Hnin
မိန်းမသားအများစု ခံစားလွယ်တယ်
ပေါက်ကွဲတတ်တယ်
But ကျွန်မက တွေးငေးနေရတာကို နှစ်သက်တဲ့မိန်းမသား..။
hnin
09/03/2024
အတိတ်ထဲ ပြန်လှည့်
ကိုယ့်ဒဏ်ရာကိုယ် ရှာရင်း
နာကျင်မိတဲ့ နေ့ရက်တွေပါပဲ... ။
hnin
အချစ်ကဘာလည်းလို့ မေးရင်
အချိန်အကြာကြီး အမှတ်တရတွေ
အများကြီး ရှိခဲ့ရင်တောင်
သံယောဇဥ်နဲ့ ရစ်နွယ်ပြီး
အချစ်ကို နားမလည်ဘူးတဲ့ဖြေတယ်...။
hnin
28/09/2023
လူတိုင်းဟာ ဘဝမှာ
တစ်ခါတော့ အချစ်ကို ရူးမိုက်စွာ
ကိုးကွယ်ဖူးကြတာပဲ မဟုတ်လား
ရေစက်တွေ ကုန်သွားလို့
ချစ်ရက်နဲ့ လမ်းခွဲရတာမျိုးဖြစ်ဖြစ်
ဖောက်ပြန်ခံရလို့ လမ်းခွဲတာပဲဖြစ်ဖြစ်
ကျူးလွန်ခံရတဲ့သူတွေဟာ ပိုပြီးတော့
အဲ့ဒီချစ်ခြင်းတွေကို ဖက်တွယ်ကြလိမ့်မယ်
ပူမှန်းသိပေမဲ့ ပိုးဖလံမျိုးတွေ မီးထဲတိုးဝင်ကြတယ်
ဦးနှောက်က အသိတရားကို
ပါအောင်ဆွဲမယူလာနိုင်ကြဘူး
မစားနိုင် မအိပ်နိုင် နဲ့ နာကျင်စရာတွေကိုမှ
ကမ္ဘာကြီးလို့ ထင်မှတ်ပြီး တွယ်ကပ်တတ်ကြတယ်
အချစ်ခံရတဲ့ သူတွေကတော့ နားမလည်လောက်ဖူး
အချစ်မခံရတဲ့ သူတွေအဖို့တော့ ဒဏ်ရာတွေဖြစ်လာရတယ် အချိန်ကကုစားသွားမယ်လို့
ပြောရင်ယုံလိုက်ပါ တချိန်ကျ ကိုယ်ကောင်းကောင်း
နားလည်သိရှိသွားတဲ့အခါ ကိုယ်ဖြစ်ပျက်ခဲ့တာကို
ဘေးနားက လူတွေကိုပြန်ပြောပြရင် ရယ်စရာတွေ
ဖြစ်သွားလိမ့်မယ် လူတွေကလေ တကယ်
ဘဝမှာ အချစ်ကို တခါတရံ ရူးမိုက်စွာ
ကိုးကွယ်ကြတယ်.........။
hnin
01/04/2022
ကျွန်တော့် အခန်းရဲ့
နံရံတွေမှာ photoတွေအစား
သူ့ထံ လွမ်းရခြင်း
အကြောင်းတွေကို စာတွေသီပြီး
လှပစွာ ချိတ်ဆွဲဖြစ်တုန်းဆိုတာ
သူသာ သိခဲ့ရင်
ရူးလိုက်လေခြင်း လို့များ
လှောင်ရယ်နေအုံးမလား......
