Dear Eh Doh -SNPH
i miss you more than life ...
I never miss you 💔
14/05/2023
"ဝေးကွာခဲ့ရပေမဲ့ တစ်စုံတစ်ယောက်ကြောင့် ကိုယ်ဟာ
ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ရတယ်"
အဲဒီလို လှလှပပ သိမ်းဆည်းထားရတဲ့ မှတ်ဥာဏ်လေးတစ်ခု ရှိတယ်။
နာကျင်ခဲ့ရတာချင်း အတူတူ မေတ္တာတွေက အလေးသာခဲ့လို့ ထင်ပါရဲ့
ပြန်တွေးမိတိုင်းမှာ ကျေးဇူးတင်နေမိတာ...
သတိရတိုင်းမှာ ပျော်ရွှင် နွေးထွေးစေချင်မိတာ...
နာကျင်ခဲ့ရခြင်းတွေကို မမှတ်မိတော့ဘဲ ပျော်ရွှင်ခဲ့ရခြင်းတွေကိုပဲ မှတ်မိပြီး ကျေးဇူးတင်နေမိတာ...
အစားကောင်း စားရတဲ့အခါ သတိရမိပြီး
တိုက်ဆိုင်မှုတွေရှိတဲ့အခါ၊ ကဗျာစာအုပ်တွေ ဖတ်တဲ့အခါ၊ အမှတ်တရတွေအကြောင်း ပြောကြတဲ့အခါ အခုထိ နွေးထွေးပျော်ရွှင်နေရတုန်းပဲ။
အဲဒီတစ်စုံတစ်ယောက်ကြောင့်ပဲ ကိုယ်ဟာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာခဲ့၊ နွေးထွေးကြင်နာတတ်လာခဲ့၊
ခွင့်လွှတ်ရခြင်းနဲ့ လက်လွှတ်ရခြင်းသဘောတွေကို ကောင်းကောင်း နားလည်ခဲ့။
မပိုင်ဆိုင်ခဲ့ရခြင်းတွေ၊ ဝေးကွာခဲ့ရခြင်းတွေကို ခဏထား မင်းနဲ့ ဆုံတွေ့ခဲ့လို့သာ ငါဟာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာခဲ့တာပါပဲ။
ပျော်ရွှင် နွေးထွေးမှုတွေ ချစ်ခြင်းမေတ္တာတွေကို ဘဝမှာ တစ်ကြိမ် တစ်ခါလောက်လေး ခံစားခွင့် ရစေခဲ့တာနဲ့တင် အမှတ်တရတွေ အားလုံးကို တစ်ဘဝလုံးစာ လှလှပပ သိမ်းဆည်းထားဖို့ လုံလောက်ပါတယ်။
စူးရှမေ
10/05/2023
အရင်လို ဂရုတစိုက်နဲ့ တစ်ယောက်ယောက်ကများ စောင့်ကြည့်ဦးလေမလား ...
မေ့နေခဲ့တာ
ထာဝရဆိုတာ ဘာမှမရှိဘူးလေ .
သဘာဝကို ဆန့်ကျင်ချင်ခဲ့တဲ့ စိတ်တွေ ရိုက်ချိုးဦးမှ..
ငါတောင်းပန်ပါတယ်
ငါမဟုတ်တဲ့ တခြားတစ်ယောက်အနားမှာ အပြည့်အဝသာ ပျော်လိုက်ပါ...ငါ နောင်တရကျိုးနပ်ပါတယ်
နော်ဂျက်
ကောင်းသော ညလေးပါ Dear
မင်းရဲ့ ကိုယ်သင်းရနံ့ အငွေ့အသက်တွေ အထိအတွေ့
မအိပ်ခင်လေး ပြန်လည်တွေးရင်း ကိုယ့်အနားမင်းရှိသလို ပြည့်စုံစေပါတယ်...
#လွမ်းတာထက်ပိုသော
Category
Website
Address
Alerts
Be the first to know and let us send you an email when Dear Eh Doh -SNPH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
