Ever Fitness
“Building strength,both physically and mentally.”
🌊 Ever Fitness Family Trip Announcement 🌊
ချစ်ရတဲ့ Ever Fitness family member များအားလုံးကို အသိပေးအကြောင်းကြားအပ်ပါသည်။ 💙
ကျွန်တော်တို့ Ever Fitness မိသားစုများ
ချောင်းသာကမ်းခြေ Family Trip လေးထွက်ရှိမည်ဖြစ်သောကြောင့်
တနင်္လာနေ့ နှင့် အင်္ဂါနေ့ (၂ ရက်) အား
Gym ကို ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။
လာရောက်ပြီး အမြဲတမ်း support ပေးနေကြတဲ့
ချစ်ရတဲ့ members များအားလုံးကို နားလည်ပေးပြီး ခွင့်ပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 🙏
ဗုဒ္ဓဟူးနေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ 💪
📍 Ever Fitness
တောင်ဥက္ကလာပ ၁၁ ရပ်ကွက်
ရာဇသင်္ကြန် ၃ လမ်း
Thank you for always being part of Ever Fitness Family. ❤️
See you all on Wednesday!
04/06/2026
🧘♀️ Yoga ဆော့ခြင်းရဲ့ ကောင်းကျိုးများ 🧘♂️
Yoga ဆိုတာ ခန္ဓာကိုယ်ကို လှုပ်ရှားပေးရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်။
✅ ခန္ဓာကိုယ် အကြောအဆစ်များ ပိုမိုပျော့ပြောင်းလာစေခြင်း
✅ ကိုယ်ဟန်အနေအထား (Posture) ကောင်းမွန်စေခြင်း
✅ စိတ်ဖိစီးမှုများ လျော့ကျစေခြင်း
✅ အိပ်စက်မှု အရည်အသွေး ပိုမိုကောင်းမွန်စေခြင်း
✅ Balance နှင့် Flexibility တိုးတက်စေခြင်း
✅ Body & Mind ကို Relax ဖြစ်စေပြီး နေ့စဉ်ဘဝကို ပိုမိုတက်ကြွစေခြင်း
Ever Fitness တွင် Yoga Class ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ⏰ 9:30 AM မှ 10:30 AM အထိ လေ့ကျင့်နိုင်ပါသည်။
🏋️♀️ Ever Fitness
📍 တောင်ဥက္ကလာပမြို့နယ်၊ ၁၁ ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းသွယ် (၃)
ကျန်းမာသန်စွမ်းတဲ့ Body တစ်ခုနဲ့ စိတ်အေးချမ်းမှုကို လို ချင်ရင်Yoga Class လေးကနေ စတင်ရယူလိုက်ပါ။
26/05/2026
🌧️ မိုးရာသီရောက်လာပြီဆိုတော့ ကျန်းမာရေးကို ပိုပြီးဂရုစိုက်ဖို့လိုအပ်တဲ့အချိန်လေးပါ 💙
ရာသီတုတ်ကွေး 🤧 ၊ နှာစေးချောင်းဆိုး 😷 ၊ ဖျားနာခြင်းများ အဖြစ်များလာတဲ့ကာလဖြစ်လို့ Ever Fitness ရဲ့ ချစ်ရတဲ့ Members များအားလုံး ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ သတိပေးချင်ပါတယ် 🙏
