SHE Care

SHE Care

Share

Mini care on your skin

Photos from SHE Care 's post 02/06/2026

ဟယ်လို အချောလေးတို့ရေ… 🩷
ပျောက်နေတာကြာနေသော မင်မင်လည်း ၂၀၂၆ ပြန်လို့ ပေါ်လာပါပြီ 🤭

ပူပြင်းလှတဲ့ နွေရာသီကို ဖြတ်ကျော်ရင်း ခုဆို မိုးလေးဖွဲဖွဲနဲ့ chill ရမယ့် ဇွန်လလေးတောင် ရောက်ခဲ့ပြီပေါ့… 🍀🍀

မိုးရွာပြီဆိုတော့ sun cream တွေ လျော့လိမ်းဖို့ စဉ်းစားနေပြီမလား😁😁

အဲ့လို တွေးနေမှာစိုးလို့ လာဆူတာ … အယ် လာမျှဝေတာ😬😁

ဒီနေ့တော့ sun cream လိမ်းနေပေမယ့် SPF အကြောင်းကို သေချာသိရအောင် မျှဝေပေးမှာ ဖြစ်ပါတယ်။

SPF ဆိုတာ ဘာလဲ 🤔🤔

SPF ရဲ့ အရှည်က (Sun Protection Factor) ဖြစ်ပါတယ်။ သူက နေရောင်ခြည်မှာပါတဲ့ UVB ရောင်ခြည်ကြောင့် အသားအရေ နေလောင်တာ၊ နီမြန်းတာတွေမဖြစ်အောင် ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လဲဆိုတာကို ပြတဲ့ အညွှန်းကိန်းတစ်ခုပါ။

SPF ရွေးချယ်မှု လမ်းညွှန် ☝️☝️

Sunscreen ဗူးတွေမှာ ရေးထားတဲ့ SPF ပမာဏအလိုက် ကာကွယ်ပေးနိုင်စွမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်…..

• SPF 15: UVB ရောင်ခြည်ရဲ့ 60% ခန့်ကို ကာကွယ်ပေးပါတယ်။ (အိမ်ထဲမှာပဲ နေမယ့်ရက်မျိုးအတွက် သင့်တော်ပါတယ်)
• SPF 30: UVB ရောင်ခြည်ရဲ့ 70% ခန့်ကို ကာကွယ်ပေးပါတယ်။ (နေ့စဉ် သာမန်အပြင်ထွက်သူများအတွက် အနည်းဆုံး ထားရှိရမယ့် ပမာဏပါ)
• SPF 50: UVB ရောင်ခြည်ရဲ့ 98% ခန့်ကို ကာကွယ်ပေးပါတယ်။ (နေပူထဲ အပြင်ထွက်ရသူတွေနဲ့ အပူပိုင်းဒေသကလူတွေအတွက် အကောင်းဆုံးပါ)

သတိပြုရန်အချက်များ

* SPF တန်ဖိုးမြင့်တာနဲ့ တစ်နေ့လုံးခံမယ်လို့ မဆိုလိုပါ။

* Sunscreen ကို 2–3 နာရီခြား တစ်ခါ ပြန်လည်လိမ်းသင့်ပါတယ်။

* SPF အပြင် PA+++ ပါဝင်တဲ့ Sunscreen ကို ရွေးချယ်သင့်ပါတယ်။ PA Rating က UVA Rays (အသားရည်မည်းခြင်း၊ အိုမင်းခြင်း) ကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။

SPF 50 နဲ့ PA+++ ပါတဲ့ sun cream ကို အမြဲ နေပူပူမိုးရွာရွာ လိမ်းပေးတာကတော့ အကောင်းဆုံးပါနော်။



#ပုံနဲ့စာများကိုကူးယူခွင့်မပြုပါ

Website

Address

Yangon
11181

Alerts

Be the first to know and let us send you an email when SHE Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.