Exploring Scent II
Exploring Scent Pageရဲ့ဒုတိယPage လေးပါ,ရေမွှေးအစစ်တွေကိုပဲရောင်းပေးပါတယ်
မိန်းခလေးတို့အတွက် 🤍💞
ပုလင်းလက်ကျန်လိုချင်တဲ့သူတွေအတွက် ဒီတခါမှာတော့
Omnia အဖြူ အကြည်လေး 100ml ပုလင်းလေးကို 30ml လက်ကျန်လေးနဲ့ ရပါ့မယ်နော်
bottle က Refill မို့ ကုန်သွားလဲ ထပ်ဖြည့်ထည့်လို့ရတဲ့ ပုလင်းလေးနဲ့ဆိုတော့ အဆင်ပြေနေစေမှာပါရှင့် 🤍🤍🤍
22/07/2026
Miracle လေးကိုလဲ လက်ကျန်ပုလင်းလေးနဲ့ ရပါ့မယ်နော်
25mlလောက် ရှိပါတယ်
ဈေးတန်လေးနဲ့ ရပါ့မယ်ရှင့်
15/07/2026
Blind Buy လုပ်လိုက်တာ အရမ်းမှန်ကန်သွားတဲ့ ရေမွှေးလေးကွယ်
Admin တင်မကဘူး
စမ်းသုံးကြည့်ဖို့မှာသွားကြတဲ့ Customer လေးတွေလဲ စမ်းပြီးကြိုက်ကြလို့ ပြန်ထပ်မှာကြရတဲ့ ရေမွှေးလေး💜
အဲ့ဒါလေးကို ခုမှ Review သေချာရေးတင်ရတာပါ
ဒါလေးကိုမြင်တော့ Note လေးတွေကြည့်ရင်း ကောင်းမယ့်ပုံလေးပေါ့။
China Vietnam တို့မှာလဲ အရမ်းနာမည်ကြီးတော့ ယူလိုက်မယ်ပေါ့ ။
Admin ကလဲ N_arciso fan ကြီးဆိုတော့ ဘယ်သူမှ မကြိုက်ရင်တောင် ကိုယ်သုံးမယ်ဆိုတဲ့ အထှာနဲ့ ဝယ်ချပစ်လိုက်တာ။
လုံးဝ အခြား ရနံ့လေးတွေနဲ့ ကွဲထွက်ပဲ
စဖြန်းလိုက်တာနဲ့ ကြိုက်တာ
R_alph Lauren ရဲ့ R_alph R_alph Lauren အစိမ်းလေးရနံ့ကို သိကြလားမသိဘူး
Lily of the valley ကို Fresh အရော ရေမွှေးလေးလေ🍀
အခုက အဲ့ရနံ့ကိုမှ နေရောင်ခြည်ရနံ့လေး ရောပြီး ထွက်လာတာ🥰
စိမ်းရွှင်နေတဲ့ရနံ့မျိုး မရတော့ပဲ
အေးချမ်းပြီး ကြည်လင်သွားတဲ့ ရနံ့မျိုးလေးကို တန်းရတာ
ရှယ်မိုက်နေကောကွယ် ...
အဲ့ရနံ့လေးက တခဏကြာပြီး Skin နဲ့ အသားကျသွားတဲ့အခါမှာတော့ Narciso ရဲ့ Signature ဖြစ်တဲ့ Musk ရနံ့က Cotton Flower (ဝါဂွမ်းပွင့်) ရနံ့အိအိလေးနဲ့ ပေါင်းစပ်သွားပြီး
Clean & Powdery Vibes လေး ဖြစ်သွားပြီး ရေချိုးပြီးစ Soapy ရနံ့ဆန်ဆန်လေးဖြစ်သွားတယ်
ရေချိုးပြီး ထွက်လာတဲ့ရနံ့လေး
အေးစိမ့်ပြီး မွှေးနေသလို ရနံ့ပုံစံလေး
အဲ့လိုအတိုင်းရတာ
မွှေးချတ်က ထပ်ခါထပ်ခါ ပြန်ရချင်နေလောက်အောင် မွှေးနေတာမျိုးလေး
စူးပြီးမွှေးတာမျိုးမဟုတ်ဖူးနော်
နေ့တိုင်းသုံးလို့ကောင်းတဲ့ ရနံ့လေး
မွှန်ထူပြီး အီနေတဲ့ အနံ့မျိုး မကြိုက်ဘဲ၊ ရေချိုးပြီးစလို သန့်ရှင်းလန်းဆန်းတဲ့ Soft Luxury ရနံ့မျိုး ကြိုက်တဲ့သူတွေအတွက် အကွက်တိပါပဲ။ လူကြားထဲသွားရင် "ဘာရေမွှေးဆွတ်ထားတာလဲ" လို့ မေးချင်စရာကောင်းလောက်အောင် နူးညံ့ပြီး Comfort ဖြစ်စေတဲ့ ရနံ့မျိုးပါ။
အသစ်လေး Fruity Floral 💜 ゚viralシ ゚
04/07/2026
နူးညံ့ပြီး နေ့တိုင်းဖြန်းလို့ရတဲ့ Signature ရနံ့လေး ရှာနေလား?
L_ancôme Miracle ကို သတိရလိုက်ပါ 🌸✨
"Miracle" ဆိုတဲ့ နာမည်အတိုင်းပဲ... ဖြန်းလိုက်တာနဲ့ စိတ်ကို လန်းဆန်းတက်ကြွသွားစေပြီး အံ့သြစရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိတဲ့ L_ancôme ရဲ့ လူကြိုက်အများဆုံး Perfume လေးတစ်ခုအကြောင်း ပြောပြမယ်နော်။🌸
သူ့ရဲ့ ရနံ့ကို တော်တော်များများက Clean, Fresh & Floral လို့ သတ်မှတ်ကြပါတယ်။စဖြန်းခါစမှာ Freesia ပန်းရနံ့နဲ့ Lychee (လိုင်ချီး) သီးရဲ့ ချိုချိုချဉ်ချဉ် လန်းဆန်းတဲ့ရနံ့ကို အရင်ဆုံး ခံစားရမယ်။
ခဏနေလို့ Dry down ဖြစ်သွားရင် Magnolia ပန်းရနံ့နဲ့အတူ ဂျင်း (Ginger)၊ ငရုတ်ကောင်း (Pepper) ရဲ့ Spicy ဆန်ဆန် ရနံ့လေး ခပ်ဖျော့ဖျော့လေး ပါလာလို့ အရမ်းကြီး အီမနေဘဲ Unique ဖြစ်စေပါတယ်။
အဆုံးသတ်မှာတော့ Jasmine နဲ့ Musk ရနံ့လေးက အရေပြားပေါ်မှာ နူးနူးညံ့ညံ့လေး ကျန်ခဲ့တာပါ။
✨ အရမ်းနူးညံ့ပြီး ကြော့ရှင်းတဲ့ မိန်းကလေးဆန်တဲ့ Vibes မျိုး ပေးပါတယ်။ ရုံးတက်၊ ကျောင်းတက်၊ ဒါမှမဟုတ် နေ့ခင်းဘက် Date သွားမလား... ရာသီဥတုပူပူမှာ ဖြန်းရင်တောင် ဘေးကလူကို အနှောင့်အယှက်မဖြစ်စေဘဲ "သင်းပျံ့နေတာပဲ" လို့ အပြောခံရမယ့် ရနံ့မျိုးပါ။
Longevityကတော့ ပုံမှန်အားဖြင့် ၅ နာရီကနေ ၇ နာရီဝန်းကျင်အထိ ခံပါတယ်။ အဝတ်အစားပေါ် ဖြန်းထားရင်တော့ ပိုကြာကြာလေး သင်းနေတတ်ပါတယ်။
အမွှေးနံ့ပြင်းပြင်းတွေ အီအီကြီးတွေ မကြိုက်တဲ့သူတွေ
Fresh & Clean ဖြစ်ပြီး ပန်းရနံ့သင်းသင်းလေး ကြိုက်တဲ့သူတွေ
နေ့တိုင်းအသုံးပြုဖို့ Everyday Scent ရှာနေတဲ့သူတွေအတွက် ၁၀၀% Recommended ပါပဲရှင်!
ဒီရနံ့လေးက ဘယ်တော့မှ ရိုးမသွားဘဲ Classic ဖြစ်နေတုန်းပဲ။
🖤💞🖤
🌟🌟🌟
💜💜💜
🖤🖤🖤 ゚
Click here to claim your Sponsored Listing.
