဲ့ facial cleanser လေးပါ ✨

ရူပါ့ အမျိုးသားရဲ့ ပါးနှဖက် က chemical cleanser တခုနဲ့ ဓာတ်မတည့်တာလေး ဆိုးဆိုးရွားရွားဖြစ်ပြီး
ဆေးခန်းတွေလဲ ပြရတယ် အသားပေါ် တင်မဲ့ skincare ကိုလဲ Chemical နည်းတာတွေပဲ ရွေးသုံးရတဲ့ skin type ပါ
Plant & Petals က facial cleanser တွေ့တော့ သူ့ကို တန်းသုံးခိုင်းတော့တာပဲ 🙂‍↕️

Plant & Petals ရဲ့ facial cleanser လေး က 💚 Sulfate free formula နဲ့ ထုတ်ထားလို့ အသားအရေ ကို နီမြန်းစပ်ဖျဥ်းခြင်း တာကို သက်သာစေတယ်
ဝက်ခြံ ပြင်းပြင်းထန်ထန်ထွက် လို့ ဘာ chemical မှ ထိမရတဲ့ skin တွေအထိ သုံးလို့ရပါတယ်
သူက Sulfate မပါဝင်ဘဲ
Cleansing Ingredients တွေမှာ သဘာဝအပင်ကရတဲ့ plant derived ingredients တွေကိုသာသုံးထားပါတယ် 🤍
Gel texture မို့
အမြှုပ်သိပ်မထွက်ပေမယ့်မျက်နှာပေါ်က Skin barrier ကို မပျက်စီးစေဘဲ မျက်နှာပေါ်က ဖုန်မှုန့်
အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်
( suncream လောက်လိမ်းထားပြီး ဒီ facial cleanser တမျိုးထဲနဲ့ သစ်လို့ အဆင်ပြေပါတယ် 👍🏻)
ပြီးတော့ သူက Small Molecules Hyaluronic acid ပါဝင်လို့ သာမန်Hyaluronic acid ထက် မော်လီကျူးသေးငယ်လို့ အရေပြားအတွင်းပိုင်းအထိ ထိုးဖောက်ပြီး ရေဓာတ်ဖြည့်ပေးနိုင် ပါတယ် 👏🏼
ပြီးတော့
Sensitive skin တွေရဲ့ ထုံးစံအရ မျက်နှာသစ်ပြီးတွေနဲ့
အသားတွေ ခြောက်ထွက်သွားတာမျိုး မဖြစ်ရအောင်
💧Glycerin နဲ့ 🌸 Geranium Essential Oil ပါပါတယ်👍🏻
💧Glycerin က မျက်နှာ သစ်ပြီး ရေသုတ်တာနဲ့ အသားတွေ တင်းခြောက်မသွားအောင် လေထုထဲက အစိုဓာတ်ကို အရေပြားထဲဆွဲခေါ်ပေးမယ့် Humectant(အစိုဓာတ်ထိန်းပစ္စည်း)ဖြစ်ပါတယ်
🌸 Geranium Essential Oil ကတော့ သဘာဝ Geranium ပန်းမှ ရရှိတဲ့ Botanical Essential Oil ပါ
အဆီပြန်မှုကို ထိန်းညှိပေးပြီး Antioxidant တွေလဲ အများကြီးပါဝင်ပါတယ်
Essential oil ဆိုပေမယ့် ဂျရေနီယမ်ပန်းပင်ကိုပေါင်းခံလို့ရလာတဲ့ အပေါ်ဆုံးအလွှာက aromatherapy effect ပါတဲ့ အဆီအနှစ်ကို တင်စားပြီးခေါ်တာမို့လို့ ချွေးပေါက်ပိတ်စေမဲ့ oil မျိုး မဟုတ်ပါဘူးနော် 🙅🏻‍♀️

ရူပါတို့ အသားတွေ နေလောင်လာတဲ့ အချိန် အသားတွေနီပြီး ဘာလိမ်းလိမ်းစပ်တဲ့ အချိန် မှာ cleanser ကို Plant & Petals လေး ပဲ daily သုံးတာ အသားအရေ sensitive ဖြစ်တာတော်တော်လေး သက်သာတယ် 👏🏼
ရူပါ့ အမျိုးသားဆို ပါးနှဖက်ရဲတာက တော်တော်လေး calm ဖြစ်သွားတယ် ✨
ပြီးတော့ ပါးမှာ ရှိတဲ့ အဖုလေးတွေက နီမြန်းတာ သက်သာတယ် 👍🏻
သူက အသက် ၆ နှစ် အထက်က စပြီး သုံးလို့ရအောင်ကို Chemical free formula နဲ့ ဖော်စပ်ထားလို့
တစ်ဘူးဝယ်ထားပြီး ကလေးကနေ အဖိုးအဖွားတွေ အဖေအမေ တွေ အထိ သုံးလို့ ရပါတယ်🤍🍃
စျေးလေးလဲ ၂ သောင်းဝန်းကျင်ပါပဲ
အပြင်မှာဆို Beauty Diary, Medicare မှာလဲ ဝယ်လို့ရပါတယ်
Online ကဆို Plant & Petals Botanical Skincare page လေးကနေ မှာလို့ရပါတယ်နော်🫶🏻

04/08/2026

ဆယ်ကျော်သက်အရွယ်ကစလို့ အသုံးပြုနိုင်ပြီး အသားအရေ အမျိုးအစားအားလုံးအတွက် သင့်တော်တဲ့ Plant & Petals ရဲ့
"Geranium Facial Cleanser"🌸🌿💦
Sulfate -free &pH balanceဖြစ်ပြီးGeranium ပန်းပင်လေးတွေရဲ့ အဆီအနှစ်နဲ့ Hyaluronic Acid
(Small Molecules)တို့ ပါဝင်တာကြောင့် မိတ်ကပ်၊အညစ်အကြေး၊ဖုန်မှုန့်များကို နူးညံ့စွာ နဲ့ ထိရောက်စွာ သန့်စင်ဖယ်ရှားပေးနိုင်တဲ့အပြင် မျက်နှာသစ်ပြီး အသားတင်းခြောက်ခြောက်ကြီးဖြစ်မသွားဘဲ စိုစိုအိအိလေးနဲ့ ကြည်လင်စေပါတယ်💧
Price ~
24,000 Kyat (250 ml)

02/08/2026

အဆီပြန်တာလည်း ထိန်းချင်တယ်.. အသားခြောက်မှာလည်း ကြောက်တဲ့သူတွေအတွက် Plant & Petals Botanical Skincare ရဲ့ Geranium Facial Cleanser လေး ရှိတယ်နော်။ 🌿🌸

🌿 Geranium အဆီအနှစ် က အသားအရေရဲ့ အဆီထွက်နှုန်းကိုမျှတအောင်ညှိပေးနိုင်ပြီး💦 Small Molecules Hyaluronic Acid ကတော့ လိုအပ်တဲ့ ရေဓာတ်ကို အသားအရေရဲ့အတွင်းပိုင်းလွှာထိ deep hydration ပေးနိုင်တာမလို့ မျက်နှာသစ်ပြီးတိုင်း မျက်နှာလေးက အိစိုနေမှာပေါ့

Sulfate-free formulaနဲ့ဆိုတော့ Sensitive skin သမားတွေလည်း စိတ်ချလက်ချ သုံးလို့ရလို့ရပြီပေါ
Price~24,000ks(250ml)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

30(A), Kone Myint Yeikthar Lane, 7 Mile
Yangon