TruLife Myanmar

TruLife Myanmar

Share

TruLife is a premium quality birdnest from Singapore.TruLife got the Innovative award of Collagen from Watson 2016.

02/06/2026

🌧️ ရာသီအကူးအပြောင်းကာလမှာ ဖျားနာလွယ်သူများ၊ နလန်ပြန်ထသူများ
ဘာကြောင့် "ငှက်သိုက်" သောက်သင့်တာလဲ?

အခုလို ရာသီပြောင်းလဲချိန်တွေမှာ
💁‍♀️ ဖျားနာလွယ်ခြင်း
💁‍♀️ ကိုယ်ခံအားလျော့နည်းလာခြင်း
💁‍♀️ အစာခြေစနစ်နှေးကွေးလာခြင်း
💁‍♀️ နလန်ပြန်ထချိန် အားနည်းနေခြင်း စတဲ့ ပြဿနာတွေကို လူအများစု ကြုံတွေ့နေရပါတယ်။

ဒီလိုအချိန်မျိုးမှာ ငှက်သိုက် သောက်ပေးခြင်းက
🌿 အာဟာရပြည့်ဝစေခြင်း
🌿 နူးညံ့ပြီး အစာခြေဖို့လွယ်ကူစေခြင်း
🌿 ကိုယ်ခံအားကို ထောက်ပံ့ပေးနိုင်ခြင်း စတာတွေကြောင့်
ဖိုးဖိုးဖွားဖွား၊ ဖေဖေမေမေတို့ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ အာဟာရဖြည့်စွက်အစားအစာ ဖြစ်ပါတယ်။

ငှက်သိုက်သောက်ခြင်းရဲ့ ကောင်းကျိုးများ
🪺 နလန်ပြန်ထချိန် အားနည်းပင်ပန်းမှုကို သက်သာစေတယ်။
🪺 ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးတယ်။
🪺 လည်ချောင်းခြောက်ခြင်း၊ မောပန်းခြင်းကို ကူညီသက်သာစေတယ်။
🪺 အသက်ကြီးသူများအတွက် အစာခြေဖို့လွယ်ကူစေပါတယ်။

TruLife ငှက်သိုက်ကို ရွေးချယ်စရာ (၃) မျိုး ထုတ်လုပ်ပေးထားပါတယ်ရှင်။

Rock Sugar Bird's Nest - (အချိုအရသာနည်းပြီး အနံ့မပါ Original အရသာတိုင်းထုတ်လုပ်ပေးထားပါတယ်။)

American Ginseng Bird’s Nest - (ဌက်သိုက်စစ်စစ်နှင့် ကိုးရီးယားဂျင်ဆင်းကို အထူးပေါင်းစပ်ထုတ်လုပ်ပေးထားပါတယ်။)

Sugar Free Bird's Nest - (ဆီးချို၊ သွေးချို သမားများ နဲ့ သကြားရှောင်တဲ့သူများအတွက် ထုတ်ပေးထားပါတယ်။)

Trulife သဘာဝဌက်သိုက်များကို အောက်ဖော်ပြပါဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်ရှင် ✨
- City Mart
- Shwe Ohh Pharmacy
- Medicare Pharmacy
- Ko Han Tin+Ma Tin Tin Aung Pharmacy
- Life Plus Pharmacy
- Orchid Pharmacy
- Myanmar Padauk(Padauk Oo Pharmacy)
- Beauty Diary
- Capital Hyper Market

10/05/2026

Happy Mother’s Day 🤍🤱

မေမေ့ ကျေးဇူးမြင့်မိုရ်ဦး။
လောကကြီးမှာ ကျွန်မတို့အတွက် အမြဲအနားမှာရှိနေပေးပြီး ဘာနဲ့မှ အစားမထိုးနိုင်တဲ့ မေတ္တာရှင်ကတော့ 'အမေ' ပါပဲ။