မိုးရာသီမှာ ကိုယ်ခံအားကောင်းဖို့အတွက် Vitamin C 🍊 ၊ Zinc 🥜 ၊ Protein 🍳 နဲ့ အာဟာရပြည့်ဝတဲ့အစားအစာများကို စနစ်တကျစားသုံးပေးဖို့လိုအပ်ပါတယ် 💪
ဒါ့အပြင် ရေနွေးနွေးလေးများများသောက်ပေးခြင်း ☕ ၊ အိပ်ရေးဝဝအိပ်ပေးခြင်း 🛌 တို့ကလည်း ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးကြီးပါတယ် ✨
“မိုးရွာလို့ Workout နားမယ်” ဆိုတာထက်
နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလေးရှိနေဖို့က ပိုပြီးအရေးကြီးပါတယ် 🏋️♂️🔥
Exercise လုပ်ပေးခြင်းက —
✔️ ကိုယ်ခံအားတိုးစေတယ်
✔️ Stress လျော့ချပေးတယ်
✔️ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေတယ်
✔️ ဖျားနာလွယ်မှုကိုလည်း လျော့ချပေးနိုင်ပါတယ် 💯
မိုးရာသီမှာလည်း Healthy Lifestyle ကို မမေ့ဘဲ
Regular Workout လေးတွေ ဆက်လက်လုပ်ဆောင်ပြီး ကျန်းမာရေးကို ဂရုစိုက်ကြမယ်နော် 💙
📍 Ever Fitness
🏠 တောင်ဥက္ကလာပ ၁၁ ရပ်ကွက် ၊ ရာဇသင်္ကြန် လမ်းသွယ်၃
Ever Fitness မှာ Members အားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ် 🤝💪
24/05/2026
Result တွေက တစ်ရက်တည်းနဲ့မပြောင်းလဲဘူး။
ဒါပေမယ့် လက်မလျော့ပဲ နေ့တိုင်းကြိုးစားနေတဲ့ effort တွေက
တစ်နေ့ကျရင် ကိုယ့်ကိုယ်ကိုယ် proud ဖြစ်စေမှာသေချာပါတယ်။
So this Monday, raise your energy, push yourself harder
and keep going no matter how slow the progress feels. 💪🖤
19/05/2026
🗣 Zumba Time Alert📣
ဗုဒ္ဓဟူးနေ့ 20 ရက်နေ့
မနက် 10AM to 11AM
Teacher Victoria နဲ့အတူ Energy အပြည့်နဲ့ Zumba Class ရှိပါတယ်ရှင်
Music နဲ့အတူ Calories လောင်ပြီး Fun ဖြစ်ချင်သူတွေ လာ join ဖို့ဖိတ်ခေါ်ပါတယ် Time Alert
13/05/2026
💃 Zumba Time Alert 💃
သောကြာနေ့ 15 ရက်နေ့
⏰ ညနေ 6PM to 7PM
👩🏫 Teacher Victoria နဲ့အတူ Energy အပြည့်နဲ့ Zumba Class ရှိပါတယ်ရှင် ✨
Music နဲ့အတူ Calories လောင်ပြီး Fun ဖြစ်ချင်သူတွေ လာ join ဖို့ဖိတ်ခေါ်ပါတယ် 💪🔥
11/05/2026
🧘♀️ Thursday = Yoga Day ✨
တစ်ပတ်လုံးပင်ပန်းခဲ့သမျှကို Yoga နဲ့ Recharge လုပ်မယ် 💚
Body လည်း Relax ✨ Mind လည်း Fresh 🌿
ဒီ Thursday မှ Yoga class မှာ တွေ့ကြမယ်နော် 💪
11/05/2026
💪 ကျားဟော်မုန်း (Testosterone) နဲ့ မဟော်မုန်း (Estrogen) ကိုနားလည်ရအောင်
Gym ဆော့တာမှာ ဟော်မုန်း Balance က အရမ်းအရေးကြီးပါတယ်။
