Hana for Lady
Keep you worry free!
04/11/2025
တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့)
ယနေ့ဟာ မြန်မာလူမျိုးတို့ရဲ့ အလေးအနက်ထားရာ ‘တန်ဆောင်မုန်းလပြည့်နေ့’ (သာမညဖလ အခါတော်နေ့လေးပဲ ဖြစ်ပါတယ်။
ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတဲ့ တန်ဆောင်မုန်းလပြည့်နေ့မှစပြီး မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။ လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ကြပြီး စီးပွားလာဘ်လာဘများ တိုးပွားကြပါစေကြောင်း ဆုမွန်တောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။🙏🙏
#တန်ဆောင်မုန်းလပြည့်နေ့
ယနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ အချိန်အခါလေးပဲ ဖြစ်ပါတယ်ရှင်။
ဆီမီးထိန်ထိန် ထွန်းပါတဲ့ ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ စိတ်ရောကိုယ်ပါ ကျန်းမာ၊ ချမ်းသာစွာဖြင့် လိုရာဆန္ဒတွေပြည့်စုံကြပါစေ။
ကိုယ်စိတ်နှစ်လုံး ကြည်လင်ရွှင်ပြကာ နွေးထွေးတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ဖြတ်သန်းနိုင်ကြပါစေကြောင်း Hana for Lady မှာ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ရှင်။🙏
#သီတင်းကျွတ်လပြည့်နေ့
01/08/2025
Happy National Girlfriends Day! 💜
ဒီနေ့ August 1 ရက်နေ့ဟာ National Girlfriends Day ပဲဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်
နားလည်မှုနဲ့ ခိုင်မာတဲ့ချစ်ခြင်းမေတ္တာတွေ ကိုယ်ချင်းစာစိတ်တွေဟာ ဘဝကိုပိုပြီးလှပစေတယ်ဆိုတာ သက်သေပါပဲ။🤗
ဘဝရဲ့အလှဆုံး အမှတ်တရတွေကို ဖန်တီးပေးခဲ့တာတွေ၊ အတူတူရယ်မောခဲ့ကြတဲ့အချိန်တွေ၊ ခက်ခဲတဲ့အချိန်တွေမှာ ပံ့ပိုးကူညီဖေးမခဲ့ကြတဲ့ အခိုက်အတန့်တွေအတွက် ကိုယ့်ဘေးနားမှာရှိနေကြတဲ့ အမျိုးသမီးတွေကို ကျေးဇူးတင်ရင်း ဒီထက်မက ပိုပြီးချစ်နိုင်ကြပါစေ🥰
ဒါ့အပြင် အမျိုးသမီးတို့ ရာသီလာချိန်တွေမှာ သက်သောင့်သက်သာနဲ့ ယိုစိမ့်မှာ မပူရဘဲ စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါး လှုပ်ရှားနိုင်ဖို့ ချည်သားစစ်စစ်နဲ့ပြုလုပ်ထားတဲ့ 👉🏻Hana Sanitary Pants က အမျိုးသမီးတို့အတွက် အသင့်ရှိနေပါတယ်။
National Girlfriends Day မှာ ချစ်ရတဲ့သူတွေနဲ့အတူ ဘဝရဲ့ပျော်ရွှင်စရာ အချိန်တွေကို အပြည့်အဝ ဖန်တီးနိုင်ပါစေလို့ Hana က ဆုတောင်းပေးပါတယ်။ 🤗
30/07/2025
အလုပ်ကိစ္စဖြစ်ဖြစ်၊ အပျော်ခရီးဖြစ်ဖြစ် ခုလိုမိုးတွင်းမှာ ခရီးသွားရရင် မိန်းကလေးတွေအတွက် period ဖြစ်မှာ အကြောက်ဆုံးပါပဲ။ မိုးစိုရင် ပြန်လဲရမှာကို စိုးရိမ်တာကြောင့် အိတ်ထဲအပြည့် ထည့်ထားရတာလည်း ဒုက္ခတစ်မျိုးပါပဲ။ 🥹
