NourishNest

NourishNest

Share

Passion for cooking. Do come by for recipe request.

Photos from NourishNest's post 03/09/2026

ဒီနေ့အိမ်ချက်ဟင်းလေးတွေ 🌈🍽️

ဒီနေ့တော့ အရောင်စုံပြီး အာဟာရလည်းပြည့်တဲ့ ဟင်းလေး ၃ မျိုး ချက်ဖြစ်ပါတယ်.. ❤️

🍗🥦 ကြက်ကုန်းဘောင်— အရောင်စုံ ဟင်းသီးဟင်းရွက်လေးတွေနဲ့ ကြက်သားကို ရောချက်ထားပါတယ်..

🥬🫘 ပဲကြီး ဆူးပုတ်ဟင်းရည် — လွယ်ကူမြန်ဆန်ပြီး အာဟာရပြည့်တဲ့ဟင်းရည်လေး..

🌽 ပြောင်းဖူးကြော် — သဘာဝအချိုလေးနဲ့ ရိုးရိုးရှင်းရှင်းဟင်းတစ်ပွဲ..

အိမ်ချက်ဟင်းကောင်းတစ်ခွက်ဆိုတာ အရသာရှိရုံမကဘဲ ပန်းကန်ထဲမှာ အရောင်စုံလေလေ၊ အာဟာရစုံလေလေပါပဲ.. 🌱💛
ကျန်းမာကြပါစေရှင် 🌼🌸

02/09/2026

ဒီနေ့ဟင်းလေးတွေက healthy ဖြစ်ပေမယ့်… ကိုယ့်အတွက်တော့ protein မလုံလောက်သေးလို့ 😄 ကြက်ပေါင်တစ်ချောင်း ထပ်ဖြည့်လိုက်ပါတယ်။ 🍗💪

02/09/2026

ဒီနေ့အိမ်ချက်ဟင်းလေးတွေ 🍚❤️

အိမ်ချက်ဟင်းဆိုတာ အရသာရှိရုံတင်မကဘူး… ကိုယ်စားချင်သလောက်လေး ချိန်ဆစားပြီး အာဟာရမျှတအောင်စားလို့ရတာ က အားသာချက်တစ်ခုပါ.. 🌱

ဒီနေ့တော့ ရိုးရိုးရှင်းရှင်းနဲ့ စားလို့ကောင်းတဲ့ ဟင်းလေး ၄ မျိုး 👇

🐟 ၁။ ငါးနီတူခြောက်ထောင်း — ထမင်းပူပူနဲ့ဆို မဖြစ်မနေလိုက်ဖက်တဲ့ဟင်းလေး 😋

🥒 ၂။ ခဝဲသီး + ကြက်ဥ + ပုစွန် — ဟင်းသီးဟင်းရွက်နဲ့ protein ကို တစ်ခါတည်းရတဲ့ ပေါ့ပေါ့ပါးပါးဟင်းလေး..

🍤 ၃။ ပုစွန် ကြက်ဥကြော် — ဒီဟင်းနာမည်တော့ ကိုယ်တိုင်တောင် ဘယ်လိုခေါ်ရမလဲ မသိဘူး 😂 ဒါပေမယ့် စားလို့ကောင်းတာတော့ သေချာတယ်..

🥣 ၄။ ပိန်းဥ + ပုစွန် + ပဲသီး ဟင်းရည် — ပူပူနွေးနွေးနဲ့ ဟင်းရည်လေးသောက်ရင်း ဗိုက်လည်းပြည့်၊ အရသာလည်းရှိ.. ❤️

ဝိတ်ချနေလို့ အိမ်ချက်မြန်မာဟင်းတွေကို စွန့်လွှတ်စရာမလိုပါဘူး..
ထမင်း portion လေးထိန်းပြီး protein နဲ့ ဟင်းသီးဟင်းရွက်တွေ မျှတအောင်စားရင် ရပါပြီ.. 🍚🥬🍤

ဒီနေ့ ၄ မျိုးထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ? 😍

02/09/2026

ခံတွင်းလိုက်စေမယ့်.. ငါးနီတူထောင်း 🐟🥣

🐟 ငါးနီတူတွေကိုရေနဲ့သန့်စင်အောင်ဆေးပါ
🔥ဆီအနည်းငယ်နဲ့ အိုးပူလှော်
🌶️ငရုပ်သီးစိမ်း ကြက်သွန်ဖြူ ပုဇွန်ခြောက်ကို နွမ်းအောင်ထိလှော်ပါ
💥ငရုပ်ဆုံထဲ အကုန်ထည့်ထောင်းပါ..
အရသာအတွက် ငါးပိမီးဖုတ်၊ နှစ်သက်ရာ ကြက်သားမှုန့်/ဟင်းခတ်မှုန့်ထည့်နိုင်ပါတယ်..

