The Magic Scent
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Magic Scent, Health/Beauty, Botahtaung Tsp, Yangon.
ကိုယ့်ရဲ့ကိုယ်ပိုင် Skin Scent Collection ဖြစ်ပါတယ် ကိုယ်သင်းရနံ့ကကောင်းမွန်နေတဲ့ပုံစံလေးနဲ့ပျံ့လွင့်ပြီး လုံးဝဘေးလူကိုအနှောင့်အယှက်မဖြစ်စေပါဘူးရှင်My Skin But Better လို့ပြောရမယ် White Muskဆိုတာ ဖြူစင် သန့်ရှင်း နူးညံ့တယ်လို့ဆိုရမယ် Clean ဖြစ်ပြီး Muskyဖြစ်တာများပါယ်ရှင့်💝 #ရေမွှေး
Decantခွဲတဲ့ညတွေ 💝
20/09/2026
Customer တွေစိတ်တိုင်းကျမှဘဲ ရောင်းရတာပိုစိတ်
ချမ်းသာပါတယ် ရေမွှေးမှာအကုန်လုံးအပြည့်တော့ လူတိုင်း
အကြိုက်မဖြစ်နိုင်ပေမယ့် လည်း ဝယ်ရအဆင်ပြေဖို့တော့သေချာကြိုးစားထားပါတယ်ရှင့် The Magic Scentမှာ လာမေးသမျှရေမွှေးတွေကို Instockမရှိခဲ့ရင်တောင် Buying Listsထဲထည့်ပြီး Offerရတာနဲ့ဝယ်ပြီးစုထားပေးပါတယ်ရှင်💗
#ရေမွှေး
#
20/09/2026
အရေးကြီးတဲ့အလုပ်ကိစ္စ Date တွေမှာဆို BDK Impadia✨
ပေါ့ပေါ့ပါးပါး သွားလာရတဲ့နေ့တွေဆို Dolce & Gabbana L’IMPERATRICE✨
ဒီရက်ထဲကိုယ့်အကြိုက်ထဲရှိနေပြီးသား ရေမွှေး တစ်လုံးနဲ့ ရေမွှေးသစ်တစ်လုံးပါရှင် BDK Impadia အရမ်းကိုကောင်းပါတယ် အကောင်းဆုံးသောနှင်းဆီရနံ့ပါရှင် အဆီအနှစ်ပြည့်ဝပြီး တကယ့်ကိုစွဲဆောင်မှုရှိရှိပျံ့လွင့်သော ရနံ့ပါ ဒီလတွေထဲမှာ Hibiscus Mahajad တို့လိုရေမွှေးကောင်းတွေလိုဘဲခံစားမိတဲ့နောက်ထပ်ရေမွှေးတစ်လုံးပါဘဲ
L’IMPERATRICE ကတော့ဖရဲသီးမွှေးမွှေးအေးအေးလေးနဲ့ပေါ့ပေါ့ပါးပါးဆွတ်ရပြေတဲ့ရေမွှေးလေးပါ သူ့ထုံးစံအတိုင်းရွှေရင်အေး ရေမွှေးလေးလိုပါဘဲ
နှစ်ခုလုံး The Magic ScentမှာInstockရပါတယ်ရှင် ရေမွှေးအမျိုးအစားစုံစုံလင်လင်ကိုDecant ,Full Sizeရောင်းချနေတာကြောင့် Like & Followလေးလည်းလုပ်ထားပေးပါဦးရှင် 💝
#ရေမွှေး
20/09/2026
စင်ပေါ်မတင်ခင်လေး 💗 Instockတွေပါရှင် တချို့ပုလင်းတွေဆိုလုံးဝကိုမတင်ရသေး🤧 ကိုယ်ကြိုက်တာတွေချည်းတင်နေလို့😁 ကိုယ့်ဆီမှာလေ ရိုးသွားတဲ့ရနံ့ဆိုတာမရှိဘဲ ပြန်စမ်းတိုင်းသဘောကျရတဲ့ပုလင်းတွေအများကြီးပါဘဲ ရေမွှေးခေတ်ပျက်တယ်ဆိုကြပေမယ့်လည်း ရေမွှေးကရတဲ့ပျော်ရွှင်မှုကတော့အမြဲအပြည့်100% ပါ