Hana Sanitary Pant က သေးငယ်ပြီး ပေါ့ပါးတဲ့ ဒီဇိုင်းကြောင့် ဘယ်လိုအိတ်ထဲမှာမဆို အလွယ်တကူ ထည့်သွားနိုင်ပါတယ်။ ရောက်တဲ့နေရာမှာ ဘောင်းဘီလေးလို အလွယ်တကူ အသုံးပြုနိုင်လို့ စိတ်ပူစရာမလိုတော့ဘူးနော်😉
Hana နဲ့အတူ လွတ်လပ်တဲ့ ခရီးစဉ်တွေကို ပိုင်ဆိုင်လိုက်ပါ။ 🤗
#ခရီးသွား #အလွယ်တကူသယ်ဆောင် #ဘယ်သွားသွားအဆင်ပြေ
25/07/2025
ကျောင်းတွေ ပြန်ဖွင့်ချိန်ဆိုတော့ မေမေတို့ မီးမီးတို့အတွက် ရာသီလာချိန်မှာ တစ်နေကုန် စာသင်ချိန်ရော၊ လှုပ်ရှားချိန်တွေမှာပါ သက်သောင့်သက်သာရှိဖို့က အဓိကစဉ်းစားနေရပြီပေါ့ ။ 🤗
Hana Sanitary Pant က နူးညံ့တဲ့ ချည်သားနဲ့ ပြုလုပ်ထားလို့ ဝတ်ထားမှန်းတောင် မသိသာဘဲ လွတ်လပ်ပေါ့ပါးစေမှာပါ။ 💧 4 နာရီကနေ 8 နာရီအထိ စိတ်ပူစရာမလိုဘဲ ဝတ်ဆင်နိုင်လို့ ကျောင်းမှာ စာသင်ချိန်တိုင်း ယုံကြည်မှုအပြည့်နဲ့ ရှိနေလို့ရပြီ! ✨
#ကျောင်းပြန်ချိန် #သက်သောင့်သက်သာ #မီးမီးတို့အတွက်
16/07/2025
Postpartum Period ကာလ ဆိုတာ သန့်ရှင်းမှုအပိုင်းကိုအထူးဂရုပြုဖို့လိုအပ်သလို၊ ဒီအချိန်မှာ သက်သောင့်သက်သာရှိစေဖို့ကလည်း အထူးလိုအပ်ပါတယ်။🤗
Hana မီးနေသယ် တစ်ခါသုံးဘောင်းဘီလေးက ဒီလိုအချိန်တွေမှာ မေမေတို့ သက်သောင့်သက်သာ အနားယူနိုင်စေဖို့အထူးသင့်လျော်ပါတယ်။
ဘာကြောင့်လဲ❓
✅ကလေးမီးဖွားထားတဲ့ မေမေတို့ အလွယ်တကူဝတ်ဆင်နိုင်ရန် size အကြီးအထိထုတ်လုပ်ထားခြင်း
✅400 ml အထိစုပ်ယူနိုင်ခြင်း
✅100% Cotton ဖြစ်လို့ သက်သောက်သက်သာရှိပြီး ပွန်းတာ၊ ရှတာလုံးဝမရှိစေခြင်း
✅ဒိုက်ပါ Type တွေလို အထူသားမဟုတ်တဲ့အတွက် ဝတ်ဆင်ပြီးတဲ့အခါမှာလည်းသက်သောင့်သက်သာရှိခြင်း
✅အလွယ်တကူ ချွတ်ရတာလွယ်ပြီး စွန့်ပြစ်ရတာလွယ်ကူခြင်း
စတဲ့ အချက်တွေကြောင့် Hana နဲ့ဆိုမေမေတို့ အနားယူချိန်တိုင်းမှာ သက်သောင့်သက်သာရှိစေမှာပါ။
#အမျိုးသမီးလစဉ်သုံးဘောင်းဘီ
09/07/2025
"ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့" ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ယနေ့ အခါသမယမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေ ပြည့်စုံပြီး ဘေးဘယာ တွေဝေးကွာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ 🙏
#ဓမ္မစကြာအခါတော်နေ့
#ဝါဆိုလပြည့်
08/07/2025
နီးစပ်ရာ ရွှေအိုးဆေးဆိုင်တိုင်းမှာ Hana ရဲ့ Sanitary Pants ဆိုဒ်ကြီးကို ဝယ်ယူအားပေးလို့ရပါပြီရှင်🤗
