HTAY
စိတ်ကလေး ခဏတာလေးဖြစ်ဖြစ်
အေးချမ်းသွားပါစေ
01/05/2026
Proof of Life
Myanmar Coup-leader Turned President Orders Suu Kyi To House Arrest Myanmar's junta-chief turned president on Thursday ordered deposed leader Aung San Suu Kyi to be moved to house arrest, five years after sweeping her into detention in a 2021 coup.
26/04/2026
အေးချမ်းခြင်းကို လိုလားတဲ့အခါ
လစ်လျူရှုတတ်ရပါမယ်
မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ခုကို မြင်ရတဲ့အခါ
မျက်နှာလေးကို တစ်ဖက်လှည့်လိုက်ပါ
မနှစ်မြို့ဖွယ်ရာ အသံတစ်ခု စကားသံတစ်ခုကြားတဲ့အခါ မကြားချင်ယောင်ဆောင်လိုက်ပါ
HTAY
26.4.2026
23/04/2026
ပန်းလေးလိုမွှေးပြီး ရေလိုအေးစေချင်တာ
ကိုယ့်စေတနာပါ
ပန်းလေးလိုပဲ အမြဲလှနေစေချင်တယ်
ပင်မြင့်စံပန်းလေးဖြစ်တဲ့အတွက် အမြင့်မှာပဲ ပိုလှပါတယ် ပန်းလေးရယ် 🌷
HTAY
23.4.2026
21/04/2026
မေတ္တာပို့ပါ
ချစ်တဲ့သူကို သတိရတဲ့အခါ မေတ္တာပို့ပါ
၅၂၈ ပဲဖြစ်ဖြစ် ၁၅၀၀ ပဲဖြစ်ဖြစ် ဘယ်လိုချစ်ခြင်းမျိုးမဆို သတိရတဲ့အခါ မေတ္တာပို့ပါ အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ ဘေးကင်းပါစေ 🙏
မေတ္တာဆိုတာ သိမ်မွေ့နက်နဲပြီး အေးချမ်းပါတယ်
HTAY
21.4.2026
20/04/2026
အိပ်မပျော်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းရဲ့ တန်ဖိုးကို သိနိုင်ပါတယ်
အိပ်မပျော်တဲ့ညတွေမှာ အိပ်ပျော်အောင်အိပ်ရမှာ ကိုယ့်တာဝန်ပဲ မဟုတ်လား ☘️
HTAY
20.4.2026
ဘုရားရိပ် တရားရိပ်က အေးချမ်းပါတယ် 🙏🙏🙏
HTAY
20.4.2026
20/04/2026
ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခွင့်ရနေခြင်းက ကံကောင်းခြင်းပါပဲ ☘️
HTAY
20.4.2026
19/04/2026
ဒေါသထွက်စရာ အကြောင်းတွေ ကြုံလာတဲ့အခါ
ဒေါသကို သတိနဲ့ ပြန်ထိန်းဖြစ်တယ် ပြီးတော့ ဘုရားဂုဏ်တော်ပွားလိုက်တယ်
အရဟံ - ဒေါသကင်းစင်တော်မူသောမြတ်စွာဘုရား🙏🙏🙏
17/04/2026
နှစ်သစ်ဆုတောင်း 🙏🙏🙏
မြန်မာနှစ်သစ်ကူးနေ့လေးတစ်နေ့ဖြစ်ပါတယ်
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ
ပူလောင်ရခြင်း ပူပန်ရခြင်းများ ကင်းဝေးကြပါစေ
ဘေးဘယာအပေါင်းလည်း ကင်းဝေးကြပါစေ
တပည့်တော်၏ ကာယကံ၊ဝဇီကံ၊မနောကံကြောင့် မည်သည့်သတ္တဝါ တစ်ဦးတစ်ယောက်ကိုမျှ စိတ်အနှောက်အယှက်မဖြစ်ကြပါစေနဲ့ဘုရား🙏🙏🙏
တပည့်တော်တည်းဟူသောအကြောင်းကြောင့် တပည့်တော်ကိုချစ်သောသူ တပည့်တော်ကို မုန်းသောသူ တစ်ဦးတစ်ယောက်မျှ ဝမ်းနည်းမပူဆွေးရပါစေနဲ့အရှင်ဘုရား🙏🙏🙏
သတ္တဝါတိုင်းရဲ့ ရင်ထဲနှလုံးသားထဲမှာ လောဘ၊ဒေါသ၊မောဟစသော ကိလေသာအညစ်အကြေးများ ကင်းဝေးပြီး ကောင်းသောလိုအင်ဆန္ဒများ ပြည့်ဝကြပါစေအရှင်ဘုရား 🙏🙏🙏
14/04/2026
ဒီပိုစ့်လေးကို Reacted ပေးပါ။ မန့်ပေးပါ။ Share ပေးပါ။
မြန်မာ့နှစ်သစ်ကူး နှစ်ဦးစတုဒီသာ ပြုလုပ်ပါ့မယ်။ စစ်ရှောင်ထောင်ပေါင်းများစွာကို အာဟာရဒါနပြုမှာပါ။
လူတစ်ဦး (၃၀၀၀) ကျပ်နှုန်းဖြင့် ပါဝင်ပေးနိုင်ပါတယ်။
နှစ်သစ် အာဟာရဒါန ကုသိုလ်အတွက် ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းပါရစေ။
#စတုဒီသာ
#မျှဝေဖေးကူဒို့အတူ
13/04/2026
ပိတောက်
ပိတောက်ပန်းလေးတွေကို မြင်လိုက်ရရင် သင်္ကြန်ဆိုတဲ့ အငွေ့အသက်လေး ခံစားရတယ် ပိတောက်နဲ့ သင်္ကြန်က ခွဲလို့မရတဲ့ သဘာဝတရားပါပဲ
တစ်နေ့တော့ သင်္ကြန်ကာလ ပိတောက်ပန်းတွေနဲ့အတူ လွတ်လွတ်လပ်လပ် ပျော်ခွင့်ရမယ်ထင်ပါတယ်
အမြန်အေးချမ်းပါစေ ☘️
HTAY
13.4.2026
Click here to claim your Sponsored Listing.