#ရေမွှေး
Fleur Narcotique ထပ်ရောက်ထားပါပြီရှင်💗အကြိုက်ရဆုံးလေး အညွန််းမိဆုံးလေးမို့ ခုလိုထပ်ရောက်မှဘဲစိတ်ချမ်းသာ💝 The Magic Scentမှာ Decantရပါတယ်ရှင် Haliey Bieber ဆွတ်တဲ့ရေမွှေးပါရှင် လိုင်ချီးသီးရနံ့လေးကိုအခြားပန်းရနံ့လေးတွေနဲ့သိမ်မွေ့ငြင်သာ နေရော တကယ်အကြိုက်ရဆုံးရနံ့ပါရှင်💝 #ရေမွှေး
19/09/2026
Guidance ကိုကိုယ့်အစ်မတွေ ဘယ်လောက်တောင်ကြိုက်လဲဆိုရင်တော့ဖြင့်🫣💗
အနံ့မျိုးစုံDecantဝယ်ပြီး ကြိုက်တာထပ်တွေ့တာတောင် Guidance ကိုမကျော်နိုင်သေးဘူးရယ်😁💗 Decantတစ်ခါဝယ်ပြီး Full Size မရသေးလို့ 30 ml ထပ်အားပေးသွားလို့ ကျေးဇူးတင်ပါတယ်ရှင်💝
19/09/2026
Dolce & Gabbana ကရေမွှေးအသစ်ရောက်ထားတာ ဒိီနေ့မှသေချာစမ်းဆွတ်ဖြစ်တယ် ကိုယ့်အတွက်တော့ စိတ်လေးလံခေါင်းကိုက်နေချိန် ဖရဲသီးရနံ့အေးအေးလေးရဲ့ရနံ့ကတော်တော် စိတ်အေးဖို့ကောင်းပါတယ် အသေးစိတ်ကိုမရေးရခင် ခုခံစားရတာကျေနပ်စရာလေးမို့အိမ်မရောက်သေးဘဲလမ်းမှာတင် Mini review လေးအရင်ရေးတင်ထားတာပါရှင်💗
19/09/2026
ကိုယ်ကရေမွှေးတစ်လုံးကိုအရမ်းကြိုက်လို့ညွှန်းပြီး ပေးစမ်းလိုက်တယ် အဲ့မှာတစ်ချက်ဖြန်း ချက်ချင်းရှူပြီး ချာခနဲခေါင်းခါ “ဘာနံ့ကြီးတုန်းမကြိုက်ဘူး”ပြောရင်လေ ကိုယ့်မှာရင်တွေနာတာဆိုတာ🥲
ခဏစောင့်ပြီးမှရှူပေးပါ Notesတွေ Chargeသွားတာကိုစောင့်ပါဦးလို့ပြောရတယ် ဒါလည်းမရပါဘူးနော် ကိုယ့်သူငယ်ချင်းကဟင် ဆိုလှည့်ကိုမကြည့်တော့တာ🤣
ရေမွှေးကလေဆွတ်လိုက်ရင် အနံ့က အချိန်နဲ့အမျှ အဆင့်ဆင့်ပြောင်းလဲသွားပါတယ်ရှင် ရေမွှေးတစ်ပုလင်းကို ဆွတ်လိုက်တာနဲ့ တစ်နေကုန် အနံ့တစ်မျိုးတည်း ထွက်နေတာမဟုတ်ဘူးဆိုတာ ရေမွှေးချစ်သူတိုင်းခံစားသိမြင်ကြပါတယ်ရှင်🤍 ရေမွှေးဆိုတာ အလွှာ ၃ လွှာ (Notes) နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်
ရှင့်
Top Notes (ဆွတ်ပြီးပြီးချင်းရတဲ့ရနံ့): ရေမွှေးဖြန်းလိုက်တာနဲ့ ပထမဆုံးရတဲ့ အနံ့ဖြစ်ပါတယ် သူက မိနစ် ၃၀ အတွင်း ပျောက်သွားတတ်တာမို့ ရေမွှေးစမ်းရင် ဒီအနံ့တစ်ခုတည်းနဲ့ မဆုံးဖြတ်သင့်ပါဘူးရှင့်
Heart Notes : Top Notes လေး ပျောက်သွားတာနဲ့ ပေါ်လာတာက ရေမွှေးရဲ့ ပင်မအသည်းနှလုံး အနံ့ပဲဖြစ်ပါတယ်ရှင်
Base Notes (နောက်ဆုံးကျန်ရစ်ခဲ့တဲ့ အနံ့): နာရီနဲ့အမျှ ကြာလာရင် ကိုယ့်အသားအရေပေါ်မှာ စွဲကျန်ခဲ့မယ့် အနံ့အနှစ်ချုပ်အနံ့ဖြစ်ပါတယ်ရှင် Vanilla တို့၊ Sandalwoodတို့၊ Musk တို့လိုမျိုး ဆွဲဆောင်မှုရှိတဲ့ အနံ့တွေကအခြေခံအားဖြင့်ရေမွှေးဆွတ်ပြီး Dry Downရောက်ချိန်မှာ ပေါ်လာပါတယ်ရှင့်
Notesတွေအဆင့်ဆင့် Changeတာကိုခံစားကြည့်ပြီးမှ ရေမွှေးတစ်လုံးအကြောင်းကိုသေချာသိသွားပြီမို့အဲ့ခါမှ ကြိုက်တယ် မကြိုက်ဘူး ဆုံးဖြတ်နိုင်ပါပြီရှင်🤍 The Magic Scent မှာစျေးဝယ်တဲ့အခါ Online ပေါ်မှာစျေးဝယ်ရရုံသီးသန့်မဟုတ်ဘဲ အပြင်မှာ အေးဆေးထိုင်စကားပြောရွေးချယ်နေရသလိုမျိုး Service ကိုပေးထားပါတယ်ရှင် 🤍 Page ထဲဝင်ရောက်လေ့လာကြည့်ဖို့လည်းဖိတ်ခေါ်ပါရစေရှင် 🤍
#ရေမွှေး
19/09/2026
Valentino ထဲကရေမွှေးနှစ်လုံးကို ဘယ်လိုရွေးချယ်ဖြစ်လဲဆိုရင် ____
“မမ” Moodဝင်တဲ့ နေ့တွေမှာ ရွေးဆွတ်ဖြစ်တဲ့ရေမွှေး ဆို Valentino Donna Born In Roma Intense ✨
နေ့တိုင်း Occasions မရွေး ရာသီမရွေး ဆွတ်ဖြစ်မယ့်ရေမွှေးဆို Valentino Coral Fantasy ပါရှင် ✨
Valentino Donna Born In Roma Intense က သူ့ကိုUnboxingပြီး Videoရိုက်ခဲ့တုန်းကတည်းက ဒီစကားကိုပြောဖူးပါတယ် တကယ့်ကို စွဲဆောင်မှုရှိတဲ့ မမ Character နဲ့ အလိုက်ဖက်ဆုံး ရေမွှေးတစ်လုံးပါဘဲ Vanilla , Amber , Jasmine , Benzoin Notesလေးတွေနဲ့ ချိုချိုရှရှရနံ့လေးပါ Powdery ဖြစ်ဖြစ်နဲ့ အင်အား အပြည့်နဲ့ Performance လည်းတော်တော်ကောင်းပါတယ်ရှင်💗
Coral Fantasy ကတော့ Kiwi,Brazillian Orange , Rose Notesလေးတွေကိုထင်းထင်းလေးခံစားရပြီး လုံးဝကိုရှင်းရှင်းလေးနဲ့မွှေးပျံ့ပျံ့လေး ခံစားရပါမယ်ရှင် မိန်းကလေးဆန်မှုနဲ့ အင်အားကြီးမှုကြားကညမျှတမှုတစ်ခုကိုကြားချထားတဲ့ ရနံ့မျိုးပါရှင် ကြိုက်လွန်းလို့နေ့တိုင်းဆွတ်ဖြစ်ပြီး Decantမရောင်းခင် သုံးကုန်တော့မှာမို့ ခုတော့ဖွက်ထားရပါတယ်😁
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when The Magic Scent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