-hnin-
ချစ်ခြင်းတွေက
လုပ်ယူလို့မရသလို
ရင်ခုန်သံချင်း
ထပ်တူကျဖို့ဆိုတာ
လွယ်ကူနေရဲ့လား
သေချာပါတယ်
ကျွန်တော့်တွက်က
ဒီဘဝ ဒီမျှဟာတော့
အဲ့ဒီလူသားကိုပဲ ထပ်တူကျတဲ့
ရင်ခုန်သံနဲ့ ချစ်ခြင်းတွေဟာ
သန္ဓေတည်ခဲ့တယ်ဆိုတာ.......
hnin-
အိပ်လို့မပျော်တဲ့
ညတွေဟာ တကယ်ကို
ရှည်လျားလွန်းတယ်
အတွေးတွေလွန်
အတိတ်ဆိုတာတဖန် ရောက်ပြန်တော့
ဒဏ်ရာတွေဟာ
သွေးစိမ်း ရှင်ရှင်ထွက်တယ်........
hnin
Good Night
အိမ်မက်ထဲတော့
မင်းနဲ့ ဆုံပါရစေ
ကိုယ့်ရဲ့ အိမ်မက်ကလေးလည်း
လှပါစေ
မင်းလည်း နှစ်ခြိုက်စွာ အိပ်စက်ခြင်းဖြင့်
အေးချမ်းပါစေ......
-hnin-
ကျွန်တော်တို့တွေ
တခေါက်တခါပြန်ဆုံဖြစ်ရင်
ဒီကောင်မလေးဟာ......
အရင်လိုပဲ ပုံပြင်တွေကြိုက်တုန်းလို့
ခင်ဗျား တွေးနေမလား
ငါ့ကို ချစ်တာဟာ မပြောင်းလဲသေးပါလားလို့
ခင်ဗျား လှောင်ရယ်နေအုံးမလား.....
အရင်လိုပါပဲကွာ
ဘာမှမပြောင်းလဲပါဘူးမင်းက
အူတူတူ အတတလေးဆိုပြီး
မနူးမနပ်လေးတယောက်လိုများ
ဆက်ဆံနေအုံးမလား......
ဟုတ်ပါတယ် ကျွန်တော့်ရဲ့ ဖြစ်တည်မှုဟာ
အရာရာ ပြောင်းလဲနေခဲ့ရင်တောင်
ခင်ဗျားနဲ့တွေ့ရင် ခင်ဗျားသိခဲ့ဘူးတဲ့
ခပ်နုံနုံ ခပ်အအလေးအဖြစ်
ရှိနေပေးမိမှာ ကျွန်တော့်ရဲ့
အမှတ်မရှိခြင်းတွေဟာ........
ခင်ဗျားတွက်မူပိုင်ပါဗျာ.................
-hnin-
အချို့သောခင်မင်မှုတွေက
ကို့ဘက်ကစပြီးblock
စရာမလိုခဲ့ဘူး....
အချိန်တန်တော့လည်း
သူတို့ဘာသာ....ကို့ကိုယ်
blacklist စရင်းသွင်းခဲ့ကြတာ.....
🙄🙄🙄
ငါတို့ဦးနှောက်ကို သုံးပြီး
ဘာမဆို ဂရုစိုက်ရင်
ငါတို့ မချစ်တတ်တော့ဘူး
မနာကျင်ရတော့ဘူး....
မတွယ်တာမိ တော့ဘူး
ဒါပေမဲ့....မင်း....
ကျွန်တော်စီစဥ်သမျှတွေ အားလုံး
ပျက်စီးစေခဲ့တယ်......
ကျွန်တော့်နှလုံးသား အမြဲတမ်း
အားနည်းခဲ့ရတယ် မင်းနဲ့တွေ့ရင်ပေါ့
ဒါပေမဲ့.......တွေ့ခြင်နေသေးတယ်
ပြီးတော့ မင်းကိုလွမ်းတယ်
မင်းရော...ကျွန်တော့်ကို
လွမ်းနေရဲ့လား..........
-hnin-
နှင်း
စာအုပ်တအုပ်ထဲမှာ
ဖတ်ဖူးတယ်
အချစ်မခံရတဲ့ကလေးတွေဟာ
မချစ်တတ်ကြဘူးတဲ့.........
16/2/2022
Website
Address
Alerts
Be the first to know and let us send you an email when Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