ယနေ့ မေလ (၁၀) ရက်နေ့မှာကျရောက်တဲ့ “အမေများ” နေ့လေးမှစတင်၍ ကမ္ဘာပေါ်ရှိ မေမေများအားလုံး ကျန်းမာပျော်ရွှင်ပြီး ချစ်ရသူတွေနဲ့ နွေးထွေးတဲ့နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်...။ 💝🙏🏻


#အမေများနေ့

01/05/2026

ယနေ့ ကျရောက်သော ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့ ဟာ အပြည်ပြည်ဆိုင်ရာ 👨‍🌾 👷 “အလုပ်သမားနေ့” ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာရှိကြတဲ့ အလုပ်သမားများအားလုံးနှင့်အတူ TruLife Myanmar မှ လေးစားစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။


#အလုပ်သမားနေ့

30/04/2026

🪷 ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်
မှတ်ရန် ဗုဒ္ဓနေ့ 🌕

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ “ကဆုန်လပြည့်” (ဗုဒ္ဓနေ့) လေးမှာ ကိုယ်စိတ်နှလုံးအေးချမ်းရွှင်ပြုံး၍ ကုသိုလ်ဘာဝနာ ပွားများနိုင်ကြပါစေကြောင်း TruLife Myanmar မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻
#ကဆုန်လပြည့်နေ့

13/04/2026

နှစ်သစ်ဆုမွန်လွှာ

💦 နှစ်သစ်ကူးအတာသင်္ကြန်ကာလမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ရေလိုအေး ပန်းလိုမွှေး၍ အေးချမ်းကြပါ စေကြောင်း TruLife Myanmar မိသားစုမှ ဆု‌တောင်းမေတ္တာမွန်ပို့သအပ်ပါတယ်ရှင် 🌿 🙏🏻

11/04/2026

Detox ဆိုတာဘာလဲ ?

Detox ဆိုတာက ကိုယ်ခန္တာအတွင်းမှာ စုပုံလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားခြင်း (သို့) လျော့နည်းအောင် လုပ်ဆောင်ခြင်းကို ဆိုလိုတာပါ။

💁‍♀️ Detox လုပ်ဖို့ဘာကြောင့်လိုအပ်တာလဲ?
ဟုတ်ပါတယ်. လူ့ခန္တာကိုယ်မှာက သဘာဝအတိုင်း Detox လုပ်ပေးနေတဲ့ အင်္ဂါတွေရှိပြီးသားပါ။
👉🏻အသည်း - အဆိပ်အတောက်တွေကိုခွဲခြမ်းစစ်ထုတ်တယ်
👉🏻ကျောက်ကပ် - ဆီးအဖြစ် အဆိပ်အတောက်တွေကို ထုတ်ပယ်တယ်
👉🏻အူလမ်းကြောင်း - အညစ်အကြေးတွေကို စွန့်ထုတ်တယ်
👉🏻အဆုတ်၊ အရေပြား - အသက်ရူခြင်း၊ ချွေးထွက်ခြင်းဖြင့် အဆိပ်တောက်တွေကို ဖယ်ရှားပေးပါတယ်။
ဒါကတော့ ကျန်းမာသူတစ်ယောက်အတွက် ကိုယ်ခန္တာက Detox လုပ်ပေးနေပြီးသားပါ

ယနေ့ခေတ်မှာ‌တော့ Detox အနေနဲ့ အများအားဖြင့် -
Detox Juice
Detox Tea
Detox Supplement
တို့နဲ့ ခန္ဓာကိုယ်အတွင်းပိုင်းနှင့် အရေပြားအလှအပ အတွက် အသုံးပြုလာကြပါတယ်။

🌱 TruLife ရဲ့ Herbal System Detox က
• အူလမ်းကြောင်း သန့်စင်ပေးတယ်
• ဝမ်းချုပ်သက်သာစေတယ်
• ကိုယ်အလေးချိန်လျော့စေနိုင်တယ်
• အသားအရေ ကောင်းလာစေနိုင်တယ်
• ပင်ပန်းနွမ်းနယ်မှု လျော့စေနိုင်ပါတယ်