အထူးသဖြင့် ကျားဟော်မုန်း (Testosterone) နဲ့ မဟော်မုန်း (Estrogen) တို့က Body Shape, Muscle Growth, Fat Burning, Performance ကို တိုက်ရိုက်သက်ရောက်ပါတယ်🔥
⸻
🧔♂️ ကျားဟော်မုန်း (Testosterone) အားနည်းတဲ့ လက္ခဏာများ
❌ ခါးနဲ့ ဝမ်းဗိုက်အဆီများလာခြင်း
❌ အောက်ပိုင်း Muscle တွေဖုလစ်ကျစ်မှုမရှိပဲ အဆီပိုများနေခြင်း
❌ Energy နည်းပြီး အမောလွယ်ခြင်း
❌ Strength လျော့ပြီး Performance မကောင်းခြင်း
❌ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်ခြင်း (Motivation နည်းခြင်း၊ စိတ်ညစ်လွယ်ခြင်း)
⸻
🏋️♂️ ကျားဟော်မုန်း (Testosterone) အားကောင်းတဲ့ လက္ခဏာများ
✅ ဝမ်းဗိုက်နဲ့ ခါးအဆီနည်းခြင်း
✅ အဆီမပါတဲ့ Muscle Mass ရှိခြင်း
✅ အမောခံနိုင်ခြင်း & Stamina ကောင်းခြင်း
✅ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ပြီး Confidence ရှိခြင်း
✅ ရုပ်ပိုင်းဆိုင်ရာသန်မာပြီး Strength ကောင်းခြင်း
✅ လည်ပင်း Muscle နဲ့ လည်စိပျက်သားစွာပေါ်ခြင်း
✅ Training Performance ကောင်းပြီး Recovery မြန်ခြင်း 🔥
⸻
👩🦰 မဟော်မုန်း (Estrogen) အကြောင်း (အရေးကြီးချက်)
မဟော်မုန်း (Estrogen) က အမျိုးသမီးတွေအတွက် အဓိကဟော်မုန်းဖြစ်ပြီး
အသားအရေ၊ အရိုးကျန်းမာရေး၊ Fat Distribution ကိုထိန်းပေးပါတယ်။
Estrogen Balance မကောင်းရင်👇
⚠️ ဝမ်းဗိုက်အဆီပိုတက်လာခြင်း
⚠️ Mood swing ဖြစ်ခြင်း
⚠️ ခန္ဓာကိုယ်ဖောလာခြင်း (Water retention)
⚠️ အင်အားလျော့ပြီး fatigue ဖြစ်ခြင်း
ဒါကြောင့် Gym ဆော့တဲ့အခါ အမျိုးသား/အမျိုးသမီး မခွဲဘဲ ဟော်မုန်း Balance က အဓိကပါ 💯
⸻
🔥 ကျားဟော်မုန်းအားကောင်းဖို့ အဓိက Training
Testosterone တိုးစေတဲ့ Training အထဲမှာ
Heavy Resistance Training / Hypertrophy Training က အရေးအကြီးဆုံးပါ 💪
🏋️♂️ Compound movements (Squat, Deadlift, Bench Press)
🔥 Progressive overload
💥 Strength + Muscle Growth
ဒီနည်းလမ်းတွေက Fat Burn ကိုလည်း တပြိုင်နက်တည်း အားပေးပါတယ်။
⸻
🏆 Ever Fitness မှာ Training များစွာ ဆော့နိုင်ပါတယ်
Ever Fitness မှာ
✅ Hypertrophy Training
✅ Fat Loss Training
✅ Strength Training
✅ Functional Training
✅ Muscle Gain Program
စတဲ့ Training များစွာကို Systematic ပုံစံနဲ့ ဆော့နိုင်ပါတယ် 🔥
⸻
📍 Ever Fitness
🏠 တောင်ဥက္ကလာပမြို့နယ်၊ ၁၁ရပ်ကွက်၊ ရာဇသင်္ကြန်(၃)လမ်း
💪 Testosterone အားကောင်းချင်ရင်
Training ကိုမှန်မှန်ကန်ကန်စနစ်တကျ ဆော့ဖို့လိုပါတယ်။
Ever Fitness မှာ အကောင်းဆုံး Guidance နဲ့ Training Program များစွာ ပံ့ပိုးပေးနေပါတယ် 👊🔥
06/05/2026
👩🦰 မဟော်မုန်း (Estrogen) နဲ့ အဆီချလွယ်/ခက် ဖြစ်ရတဲ့အကြောင်း
အမျိုးသမီးတွေ Body Shape၊ Skin၊ Mood နဲ့ Fat Storage ကို အဓိကထိန်းညှိပေးတာက
မဟော်မုန်း (Estrogen) ပါ 💯
Estrogen Balance မမှန်ရင် အဆီချဖို့ခက်လာနိုင်ပါတယ်။
⸻
⚠️ Estrogen အားနည်းတဲ့ လက္ခဏာများ
❌ ခါးနဲ့ ဝမ်းဗိုက်အဆီ တက်လွယ်ခြင်း
❌ Body ခြောက်သွားခြင်း / Skin မလန်းခြင်း
❌ စိတ်ဖိစီးမှုများပြီး Mood မတည်ငြိမ်ခြင်း
❌ အင်အားနည်းပြီး ပင်ပန်းလွယ်ခြင်း
❌ Sleep မကောင်းခြင်း
👉 Estrogen နည်းလာရင် Metabolism လျော့ပြီး
အဆီချချင်လည်း ခက်လာတတ်ပါတယ်။
⸻
⚠️ Estrogen အားများတဲ့ လက္ခဏာများ
❌ ရင်သား၊ ပေါင်၊ တင်ပါးပိုင်းမှာ အဆီစုလွယ်ခြင်း
❌ ခန္ဓာကိုယ်ဖောလာခြင်း (Water retention)
❌ PMS ပြင်းခြင်း / ခေါင်းကိုက်၊ စိတ်မငြိမ်ခြင်း
❌ Sugar craving ဖြစ်ပြီး အချိုစားချင်ခြင်း
❌ Weight တက်လွယ်ခြင်း
👉 Estrogen များရင်လည်း အဆီစုလွယ်ပြီး ဝိတ်ချရခက်တတ်ပါတယ်။
⸻
🔥 Estrogen Balance ကောင်းရင် ဘာဖြစ်လာမလဲ?
✅ Body Shape ကျစ်လစ်ပြီး Feminine look လှလာခြင်း
✅ Fat burn လွယ်လာခြင်း
✅ Skin glow & Energy ကောင်းလာခြင်း
✅ Mood တည်ငြိမ်ပြီး Stress နည်းလာခြင်း
✅ Workout performance ကောင်းလာခြင်း 💪
⸻
🏋️♀️ Estrogen Balance အတွက် Gym Training က အရေးကြီးပါတယ်
Estrogen balance ကောင်းဖို့
✅ Strength Training
✅ Hypertrophy Training
✅ Cardio + Fat loss program
ကိုမှန်မှန်ကန်ကန် ဆော့ရင် အဆီချလွယ်ပြီး Body Shape လှလာပါတယ် 🔥
⸻
💪 Ever Fitness မှာ Training များစွာ ဆော့နိုင်ပါတယ်
Ever Fitness မှာ
အမျိုးသမီးတွေအတွက် Fat loss + Body shaping training ကို
စနစ်တကျနဲ့ လမ်းညွှန်ပေးနေပါတယ် 💯
📍 Ever Fitness
🏠 တောင်ဥက္ကလာပမြို့နယ်၊ ၁၁ရပ်ကွက်၊ ရာဇသင်္ကြန်(၃)လမ်း
✨ Estrogen Balance ကောင်းရင်
ဝိတ်ချတာလည်း လွယ်လာပြီး Body လှလာတာ အမှန်ပါပဲ။
04/05/2026
🏋️♂️ Deadlift & Full Squat (နည်းစနစ်မှန်ကန်စွာလုပ်နည်း + အကျိုးကျေးဇူး)
Gym မှာ Strength တက်ချင်သူ၊ Body shape ပြင်ချင်သူတိုင်းအတွက် Deadlift နဲ့ Full Squat က အရေးကြီးဆုံး compound exercises ၂ခုပါ 💪🔥
ဒါပေမယ့် နည်းစနစ်မမှန်ဘဲ weight တင်ရင် ခါးနာ၊ ဒူးနာ၊ injury ဖြစ်နိုင်ခြေများပါတယ်။
⸻
✅ Deadlift (နည်းစနစ်မှန်)
✔️ Bar ကို mid-foot ပေါ်ထား
✔️ Chest up, Back neutral (ကျောတန်း)
✔️ Core brace လုပ်ပြီး hip hinge (တင်ပါးနောက်ကော့) နဲ့ဆွဲတင်
✔️ Bar ကိုခန္ဓာကိုယ်နဲ့ကပ်ပြီးတင်
✔️ အဆုံးမှာ Back ကိုမကော့ဘဲ Hip ကိုရှေ့ထိုးပြီး Glute ကိုညှစ် (hip lockout) လုပ်ရမယ်
❌ အများဆုံးအမှား
🚫 Hip မကော့ဘဲ Back ပဲကော့ပြီးဆွဲခြင်း (ခါးဒဏ်ရာဖြစ်နိုင်)
🚫 Bar ကိုခန္ဓာကိုယ်နဲ့မကပ်ဘဲရှေ့ထုတ်ဆွဲခြင်း
🚫 Lockout မှာ back ကိုကော့ပြီးအဆုံးသတ်ခြင်း
💪 Deadlift အကျိုးကျေးဇူး
✅ Glute, Hamstring, Back strength တက်
✅ Core strong ဖြစ်
✅ Posture ကောင်း
✅ Functional strength တိုးတက်
⸻
✅ Full Squat (နည်းစနစ်မှန်)
✔️ ခြေထောက် shoulder width (toe အနည်းငယ်ဖွင့်)
✔️ Chest up, Core brace
✔️ Hip နောက်ဆုတ်ပြီးထိုင်ချ
✔️ Knee ကို toe direction အတိုင်းထုတ်
✔️ Heel မမြောက်စေ
✔️ Hip crease က knee အောက်ရောက်အောင် Full ROM နဲ့ထိုင်ချပြီးပြန်တက်
❌ အများဆုံးအမှား
🚫 Knee inward collapse (ဒူးအတွင်းကျ)
🚫 Heel မြောက်သွားခြင်း
🚫 Half squat ပဲလုပ်ပြီး weight တင်လွန်းခြင်း
🚫 Back rounded ဖြစ်ခြင်း
💪 Full Squat အကျိုးကျေးဇူး
✅ Quad + Glute ကြီးထွား
✅ Knee stability တိုးတက်
✅ Mobility & balance ကောင်း
✅ Fat loss အထောက်အကူဖြစ်
⸻
⭐ Ever Fitness Gym မှာနည်းစနစ်မှန်ကန်အောင်သင်ကြားပေးပါတယ်
Ever Fitness Gym မှာတော့
✅ နည်းစနစ်မှန်ကန်အောင် systematic ပြသပေးတဲ့ Trainer တွေရှိပါတယ်
✅ Injury prevention & posture correction ပိုင်းကျွမ်းကျင်တဲ့
Rehabilitation Master အောင်ပြီးသား Coach တွေလည်းရှိပါတယ် 💯
📍 Ever Fitness Gym
တောင်ဥက္ကပမြို့နယ် (၁၁) ရပ်ကွက်
ရာဇသင်္ကြန် (၃) လမ်း
💪 Weight တင်တာထက် နည်းစနစ်မှန်ကန်စွာတင်နိုင်ဖို့က အရေးကြီးဆုံး ပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 06:30 - 20:30 |
| Tuesday | 06:30 - 20:30 |
| Wednesday | 06:30 - 20:30 |
| Thursday | 06:30 - 20:30 |
| Friday | 06:30 - 20:30 |
| Saturday | 06:30 - 20:30 |
