ChaKra
Love Yourself Enough to Live a Healthy Life
05/10/2020
ဒီရက်တွေမှာအခြေအနေတွေ ခက်ခဲနေပေမယ့် စတေးဟုမ်းရင်းအားပေးကြတဲ့ ကာစတမ်မာ အယောက်တိုင်းကို ကျေးဇူးတင်ပါတယ်နော် 😇
ကျွန်မတို့ product ထဲက နာနတ်ဖျော်ရည်နဲ့ ထောပတ်သီးကတော့ လောလောဆယ် ပစည်းပြတ်လပ်မှုကြောင့် ခဏနားထားပါတယ်ရှင့်။ မှာယူ မရရှိသူများကိုလည်း နားလည်ပေးမှုအားအထူးကျေးဇူးတင်ပါတယ်။ ပြန်လည်ရရှိနိုင်တာနဲ့တစ်ပြိုင်နက် page မှာ တင်ပေးသွားပါမယ်နော် 🙏
ဒီနေ့အထိ ရောင်းအားအကောင်းဆုံးဖြစ်တဲ့ မုန်လာဥ၊ သကြားမုန်လာ နဲ့ အုန်းရည်ကော်ဖီ လေးတွေ အချိန်မရွေးထပ်မှာလို့ ရသေးတယ်နော် 👍
ရန်ကုန်မြို့တွင်း ဘယ်နေရာမဆို delivery နဲ့ ပို့ဆောင်ပေးပြီး အိမ်ရောက်မှငွေချေလို့ရပါတယ်။ နယ်ဝေးမှ မှာယူသူများကိုလည်း Royal Express service နဲ့ ပို့ဆောင်ပေးနေပါပြီရှင့်။
***နယ်မှမှာယူသူများ အနည်းဆုံး ၁၀,၀၀၀ ကျပ် ကစပြီး မှာယူနိုင်ပါတယ်နော်။ ငွေပေးချေမှုကိုတော့ wave money, AYA bank, KBZ bank တို့ကနေ လွှဲပေးလို့ရပါတယ် ✅
ဝယ်ယူအားပေးကြသူများရဲ့ ကျေနပ်တုံ့ပြန်မှုများကြောင့်လည်း ပီတိဖြစ်ရပါတယ်နော်။
Good feedbacks make our day ❤️
ChaKra
05/09/2020
ဒီနေ့တော့ ChaKra homemade juice and smoothie ရဲ့product လေးတွေနဲ့ မိတ်ဆက်ပေးမယ်နော်။
🥕မုန်လာဥဖျော်ရည် (carrot juice) နဲ့ သကြားမုန်လာဖျော်ရည် (beetroot juice)
မုန်လာဥဖျော်ရည် နှစ်မျိုးလုံးက ဒီတိုင်းသူ့ချည်းဘဲကြိတ်သောက်ရင် အရသာသိပ်မရှိသလို အနဲံ့ကလည်းအစိမ်းနံ့ရပါတယ်။ အဲ့တာကြောင့် ကိုယ်တွင်းအဆိပ်ထုပ် (detox effect) ရာရောက်ပြီး သောက်လို့အဆင်ပြေအောင် ပန်းသီး၊ သခွားသီး၊ ဂျင်း၊ ပူစီနံနဲ့ အမျှင်ဓာတ်များပြီး ဝမ်းမှန်စေတဲ့ ရှီယာစေ့ တို့နဲ့ ရောပြီး ဖျော်ထားတာပါ။ ရိုးရိုးဖျော်စက် (blender) နဲ့ဖျော်ရင် အဖတ်တွေနဲ့သောက်လို့မကောင်းလို့ ကြိတ်စက်နဲ့ အရည်ချည်းဘဲရအောင် စစ်ထုတ်ထားတဲ့ဖျော်ရည်ပါ။
မုန်လာဥက အသားအရည်အတွက်ရော၊ မျက်စိအတွက်ပါကောင်းတဲ့အပြင် ကင်ဆာရောဂါကို ကာကွယ်ရုံသာမက တိုက်ထုတ်နိုင်လို့ တစ်ပါတ်တစ်ခါတော့ စားသင့်/ သောက်သင့်တယ်နော်။
ဝိတ်ချနေတဲ့သူတွေအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ တွေအစား အာဟာရမလျှော့ဘဲ အစားထိုး သောက်သုံးလို့ရတယ်နော်။
ပြီးတော့ တစ်ပါတ်နှစ်ခါ၊ သုံးခါလောက် ပုံမှန်သောက်ရင် အသားအရည်တွေ ဝင်းလာ (glow) မှာ လုံးဝသေချာတယ်နော်။
🥑ထောပါတ်သီးဖျော်ရည် (Avocado smoothie)
ထောပါတ်သီးဖျော်ရည်ကို ကျွန်မကတော့ ဝိတ်ချတဲ့အနေနဲ့ ထမင်းအစားထိုး (diet smoothie) လုပ်သောက်ပါတယ်။ ထောပါတ်သီးကို သူ့ချည်းဘဲ (သကြားနဲ့ နို့ဆီ မရောဘဲ) စားရင် အဆီကျတယ်ဆိုတာ သိကြမှာပါ။ အဲ့တာကြောင့် အရသာလဲရှိအောင်၊ အဆီလည်းမတက်အောင် ငှက်ပျော်သီး၊ ပျားရည်နဲ့ ရှီယာစေ့ပါထည့်ဖျော်ထားလို့ ဝမ်းမှန်တဲ့အပြင် ဗိုက်ခဏခဏ မဆာစေပါဘူး။ ဗိုက်ပြည့်နေတော့ တစ်ခြားစားစရာတွေလည်း သိပ်မစားဖြစ်တော့ဘူးလေ။
🍍နာနတ်သီးဖျော်ရည် (pineapple smoothie)
နာနတ်သီးဖျော်ရည်ရဲ့ ကောင်းကွက်တစ်ခုက ကိုယ်ခံအားကောင်းစေလို့ ဖျားနာခြင်းနဲ့ တုပ်ကွေးကို ကာကွယ်ပါတယ်။ ပြီးတော့ ဗိုက်ဆာရင် တစ်ခြားဟာတွေ စားမယ့်အစား သူ့သောက်လိုက်တာနဲ့ အဆာခံတဲ့အပြင် ပိုကျန်းမာစေမှာပါနော်။ ဒါ့အပြင် သံပုရာ၊ ပျားရည်၊ ဂျင်း နဲ့ ရှီယာစေ့ပါ ထည့်ဖျော်ထားလို့ ဝမ်းမှန်တဲ့အပြင် အသားအရေပါလှစေမှာပါ။
🥥အုန်းရည်ကော်ဖီ (coconut water coffee)
သူကတော့ ကော်ဖီတော့ကြိုက်တယ် သကြားတွေ၊ နို့တွေထည့်သောက်ရင် ဝမှာ (ဝိတ်တက်မှာ) စိုးတဲ့သူတွေအတွက်ပါ။ ပါဝင်တာက အုန်းရည်သီးသန့်နဲ့ ကော်ဖီကို နှပ်ထားတာပါ။ ကော်ဖီမှုန့်က ရွာငံကထုပ်တဲ့ ပြည်တွင်းဖြစ် ကော်ဖီမှုန့်ကိုသုံးထားပါတယ်။ အရသာကတော့ Ice အာမေရီကာနို နဲ့ဆင်ပါတယ်။ အချိုအရသာအတွက် သကြားမသုံးဘဲ အုန်းရည်သုံးထားတာ ဖြစ်ပါတယ်။ ပြီးတော့ အုန်းရည်မှာ သဘာဝရဲ့အာဟာရဓာတ်တွေကြွယ်ဝတာသိကြမှာပါ။ ဆီးချိုသွေးချို ကာကွယ်တယ်၊ ကျောက်ကပ်နဲ့နှလုံး ကျန်းမာစေတယ်၊ သွေးပေါင်ထိန်းညှိပေးတယ်။ ရေဓာတ်ဖြည့်ပေးတယ်။ ကဲ ကော်ဖီကြိုက်သူတွေအနေနဲ့ ဒီလောက်ဆိုရင် စမ်းသောက်သင့်နေပြီဟုတ် 😊
ChaKra ကဖျော်ရည်တွေဟာ ရောင်းတဲ့သူကျွန်မနဲ့ ကျွန်မမိသားစုကိုယ်တိုင် သောက်နေတာဖြစ်တဲ့အတွက်
ဖျော်ရည်တွေမှာ လုံးဝ လုံးဝ -
🚫ဆေးသကြား/ ရိုးရိုးသကြား
🚫တာရှည်ခံဆေး
🚫အရောင်တင်ဆေး
🚫မရိုးသားတဲ့/ သဘာဝမဟုတ်တဲ့နည်းလမ်း
မသုံးထားကြောင်း အပြည့်အဝ အာမခံပါတယ်။
Juice တွေကို မှာယူပြီးသုံးရက်အတွင်းပို့ပေးပါတယ်။ ပို့မယ့်နေ့ မနက်ပိုင်းမှဖျော်ပြီး ပို့တာဖြစ်လို့ မလတ်ဆတ်မှာ စိတ်မပူရပါဘူးနော်။
ရန်ကုန်မြို့တွင်း delivery ရှိပြီး၊နယ်ကမှာသူတွေကို ကားဂိတ်ကနေ ထည့်ပေးပါတယ်။
အားပေးချင်တယ်ဆိုရင်တော့
✅ Facebook Messenger သို့မဟုတ်
✅ 09 428138651 ဖုန်းနံပါတ်ကို ဆက်ပြီး မှာယူနိုင်ပါတယ်။
05/09/2020
Detox Juice ကို Plan တွေဝယ်စရာမလိုဘဲ ကိုယ်အဆင်ပြေတဲ့အချိန်၊ သောက်ချင်တဲ့အချိန်မှ မှာသောက်မယ် 😎
လူတိုင်းကျန်းမာနေဖို့ဆိုတာ ကိုယ်ခံအားကောင်းဖို့ အရေးကြီးတယ်လေ။ စားချင်တာတွေ စားချင်သလိုစားလို့ရနေတဲ့ ဒီခေတ်အနေအထားမှာ ဘယ်သူမှ တစ်ကူးတက ကျန်းမာတဲ့အစာတွေ ရွေးချယ်စားမနေကြတော့ဘူး။
ဒါဆို ကိုယ်ခံအားကောင်းအောင် ဘယ်လိုစားမလဲ?
ဗီတာမင်အပြည့်ပါတဲ့ ဖြည့်စွက်စာတွေ၊ အသီးဖျော်ရည်တွေ သောက်လို့ရပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာတဲ့။ ChaKra က ထုတ်တဲ့ အသီးအနှံဖျော်ရည်တွေဟာ သဘာဝအတိုင်း အသီးတွေကို ကြိတ်ဖျော်ထားတာဖြစ်လို့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။
ChaKra ရဲ့အသီးဖျော်ရည်တွေဟာ detox ပါဝင်လို့ ကိုယ်တွင်းအဆိပ်အတောက်တွေလည်းဖယ်ရှားပေးပါတယ်။
ChaKra မှာ ဘာတွေမှာလို့ရလဲ?
❣️မုန်လာဥ ဖျော်ရည် (Carrot Juice) - 2,500 MMK/ 400 ml
❣️သကြားမုန်လာ ဖျော်ရည် (Beet Root Juice) - 2,500 MMK/ 400 ml
❣️နာနတ်သီး ဖျော်ရည် (Pineapple Smoothie) - 2,000 MMK/ 400 ml
❣️ထောပတ်သီး ဖျော်ရည် (Avocado Smoothie) - 2,500 MMK/ 400 ml
❣️အုန်းရည် ကော်ဖီ (Coconut Water Coffee) - 2,000 MMK/ 400 ml
စတာတွေ မှာလို့ရပါတယ်။
*400 ml = မက်ခွက်အပြည့် နှစ်ခွက်စာ*
ChaKra က juice တွေကို တစ်ထုပ်ချင်းလဲ ရောင်းလို့ detox plan တွေလို အများကြီးဝယ်ထားစရာမလိုပါဘူးနော်။
ဘယ်သူတွေသောက်လို့ရလဲ?
✅အသက်အရွယ် အပိုင်းအခြားအားလုံးနီးပါးသောက်လို့ရပါတယ် (ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစ ကလေးတွေကတော့ ဆရာဝန်ရဲ့ညွှန်ကြားချက် တောင်းခံစေချင်ပါတယ်)
✅အထူးသဖြင့် မုန်လာဥဟာ ကင်ဆာရောဂါကို ကာကွယ်တာရော တိုက်ဖြတ်နိုင်တဲ့အစွမ်းပါရှိတာမို့ ပုံမှန် (တစ်ပါတ်တစ်ကြိမ်လောက်) မှီဝဲပေးသင့်ပါတယ်။
ChaKra ကဖျော်ရည်တွေဟာ ရောင်းတဲ့သူကျွန်မနဲ့ ကျွန်မမိသားစုကိုယ်တိုင် သောက်နေတာဖြစ်တဲ့အတွက်
ဖျော်ရည်တွေမှာ လုံးဝ လုံးဝ -
🚫ဆေးသကြား/ ရိုးရိုးသကြား
🚫တာရှည်ခံဆေး
🚫အရောင်တင်ဆေး
🚫မရိုးသားတဲ့/ သဘာဝမဟုတ်တဲ့နည်းလမ်း
မသုံးထားကြောင်း အပြည့်အဝ အာမခံပါတယ်။
Juice တွေကို မှာယူပြီးသုံးရက်အတွင်းပို့ပေးပါတယ်။ ပို့မယ့်နေ့ မနက်ပိုင်းမှဖျော်ပြီး ပို့တာဖြစ်လို့ မလတ်ဆတ်မှာ စိတ်မပူရပါဘူးနော်။
ရန်ကုန်မြို့တွင်း delivery ရှိပြီး၊နယ်ကမှာသူတွေကို ကားဂိတ်ကနေ ထည့်ပေးပါတယ်။
အားပေးချင်တယ်ဆိုရင်တော့
✅ Facebook Messenger သို့မဟုတ်
✅ 09 428138651 ဖုန်းနံပါတ်ကို ဆက်ပြီး မှာယူနိုင်ပါတယ်။
04/09/2020
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်လုပ် (home made) အသီးဖျော်ရည်လေးတွေ လာပြီနော်။
ChaKra ရဲ့ အသီးဖျော်ရည်လေးတွေ (detox juice) ဘယ်လိုဖျော်ထားတာလဲဆိုတာ အောက်ကပုံတွေမှာ ကြည့်လို့ရပါတယ်။ 😇
ကိုယ့်ဘာသာ အိမ်မှာ အလွယ်တစ်ကူ လုပ်သောက်လည်း အဆင်ပြေသလို ChaKra ကနေလည်း မှာယူ အားပေးလို့ ရနေပြီနော်။ 🙏
ChaKra မှာ ဘာတွေမှာလို့ရလဲ?
❣️မုန်လာဥ ဖျော်ရည် (Carrot Juice)
❣️သကြားမုန်လာ ဖျော်ရည် (Beet Root Juice)
❣️နာနတ်သီး ဖျော်ရည် (Pineapple Smoothie)
❣️ထောပတ်သီး ဖျော်ရည် (Avocado Smoothie)
❣️အုန်းရည် ကော်ဖီ (Coconut Water Coffee)
စတာတွေ မှာလို့ရပါတယ်။
ChaKra ကဖျော်ရည်တွေဟာ ရောင်းတဲ့သူကျွန်မနဲ့ ကျွန်မမိသားစုကိုယ်တိုင် သောက်နေတာဖြစ်တဲ့အတွက်
ဖျော်ရည်တွေမှာ လုံးဝ လုံးဝ
🚫ဆေးသကြား/ ရိုးရိုးသကြား
🚫တာရှည်ခံဆေး
🚫အရောင်တင်ဆေး
🚫မရိုးသားတဲ့/ သဘာဝမဟုတ်တဲ့နည်းလမ်း
မသုံးထားကြောင်း အပြည့်အဝ အာမခံပါတယ်။
အားပေးချင်တယ်ဆိုရင်တော့
✅ Facebook Messenger သို့မဟုတ်
✅ 09 428138651 ဖုန်းနံပါတ်ကို ဆက်ပြီး မှာယူနိုင်ပါတယ်။
Juice တွေကို မှာယူပြီးသုံးရက်အတွင်းပို့ပေးပါတယ်။ ပို့မယ့်နေ့ မနက်ပိုင်းမှဖျော်ပြီး ပို့တာဖြစ်လို့ မလတ်ဆတ်မှာ စိတ်မပူရပါဘူးနော်။
02/09/2020
Diet စမယ့်သူတွေ ကြုံရလေ့ရှိတဲ့ အခက်အခဲများ 🧐
ဘယ်အရာမဆို တစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်ဘေးမှာ အားပေးသူရော၊ ကန့်ကွက်သူတွေပါ ရှိတက်တာ သဘာဝပါ။ အဲ့ဒီအထဲကမှ ကြုံရနိုင်တဲ့ အခက်အခဲတွေနဲ့ ဘယ်လိုဖြတ်ကျော်သင့်တယ်ဆိုတာတွေ ကိုယ်သိသလောက် ဒီမှာမျှဝေပေးမယ်နော်။ 😇
🥕Diet လုပ်တော့မယ်ဆိုတာနဲ့ စတွေ့ရမှာတော့ ပါတ်ဝန်းကျင်ရဲ့ ရှုတ်ချမှု။
ကိုယ်လည်း ခဏခဏကြုံဖူးတယ်။ ဘာမှန်းမသိ သူတို့ပြောမယ် - ရှုတ်ရှုတ်ရှက်ရှက်တွေ၊ ပိန်တော့ရောဘာထူးလည်း၊ လုပ်မနေနဲ့ ဘာမှမထူးဘူး၊ ပိန်သွားတော့ရော နင်ကလှလာမှာမို့လို့လား၊ ပေါပင်တွေလုပ်ပြန်ပြီ၊ သူများ *ျီးစားတိုင်း လိုက်စားမှာလား၊ နင်တို့လို ဟာမတွေရှိနေလို့ ပိန်ဆေးတွေရောင်းရတာ... WTF 🙄
ကိုယ့်ဘာသာ ပိန်ချင်တာ ကိုယ်ကျေနပ်ဖို့လေ၊ သူတို့က ဘာအတွက်အဲ့လောက် ဝေဖန်တာလဲ တစ်ခါတစ်ခါ နားမလည်နိုင်ဘူး။ သူတို့ကို ဝိတ်လိုက်ချခိုင်းတာ ကြနေတာဘဲ။ Just go your way, leave me alone.
🍎 Tips: ဂရုမစိုက်ပါနဲ့။ လာပြောရင် နားမထောင်ချင်ဘူးလို့ ငြင်းပါ။
🥕နောက်တစ်ခုက မိဘဆွေမျိုးနဲ့ အတူနေသူတွေရဲ့ အခက်အခဲပါ
မိဘဆိုတာတော့ သားသမီးမို့ အစားမစားဘာမစားဆို ဘယ်ကြိုက်ပါ့မလဲ။ ပြီးတော့ တစ်အိမ်ထဲနေနေတော့ အစားလျှော့တာ သူတို့မြင်ရင် ပြောပြီလေ။ နောက်ပြီးတော့ ထမင်း၊ဟင်း ဖွယ်ဖွယ်ရာရာချက်ထားတာတွေ နေ့တိုင်းမြင်နေရတာလေ။အဲ့တော့ ကိုယ့်အတွက် ဒါအတားအဆီးဘဲ။
🍎 Tips: ကိုယ်စားမယ့် အစားကိုကြိုဝယ်ပါ/ပြင်ဆင်ပါ။ တူတူမစားပါနဲ့။ လာကျွေးရင် ပြတ်ပြတ်သားသားငြင်းနိုင်ရပါမယ်။ ကိုယ်စားနေတာတွေလည်း အာဟာရပြည့်ကြောင်း ဖြောင်းဖြပြောဆိုပါ (တကယ် အာဟာရပြည်တာလည်းစားပါ)
🥕နောက်တစ်ခုက အချိန်မရှိတာ
အမှန်တော့ ပြောရရင် အချိန်မပေးတာပါ။ တကယ်ပြင်းပြတဲ့ ရည်မှန်းချက်ရှိသူကတော့ မရရအောင်လုပ်ပါတယ်။ ပါတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပါ တစ်ကယ် လုပ်တဲ့သူတွေ (do or die တွေ)။ မလုပ်ချင်သေးလို့ မလုပ်တဲ့သူတွေရဲ့ ဆင်ခြေလို့ ပြောလို့ရပါတယ်။
🍎 Tips: အချိန်တကယ်ကို မရှိဘူးထင်ရင် အိပ်ချိန်ထဲက ဖြစ်ဖြစ်၊ Facebook သုံးတဲ့ အချိန်ထဲကဖြစ်ဖြစ် ဖယ်ပေးတာမျိုး၊ ကားစီးရင် တစ်မှတ်တိုင်လောက် လမ်းဆင်းလျှောက်တာမျိုး လုပ်လို့ရပါတယ်။
🥕စဖို့ခက်တာ
ဘယ်အလုပ်ဘဲဖြစ်ဖြစ် စရတာ ခက်ပါတယ်။ ပြီးပြည့်စုံတဲ့ အစ၊ သေသပ်စနစ်ကျတဲ့ နေ့စဉ်လုပ်ငန်း၊ ဘာမှမလစ်ဟင်းတဲ့သူ ဖြစ်ဖို့ အရမ်းမကြိုးစားပါနဲ့။ စ စရာရှိတာ စလိုက်ပါ။ နောက်မှ မထော်မနန်းတွေ တဖြည်းဖြည်းပြင်ယူပါ။ စစချင်း သေသေသပ်သပ်စဖို့ဟာ လက်တွေ့မှာ မလွယ်ကူပါ။ ဒါကို လက်ခံပါ။
🥕အစားမလျှော့နိုင်တာ
လောကကြီးဟာ ရွေးချယ်မှုတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုပါ။ လူတွေဟာမွေးကတည်းက ဘယ်အရာမဆို ကိုယ်နဲ့သင့်တော်ရာကို ရွေးချယ်မှုတွေလုပ်ပြီး ကြီးပြင်းလာကြတာပါ။ ပြီးတော့လူဆိုတာမျိုးက ကိုယ်သာယာတဲ့အရာ၊ နှစ်သက်တဲ့ဟာကိုဘဲ ရွေးချယ်ကြတာပါ။ ဒီတော့ ဝိတ်ချချင်တယ်လို့ စဉ်းစားမိရင် စားမှာလား? လှမှာလား? နှစ်ခုထဲက တစ်ခုကို ရွေးရမှာပါ။ အဖြေကတော့ ကိုယ့်ရွေးချယ်မှုအပေါ်မူတည်ပါတယ်။
🍎 Tips: အသီးတွေ၊ ကွေကာအုပ်တွေ၊ diet အစာတွေ ကြိုဝယ်လိုက်ပါ။ နှမြောစိတ်ကြောင့် အနည်းဆုံး မစားမဖြစ် စားဖြစ်နိုင်ပါတယ်။
အခုနောက်ပိုင်း ဝိတ်ချနေတဲ့သူတွေကို အနိုင်ကျင့်တဲ့စကားပြောတာ (bully လုပ်တာ) ရှိတယ်နော်။ အရင်ကတော့ ဝတဲ့သူတွေကိုလုပ်တာ။ အသိတွေထဲက၊ သူငယ်ချင်းတွေထဲကလည်း စောင်းချိတ်တာမျိုး၊ အကြံပေးသလိုမျိုးနဲ့လှောင်တာမျိုးကလည်းရှိသေးတယ်။ ဒါပေမယ့် ကိုယ့်ရည်ရွယ်ချက်၊ ရည်မှန်းချက်အောင်မြင်ဖို့ ခံနိုင်ရည်လိုပါတယ်။အကြောတင်းရပါမယ်။
ကိုယ်လုပ်ချင်တာ လုပ်ရရင် လူဟာပျော်ပါတယ်။အဲ့တော့
🥕လုပ်စရာရှိတာလုပ်ပါ
🥕ဘေးက စဆရက တွေကို လျစ်လျူရှုလိုက်ပါ
🥕ကြိုးစားပါ
🥕ကြံ့ကြံ့ခံပါ
🥕နောက်ဆုံး မှတ်ထားရမယ့်တစ်ခုက ကိုယ်ဟာ ကိုယ်ပါ၊ ကိုယ်လုပ်နိုင်တာ သူတို့ သိစရာမလိုပါ ။ အောင်မြင်တဲ့အခါ လက်ခလည်ထောင်ပြလိုက်ပါ။ 😎
ချစ်တဲ့ ရာရာ
ChaKra
01/09/2020
ဂျပန်က ယူကျူဘာ (YouTuber) တစ်ယောက်ရဲ့ ဝိတ်ချခြင်း အနုပညာ 😲
ပြီးခဲ့တဲ့နှစ် မေလတုန်းက ဂျပန်က ယူကျူဘာတစ်ဦးဖြစ်တဲ့ ရူဘိုဇူဟာ သူရဲ့ လက်ရှိကိုယ်အလေးချိန် (၁၄၀ ကီလို/ ၃၀၈ ပေါင်) ကို လျှော့ချဖို့ကြိုးစားခဲ့ပါတယ်။ သူရဲ့ အရပ်က (၁၂၀ စင်တီမီတာ/ ၅ပေ၅ လက်မ) ဘဲ ရှိတဲ့အတွက် အရပ်နဲ့ယှဉ်ရင် အလေးချိန်က အလွန်များနေတာပါ (overweight)။ ဒီလို သူ့ရဲ့ဝိတ်ချခရီးစဉ်ကို ဗီဒီယိုတောက်လျှောက်ရိုက် မှတ်တမ်းတင်ပြီး တဖြည်းဖြည်းပြောင်းလဲလာတဲ့ပုံစံကို ချပြခဲ့တာပါ။
တစ်နှစ်လောက် ကြိုးစားဝိတ်ချပြီးတဲ့ အချိန်မှာတော့ အရင်ကထက် အများကြီးပိုကြည့်ကောင်းလာ ပိုကျန်းမာလာတဲ့ သူ့ရဲ့လက်ရှိပုံစံကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီလိုပြောင်းလဲဖို့ သူဘာတွေလုပ်ခဲ့တာလဲ 🤔
1. ကြိုးခုန်တယ်
2. ထိုင်ထလုပ်တယ်
3. Plank ထောက်တယ်
4. အစားထိန်းပါတယ်
သူ့ရဲ့နည်းလမ်းက သူလုပ်နိုင်သလောက်အတိုင်းအတာအတွင်း လုပ်ဖို့နဲ့ ထိခိုက်ဒဏ်ရာ မဖြစ်ဘဲ လေ့ကျင့်ခန်းလုပ်တာ ဖြစ်ပါတယ်။
ဝိတ်ကျသွားတဲ့အခါ လူက အလိုအလျောက်ကြည့်ကောင်းလာပါတယ်။ ဘာလို့ဆိုတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် အစားလျှော့တဲ့အခါ တစ်ကိုယ်လုံးကအဆီတွေကျတဲ့အတွက် မျက်နှာနဲ့လည်ပင်းတစ်ဝိုက်က အဆီတွေပါကျသွားလို့ဖြစ်ပါတယ်။
ရူဘိုဇူက အခုတော့ ယူကျူ့မှာ သူရဲ့ဝိတ်ချတဲ့နည်းစနစ်တွေကို မျှဝေပေးနေပြီး မျှတတဲ့လေ့ကျင့်ခန်းယူပြီး သင့်တော်တဲ့ အစားအစာ စားဖို့ဟာ တစ်သက်လုံးလိုက်နာရမယ့် အလေ့အကျင့်ကောင်းလို့ ပြောပါတယ်။
သူ့အကြောင်း မူရင်း post ကိုဖတ်ချင်ရင်တော့ အောက်က link ထဲဝင်ဖတ်ကြည့်လိုက်နော်။
ChaKra
Youtuber Works Out Hard, Sheds Half Of His Body Weight In A Year 70kg.
31/08/2020
လူတစ်ယောက်ရဲ့ ပြင်ပရုပ်ဆင်းသွင်ပြင်မှာ အသားအရေရဲ့ ဝင်းဝါစိုပြေမှုဟာ ကိုယ်ယောင်ကိုယ်ဝါလိုဘဲ တောက်ပနေဖို့လိုပါတယ်။ ဘယ်လိုအသားအရောင်ဘဲ ဖြစ်နေပစေ အသားအရေက စိုပြေပြီး ကျန်းမာနေရင် ဘယ်သူမဆို ကြည့်ကောင်းကြတယ်လေ။
ကျန်းမာစိုပြေတဲ့ အသားအရေပိုင်ဆိုင်ဖို့ဟာ မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ ကြည်လင်တဲ့အသားအရေအတွက် ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အထဲမှာ မပါမဖြစ်ထည့်သွင်းစားသုံးရမှာလေးတွေ ရှိတယ်လေ။ အဲ့ဒါတွေကတော့
၁. ပဲနို့
၂. ရေနွေကြမ်း
၃. သလဲသီး
၄. မုန်လာဥ
၅. ဝိုင်
တို့ဖြစ်တယ်လို့ We media ရဲ့ ဆောင်းပါးထဲမှာ သူတို့ကို စားသုံး၊ သောက်သုံးသင့်တဲ့ အကြောင်း ဖော်ပြထားတာ တွေ့ရမှာပါ။
credit
လှပပြီးကြည်လင်တဲ့အသားအရေမျိုးကို ရရှိချင်တယ်ဆိုရင် ဒီသောက်စရာ (၅) မျိုးကိုသောက်ပေးပါ… ကြည်လင်ပြီး လှပတဲ့အသားအရေကို ရရှိပိုင်ဆိုင်ဖို့ဆိုတာက မိန်းကလေးတိုင်းရဲ့ စိတ်ကူးတစ်ခုပါပဲ…။ မိန်းကလေ....
30/08/2020
ကျန်းမာခြင်းသည်လာဘ်တစ်ပါးတဲ့ 💁♀️
ကိုယ့်ကိုကိုယ် ဂရုစိုက်ကြမယ် 😇
ChaKra
28/08/2020
Change the Mind 😇
Change the Body 💪
credit #
ဝိတ်လျော့ဖို့စတင်တော့မယ်ဆိုရင် ကိုယ်တိုင်ပြောင်းလဲလိုက်သင့်တဲ့ အတွေးအခေါ်များ ဝိတ်လျော့ဖို့စတင်ပြီဆိုရင် အစားလျော့စားတာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေထက် အရေးကြီးတာက စိတ်ပါပဲ။ စိတ်ကသေချာ....
26/08/2020
ဒီနေ့တော့ အသားအရေအတွက်ရော၊ မျက်စိအတွက်ရော အထောက်အကူဖြစ်ပြီး ဗီတာမင်ကြွယ်ဝတဲ့ မုန်လာဥအဝါ (carrot) အကြောင်း sharing လုပ်ပေးချင်ပါတယ်။ 😇
ကျွန်မတို့မြန်မာလူမျိုးတော်တော်များများက မုန်လာဥဆိုရင် အကြော်တို့၊ အသုပ်တို့ ပြီးတော့တို့စရာအနေနဲ့ ရံဖန်ရံခါ စားလေ့ရှိကြတယ်လေ။ ဒါဟာအရမ်းကောင်းတဲ့ အလေ့အကျင့်လို့ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ မုန်လာဥမှာ -
🥕ဗီတာမင် A
🥕ဗီတာမင် K
🥕ပိုတက်ဆီယမ်နဲ့
🥕ဖိုက်ဘာ (အမျှင်ဓာတ်)
🥕ဗီတာမင် C
🥕ကယ်လ်ဆီယမ် နဲ့
🥕သံဓာတ်တွေ လွန်စွာကြွယ်ဝပါတယ်။
ဒါကြောင့်မို့လို့ ဓာတ်တိုးမှု (antioxidant) ကြွယ်ဝတဲ့ မုန်လာဥဟာ ကျန်းမာရေးအတွက် ဘယ်လိုနေရာမှာ အထောက်အကူဖြစ်စေသလဲဆိုတာကြည့်ရအောင်နော်။
၁. မျက်လုံးအတွက်ကောင်းပါတယ်။
၂. ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ကာကွယ်ရာရောက်ပါတယ်။
၃. နှလုံးအားကောင်းစေပါတယ်။ နှလုံးရောဂါ ဝေဒနာရှင်တွေအတွက် အရမ်းကောင်းပါတယ်။
၄. ကိုယ်ခံအားကို တိုးမြှင့်ပေးပါတယ်။
၅. အစာခြေစနစ်ကိုကောင်းစေပါတယ်။ ဝမ်းချုပ်သူတွေပုံမှန် စားသုံးသင့်ပါတယ်။
၆. အသားအရေစိုပြေလာစေပါတယ်။ ပုံမှန်စားရင် အသားပိုဝင်း (glow)လာတာတကယ်ပါ။
🚫 ဒါပေမယ့် "တန်ဆေး၊ လွန်ဘေး" ဆိုတဲ့ စကားအတိုင်း ဘယ်အရာမှ အလွန်အကျွံမလုပ်သင့်တဲ့အတွက် သင့်တော်တဲ့ ပမာနကိုသာ နေ့စဉ်မှီဝဲသင့်ပါတယ်။
🧘♀️ ဒါကြောင့်မို့လို့ ဒီလိုအသုံးဝင်လှတဲ့ မုန်လာဥဟာ တိုးတက်လာတဲ့ဒီနေ့ခေတ်ရဲ့ ဝိတ်ချအစီအစဉ် diet plan တွေမှာ မပါမဖြစ်ပါဝင်လာပါတယ်။ အထူးသဖြင့် ကီတိုနဲ့ သက်သက်လွတ် diet တွေမှာ ပိုပြီးဦးစားပေးထည့်သွင်း ကြပါတယ်။ သူ့ကိုကြိတ်ပြီး ဖျော်ရည်အဖြစ်လည်းလွယ်လွယ်ကူကူ သောက်နိုင်တဲ့အတွက် အစားမစားဖြစ်ရင်တောင် တစ်ခွက်တည်းနဲ့ အာဟာရအပြည့်ရစေမှာပါ။
😎 ကဲ ဒီတော့ ခုလိုကိုယ်ခံအားကောင်းဖို့လိုနေတဲ့ အချိန်မှာ မုန်လာဥစားပြီး ကျန်းလဲကျန်းမာ လှလဲလှကြမယ်နော်။
ChaKra
25/08/2020
ကြိုးစားသူလေးရဲ့ အောင်မြင်မှု 👏👏👏
credit #
(၆၅)ကီလိုမှ (၄၈)ကီလိုဂရမ်ထိ (၃)လနဲ့ ဝိတ်ချပြလိုက်တဲ့ ကောင်မလေးရဲ့ လျှို့ဝှက်ချက် ယခုခေတ်ကြီးမှာ အစစအရာရာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျန်းမာရေးကဏ္ဍာတွေမှာလည်း များစွာတိုးတက်လာခဲ့ ပါတယ်။ ယ...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
11031
Opening Hours
| Monday | 08:30 - 18:00 |
| Tuesday | 08:30 - 18:00 |
| Wednesday | 08:30 - 18:00 |
| Thursday | 08:30 - 18:00 |
| Friday | 08:30 - 18:00 |
| Saturday | 08:30 - 18:00 |
| Sunday | 08:30 - 18:00 |
