BOMI SEOUL

BOMI SEOUL

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BOMI SEOUL, Beauty, cosmetic & personal care, Yangon, Yangon.

✨BOMi Seoul Beauty | Your Daily K-Beauty
✦ 100% Authentic Korean Brands
✦ နွေဦးရာသီလို နုပျိုလတ်ဆတ်တဲ့ အသားအရေအတွက် 🌸
💬 Viber: 09761576382 ,09740926083
Telegram: 09761576382 ,09785590489
📞 Call: 09740926083

Photos from BOMI SEOUL's post 28/07/2026

Sun cream လိမ်းရမှာ ပျင်းသူတွေပါ စွဲလမ်းသွားစေမယ့် Beauty of Joseon Relief Sun: Rice + Probiotics (SPF50+ PA++++) လေး Pre-order / Instock ရရှိနိုင်ပါပြီရှင် ✨🌾

🌾 Rice + Grain Ferment Extract - ဆန်နဲ့ ကောက်နှံအဆီအနှစ်တွေ ပါဝင်လို့ အသားအရေကို မဲမှောင်ခြင်းမှ ကာကွယ်ပေးပြီး ကြည်လင်ဝင်းပစေပါတယ်

✨ Lightweight Cream Texture - အဖြူကွက်ကျန်ခဲ့တာ၊ စီးကပ်တာမျိုး လုံးဝမရှိဘဲ ရေဓာတ်ဖြည့် Moisture Cream တစ်ခုလို အသားထဲ စိမ့်ဝင်လွယ်ပါတယ်

နေလောင်ဒဏ်ကို အပြည့်အဝ ကာကွယ်ပေးပြီး Glow Skin လေး ရရှိစေဖို့ Authentic 100% စစ်စစ် ကိုမှ Direct မှာယူပေးတာမလို့ စိတ်ချလက်ချ အော်ဒါတင်နိုင်ပါတယ်နော် ✈️📦

မှာယူချင်ပါက Chat Box မှာ လာရောက် မေးမြန်းနိုင်ပါတယ်ရှင် 🥰

Photos from BOMI SEOUL's post 24/07/2026

Beauty Of Joseon Relief Sun: Aqua-Fresh Rice + B5 🩵

Aqua Fresh က BOJ ရဲ့ Update Version ပေါ့။
အရင်နှစ်တွေတုန်းက နဂို original version ကို သဘောကျပေမယ့်
ဒီ Aqua Fresh Version ကို သုံးပြီးနောက် Aqua Fresh Ver ကိုပဲ
ပိုကြိုက်တော့တယ်။

Original Version ထက် ပိုပြီး Light-Weight ဖြစ်သလို Finish, Texture & Performance တွေက ကွဲသွားတာကို သတိထားမိတယ်။

သူလည်း Chemical Sunscreen ပါပဲ၊ ဒါပေမယ့် Aqua Fresh Ver မှာက Chemical UV Filtes 5 မျိုး ပါဝင်တယ်။

Ingredients ပိုင်းမှာ Fermented Ingredients မပါဘဲ…
30% Rice Seed Water & Panthenol ကို အဓိက သုံးထားတော့
Skin barrier ကို ကျန်းမာလာစေဖို့ support ပေးရုံမက
အသားအရေကို soothing ဖြစ်စေဖို့ပါ ကူညီပေးသေးတယ်ပေါ့လေ။
ဒါကြောင့် Fermented Ingredients နဲ့ မတည့်လို့ Orginal Ver ကို မသုံးဖြစ်ရင် အခု ဒီ Aqua Fresh Ver က ပို အဆင်ပြေတယ်သလို ရွေးချယ်စရာဖြစ်လိမ့်မယ်။

သူရဲ့ Texture က အရည်ကျဲကျဲလေးနဲ့ မျက်နှာပေါ် ဖြန့်လိမ်းတဲ့အခါ အေးတဲ့ ခံစားချက်ကို ရတယ်၊ ပြီးတော့ ပွတ်လိမ်းရတာ comfortable ဖြစ်ရုံမက အသားအရေကို ချောချောအိအိလေးဖြစ်စေတယ်။

Finish ပိုင်းမှာဆိုရင် Original Ver က ပိုပြီး
Dewy & Glowy Finish ဘက်ကို သွားပေမယ့်
ဒီတစ်ခုကကျ Natural Finish ဘက်ကို ပိုယိမ်းတယ်။

လိမ်းပြီးရင် မျက်နှာက Natural finish ကိုမှ ကြည်ကြည်လေးဖြစ်တော့ သူနဲ့သူဟန်နဲ့ လှလှလေးပါပဲ။
အရမ်း dewy မဖြစ်လို့ personally အရ ပိုကြိုက်မိတယ်။ ပြောင်ပြောင်ကြီး မကျန်ခဲ့တော့ Oily သမားတွေ ပိုသဘောကျနိုင်တယ်။

Hydration က အတော်အသင့်ရတာမို့ Moisturizer ခံမလိမ်းရင်လည်း အဆင်ပြေတယ်နော်။ သူ့အပေါ်က မိတ်ကပ်ထပ်လိုက်လည်း မိတ်ကပ်ကွက်တာ၊ pilling ဖြစ်တာတွေ မရှိဘူး။

ဝက်ခြံရှိတဲ့အခါ၊ skin irritated ဖြစ်တဲ့အခါမှာ သုံးဖူးတယ် သူ့ကြောင့် ပိုဆွပေးတာတွေ မကြုံရဘူးရယ်။

Recommended Skin Types: Oily to Combination Skin, Acne Prone Skin & Sensitive Skin.

Fragrance & Essential Oil Free ✅
Non-Pilling ✅
Non-Eye Irritating ✅

Photos from BOMI SEOUL's post 23/07/2026

ဂျယ်လီတုံးလေးလို အသားအရေတင်းပြောင်အိသွားချင်ရင် medicube ထဲကဒါလေးဝယ် အရင်ကထွက်ဖူးတဲ့ medicube serumတွေထက်ကို အာနိသင်ထိရောက်တယ် လိမ်းပြီးရင် အသားအရေက ရေဓာတ်ချက်ချင်းပြည့်ပြီး ပြောင်ပြောင်ကြည်ကြည်လေးဖစ်သွားတာ ဂျယ်လီတုံးကိုကြည့်လိုက်ရင် ကြည်နေတဲ့ပုံစံမျိုးကို အသားအရေက ကြည်တာ...
သူ့ texture က အေးအေးလေးလဲသုံးလို့ရအောင် အသားအရေပေါ်မှာလဲ အစိုဓာတ်အလုံအလောက်ရအောင် jelly ပုံစံမျိုးလေးထုတ်ပေးထားတာ အချို့အစိုဓာတ်များတဲ့ serumတွေက ပူတက်ပေမယ့် သူက လိမ်းရတာ အေးအေးလေး...
အာ့ကြောင့် ဝက်ခြံထွက်တက်တဲ့ sensitive skinတွေထိပါ စိတ်ချလက်ချလိမ်းလို့ရတယ်...
သူ့ကိုညဘက် ထူထူလေးလိမ်းအိပ်ပေးမယ်ဆို maskတချပ်ကပ်ထားသလိုကိုအာနိသင်ရတယ် မနက်ရောက်ရင် glowပြီးနုဖက်နေတာ အသားအရေလဲ အတော် Brightening ဖစ်သွားတယ်လို့ခံစားရတယ်...
နေ့ဘက်တွေလိမ်းမယ်ဆိုလဲ သူ့လိမ်းပြီး မိတ်ကပ်-tone upတွေလိမ်းပေးမယ်ဆိုလဲ အတော်လှတဲ့ glow lookလေးကိုရတယ်...
သူ glowတာက အဆီပြန်နေသလိုမဟုတ်ဘဲ အတွင်းထဲက ရေဓာတ်ပြည့်ပြီး ကြည်နေတဲ့သဘောလေးပါ...
ကာရံသူ့ကိုလိမ်းကြည့်တာ မျက်နှာလဲ သိသိသာသာဖွေးလာတယ် အမဲစက်လေးတွေရော ချွေးပေါက်လေးတွေရောပါ သက်သာလာတယ်...
အသားအရေ အတော်ပြောင်းလဲသွားတဲ့ ရလာဒ်မျိုးကိုတွေ့ရတယ်...

သူ့ထဲမှာ salmon ငါးကရတဲ့ PDRN ကိုအဓိကထည့်ပေးထားလို့ အသားအရေကိုတင်းရင်းglowလာစေတယ် ချွေးပေါက်တွေကျဉ်းစေပြီး ဝက်ခြံသက်သာစေတယ် အသားအရေကိုပန်းရောင်သန်းလာစေပြီး နုဖက်လာစေတယ် skin barrier ကိုအားကောင်းစေတာမို့ အသားအရေက ကျန်းမာနုပျိုလာစေတယ် အရေးအကြောင်းတွေအသားအရေပျော့တွဲတာတွေတွက်လဲကောင်းတယ်...
ရေအစား collagen water 65.3% ကိုထည့်ထားလို့ သာမာန်serumတွေထက် collagen ဓာတ်ကို ရှယ်ဖြည့်ပေးပြီး အသားအရေကို တင်းရင်းglowလာစေတယ်...
Hyaluronic acid-peptide နဲ့ Panthenol တွေ အများကြီးပါလို့ ချွေးပေါက်ကိုကျဉ်းစေပြီး ရေဓာတ်အစိုဓာတ်ဖြည့်ပေးတယ်...
Pear နဲ့ melon fruit extract ပါလို့ vitamin C ဓာတ်အပြည့်အဝဖြည့်ပေးပြီး အသားအရေကိုဖြူဝင်းလာစေတယ် ရေဓာတ်ကိုလဲ ဖြည့်ပေးသေးတယ်...

ဒီserum ကိုဘယ်လိုလူတွေသုံးသင့်လဲဆို ကိုယ်က ရေဓာတ်လဲကောင်းကောင်းဖြည့်ပေးနိုင်ပြီး glow lookလဲရချင်တယ် ချွေးပေါက်လဲကျဉ်းချင်ပြီး အမဲစက်သက်သာ အသားအရေပါဖြူဝင်းချင်သူတွေရွေးသင့်တယ်...
သူက ဝက်ခြံသမားတွေပါသုံးရတာမို့ all skin typeထိအဆင်ပြေပါတယ် အဆီပြန်တာမျိုးလဲမရှိပါဘူး...

Glow lookကောင်းကောင်းရ လိမ်းရတာမပူတာမျိုးလေးဆို ဒါလေးဝယ်နော်...
ဝယ်ချင်ရင် BOMI SEOULမှာယုံကြည်စိတ်ချစွာမှာယူနိုင်ပါတယ်ရှင့်🤗.....

Photos from BOMI SEOUL's post 22/07/2026

မျက်နှာလဲအေးချင်တယ် အသားအရေကို ပြောင်တင်းနုဖက်သွားချင်ရင် ဒါသာသုံး medicube ထဲမှာ ဒီ jelly creamကနာမည်အကြီးဆုံးဘဲ နာမည်ကြီးတာနဲ့ကိုက်ညီအောင်ကို ရှယ်မိုက်တာ....
သူ့cream က မြင်ဖူးနေကျ texture မျိုးမဟုတ်ဘဲ jellyလိုမျိုးလေး လိမ်းရင်လဲ jelly တုံးလေးတွေကျေပြီး အသားအရေထဲစိမ့်ဝင်သွားသလို အသားအရေကချက်ချင်း ကြည်ပြောင်သွားတာကိုတွေ့ရတယ်....
Gel လဲမဟုတ်ဘဲ gel typeလဲသုံးချင်ပြီး အသားအရေပေါ် အလွှာတခုကျန်ခဲ့သလို feelingမျိုးရချင်တဲ့သူတွေတွက် jelly typeထုတ်ပေးထားတဲ့သဘောဘဲ...
အလွှာတခုလိုကျန်ခဲ့လို့ အစိုဓာတ်လွယ်လွယ်နဲ့အငွေ့မပျံဘဲ အသားအရေကို တနေကုန်အစိုဓာတ်ထိန်းထားနိုင်တယ်...

သူ့ထဲမှာ အသားအရေအတွင်းပိုင်းအထိ အစိုဓာတ်ရစေပြီး glowသွားစေမယ့် sodium collagen နဲ့ hydrolyzed collagen ပါတယ် ဒီ collagen နှစ်ခုက မော်လီကျူးအလွန်သေးငယ်တာမို့ အသားအရေကိုချက်ချင်းတင်းရင်းကြည်တောက်သွားအောင်လုပ်ပေးနိုင်တယ် အရေးအကြောင်းတွေနဲ့အသားခြောက်တာကိုသက်သာစေတယ်...
Salmon egg extract လဲပါလို့ ပျက်စီးနေတဲ့အသားအရေကိုပြုပြင်ပေးတယ် ချွေးပေါက်ကျဉ်းစေတယ်..
Garlic ကြက်သွန်ဖြူ extract ပါလို့ allicin ဆိုတဲ့ ဒြပ်ပေါင်းတခုထုတ်ပေးပြီး သူက ဝက်ခြံအဖုထတာသက်သာစေပြီး အသားအရေကိုတင်းရင်းနုပျိုစေတယ် နီမြန်းတာလျော့ချပေးတယ်...
အသားဖြူပြီး ချွေးပေါက်ကျဉ်းစေဖို့ Niacinamide နဲ့ tomato extract လဲပါတယ်...

တဗူးထဲနဲ့ ဘက်စုံသက်သာအောင် ထုတ်ပေးထားလို့ အသားအရေ​​ပြသနာ တော်တော်များများဖြေရှင်းပေးတယ်...

သူ့လိမ်းထားတဲ့နေ့ဆို အသားအရေက အသားအရေအတွင်းထဲက glowနေသလိုကိုလှနေတာ တကယ့်ကိုမိုက်တဲ့ creamပါ...
သူ့ကို sleeping maskလို ညဘက်ထူထူလေးလိမ်းပေးရင်လဲ မနက်ဆို ဖွေးဖွေးစိုစိုလေးဖစ်နေတာ make upတွေလိမ်းခါနီးလဲ သူ့ကိုအောက်ကလိမ်းပေးရင် finishအရမ်းလှတယ် maskလိုဘဲသုံးသုံး creamလိုဘဲသုံးသုံး တဗူးထဲနဲ့ မျိုးစုံသုံးရတယ် နည်းနည်းသုံးရုံနဲ့ moisture ပြည့်လို့ တဗူးဆိုအကြာကြီးအသုံးခံပါတယ်...
တည့်ရင် ဝယ်ပြီးစိတ်ချမ်းသာရမယ့် creamမျိုးပါ မဝယ်ခင်မှာ ပါတဲ့ ingredients တွေနဲ့တည့်မတည့်သေချာကြည့်ပေးပါ...
နေ့ရောညရောသုံးရတဲ့အပြင် all skin typeရပါတယ်...
ကိုယ့် skin typeကဘာမှန်းမသိဘူး သိပ်လဲခေါင်းမစားချင်ရင် ဒီ jelly creamသာဝယ်သုံးလိုက်ပါ recommend လုပ်ပါတယ်...
ကိုရီးယားတိုက်ရိုက် skincare တွေကိုတိုက်ရိုက် ယုံကြည်စိတ်ချစွာမှာယူလိုပါက BOMI SEOUL မှာ မှာယူလို့ရပါတယ်ရှင့်

Photos from BOMI SEOUL's post 22/07/2026

ဘာ Skin Type ဖြစ်ဖြစ် Product တစ်မျိုးထဲကိုပဲ ညှိသုံးလို့ရတယ်ဆိုရင်ရော...

Medicube က ထုတ်ထားတဲ့ PDRN Pink Collagen Capsule Cream မှာဆိုရင် Capsule လေးတွေ ပါဝင်တာမလို့ ကိုယ့်အသားအရေပေါ်လိုက်ပြီး Gel နဲ့ Capsule ကို လိုသလို ချိန်သုံးလို့ရပါတယ်နော် 💗

✨ Oily Skin ဆိုရင် Gel နှစ်ဆ Capsule တစ်ဆ
✨ Normal & Combination Skin ဆိုရင် Gel တစ်ဆ Capsule တစ်ဆ
✨ Dry & Sensitive Skin ဆိုရင် Gel တစ်ဆ Capsule နှစ်ဆ

ဒီလို ကိုယ့် Skin Condition အလိုက် Texture ကို Customize လုပ်လို့ရတာက ဒီ Capsule Cream လေးရဲ့ အမိုက်ဆုံးအချက်ပဲ 😍

PDRN နဲ့ Collagen ပါဝင်တာကြောင့် အသားအရေကို စိုပြေတင်းရင်းစေပြီး Glow Skin လေးရဖို့လည်း ကူညီပေးသေးတယ်နော် ✨

👉 BOMI page မှာ ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါတယ်ရှင့်။

Photos from BOMI SEOUL's post 21/07/2026

အဆီမပြန်ဘဲ ရေဓာတ်အပြည့်အဝပေးလို့ ကိုရီးယားမှာ လူကြိုက်အများဆုံးနဲ့ Best Seller စာရင်းဝင် Torriden Brand လေးတွေ Pre-order လက်ခံပေးနေပါပြီရှင် ✨🇰🇷

💧 Dive In Soothing Cream (ရေဓာတ်အပြည့်ပေးပြီး အသားအရေကို အေးမြစေတဲ့ Soothing Cream)
💧 Toner Pad / Cleansing Foam / Sun Stick (1+1 ပရိုမိုးရှင်း တန်တန်လေးတွေ)
🌸 Cellmazing Collagen Cream (ချွေးပေါက်ကျဉ်းပြီး အသားအရေ တင်းရင်းစေတဲ့ ပန်းရောင်လိုင်း)

Olive Young Official အက်ပ်ထဲက 30% ~ 41% အထိ Promotion စျေးနှုန်းတွေ အတိုင်း Direct တိုက်ရိုက် ဝယ်ယူပေးမှာဖြစ်လို့ Authentic 100% စစ်စစ်ကိုမှ စျေးတန်တန်လေး ရမှာပါနော် ✈️📦

မှာယူချင်တဲ့ ပစ္စည်းလေးတွေကို Chat Box မှာ ပုံလေးပြပြီး မေးမြန်းနိုင်ပါတယ်ရှင် 🥰

Photos from BOMI SEOUL's post 20/07/2026

Sensitive Skin နဲ့ အသားအရေအတွက် ရေဓာတ်ပြည့်ဝဖို့ အထူးလိုအပ်သူတွေကြားမှာ အရမ်း Popular ဖြစ်နေတဲ့ Round Lab Brand ရဲ့ Best Seller လေးတွေကို Pre-order စတင်လက်ခံပေးနေပါပြီရှင် ✨🇰🇷

🌿 Birch Juice Sunscreen - ကိုရီးယားမှာ နံပါတ် (၁) ရရှိထားပြီး အဆီမပြန်၊ စိစိမဖြစ်ဘဲ ရေဓာတ်အပြည့်ပေးတဲ့ မရှိမဖြစ် Sunscreen
💧 Dokdo Line (Toner / Pad / Cleanser) - အသားအရေ နီရဲတာနဲ့ ဝက်ခြံသမားတွေအတွက် အထူးသင့်တော်တဲ့ Daily Mild Care
Olive Young Official App ထဲက 40% အထိ Promotion စျေးနှုန်းတွေ အတိုင်း တိုက်ရိုက် ဝယ်ယူပေးမှာဖြစ်လို့ Authentic 100% စစ်စစ်ကိုမှ စျေးတန်တန်လေး ရမှာပါနော် ✈️📦

မှာယူချင်တဲ့ ပစ္စည်းလေးတွေကို Chat Box မှာ ပုံလေးပြပြီး မေးမြန်းနိုင်ပါတယ်ရှင် 🥰

Photos from BOMI SEOUL's post 18/07/2026

ကိုရီးယား Direct (Authentic 100%) Skincare & Cosmetics Page မှ ကြိုဆိုပါတယ်ရှင် ✨

🇰🇷 ကိုရီးယား Local ဆိုင်ကြီးတွေနဲ့ Olive Young App ထဲကနေ တိုက်ရိုက် (Direct) ကိုယ်တိုင် အစစ်အမှန်တွေကိုပဲ အမြဲ Update ဖြစ်တဲ့ Discount & Promotion ဈေးနှုန်းတွေအတိုင်း ဝယ်ယူပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ ✈️

🌸 Page ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ လက်ရှိ ကိုရီးယားမှာတင်မက မြန်မာပြည်မှာပါ အရမ်း Hot ပြီး Trend ဖြစ်နေတဲ့ Medicube Brand ရဲ့ ပစ္စည်းတွေကို အထူးစျေးနှုန်းနဲ့ Pre-order / Instock အနည်းငယ် စတင်ရောင်းချပေးတော့မှာမို့ Like & Follow လုပ်ထားပေးပါဦးနော် 🥰
(အသားအရေအလိုက် ဘာသုံးရမလဲဆိုတာကိုလည်း Page Chat Box မှာ စိတ်ကြိုက် လာရောက်တိုင်ပင်နိုင်ပါတယ်ရှင်)

🤝 မြန်မာပြည်တွင်း Delivery ပိုင်းကိုလည်း စနစ်တကျနဲ့ အမြန်ဆုံးရောက်အောင် တာဝန်ယူ ပို့ဆောင်ပေးမှာဖြစ်လို့ စိတ်ချလက်ချ မှာယူနိုင်ပါတယ်ရှင်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon
Yangon