N A N N

N A N N

Share

Products of Myanmar
N A N N
Organic Products

24/09/2026

မျက်နှာပေါ်ရှိ ပြန်ရည်ကြော (Lymphatic System)" စနစ်၏ လျှို့ဝှက်ချက်
- အဆိပ်အတောက်ကင်းစင်ကြည်လင်ပြီး အဆိပ်အတောက်ထင်ကျန်မှုမရှိအောင် အသားအရေအတွက် အထောက်အကူ🌿
မနက်နိုးထလာချိန်တွင် မျက်နှာ အဘယ်ကြောင့် ဖောင်းရောင်နေသနည်း သို့မဟုတ် မျက်နှာနှိပ်နယ်ပေးခြင်းက အသားအရေကို အဘယ်ကြောင့် စိုပြည်ကြည်လင်စေသနည်းဟု တွေးတောဖူးပါသလား။
အဖြေမှာ အရေပြားအောက်ရှိ "ပြန်ရည်ကြော စနစ် (Lymphatic System)" ကြောင့် ဖြစ်ပါသည်။
မျက်နှာနှင့် လည်ပင်းပေါ်ရှိ အဓိက ပြန်ရည်ကြော အကျိတ် (Lymph Nodes) တည်နေရာများ
၁။ နားရှေ့နှင့် နားနောက်ဘက်ရှိ ပြန်ရည်ကြော အကျိတ်များ (Preauricular & Postauricular Lymph Nodes) - နားထင်၊ နဖူးနှင့် ဦးရေပြားတို့မှ အရည်များကို စစ်ထုတ်ပေးသည်။
၂။ မေးစေ့အောက်နှင့် မေးရိုးအောက်ရှိ ပြန်ရည်ကြော အကျိတ်များ (Submental & Submandibular Nodes) - ပါးစပ်ပတ်ပတ်လည်၊ မေးစေ့နှင့် ပါးအောက်ပိုင်းတို့မှ စွန့်ပစ်ပစ္စည်းများကို စုစည်းပေးသည်။
၃။ လည်ပင်းရှိ ပြန်ရည်ကြောအကျိတ်များ (Cervical Lymph Nodes) - အရေပြားအပေါ်ယံနှင့် အတွင်းပိုင်းရှိ အကျိတ်များဖြစ်ပြီး ပြန်ရည်ကြောအရည်များကို စစ်ထုတ်၍ သွေးလှည့်ပတ်မှုစနစ်အတွင်းသို့ ပြန်မပို့မီ နောက်ဆုံး အဓိက စိစစ်ပေးသည့်နေရာ ဖြစ်သည်။
မျက်နှာအသားအရေအတွက် ပြန်ရည်ကြောစနစ်၏ အဓိကတာဝန်များ
အဆိပ်အတောက်စွန့်ထုတ်ခြင်း - စွန့်ပစ်ပစ္စည်းများ၊ ပိုလျှံနေသော အရည်များနှင့် ပျက်စီးသွားသော ဆဲလ်ဟောင်းများကို မျက်နှာတစ်ရှူးများမှ ဖယ်ရှားပေးသည်။
အသားအရေဖောရောင်မှုကို လျှော့ချပေးခြင်း - ပြန်ရည်ကြောအရည် စီးဆင်းမှုမကောင်းပါက အရည်များပိတ်မိပြီး မနက်ခင်းတွင် မျက်နှာနှင့် မျက်လုံးများ ဖောင်းရောင်စေသည်။
ပြန်ရည်ကြောစနစ်သည် ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း - ပိုးမွှားများနှင့် ပြင်ပအရာများကို တားဆီးပေးပြီး ရောဂါပိုးဝင်ရောက်မှုနှင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးသည်။
လှပကျန်းမာသော အသားအရေအတွက် ပြန်ရည်ကြောစီးဆင်းမှု လှုံ့ဆော်ပေးရန် နည်းလမ်းများ
ပြန်ရည်ကြောစနစ်တွင် ဘာသာရပ်ဆိုင်ရာ နှလုံးကဲ့သို့ပန့်စနစ် မရှိဘဲ ကြွက်သားလှုပ်ရှားမှုနှင့် နှိပ်နယ်မှုအပေါ် မူတည်သောကြောင့် အောက်ပါ ရိုးရှင်းသောနည်းလမ်းများဖြင့် ကူညီပေးနိုင်ပါသည်။
၁။ ပြန်ရည်ကြော စီးဆင်းမှု နှိပ်နယ်နည်း (Lymphatic Drainage Massage) - လက်ချောင်းများဖြင့် မျက်နှာတပြင် (နဖူး၊ နှာခေါင်း၊ မေးစေ့) မှ ဘေးဘက်သို့ သာသာယာယာ နှိပ်နယ်ပေးပြီး လည်ပင်းတလျှောက် ညှပ်ရိုးဆီသို့ အောက်သို့ဆွဲချကာ သဘာဝအတိုင်း စွန့်ပစ်ပစ္စည်းများ စီးဆင်းစေရန် ကူညီပေးပါ။
၂။ နေ့စဉ်သန့်စင်သောရေကို လုံလောက်စွာသောက်ပါ - ခန္ဓာကိုယ်တွင်း ပြန်ရည်ကြောအရည်များ မပျစ်ခဲဘဲ အလွယ်တကူ စီးဆင်းနိုင်စေသည်။
၃။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ - ကြွက်သားများကို ကျုံ့နိုင်ဆန့်နိုင်စေပြီး ပြန်ရည်ကြောအရည်များ ပိုမိုကောင်းမွန်စွာ စီးဆင်းစေရန် တွန်းအားပေးသည်။
ပြန်ရည်ကြောစနစ် ကောင်းမွန်စွာ စီးဆင်းအောင် ထိန်းသိမ်းခြင်းသည် မျက်နှာဖောင်းရောင်မှုကို လျှော့ချပေးသည့်အပြင် အသားအရေကို အဆိပ်အတောက်ကင်းစင်စေပြီး အတွင်းပိုင်းမှ စတင်၍ ကြည်လင်တောက်ပလာစေပါသည်🌿

