Fragrance By Charm

Fragrance By Charm

Share

🌿 100% Authentic Essence
Directly Sourced | Original Guaranteed
💚 Let your scent do the talking.

11/06/2026

လူ့သွေးနံ့ စာအုပ်ဟောင်းနံ့ ကားတာယာနံ့

အဲ့ဒါတွေကို ရေမွှေး ထုတ်ပြီး တကယ်ဝယ်ဆွတ်နေတဲ့သူတွေ ရှိတယ်
perfume လောကထဲ ကို နက်နက်ရှိုင်းရှိုင်း ဝင်ကြည့်လိုက်တော့

ဟာ ဒါတွေက ရေမွှေးလား ဆိုပြီး အံ့ဩသွားရတဲ့ အနံ့တွေ တကယ်ရှိနေတာပါ

တချို့ရေမွှေးတွေဆို သွေးနံ့ တံတွေးနံ့ ချွေးနံ့တွေကိုတောင် ပြန်ဖန်တီးထားကြတယ်
ရှူကြည့်ဖူးတဲ့သူတွေကတော့ reaction တော်တော်ပြင်းကြတယ်

ပြီးတော့ စာအုပ်ကြိုက်တဲ့သူတွေ သဘောကျတဲ့ စာအုပ်ဟောင်းနံ့ကို ရေမွှေးလုပ်ထားတာတွေလည်း ရှိသေးတယ်

စာကြည့်တိုက်ဟောင်းထဲက စာအုပ်ဝါဝါလေးတွေကို လှန်လိုက်တဲ့အချိန် ရတဲ့ feeling ကို ပုလင်းထဲထည့်ထားသလိုပဲ

အဲ့ဒါတင်မဟုတ်သေးဘူး

ကားတာယာကျွမ်းနံ့ ကတ္တရာစေးနံ့ လောင်စာဆီနံ့တွေပါတဲ့ ရေမွှေးတောင် ရှိသေးတယ်

ကြားရတာတော့ ထူးဆန်းတယ်

ဒါပေမယ့် perfume lover တွေအတွက်တော့ အဲ့လိုအနံ့တွေကပဲ unique ဖြစ်ပြီး ဆွဲဆောင်မှုရှိနေတတ်တယ်

တကယ်တော့ လူတိုင်း ရေမွှေးဆွတ်တာ မွှေးချင်လို့ တစ်ခုတည်းတော့ မဟုတ်ဘူး

တချို့က ဘယ်သူနဲ့မှ မတူချင်လို့

တချို့က အနုပညာတစ်ခုလို သဘောကျလို့

တချို့ကျတော့ ငါကြိုက်လို့ ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ပဲ ဆွတ်ကြတာ

ဒါနဲ့

လူ့သွေးနံ့
စာအုပ်ဟောင်းနံ့
ကားတာယာနံ့

ဒီသုံးခုထဲက တစ်ခုကို စမ်းရှူခွင့်ရမယ်ဆိုရင် ဘယ်တစ်ခုကို ရွေးမလဲ...?

10/06/2026

YSL MYSLF ကို စဆွတ်တုန်းက ဟာ... ဒီလောက်ပဲလား ဆိုပြီး နည်းနည်းတောင် စိတ်ပျက်မိခဲ့တယ် 😭
အနံ့ကဆန်းမနေဘူး စွတ်ရတာပျင်းဖို့ကောင်းတယ်
ငါ ရေမွှေးဆွတ်ထားတယ်နော် ဆိုပြီး အော်နေတဲ့ type လည်း မဟုတ်ဘူး

ဒါပေမဲ့ ထူးဆန်းတာက
Compliment အများဆုံး ရခဲ့တဲ့ အနံ့က သူဖြစ်နေတယ် 😂
ဘာရေမွှေးလဲ
အနံ့လေး သန့်လိုက်တာ
ဆိုပြီး လာမေးတဲ့သူတွေ တော်တော်များတယ်

သူ့ vibe က
ရေချိုးပြီးခါစ
အဝတ်အစားသန့်သန့်လေး ဝတ်ထားပြီး
အရာအားလုံး အဆင်ပြေနေတဲ့ guy တစ်ယောက်လိုမျိုး 😮‍💨✨
တစ်ချို့ရေမွှေးတွေက
ငါ့ကို သတိထားမိအောင် ကြည့် ဆိုပြီး အတင်းကြိုးစားနေသလို ခံစားရတယ်
MYSLF ကတော့
ဘာမှ အတင်းမလုပ်ဘဲ
လူတွေ သဘောကျသွားစေတဲ့ type မျိုး...ကျွန်တော်ပြောတာမယုံနဲ့နော် ကိုယ်တိုင်စမ်းကြည့်ပါ...