𝐒𝐚𝐧𝐢𝐭𝐚𝐫𝐲 𝐏𝐚𝐧𝐭𝐬 👉🏻 𝐗𝐋/𝐗𝐗𝐋 𝐬𝐢𝐳𝐞 ဟာဆိုရင် ခါးဆိုဒ် 𝟑𝟔 မှ 𝟒𝟐 အထိ၊ တင်ဆိုဒ် 𝟒𝟖 အထိ ၀တ်ဆင်လို့ရပြီး
✅ အသုံးပြုရလွယ်ကူသလို သက်သောင့်သက်သာလည်း ဖြစ်စေပါတယ်။
✅ Super Absorbent Formula နဲ့ ထုတ်လုပ်ထားပြီး 400ml အထိ စုပ်ယူနိုင်ပြီး
✅ နူးညံ့တဲ့ Cotton ဖြစ်လို့ လေဝင်လေထွက်ကောင်းစေပါတယ်။
✅ 360° ပတ်ပတ်လည် ယိုစိမ့်ခြင်းကို ကာကွယ်ပေးပါတယ်။
ဒါကြောင့် 💁🏻♀️ယနေ့ အမျိုးသမီးလေးတို့ရဲ့ ခေတ်ရေစီးကြောင်းထဲမှာ ✨Feminine Hygiene Product ( သန့်ရှင်းပြီး လုံခြုံစိတ်ချရတဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်း) အဖြစ် Disposable Sanitary pants တွေက အဓိက ရွေးချယ်စရာဖြစ်လို့လာတာပဲ ဖြစ်ပါတယ်ရှင်။
#အမျိုးသမီးလစဉ်သုံးဘောင်းဘီ
05/07/2025
Postpartum Period အတွင်းမှာ မေမေတို့ ဂရုစိုက်စေရာ နည်းလမ်းအဖြာဖြာ🥰
မီးတွင်းကာလ (Postpartum Period) ကာလအတွင်းဟာ မေမေတို့ ပင်ပန်းရတဲ့ ကာလတစ်ခုဖြစ်လို့ ဒီလိုကာလမှာမိခင်အတွက် အဓိကထား ဂရုစိုက်ရမယ့်အချက်တွေကိုမျှဝေပေးချင်ပါတယ်။
၁။ ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု
✅မွေးလမ်းကြောင်းနဲ့ ခွဲစိတ်ဒဏ်ရာတွေကို သန့်ရှင်းခြောက်သွေ့အောင်ထားဖို့နဲ့ သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါမယ်။
✅သွေးဆင်းချိန်မှာ အသုံးပြုတဲ့ Pad တွေ၊ မီးနေသည် တစ်ခါသုံးဘောင်းဘီတွေကို သန့်ရှင်းသပ်ရပ်တာရွေးချယ်ဝတ်ဆင်ပါ။
✅ကလေးအိပ်ချိန်မှာ မိခင်ပါ အတူအိပ်ပြီး လုံလောက်စွာ အနားယူရန်လိုအပ်ပါမယ်။
✅သက်သာလာတာနဲ့အမျှ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတွေ (ဥပမာ- လမ်းလျှောက်တာ၊ Kegel လေ့ကျင့်ခန်း) လုပ်ပေးပါ။
နည်းစနစ်မှန်မှန် နို့တိုက်ပြီး ရင်သားကို ဂရုစိုက်ဖို့လိုအပ်ပါမယ်။
၂။ အာဟာရနှင့် ရေသောက်သုံးမှု
✅အာဟာရပြည့်ဝသော အစားအစာ ဥပမာ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်စုံလင်အောင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို စုံလင်စွာ စားပါ။
✅ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ပါ။
၃။ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု
✅မီးတွင်းစိတ်ခံစားလွယ်တာ သို့မဟုတ် မီးတွင်းစိတ်ကျရောဂါ (Postpartum Depression) လက္ခဏာတွေ ရှိလာရင် မိသားစုရဲ့ ဖေးမမှုရယူပါ။ ပြင်းထန်ရင် ဆရာဝန်နဲ့ ပြသပါ။
✅အိမ်မှုကိစ္စနဲ့ ကလေးထိန်းတာတွေမှာ မိသားစု ဒါမှမဟုတ် ခင်ပွန်းရဲ့ အကူအညီကို ရယူပါ။
၄။ ဆေးစစ်မှုများ ပြုလုပ်ခြင်း
✅ကလေးမွေးပြီး ၆ ပတ်အတွင်း ဆရာဝန်နဲ့ ပုံမှန် ပြန်လည်ပြသပါ။