🌱 TruLife Harbel System Detox က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးဖို့နှင့် အသားအရေလှပစေဖို့ ကူညီပေးတဲ့ Supplement (အာဟာရဖြည့်စွက်စာ) တစ်မျိုးဖြစ်ပါတယ်။

09/03/2026

နှစ်သစ်မှာ ဖေဖေမေမေတို့ ကျန်းမာစေဖို့ ✨
🙏🏻 အကောင်းဆုံး ကျန်းမာရေးလက်ဆောင်မွန် TruLife ငှက်သိုက် 🪺

ကျန်းမာခြင်းဟာ လူကြီးမိဘတွေအတွက် အကောင်းဆုံး ဆုလာဘ်ပါ။
သင့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့အတူပေးတဲ့ ကျန်းမာရေးလက်ဆောင်လေးက အထူးတန်ဖိုးရှိလှတဲ့ အမှတ်တရလက်ဆောင်မွန်လေးပါပဲ... 💝

🪺 Trulife သဘာဝဌက်သိုက်များကို အောက်ဖော်ပြပါဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါပြီရှင်
1.City Mart
2.Shwe Ohh
3.Medicare
4.Ko Han Tin+Ma Tin Tin Aung Pharmacy
5.Life Plus
6.Orchid Pharmacy
7.Myanmar Padauk(Padauk Oo Pharmacy)
8.Beauty Diary
9.Capital Hyper Market

02/03/2026

🌾 Happy Farmer’s Day 🌾

ယနေ့ မတ်လ (၂) ရက်နေ့ ၊ တောင်သူလယ်သမားနေ့
ကျွန်ုပ်တို့ အာဟာရဝမ်းစာအတွက် ကြိုးစားစိုက်ပျိုးပေးသော တောင်သူဦးကြီးတို့ရဲ့ စိုက်ပျိုးအားထုတ်မှုကို လေးစားဂုဏ်ပြုလျက် TruLife Myanmar မိသားစုမှ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။

16/02/2026

🧧 𝐇𝐀𝐏𝐏𝐘 𝐂𝐇𝐈𝐍𝐄𝐒𝐄 𝐍𝐄𝐖 𝐘𝐄𝐀𝐑 🧧
𝑌𝑒𝑎𝑟 𝑜𝑓 𝑡ℎ𝑒 𝐻𝑜𝑟𝑠𝑒 🐎

တရုတ်ရိုးရာနှစ်သစ် “မြင်းနှစ်” မှာ ကျန်းမာရေးနှင့် အောင်မြင်မှုကို TruLife Myanmar နှင့်အတူ ကြိုဆိုကြရအောင်နော်။ နှစ်သစ်တစ်နှစ်လုံးကို ကျန်းမာ နုပျိုခြင်းနှင့် အောင်မြင်သော နေ့စဉ်ဘဝလမ်းကြောင်းမှာ TruLife Myanmar က အတူလက်တွဲရှိလို့နေပါမယ်...

ကျန်းမာရေးကောင်းမွန်ခြင်း၊ စီးပွားရေးတိုးတက်ခြင်းနှင့် ပျော်ရွှင်သောအောင်မြင်ပြည့်စုံခြင်းတွေ မိသားစုများထံ ရောက်ရှိပါစေကြောင်း TruLife Myanmar မှ ဆုတောင်းမေတ္တာမွန်ပို့သအပ်ပါတယ်ရှင်။ ✨

14/02/2026

𝑽𝒂𝒍𝒆𝒏𝒕𝒊𝒏𝒆 𝑫𝒂𝒚 ဆိုတာ
သူများကိုချစ်ဖို့တင်မက
ကိုယ့်ကိုယ်ကိုလည်း ချစ်ရမယ့်နေ့ပါ 🌷

ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ နုပျိုအောင်နေပါ
ကျန်းမာအောင်ဂရုစိုက်ပါ
ဒီနေ့က ကိုယ့်အတွက်လည်း 𝑽𝒂𝒍𝒆𝒏𝒕𝒊𝒏𝒆 ပါပဲ 💖

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon