Htet Thiri - Beauty Vlogs

Htet Thiri - Beauty Vlogs

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Thiri - Beauty Vlogs, Yangon.

08/08/2024

Korea နိုင်ငံရှိ Visa အမျိုးအစားများ🇰🇷
````````````````````````````````````````````````````
🔶D-2 Visa
(Master Degree/Major Degree ကျောင်း Visa)
🔸မိသားစုခေါ်ယူခွင့်ရှိသည်။
🔸D-2ဗီဇာဖြင့်သွားသူများသည် အချိန်ပိုင်းအလုပ်သာလုပ်ခွင့်ရှိပြီး အမြဲတမ်းဝန်ထမ်းလုပ်ခွင့် မရှိပါ။
🔸မိမိလုပ်မည့်အလုပ်အား လဝကသို့သတင်းပေးပို့ရမည်ဖြစ်ပြီး လဝကမှခွင့်ပြုထားသည့် လုပ်ငန်းများတွင်သာ လုပ်ကိုင်ခွင့်ရှိသည်။ ကျောင်းလခပေးသွင်းထားသည့် ကျောင်းတက်ကာလအတွင်း တစ်နှစ်တစ်ခါသက်တမ်းတိုးနေထိုင်ခွင့်ရှိသည်။

🔶D-4 Visa
(Language program ကျောင်း Visa )
🔸မိသားစုခေါ်ယူခွင့်မရှိပါ။
🔸D-4ဗီဇာဖြင့်သွားသူများသည် အချိန်ပိုင်းအလုပ်သာလုပ်ခွင့်ရှိပြီး အမြဲတမ်းဝန်ထမ်း လုပ်ခွင့်မရှိပါ။
🔸မိမိလုပ်မည့်အလုပ်အား လဝကသို့သတင်းပေးပို့ရမည်ဖြစ်ကာ လဝကမှခွင့်ပြုထားသည့် လုပ်ငန်းများသာလုပ်ကိုင်ခွင့်ရှိပါသည်။
🔸ကျောင်းလခပေးသွင်းထားသည့် ကျောင်းတက်ကာလအတွင်း တစ်နှစ်တစ်ခါသက်တမ်းတိုးနေထိုင်ခွင့်ရှိပါသည်။

🔶D-10 Visa
(Master ဖြင့်ကျောင်းပြီးသူများအလုပ်ရှာခွင့်ဗီဇာ)
🔸မိသားစုခေါ်ယူခွင့်ရှိသည်။
🔸အလုပ်ရှာခွင့် 6လ 4ခါစုစုပေါင်းကာလ2နှစ်သက်တမ်းရှိမည်။
🔸အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိပြီးအမြဲတမ်းအလုပ်ရရှိပါက လဝကသို့အကြောင်းကြား၍ ခွင့်ပြုချက်ရရှိပါကE-7 Visa တစ်နှစ်ရရှိမည်။
🔸အလုပ်မရရှိပါက D-10 Visa 2နှစ်ပြည့်လျှင် အမိမြေသို့ပြန်ရမည်။

🔶E-7 Visa
(ကျွမ်းကျင်လုပ်သား Visa)
🔸မိသားစုခေါ်ယူခွင့်ရှိသည်။
🔸မိသားစုပါခေါ်ယူမည်ဆိုပါက မိသားစုမှ F-3 visaလျှောက်ထားရမည်။
🔸Koreaနိုင်ငံရှိ University တစ်ခုခုမှ Master ဘွဲ့ရရှိရန်လိုအပ်ပြီး တစ်နှစ်တစ်ခါ Visa သက်တမ်းတိုးရန်လိုအပ်ပါသည်။
🔸အလုပ်ထွက်လျှင် D-10visaပြန်ဖြစ်ပါသည်။
🔸E-7 Visa 3နှစ်ပြည့်လျှင်F-2-7visaဖြင့်3နှစ်သက်တမ်းတိုးခွင့်ရှိပါသည်။
🔸E-7 visaဖြင့်အချိန်ပိုင်းစာသင်လျှင်လဝကသို့သတင်းပေးပို့ရပြီးသတင်းမပို့ပါက ဒဏ်ကြေး 10သိန်းနှင့် အထက်ပေးဆောင်ရမည်။

🔶F-2-7 Visa
🔸(နေထိုင်ခွင့်/ကိုယ်ရေးအချက်/အမှတ်ပေးစနစ်Visa)
🔸မိသားစုခေါ်ယူခွင့်ရှိသည်။
🔸E-7 သုံးနှစ်ပြည့်လျှင် လုပ်သက် ဝင်ငွေ နေထိုင်မှုသက်တမ်း ဘွဲ့စသည့်အချက်အလက်များအပေါ်အမှတ်ပေးစနစ်ဖြင့်ပြောင်းပေးသည့် visaဖြစ်သည်။🔸လဝကကိုသတင်းမပို့ပဲစာသင်နိုင်ပြီး အပိုဝင်ငွေ အလုပ်များကို လွပ်လပ်စွာလုပ်ကိုင်ခွင့်ရှိသည်။

🔶F-5 Visa
(ရာသက်ပန် နေထိုင်နိုင်ခွင့် Visa)
🔸ရာသက်ပန်လျှောက်ထားလိုပါလျှင် လျှောက်ထားသူသည် F-2-4/ F-2-7/ F-6Visa များဖြင့်တောင်ကိုရီးယားနိုင်ငံတွင် 3နှစ်နေထိုင်ပြီးပါကလျှောက်ထားခွင့်ရှိပါသည်။
🔸နေထိုင်ခွင့်ကာလ အလုပ်ကန့်သတ်ချက်မရှိပါ

🔶F-6 Visa
(Korea လူမျိုးနှင့် လက်ထပ်ထားသူများ လျှောက်ထားခွင့်Visa)
🔸ကနဦး 1နှစ်မှ နောက်ပိုင်း2နှစ်/3နှစ် နေထိုင်ခွင့်ပေးကာ ရာသက်ပန်နေထိုင်ခွင့် ဆက်လက်လျှောက်ထားနိုင်ပါသည်။

🔶F-2-4 Visa
(ရီဖျူဂျီ ဗီဇာ)
🔸မိသားစုခေါ်ယူခွင့်ရှိသည်။
🔸မိသားစုခေါ်ယူလိုလျှင် မိသားစုမှ F-1-16 Visa လျှောက်ထားရမည်။
🔸ဒုက္ခသည်ဖြစ်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများဖြင့် လျှောက်ထားနိုင်ပြီး စီစစ်ကာလ6လမှ 1နှစ်အထိကြာနိုင်ပါသည်။
🔸ကိုယ်ပိုင်လုပ်ငန်းများကို လွပ်လပ်စွာလုပ်ကိုင်နိုင်ပြီး Korea အစိုးရ၏ ပြည်ဝင်ထောက်ပံ့စရိတ်များ ကနဦးထောက်ပံ့မှုများ သင်တန်းများကလေးမွေးဖွားစရိတ် စသည့်ခံစားခွင့်များရရှိမည်။

အမှတ်ပေးစနစ်ပုံစံများ☑️
Korea ဘာသာစကားနှင့် အသက်မွေးဝမ်းကြောင်းပြုသူများအတွက် အဓိကလိုအပ်သည်မှာ 🔸Koreaဘာသာစကားအရည်အချင်း(한국어 능력시험 )အမှတ်ဖြစ်ပါသည်။
🔸Visaလျှောက်ထားရန်နှင့် စာလေ့လာရန်အတွက်သာဆိုလျှင်တော့ 사회통합프로그램(KIIP)ကို ဝင်ရောက်တက်သင့်ပါသည်။
🔶🔸သက်တမ်းများကတော့-
한국어 능력시험သက်တမ်း=2နှစ်
사회통합 프로그램 (KIIP) =နှစ်အကန့်သတ်မရှိ

http://www.socient.go.kr linkတွင် membership ဝင်ပြီးမှ level test ဝင်ရောက်ဖြေဆိုခွင့်ရှိမည်ဖြစ်သည်။
အမှတ်များအား လဝကမှ အဆင့်သတ်မှတ်ပေးမည်ဖြစ်သည်။

𝙆𝙊𝙍𝙀𝘼-한국 page
September 21,2023

#𝙆𝙊𝙍𝙀𝘼-한국 #ကိုရီးယား #ဗီဇာအမျိုးအစား

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Htet Thiri - Beauty Vlogs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.