ထမင်းဖြူလေးနဲ့ သုံးဆောင်ရန် လိုက်ဖက်ပါတယ်ရှင်..

01/09/2026

ကယ်လိုရီ တွက်ချက်ပြီး စားတတ်သွားရင် အစားအစာကို
🥣oat meal ပဲဖြစ်ရမယ်..
🥬ဆလပ်ရွက်ပဲစားရမယ်..
🍜ရေလုံပြုတ်ပဲ ဖြစ်ရမယ်.. တို့ အပြင်းအထန်ကန့်သတ်ဖို့မလိုပါဘူး..

ရေရှည်လဲ ဒါတွေချည့်ပဲ စားနိုင်မှာမဟုတ်လို့ပါ..

Ai ကို ဓါတ်ပုံပြပြီးလဲမေးလို့ရတယ်.. အနီးစပ်ဆုံး ဖြေပေးနိုင်ပါတယ်.. အစားအစာတွေရဲ့ အလေးချိန်အတိအကျ ချိန်ပြီးစားနိုင်ရင်တော့ ပိုတိကျတဲ့အဖြေကိုရရှိမှာပါ.. 🌸🌼

Photos from NourishNest's post 01/09/2026

မနက်က နိုးတာနဲ့ ဟင်းထ မချက်ခင် မနက် ၅:၃၀ လောက်မှာ.. ပထမ အင်္ဂါနေ့မို့ Citymall Online app ကနေ လိုတာလေးတွေ (၁) သိန်းဖိုးပြည့်အောင် Express Delivery နဲ့မှာလိုက်ပါတယ်..

7-8am အတွင်းပို့ပေးမယ်ရေးထားပေမယ့် အိမ်ကို 10:20am လောက်လာပို့ပေးသွားပါတယ်.. ပြန်ရတဲ့ Point ၁ သောင်းက မိမိ order status က Delivered ဖြစ်သွားမှ 10:23am လောက်မှာ ဝင်ပါတယ်.. Online က မှာလိုသူများအတွက် ရှယ်ပေးတာပါရှင်..

Photos from NourishNest's post 01/09/2026

ကြက်ဥ 🥚အရွယ်တော် တစ်လုံးဟာ 70g ရှိပြီး ပရိုတင်းဓါတ် 7g ခန့်ပေးပါတယ်.. သွေးသွင်းအဆီများသူ နှလုံးသွေးကြောကျဉ်းသူ High Cholestrol ရှိသူများမှလွဲပြီး ကြက်ဥကို နေ့စဉ်ပေးတဲ့ ပရိုတင်း source တစ်ခုအနေနဲ့ စားသုံးနိုင်ပါတယ်..

🥬ဖိုက်ဘာအတွက် ပဲတောင့်ရှည်ကြော် နဲ့ ခရမ်းသီးပင်စိမ်းချက်တို့နဲ့ တွဲဖက်ထားပါတယ်..

Photos from NourishNest's post 31/08/2026

ကမ္ဘာမှာ “အဝလွန်ခြင်း” ကို ရောဂါတစ်ခုလို့ သတ်မှတ်ထားကြပါပြီ.. 🌍🏥

ကျွန်မတို့ ကြီးပြင်းလာခဲ့တဲ့ ပါတ်ဝန်းကျင်မှာ “ဝ လို့ လှလို့” ဆိုပြီးတစ်မျိုး “စားနိုင်လို့ ဝတာ ဘာဖြစ်လဲ” ဆိုပြီး တစ်ဖုံ.. ပေါ့ပေါ့ပါးပါး နေလာလိုက်ကြတာ.. ငယ်တုန်းတော့ မသိသာပေမယ့် အသက်ရလာတဲ့အခါ.. ဒူးနာ ခါးနာ အထိုင်အထ ခက်လာတာကစလို့ ဘက်ပေါင်းစုံက သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းအဆီဖုံး ရောဂါ စသဖြင့် ဝင်လာတတ်ပါတယ်..

မြန်မာထမင်းဆိုတာ နယ်ဖတ်စားရမှ စားကောင်းတာ.. ဆီပြန်လေးချက်မှ ဟင်းက အနံ့ရော အရသာရော ပြည့်စုံတာ.. ဟင်းချက်ပေ့ချ် ပေါင်းစုံကလဲ ထမင်းနဲ့ ငါးပိရည် ငါးပိချက် တို့စရာတွေကို အလုတ် ကြီးကြီးနဲ့ တင်ဆက်ပြကြတဲ့အခါ အဲ့လိုလေးပဲ စားပြစ်လိုက်ချင်တော့တာ.. 🤤

ဒီလိုတွေ မစားသင့်ဘူးလားဆိုတော့ စားလို့ရပါတယ်.. ရံဖန်ရံခါပဲ စားရင်ပိုကောင်းပါတယ်.. တရက်မှာ အားရပါးရ စားဖြစ်သွားလို့လဲ စိတ်ကျစရာမလိုပါဘူး.. နောက်တစ်နပ်မှာ ထမင်းမစားတော့ပဲ ပရိုတင်းနဲ့ ဖိုက်ဘာကိုအဓိကထား စားလိုက်ပါ..

မိမိခန္ဓာကိုယ်က အသက်အရွယ်အလိုက် ဘယ်လို အစားအစာ နဲ့ အာဟာရဓါတ်တွေကို လိုအပ်လဲ ဆိုတာ သိထားနိုင်ဖို့ ခုလို Ai ခေတ်မှာ ခေါင်းစားစရာမလိုပဲ မေးကြည့်နေနိုင်ပါပြီ..

ဒါလေးတွေကို သတိချပ်ရင်း မိမိကိုယ်တိုင်ရော.. ကိုယ့်မိသားစုဝင်၊ အပေါင်းအသင်းတွေထဲကိုပါ မျှဝေရင်း.. အဝလွန်ရောဂါ ကိုကာကွယ်ကြရအောင်..🌼🌸

29/08/2026

“ကျမက ဝ မယ့်သာ ဝ တာ အစားနည်းတယ်… လေရှူရင်းနဲ့ကို ဝ နေတာ!” 😩😂

ဒီလိုပြောဖူးကြလား? ကျမကိုယ်တိုင်ပြောခဲ့ဖူးတယ်..

ကျမတို့ အသက်လေးရလာတော့ ဘာမှ သိပ်မစားလဲ ကိုယ်အလေးချိန်မကျလို့ “ပိုမစားတော့ဘူး၊ ထမင်းလျှော့မယ်၊ တစ်နေ့တစ်နပ်ပဲစားမယ်” ဆိုပြီး အစားကို ပိုပိုလျှော့လာကြတာများပါတယ်..

ဒါပေမယ့် အံ့သြစရာကောင်းတာက…
ဝိတ်ကျဖို့ (သို့) ရေရှည် ဝိတ်ထိမ်းဖို့ ဆိုတာ အစားနည်းနည်းပဲစားဖို့ မဟုတ်ပါဘူး.. တစ်ခါတလေ ပိုစားရပါတယ်—ဒါပေမယ့် မှန်ကန်တဲ့အစားအစာကို ပိုစားရတာပါ.. ❤️

🥬 ဟင်းသီးဟင်းရွက်လို ကယ်လိုရီ နည်းပြီး ဖိုက်ဘာ များတဲ့အစားအစာတွေကို ပိုစားပါ..
🍗 Protein လုံလောက်အောင် စားပါ..
🍚 ထမင်းကို လုံးဝဖြတ်စရာမလိုဘဲ ပမာဏကို ထိန်းပါ..
🍎 အသီးအနှံနဲ့ အာဟာရရှိတဲ့အစားအစာတွေ ထည့်ပါ..
💧 ရေကိုလည်း လုံလောက်အောင် သောက်ပါ..

အဲဒီလိုစားရင် ပန်းကန်က ပိုပြည့်လာနိုင်ပေမယ့် ကယ်လိုရီ က အရမ်းမတက်ဘဲ ဗိုက်ပြည့်ပြီး အချိန်ကြာကြာ စိတ်ကျေနပ်မှုကိုရနိုင်ပါတယ်..

ကယ်လိုရီ ဘတ်ဂျက်အောက် အရမ်းလျှော့စားနေရင်လဲ တစ်နေ့တာ လိုအပ်တဲ့ ပရိုတင်းဓါတ် မပြည့်ရင် ခန္ဓကိုယ်က အဆီလောင်ကျွမ်းပေးနိုင်မှု ပိုပိုလျော့လာပြီး ကြာလာရင် ဝိတ်မြန်မြန်ပြန်တက်လာတတ်ပါတယ်..

အစားကို လျှော့ပြီး ဆာနေတာထက်
အစားကို မှန်မှန်စားပြီး mindful ဖြစ်အောင် စားကြရမှာပါ..

ရေရှည်လိုက်နာနိုင်တဲ့ ပုံစံနဲ့ စားသောက်ကြမယ်ဆိုရင် diet လုပ်နေရတယ်လို့ မခံစားရစေပဲနဲ့ ကျန်းမာတဲ့ စားသုံးမှု အလေ့အကျင့်ကောင်းပါ တစ်ခါတည်းရရှိသွားမှာပါ.. 🌸🌼

28/08/2026

💰ပိုက်ဆံအိတ်ထဲ ငွေတချို့ထည့်ပြီး “ဒီတနေ့တာ ဒါနဲ့လောက်အောင်သုံး…” ဆိုပြီး ကျွန်မတို့ ခန္ဓာကိုယ်မှာ နေ့စဉ်ဖြည့်တင်းရမယ့် ကယ်လိုရီရဲ့ limit ကိုသတ်မှတ်မယ်ဆိုရင်.. ဒီပိုက်ဆံအိတ်ထဲက ငွေ (သို့) မိမိရဲ့ ကယ်လိုရီ ဘတ်ဂျက် ကို ဘယ်လို အကျိုးရှိရှိ စီမံခန့်ခွဲကြမလဲ?

ဒီဘတ်ဂျက်ကို ကိုယ်မကြိုက်ပဲ အတင်းကြိုးစား စားရမယ့် diet food တွေအတွက် အသုံးချမလား.. ဒါမှမဟုတ်.. သေချာတွေးကြည့်ပြီး မိမိ တကယ်ကြိုက်နှစ်သက်တဲ့ အရာတွေ ကို စည်းကမ်းတကျ စားသုံးခြင်းအားဖြင့် အသုံးချမလား..

ဥပမာ - ကိုယ့်ရဲ့ ကယ်လိုရီ ဘတ်ဂျက်က ၁၅၀၀ ဆိုကြပါစို့..

🥗Clean eating ချည့်ပဲ တနေကုန်စားစရာ မလိုပါဘူး
⚡️အာဟာရဓါတ်စုံလင်အောင် ပရိုတင်း၊ အသီးအရွက်၊ ဗိုက်ဘာဓါတ်၊ ကာဘိုဟိုက်ဒြိပ် စသဖြင့်ကို ၁၅၀၀ ထဲက အဓိကထားစားသုံးမယ်
🍫လက်ကျန် ဘတ်ဂျက်လေးကို ကိုယ့်ကို ပျော်ရွှင်စေမယ့် ကော်ဖီ ချောကလက် စသဖြင့်တို့အတွက် နည်းနည်းပါးပါး အသုံးပြုမယ်ဆိုရင် ဘတ်ဂျက်တွင်းလဲဝင်မယ်.. ကိုယ်လဲနှစ်သက်တာ စားရတယ်..

မစားချင်တာတွေ စားပြီး မိမိကိုယ်ကိုချောင်ပိတ်တာက အဖြေမဟုတ်ပါဘူး.. သဘာဝအရ ကိုယ်စားချင်တာတွေကို တထိုင်ထဲ အကုန်ပြန်စားမိမှာပါ.. ဒါကြောင့်မျှတတဲ့စားသောက်မှုကသာ အဓိကကျပါတယ်..

ဒီပိုက်ဆံအိတ်လေးထဲက ငွေကို အကန့်အသပ်နဲ့ အသုံးပြုကြရသလိုပဲ ခန္ဓာကိုယ်က လိုအပ်တဲ့ ဓါတ်အမျိုးမျိုးကို ဖြည့်ဆည်းရင်း မိမိရဲ့ ကယ်လိုရီ ဘတ်ဂျက်ပြင်ပ ရောက်မသွားအောင် ထိန်းသိမ်းရုံပါပဲ..

ဒါကြောင့် အိတ်ထဲကငွေ (သို့) ကယ်လိုရီ ဘတ်ဂျက် ကိုမသုံးခင်မှာ
🤔“ငါတကယ် ဒီငွေကို ဒီအတွက် သုံးမှာလား.. “
🤔“ဒီမှာ သုံးလိုက်ရင် တနေကုန်အတွက် လက်ကျန်ဘယ်လောက် ကျန်မှာလဲ.. “
🤔“တနေ့တာ မဖြစ်မနေ ဝယ်ရမယ့် essentials (proteins, fiber) ဝယ်ဖို့အရင် စဉ်းစားရဦးမယ်..”

စသဖြင့်လေး ဆင်ခြင်မိပြီး မိမိနှစ်သက်ရာ အစားအစာလေးတွေကို စားသောက်ရင်း ရေရှည်ထိရောက်တဲ့ ဝိတ်ထိမ်းမှုကို ရရှိနိုင်ပါစေ 🌼🌸

Website

Address

New University Avenue Road
Yangon

Alerts

Be the first to know and let us send you an email when NourishNest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.