24/09/2026

Nann Hair & body oil မုန်ညှင်းဆီစစ်စစ်က
အခြားမုန်ညှင်းဆီတွေနဲ့ဘာကွာလဲ ?

Essential oil ရနံ့ကုထုံးနဲ့ပြုလုပ်ပေးထားလို့ လိမ်းပြီးလူကြားထဲသွားလဲဆီအနံ့နံမှာမစိုးရိမ်ရတော့ပဲ ယုံကြည်မူတိုးစေတယ် အဝတ်အစားမှာဆီအနံ့စွဲကျန်မှာလဲမစိုးရိမ်ရတော့ပါ အရောအနှောကင်းပြီး လိမ်းပြီးချက်ချင်းအသားထဲ အကုန်စိမ့်ဝင်ကုန်လို့ ကပ်စီးမူမဖြစ်တော့ လိမ်းတိုင်းစိတ်ချမ်းသာမူရစေပြီး ထပ်ထပ်လိမ်းချင်တာအမှန်ပါ💝

💢မုန်ညှင်းဆီ သူ့ပင်ကိုယ်သဘာဝအနံ့ရှိနေတာမို့ နဲ့ Essential oil ပြုပြင်ထားပေမယ့် ရေမွှေးပမာဏလျော့ထည့်လိုက်တာမဟုတ်ပဲ ထည့်သင့်တဲ့ပမာဏအရင်အတိုင်းထည့်ပေးထားပါတယ်💢
ကြာရှည်ခံဆေးနဲ့မပြုပြင်ထားလို့ တနှစ်အတွင်းအသုံးပြုပေးပါနော်💝

ဆံသား Hair Oil အနေနဲ့ပါရုံလေးလိမ်းလဲ ဆံသားအိဆင်းပြီး ကောင်းကျိုးအရမ်းရစေပါတယ်✨
ခေါင်းအစခြေအဆုံး အကြိမ်အရေအတွက် လိုအပ်သလိုအသုံးပြုနိုင်ပါသည်။

မုန်ညင်းဆီ ဘယ်လောက်စွမ်းလဲဆိုတာ သိချင်ရင် ညအိပ်ယာ
မဝင်မီ ( ၃ ) မိနစ်ခန့် ခြေဖဝါးကို မုန်ညှင်းဆီ လိမ်းကြည့်ပါ။

ညအိပ်ယာမဝင်မီ ( ၃ ) မိနစ်ခန့်
ခြေဖဝါးကို မုန်ညှင်းဆီ ပွတ်လိမ်းခြင်းဖြင့်

သွေးတိုးခြင်းမှ ထိန်းပေးသည်။
မှတ်ဥာဏ် အားကောင်းစေသည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည်။
အခိုးပွင့်စေပြီး လန်းဆန်း ပေါ့ပါးမူရစေသည်။

မျက်စိ အားကောင်းစေသည်။
မျက်စိ ပါဝါများသူအနေဖြင့် လျော့နည်းစေသည်။
အာရုံကြော အားနည်းသူများအတွက် သင့်လျော်သည်။
ခေါင်းကိုက်ရောဂါ ပျောက်ကင်းစေသည်။
ဒူးနာ ခါးနာ/ညောင်းညာကိုက်ခဲနေသူများ သက်သာစေသည်။

၀မ်းချုပ်သူများ အစာအိမ်ရောဂါရှိသူများအတွက်
အထူးသင့်လျော်သည် လေပွ/လေနာလဲသက်သာစေပါသည်။
Essential oil နှင့်ပြုပြင်ထားလို့သောက်ရန်မဟုတ်ပါ ။ဝမ်းဗိုက်နေရာလိမ်းရန်သီးသန့်ပြုလုပ်ပေးထားတာပါ။
အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်သည်။အဆီကျ အသားကျစ်လစ်လာစေသည်။
ခြေထောက် ဖောရောင်ခြင်းမှ ကာကွယ်ပေးသည်။
ကျန်းမာသုတရကြပါစေ။

🍀 NANN
Hair & Body Oil (ဘက်စုံသုံး-မူန်ညှင်းဆီ)
20000 (100ml) ပတ္တာအဖုံး

24/09/2026

🍀 Hair & Body Oil (ဘက်စုံသုံး-မူန်ညှင်းဆီ)
20000 (100ml) ပတ္တာအဖုံး

✨Amber cream(ပယင်းအဆီ)
19000 (45g)
38000(100g)
Amber cream က အဆီသပ်သပ်အနှစ်သပ်သပ်မဖြစ်အောင်လို့ အဆီတွေတသားထဲဖြစ်အောင် ပျားဖယောင်းစစ်စစ်နဲ့ပဲ အနည်းငယ်ပြုပြင်ထားပါတယ်✨

အဆီတခုခုခန္ဓာကိုယ်မှာ လိမ်းရမယ့်နေရာ
အဆီအစစ် 100% ဖြစ်တဲ့ Nann Products ထဲက
Body oil သို့မဟုတ် Amber cream ကိုအစားထိုး
ကြိုက်တဲ့တမျိုးရွှေးချယ်ပြီး အသုံးပြုနိုင်ပါသည်။

24/09/2026

ပယင်းအကြောင်း သိကောင်းစရာ

လူတိုင်းမသိသေးတဲ့
ကျန်းမာရေးအတွက် ပယင်းဓါတ်

အခုဆိုရင် လူအများစုက မိမိကျန်းမာရေးကို ရေရှည်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်
ရှောက်ဖို့ ဆေးဘက်၀င်၊ သဘာ၀ကုထုံးတွေဟာ ဘယ်လောက်အရေးပါကြောင်း ကောင်း
ကောင်းသဘောပေါက်လာကြပါပြီ..

ကျမတို့ လူ့ခန္ဓာကိုယ်ကြီးဟာ သဘာ၀တရားနဲ့ သဟဇာတဖြစ်အောင် ဖန်တီးထားတာပါ..

အဲဒီတော့ ကျမတို့ ခန္ဓာကိုယ်ကြီးက သူ့ကိုယ်ပိုင်ဓါတ်သဘောတွေမှန်ကန်စွာအလုပ်လုပ်နိုင်ရင် ကျမတို့ရဲ့ကျန်းမာရေးလည်း ကောင်းမွန်နေမှာဖြစ်ပါတယ်..

ဒါပေမယ့် အခုခေတ်လို အရာရာဟာ အရှိန်အဟုန်မြှင့်လည်ပတ်နေတဲ့ နည်းပညာခေတ်ကြီးမှာ စားသုတ်သုတ်.. သွားသုတ်သုတ် နဲ့ ကျမတို့တွေ အိပ်ချိန်မမှန်.. စားချိန်မမှန်နဲ့ စိတ်ရှုပ်ထွေးမှုတွေများလာပြီး နေထိုင်မှုဘ၀ပုံစံဟာ ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာ အားလုံးလည်း အသိပဲဖြစ်ပါတယ်..

ကျမတို့ဟာ တဖက်ကလည်း ပြောင်းလဲလာနေတဲ့ နေထိုင်မှု ဘ၀ပုံစံကြောင့် အရွယ်မတိုင်မီ မိမိကျန်းမာရေးချို့ယွင်းလာမှာကို စိုးရိမ်မိတာက တစ်ဖက်..
အဲ့ဒီ့ကျန်းမာရေးချို့ယွင်းမှုတွေကို ပြန်လည်ကုစားဖို့အတွက် မှီဝဲရတဲ့ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ရတာက တစ်ဖက် ဖြစ်လာတဲ့အချိန်မှာ တခြားရွေးချယ်စရာဖြစ်တဲ့ သဘာ၀ကပေးတဲ့ လူသားတို့အတွက်လက်ဆောင် ဆေးဘက်၀င်ပစ္စည်းတွေကို စိတ်၀င်စားလာကြပါတယ်..

ဒီဆေးဘက်၀င်ပစ္စည်းတွေထဲမှာ သစ်မြစ်၊ သစ်ဖုတွေအပြင် ထူးထူးခြားခြားအနေနဲ့ ဆေးဘက်လည်း၀င်၊ အဆင်တန်ဆာလည်းဖြစ်တဲ့ န၀ရတ်ကိုးပါးတန်း၀င် ပယင်းရတနာတပါးလည်း ကျမတို့ မြန်မာပြည်မှာ ထွက်ရှိပါသေးတယ်..

ပယင်းလို့ ကြားလိုက်ရင် ကျမတို့ မြန်မာလူမျိုး
တော်တော်များများက အဆင်တန်ဆာအနေနဲ့ သာသိထားပြီး.. အစွမ်းထက်ဆေးဘက်၀င်ဂုဏ်သတ္တိတွေကို သေသေချာချာသိပ်မသိကြသေးပါဘူး..

ဒါကြောင့် ကျမတို့မြန်မာလူမျိုးများလည်း ကိုယ့်မြေကိုယ့်ရေကထွက်ပြီး အဖိုးထိုက်တန်လှတဲ့ ပယင်းရတနာရဲ့ကျန်းမာ ရေး အကျိုးကျေးဇူးများကိုသိရှိနိုင်စေရန် လေ့လာမှတ်သားဖူးသမျှကိုမျှဝေရခြင်းဖြစ်ပါတယ်..

ပယင်းကို အဖိုးထိုက်တန်လှတဲ့အတွက် ကျောက်မျက်ရတနာထဲမှာ ထည့်သွင်းထားပေမဲ့ တွင်းထွက်ကျောက်မျက်မျိုးမဟုတ်ဘဲ သစ်စေးတစ်မျိုးတွေရဲ့ နှစ်သန်းပေါင်း ၂၅သန်းကနေ သန်း ၅၀လောက် ကမ္ဘာမြေကြီးရဲ့ အပူချိန်နဲ့ ဖိအားကို ခံရပြီးတဲ့အခါ အသွင်ပြောင်းပြီး ပယင်းအဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်..

ဒါ့ကြောင့်ပယင်းဟာ လက်နဲ့ကိုင်ကြည့်ရင် အခြားတွင်းထွက်ကျောက်များနဲ့ မတူပဲ နွေးတဲ့အထိအတွေ့ ကိုပေးပါတယ်..

ပယင်းမှာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ Succinic Acide ကောင်းကျိုးတွေ ရှိနေတဲ့အကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်..

Succinic Acide ဟာ ခန္ဓာကိုယ်ရဲ့ Cell တွေတိုင်းမှာ ရှိနေပြီး အသက်ရှူထုတ်ခြင်းလိုမျိုး ၊ ကဆီဓါတ်တွေ၊ အဆီတွေ၊ အသားဓါတ်တွေလောင်ကျွမ်းပြီး စွမ်းအင်ဖြစ်စေခြင်းလိုမျိုး မရှိမဖြစ်အရေးပါတဲ့ ဇီ၀ကမ္မဖြစ်စဉ်တွေအတွက် အဓိကကျတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပြန်ပါတယ်..

ပယင်းကို ဝတ်ဆင်အသုံးပြုထားမယ်ဆိုရင် လူ့ခန္ဓာကိုယ်အပူချိန်ကြောင့် Succinin Acid အနည်းငယ်ထွက်လာပြီး၊ လူ့အရေးပြားရဲ့ မွေးညင်းပေါက်များမှ တဆင့် သွေးကြောတွေထဲကိုရောက်ရှိသွားတာဖြစ်ပါတယ်..

ဒါ့ကြောင့်ပယင်းဆွဲကြိုးကို၀တ်ဆင်ထားမယ်ဆိုရင်လည်ချောင်းနာခြင်း၊ အာသီးယောင်ခြင်းလို ကိုယ်တွင်းအပူကြောင့်ဖြစ်တတ်တဲ့ဝေဒနာတွေနဲ့ခေါင်းမူး၊ခေါင်းကိုက်၊ ဇက်ကြောတက်ခြင်း၊ လည်ပင်းကျီးပေါင်းတက်ခြင်းလိုအာရုံကြောနဲ့ဆိုင်တဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်..

- ရင်ခေါင်းပိုင်းမှာရှိတဲ့ အသည်း၊ ကျောက်ကပ်၊ သရက်ရွက်စတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အား
ကောင်းစေယုံမကကိုယ်ခံစွမ်းအားကိုမြှင့်တင်
ပေးပြီးရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တတ်တဲ့အအေးမိခြင်းကဲ့သို့ရောဂါကူးစက်ခံစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်..

နောက်တစ်ချက်က သုတေသနပညာရှင်တွေက ပယင်းဟာ ဇီဝ ဖြစ်စဉ်ကိုလှုံ့ဆော်ပေးတဲ့အစွမ်းနဲ့၊ အကျိုးပြုတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေရှိနေတာကို လေ့လာတွေ့ရှိခဲ့တဲ့အတွက်.. ပယင်းကို၀တ်ဆင်ထားရင် ယနေ့ခတ်ရဲ့ အသုံးအဆောင်ပစ္စည်းများဖြစ်တဲ့ ကွန်ပျူတာ၊ တီဗွီ၊ ရေဒီယို၊ လက်ကိုင်ဖုန်းနဲ့ မိုက်ခရိုဝေ့ဗ်မီးဖိုတို့ကထွက်တဲ့မကောင်းတဲ့လှိုင်းတွေကြောင့် ဦးနှောက်ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ သီအိုရီတစ်ခုက ဆိုပါတယ်..

ဒါ့အပြင် ပယင်းဟာ ယနေ့ခေတ်လူနေမှုပုံစံကြောင့်စိတ်ဖိစီးမှုဖြစ်နေသူ၊ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်ကြောင့် စိတ်ရှုပ်ထွေးနေသူ၊စိတ်ဂနာမငြိမ်ဖြစ်နေသူတွေ၊စိတ်ပင်ပမ်း နေသူတွေအတွက်လည်း စိတ်တည်ငြိမ်မှုကို ဖြစ်စေနိုင်ပါတယ်..

ပယင်းရဲ့ အစွမ်းသတ္တိကို အကောင်းဆုံးရရှိဖို့ဆိုရင် သတိပြုရမယ့်အချက်က ပယင်းဟာအရေပြားနဲ့တိုက်ရိုက်ထိတွေ့ပေးရမှာဖြစ်ပါတယ်..

ပယင်းက ကျန်းမာရေးအတွက်ဘယ်လိုကောင်းတာလဲ
ပယင်း ကို လူအသားနှင့်တိုက်ရိုက်ထိတွေ့ဝတ်ဆင်ခြင်းဖြင့် ပယင်းတွင်ပါဝင်သော Succinic acid ဓာတ်သည် လူ့ခန္ဓာကိုယ်၏အပူချိန်ကြောင့် မွှေးညှင်းပေါက်များမှ တဆင့် လူခန္ဓာကိုယ်အတွင်း ရောက်ရှိသွားကာ

-သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း
-နာကျင် ရောင်ရမ်းကိုက်ခဲမှု ဝေဒနာ များကို သက်သာစေခြင်း
-အနာကျက်မြန်စေခြင်း
-ပယင်းကိုလိမ်းရင် အရေပြားရောဂါ အတော်များများကို မြန်မြန်ပျောက်ကင်းစေတယ်၊ ခန္ဓာကိုယ်ထဲက အပူဓာတ်ကို စုတ်ယူတာကြောင့် အသားအရည်ကို ကြည်လင်စေတယ်။
-ကောင်းမွန်သော စိတ်စွမ်းအင်များ ပြန်လည် ဖြည့်တင်းပေးခြင်း
-ခုခံအားစနစ်ကို တိုးမြှင့်ပေးခြင်း
‌စိတ်ဖိစိးမှု ကို လျော့ကျစေနိုင်ပြီး ကောင်းစွာ အိပ်စက်အနားယူနိုင်ခြင်း
‌အစရှိသည့် ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေနိုင်ပါတယ်
-ပယင်းရဲ့ ကျန်းမာရေး အကျိုးပြုပုံများ များပြားလှသောကြောင့် အားလုံးထည့်မရေးတော့ပါ

-တခုပြောချင်တာကတော့ ပယင်းသည် ၉၆ပါး ရောဂါများ အားလုံးကို ပျောက်ကင်း စေနိုင်သည် ဟုတော့ အယူမလွဲစေလိုပါ

❤❤❤‌ပယင်းသည် ရောဂါဝေဒနာ များကို လျော့ပါးသက်သာစေနိုင်သော သဘာဝ တရားကြီး၏ အဖိုးတန် လက်ဆောင်တခုပင်ဖြစ်ပါသည်။❤❤❤

🍀 NANN Amber cream(ပယင်းဆီ)
19000 (45g)
38000(100g)
Body oil အစားထိုးအသုံးပြုနိုင်ပါသည်။

Photos from N A N N's post 23/09/2026

သဘာဝတရားမှဖြစ်တည်နေတဲ့ မတူညီတဲ့အရောင်များသက်ဝင်လှုပ်ရှားနေတဲ့ energy ကိုသေချာမြင်သာစေတဲ့ခံစားချက်မျိုး မထင်မှတ်ထားတဲ့သဘာဝတရားရဲ့သက်ဝင်လှပတဲ့အလှတရားကို ပုံမှာသေချာခံစားစေခဲ့ရပါတယ်ရှင် ✨
နိုင်ငံရပ်ခြားမှ Nann Products ကိုအမြဲဝယ်ယူအားပေးပြီး ပုံလှလှလေးရိုက်ပို့ပေးတဲ့အတွက်လဲတကယ်ကျေးဇူးတင်ပါတယ်ရှင်💞

23/09/2026

Nann Products သည်အသားအရေတိုင်းအတွက်မိတ်ဆွေကောင်းပါ 🍃
ကလေး/လူကြီး အသက်အရွယ်မရွှေးထိတွေ့ သုံးစွဲသူတိုင်း သဘာဝမှကောင်းကျိုးလက်ဆောင်ရတဲ့အပြင် သုံးစွဲလာခဲ့တဲ့ဓါတုဓါတ်ကြွှင်းများကိုပါ တဖြေးဖြေးတိုက်ထုတ်ပေးနိုင်ပြီး အသားအရေမှာ ကောင်းတဲ့ဘက်တီးရီးယားပိုးကောင်းအင်ဇိုင်းများ နေရာယူအစားထိုးလာနိုင်တဲ့အတွက်ကြောင့် တဖြေးဖြေးကျန်းမာစိုပြည်တဲ့အသားအရေ ပြန်လည်ရရှိပိုင်ဆိုင်လာစေပါသည်🍃
🍀 ရျွှေရေချိုးဆပ်ပြာ (ရင်ခတ်ပန်းရနံ့)
7500 (100ml)
26000 (500ml)

22/09/2026

🌿 Beauty Tip -အလှအပဆိုင်ရာ အကြံပြုချက် 🌿
စကင်ကဲလ် (Skin care) တွေ အများကြီး လိမ်းနေရဲ့သားနဲ့ ဘာလို့ အသားအရေက နေရထိုင်ရ မသက်မသာ ဖြစ်နေတာလဲ?
အချို့နေ့တွေမှာ အသားအရေကို ပိုဂရုစိုက်ချင်လို့ ပစ္စည်းအမျိုးပေါင်းများစွာ တံဆိပ်အမျိုးပေါင်းများစွာ စသည်ဖြင့် အဆင့်အများကြီးကိုတိုးပြီး လိမ်းမိတတ်ကြပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့…
အသားအရေက အဆင့်အများကြီးလိမ်းပြီးစေးကပ်ကပ်ဖြစ်ကျန်ခဲ့တာတွေ၊ လေးလံနေတာ ဒါမှမဟုတ် လုံးဝ မသက်မသာဖြစ်တာမျိုး ခံစားရတာမျိုးကြုံခဲ့လုပ်ခဲ့ဖူးကြမှာပါ။
တကယ်တော့ အသားအရေ ထိန်းသိမ်းတယ်ဆိုတာ နည်းလမ်းပေါင်းစုံ အစုံအများကြီး သုံးရမယ်လို့ မဆိုလိုပါဘူး။
အထူးသဖြင့် အသက် ၃၅ နှစ်အထက် အရွယ်တွေမှာ✨
မိမိအသားအရေကို ပြန်လည်လေ့လာပြီး "ဒါဟွေဟာ ကျမတို့ အသားအရေ တကယ်လိုအပ်နေတာလား?" ဆိုတာမျိုး ပြန်ဆန်းစစ်ကြည့်ပါ။
✨ အသားအရေ ခြောက်သွေ့တဲ့အခါ အစိုဓာတ် ဖြည့်ပေးပါ။
✨ မိမိအသားအရေနဲ့ ကိုက်ညီတဲ့ ပစ္စည်းများကို ရွေးချယ်ပါ။
✨ တစ်ရက်ထဲ Brandတံဆိပ်အမျိုးမျိုးနဲ့ အမျိုးအစားမျိုးစုံသုံးဖို့ မလိုပါဘူး။
✨ မလိုအပ်တဲ့ အဆင့်တွေကို လျှော့ပြီး အသားအရေကို အနားပေးကြည့်ပါ။
"NANN" ကိုယ်တိုင်လည်း ဒီအယူအဆကို ယုံကြည်တယ်။
အသားအရေထိန်းသိမ်းမှုကို ရှုပ်ထွေးအောင် လုပ်စရာမလိုပါဘူး။
မိမိနဲ့ သင့်တော်တာကို ရွေးချယ်ပြီး နေ့စဉ် မှန်မှန်ကန်ကန် ထိန်းသိမ်းပေးရုံပါ ။ 🌿
ဘာလို့လဲဆိုတော့ အချို့အချိန်တွေမှာ…
ကြည့်ကောင်းတဲ့ အသားအရေဆိုတာ "အများကြီး ပိုသုံးတာ" ကို လိုအပ်တာ မဟုတ်ဘဲ "အတိုင်းအတာတစ်ခုထိ အချိုးကျ သင့်တော်တာ" ကိုပဲ လိုအပ်လို့ပါ။ 💕

22/09/2026

Face & Body Coffee Scrub
ကော်ဖီ(Coffee ) & ဝါးမီးသွေး (Bamboo Charcoal) အာနိသင်သည်
အသားအရေ ကျန်းမာစိုပြည် ညီညာချောမွတ် သန့်ရှင်း ကြည်လင်ဝင်းပစေပြီး အပူကင်းစင် အခိုးပွင့်စေပါသည်။အညစ်အကြေးများနဲ့ အနံ့ဆိုးများကို စုတ်ယူ ဖယ်ရှားပေးပြီး ဓာတုဗေဒ အကျွင်းအကျန် အဆိပ်အတောက်များ ကိုရှင်းလင်းဖယ်ရှားပေးပါသည်။

သီးစုံအင်ဇိုင်း(Enzyme Fruit Cocktail)အစွမ်းသတ္တိအာနိသင်သည် Bacteria များနှင့် Dead Skin Cells များကို ဖယ်ရှားပေးပြီးအသားအရေကို pH မျှတစေပါသည်။။

အသုံးပြုနည်း
-မျက်နှာသစ်ဆပ်ပြာအစားထိုး တခါသုံးလျှင် ပြောင်းဖူးစေ့ပမာဏခန့်နှင့် ရေချိုးဆပ်ပြာအစားထိုး တခါသုံးလျင် လက်ဖက်ရည်ဇွန်း တဇွန်းအသုံးပြုနိုင်ပါသည်
ပုံမှန်အသားအရေအတွက် တရက်ခြားအသုံးပြုနိုင်ပါသည်
အသားအရေခြောက်သူအတွက် တပတ် 1-2 ကြိမ်အထိအသုံးပြုနိုင်ပါသည်
အဆီပြန်သောအသားအရေအတွက် တပတ် 3-4 အသုံးနိုင်ပါသည်
သီးစုံအနှစ် 100%မို့ အကြာကြီးထားစရာမလိုပါ ချက်ချင်းရေဆေးချနိုင်ပါသည် အသားအရေယားခြင်း ပူခြင်း တင်းခြင်းများမဖြစ်ပါ အသုံးပြုတဲ့အချိန်တိုင်း ကော်ဖီရနံ့ကြောင့် လန်းဆန်းတက်ကြွအမောပြေစေပါသည်။

🍀 Coffee & Bamboo Charcoal Scrub ( Face&Body )
10000 (50g)
20000 (120g)

သုံးစွဲသူများ၏ စကားသံများ❤️ 22/09/2026

Nann စထုတ်တဲ့နှစ်ရဲ့ပထမခြေလှမ်းမှာ
စိတ်ခွန်အားဖြစ်စေခဲ့တဲ့ မမိုးရဲ့စကားသံ အမှတ်တရပါ💞🫶

20/09/2026

Shampoo /Skin care အပြင်ပိုင်းအသုံးအဆောင် တမျိုးထဲမဟုတ်ပဲ အခြားခန္ဓာကိုယ်လိုအပ်နေတဲ့ အာဟာရဓါတ်နဲ့ဖြည့်စွတ် စားသောက်ပြုပြင်ပေးခြင်းက ချက်ချင်းမသိသာပေမယ့် ၃-၆လအထက်ဆို စပြီးရလဒ်အကျိုးခံစားနေရပါပြီ ပြီးတော့ရေရှည်ကျန်းမာပြီး နည်းလမ်းလဲမှန်သွားတာပေါ့နော်
မဟုတ်ရင် ဆံပင်မကျွှတ်တဲ့shampoo / ဝက်ခြံ၊တင်းတိတ်မဖြစ်တဲ့ Skin care လိုက်ရှာနေပြီး စိတ်တိုင်းကျတဲ့အဖြေမရကြလို့ ဒီစက်ကွင်းထဲတဝဲလည်လည်ဖြစ်နေကြဦးမှာပါ ။
ဒီလထဲNann Pageမှတင်ပေးထားတဲ့ အကြောင်းအရာတွေအကျိုးရှိတယ်ဆို နောက်ပိုင်းထပ်ပြီး ရေရှည်ကောင်းကျိုးရစေတဲ့ အခြားအကြောင်းအရာတွေလဲ ကျိုးစားပြီး Nann page မှာတင်ပေးပါမယ်ရှင်🫶

Category

Website

Address

Khapaung Road, Hlaing Tps
Yangon

Alerts

Be the first to know and let us send you an email when N A N N posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.