Price - Chatbox , Viber , Telegram မှာ စိတ်ကြိုက် မေးလို့ရပါတယ်ခင်ဗျာ

✅ Retail available
✅ COD or Prepaid
✅ Digital payment available
✅ တနိုင်ငံလုံး အိမ်အရောက်ငွေချေ ရပါတယ်

📍 No 18 125 Street Mingalar Taung Nyunt Township

📱 09786232366

#ရေမွှေး

Photos from Fragrance By Charm's post 09/06/2026

Budget fragrance တွေထဲမှာ blind buy လုပ်ဖို့ အဆင်ပြေဆုံး fresh scent တစ်လုံးရွေးပေးပါဆိုရင် Explorer ကိုပဲ ပြေးမြင်မိတယ် ✨

Aventus ရဲ့ နာမည်ကြီး pineapple DNA ကို တိုက်ရိုက်ကြီး copy မလုပ်ဘဲ သူ့ကိုယ်ပိုင် character လေးနဲ့ သွားထားတာက ပိုသဘောကျဖို့ကောင်းတယ်။ ဒီဈေးနဲ့ ဒီ quality ရတာ တကယ်တန်တယ်လို့ ပြောရမယ် 🌿

Club de Nuit Intense Man က performance ကောင်းပေမယ့် opening မှာ synthetic ဆန်ပြီး lemon အနံ့က နည်းနည်းပြင်းတယ်။ Explorer ကတော့ စဆွတ်တဲ့အချိန်ကနေ dry down အထိ ပိုပြီး smooth ဖြစ်လို့ နေ့တိုင်း အလွယ်တကူ ယူသုံးလို့ရတဲ့ scent မျိုးပါ

Price - Chatbox, Viber, Telegram မှာ စိတ်ကြိုက် မေးလို့ရပါတယ်ခင်ဗျာ

✅ Retail available
✅ COD or Prepaid
✅ Digital payment available
✅ တနိုင်ငံလုံး အိမ်အရောက်ငွေချေ ရပါတယ်

📍 No 18 125 Street Mingalar Taung Nyunt Township

📱 09786232366



#ရေမွှေး

08/06/2026

ရေမွှေးထဲမှာ Alcohol တွေ ဘာလို့ အများကြီးထည့်ထားတာလဲ..?

ရေမွှေးတစ်ပုလင်းကို ကြည့်လိုက်ရင် “Alcohol Denat” က အများဆုံး ပါဝင်ပစ္စည်းအဖြစ် အပေါ်ဆုံးမှာ တွေ့ရတတ်ပါတယ်။ EDP ထက် EDT တွေမှာ ပါဝင်မှုပိုများတတ်ပါတယ် ✨

တကယ်တော့ ဒီ alcohol က မလိုအပ်တဲ့အရာမဟုတ်ဘဲ ရေမွှေးကို အသက်ဝင်အောင် လုပ်ပေးတဲ့အရာတစ်ခုပါ။ အနံ့က လေထဲကို မပျံ့ဘဲ အသားပေါ်မှာပဲ ငြိမ်နေတတ်တဲ့ fragrance oils တွေကို alcohol က အငွေ့ပျံစေနိုင်သလို fragrance molecules တွေကိုလည်း လေထဲမှာ ပိုပျံ့နှံ့စေပါတယ်။ ဒါကြောင့်ပဲ ရေမွှေးဖြန်းလိုက်တာနဲ့ အနံ့က ပတ်ဝန်းကျင်ထိ ထင်းခနဲ ပျံ့သွားတာဖြစ်ပါတယ် ✨

နောက်တစ်ခုက အနံ့မပျက်အောင် ထိန်းပေးတဲ့အလုပ်ပါ။ သဘာဝအဆီတွေက အချိန်ကြာလာရင် ပျက်စီးလွယ်ပါတယ်။ Alcohol က fragrance compounds တွေကို တည်ငြိမ်စေပြီး ရေမွှေးရဲ့ အရည်အသွေးကို ထိန်းထားပေးပါတယ်။ ပြီးတော့ ဖျန်းလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း ခြောက်သွားတာလည်း ဒီ alcohol ကြောင့်ပါ 💧 ဒါကြောင့်ပဲ ရေမွှေးဖြန်းလိုက်တဲ့အခါ alcohol အနံ့နဲ့ top notes တွေကို အရင်ခံစားရတတ်ပြီး စက္ကန့်အနည်းငယ် စောင့်လိုက်မှ တကယ့် fragrance ရဲ့ အလှတရားက ပေါ်လာတာပါ။ အခုခေတ်မှာတော့ alcohol မပါတဲ့ water-based perfume တွေ၊ perfume oil တွေလည်း တဖြည်းဖြည်း ခေတ်စားလာနေပြီဖြစ်ပါတယ်

06/06/2026

Urban Man Elixir ကတော့ budget Sauvage killer လို့ပဲပြောရမယ် 🔥

လေထဲမှာပျံ့သွားရင် Sauvage နဲ့တော်တော်ဆင်တယ်...
Price - Chatbox , Viber , Telegram မှာ စိတ်ကြိုက် မေးလို့ရပါတယ်ခင်ဗျာ

✅ Retail available
✅ COD or Prepaid
✅ Digital payment available
✅ တနိုင်ငံလုံး အိမ်အရောက်ငွေချေ ရပါတယ်

📍 No 18 125 Street Mingalar Taung Nyunt Township

📱 09786232366

06/06/2026

☕👃 ရေမွှေးဆိုင်မှာ ထားတဲ့ ကော်ဖီစေ့ခွက်တွေက နှာခေါင်းကို Reset ချပေးတယ်ဆိုတာ တကယ်ပဲလား

ရေမွှေး ၅ မျိုး ၆ မျိုးလောက် ဆက်တိုက်ရှူပြီးရင် ဘာအနံ့မှန်း မခွဲနိုင်တော့တဲ့အချိန် ကော်ဖီစေ့လေး ရှူကြည့်လိုက်ပါ ဆိုတာ ကြားဖူးကြမှာပါ စိတ်ဝင်စားစရာကောင်းတာက အဲ့ဒီအယူအဆဟာ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ အချက်မဟုတ်ဘဲ Myth တစ်ခု ဖြစ်နိုင်တယ်လို့ သုတေသနအချို့က ဖော်ပြထားပါတယ်

ကော်ဖီစေ့က နှာခေါင်းကို သန့်စင်ပေးတာ မဟုတ်ပါဘူး တကယ်တော့ ကော်ဖီကိုယ်တိုင်က အနံ့ပြင်းပြီး ရနံ့မော်လီကျူး ရာနဲ့ချီ ပါဝင်နေတဲ့ အရာတစ်ခု ဖြစ်ပါတယ် ရေမွှေးနံ့တွေကို ဖယ်ရှားပေးတာမဟုတ်ဘဲ ဦးနှောက်ကို အနံ့အသစ်တစ်ခုနဲ့ အာရုံပြောင်းသွားစေတာပါ

olfactory adaptation research 2010–2011 studies

တချို့ Perfumers တွေနဲ့ Fragrance Educators တွေ အကြံပေးတာကတော့ ကော်ဖီစေ့ထက် ကိုယ့်ရဲ့ အဝတ်အစား လက်မောင်း ဒါမှမဟုတ် ဘာအနံ့မှ မပါတဲ့ ကိုယ့်အသားအရေကို ပြန်ရှူကြည့်တာ ပိုအသုံးဝင်တယ်လို့ ဆိုကြပါတယ်...

05/06/2026

မိုးရွာတဲ့နေ့တွေဆို Asad ကို ပိုသဘောကျမိတယ်။ 🌧️ ပုံမှန်နေ့ထက် မိုးအေးအေးထဲမှာ Black Pepper နဲ့ Vanilla vibe က နွေးထွေးအိစပ် လာသလို ခံစားရတယ်

Budget option, Middle East ရေမွှေးတွေထဲ Rainy Day fragrance မေးရင် Asad ကို အမြဲ ညွှန်းပေးဖြစ်တယ်..

Retail - 1***** ks

Price - Chatbox , Viber , Telegram မှာ စိတ်ကြိုက် မေးလို့ရပါတယ်ခင်ဗျာ

✅ COD or Prepaid
✅ Digital payment available
✅ တနိုင်ငံလုံး အိမ်အရောက်ငွေချေ ရပါတယ်

📍 No 18 125 Street Mingalar Taung Nyunt Township

📱 09786232366

#ရေမွှေး

04/06/2026

မိုးဖွဲဖွဲလေး စရွာချိန် ခြောက်သွေ့နေတဲ့ မြေကြီးပေါ် မိုးစက်တွေကျလာတဲ့အခါ ထွက်လာတဲ့ လတ်ဆတ် အေးမြတဲ့ မြေသင်းနံ့သင်းသင်းလေးကို လူတိုင်းနီးပါး သဘောကျကြမှာပါ။

အဲ့ဒီ ရနံ့ဟာ စိတ်ကို အေးချမ်းသွားစေသလို သဘာဝတရားကြီးရဲ့ သက်ဝင်လှုပ်ရှားမှုကို အပြည့်အဝ ခံစားရစေပါတယ်။

သိပ္ပံပညာအရ ဒါကို Petrichor လို့ ခေါ်ပါတယ် 🌱

ဒါဆို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဒီမိုးရွာပြီးစ သဘာဝမြေကြီးနံ့ကို ရေမွှေးပုလင်းထဲ ထည့်ပြီး အမြဲဆွတ်လို့ရအောင် ဖန်တီးလို့ ရနိုင်မလား?

အဖြေကတော့ ရပါတယ်။

ဒါပေမဲ့ ဒါဟာ ရေမွှေးပုလင်းထဲကို တကယ့်ရွှံ့နွံတွေ မြေကြီးတွေ ထည့်ထားတာ မဟုတ်ပါဘူး။

သိပ္ပံပညာရှင်တွေနဲ့ ရေမွှေးပညာရှင် Perfumers တွေဟာ မိုးရွာချလိုက်တဲ့အခါ မြေကြီးထဲက အပင်တွေနဲ့ ဗက်တီးရီးယားတွေဆီကနေ ထွက်လာတဲ့ Geosmin ဆိုတဲ့ ဒြပ်ပေါင်းကြောင့် ဒီအနံ့ထွက်လာတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

လူတွေရဲ့ နှာခေါင်းဟာ ဒီ Geosmin ရနံ့ကို အင်မတန် အာရုံခံနိုင်စွမ်း မြင့်မားကြပါတယ် 🧪

ရေမွှေးလောကမှာ ဒီမိုးရွာပြီးစ ရနံ့ကို ဖန်တီးဖို့အတွက် ဓာတ်ခွဲခန်းထုတ် Synthetic နည်းပညာတွေအပြင် Mitti Attar လို့ခေါ်တဲ့ အိန္ဒိယရိုးရာ နည်းလမ်းတွေကိုပါ သုံးကြပါတယ်။

ခြောက်သွေ့တဲ့ ရွံ့မြေကွက်တွေကို မြေအိုးထဲထည့် သဘာဝအတိုင်း ပေါင်းခံပြီး စန္ဒကူးနံ့သာဆီ Sandalwood Oil ထဲမှာ ရနံ့စွဲကျန်အောင် ဖန်တီးရတဲ့ သမိုင်းဝင် အနုပညာတစ်ခုပါ။

ဒီနေ့ခေတ်မှာတော့ Demeter Fragrance Library Rain သို့မဟုတ် Clean Reserve Rain စတဲ့ ရေမွှေးတွေဟာ ဒီမိုးရွာပြီးစ လေထုရဲ့ ရနံ့ကို အနီးစပ်ဆုံး ပုံတူကူးချထားပြီး ဆွတ်လိုက်တာနဲ့ ပူအိုက်တဲ့ နေ့ရက်တွေမှာတောင် စိတ်ကို ချက်ချင်း အေးမြလတ်ဆတ်သွားစေပါတယ် ☔

သဘာဝအတိုင်း ရိုးရှင်းပြီး ဆန်းကြယ်တဲ့ မိုးရွာပြီးစ မြေကြီးနံ့သင်းသင်းလေးတွေကို ကိုယ်တိုင်လည်း သဘောကျလို့ knowledge အနေနဲ့ မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

04/06/2026

တချို့ရေမွှေးတွေကစ

ဖြန်းလိုက်တာနဲ့ wow ဖြစ်သွားတယ်
ဒါပေမယ့် Stronger With You Intensely ကတော့ မတူဘူး 🔥

first impression က ဟာ ချိုလိုက်တာကွာ ဆိုပြီး ဖြစ်သွားတယ်

အချိန်နည်းနည်းကြာလာတော့
Vanilla နဲ့ Chestnut က တဖြည်းဖြည်းထွက်လာတယ် 😍

အဲ့ဒီ moment ရောက်မှပဲ
“အော်… လူတွေဘာလို့ ဒီလောက်အရူးအမူးဖြစ်နေတာလဲ” ဆိုတာ နားလည်သွားတယ်

Price – Chatbox / Viber / Telegram မှာ စိတ်ကြိုက်မေးလို့ရပါတယ်

✅ Retail / Tester / Decant (10ml, 30ml) available
✅ COD / Prepaid
✅ Digital payment available
✅ တနိုင်ငံလုံး အိမ်အရောက်ငွေချေ ရပါတယ်

📱 09786232366

#ရေမွှေး

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

No. 18, 125th Street, Mingalar Taung Nyunt Township
Yangon