အဖျားကြီးတာ၊ သွေးဆင်းများတာ၊ ပြင်းထန်စွာ နာကျင်တာ၊ စိတ်ဓာတ်အလွန်အမင်းကျတာ စတဲ့ လက္ခဏာတွေ ရှိရင် ချက်ချင်း ဆေးရုံ၊ ဆေးခန်းကို သွားပါ။
#အမျိုးသမီးလစဉ်သုံးဘောင်းဘီ
03/07/2025
တောင်ကြီးက လေဒီလေးတို့အတွက် တောင်ကြီး-ပန်းလှိုင်ဆေးရုံ မှာလည်း
Hana Sanitary Pants ဆိုဒ်ကြီးကို ဝယ်ယူအားပေးလို့ရပါပြီရှင့်…
Hana Sanitary Pants ရဲ့ 👉🏻ဝတ်ဆင်မယ်ဆိုရင်တော့
✅ အသုံးပြုရလွယ်ကူသလို သက်သောင့်သက်သာလည်း ဖြစ်စေပါတယ်။
✅ Super Absorbent Formula နဲ့ ထုတ်လုပ်ထားပြီး 400ml အထိ စုပ်ယူနိုင်ပြီး
✅ နူးညံ့တဲ့ Cotton ဖြစ်လို့ လေဝင်လေထွက်ကောင်းစေပါတယ်။
✅ 360° ပတ်ပတ်လည် ယိုစိမ့်ခြင်းကို ကာကွယ်ပေးပါတယ်။
XL/XXL size - ခါးဆိုဒ် 36 မှ 42 အထိ၊ တင်ဆိုဒ် 48 အထိ ၀တ်ဆင်လို့ရပါတယ်။
ဒါကြောင့် 💁🏻♀️ယနေ့ အမျိုးသမီးလေးတို့ရဲ့ ခေတ်ရေစီးကြောင်းထဲမှာ ✨Feminine Hygiene Product ( သန့်ရှင်းပြီး လုံခြုံစိတ်ချရတဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်း) အဖြစ် Disposable Sanitary pants တွေက အဓိက ရွေးချယ်စရာဖြစ်လို့လာတာပဲ ဖြစ်ပါတယ်ရှင်။
#အမျိုးသမီးလစဉ်သုံးဘောင်းဘီ
18/06/2025
ရှမ်းပြည်နယ်အနီးတစ်ဝိုက်မှာ နေထိုင်တဲ့ လေဒီလေးတို့အတွက် 💜Hana Sanitary Pants ကို လွယ်ကူစွာ ဝယ်ယူရရှိနိုင်တဲ့ ဆိုင်ခွဲတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်ရှင်
Hana Sanitary Pants ရဲ့ 👉🏻အဓိကအားသာချက်ကတော့ ✅ convenient and comfort အသုံးပြုရလွယ်ကူသလောက် သက်သောင့်သက်သာလည်း ဖြစ်စေပါတယ်။
✅Super Absorbent Formula နဲ့ ထုတ်လုပ်ထားပြီး 400ml အထိ စုပ်ယူနိုင်ပြီး
✅နူးညံ့တဲ့ Cotton သားကိုမှ လေဝင်လေထွက်ကောင်းစေပါတယ်။
✅360° ပတ်ပတ်လည် ယိုစိမ့်ခြင်းကို ကာကွယ်ပေးပါတယ်။
Size အနေနဲ့ -
M/L - ခါးဆိုဒ် 22 မှ 36 အထိ ၊ တင်ဆိုဒ် 42 အထိ
XL/XXL size - ခါးဆိုဒ် 36 မှ 42 အထိ၊ တင်ဆိုဒ် 48 အထိ ၀တ်ဆင်လို့ရပါတယ်။
ဒါကြောင့် 💁🏻♀️ယနေ့ အမျိုးသမီးလေးတို့ရဲ့ ခေတ်ရေစီးကြောင်းထဲမှာ ✨Feminine Hygiene Product ( သန့်ရှင်းပြီး လုံခြုံစိတ်ချရတဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်း) အဖြစ် Disposable Sanitary pants တွေက အဓိက ရွေးချယ်စရာဖြစ်လို့လာတာပဲ ဖြစ်ပါတယ်ရှင်။
#အမျိုးသမီးလစဉ်သုံးဘောင်းဘီ
Click here to claim your Sponsored Listing.
Category
Website
Address
11041
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |
