Vlog By Mayoo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vlog By Mayoo, Beauty, cosmetic & personal care, Yangon.
02/05/2026
“Only Buddha knows how much I mention you in my prayers 🙏🏼”
🗓️29.4.2026
📸 La Pyae
နွေရာသီ shooting သွားရတာပျော်ဖို့ကောင်းကြောင်း အားလုံးကို sharing လုပ်ပါတယ် 🫠
ကားပေါ်မှာ မိတ်ကပ်ပြင်တဲ့ ဂယက် 🫠
မြန်မာတစ်နိုင်ငံလုံးလည်းသွားချင်တယ် ခရီးထွက်ဖို့လည်း အချိန်မရှိဘူးဆိုရင် ဒီနေရာလေးသွားကြည့်ဖို့ recommend နော် 😁😁
#တိုင်းရင်းသားကျေးရွာ
ဂျယ်လီတော့ ဂျယ်လီပဲ ဒါပေမယ့် စားလို့မရဘူး👀
Hearty Heart ရဲ့ jelly POP blush အသစ်လေး🩷
မေဦးကတော့ peachy pop လေးကိုအရမ်းကြိုက်သောပဲ🍑✨
ရိုးရိုး blush တွေ ခဏထား jelly texture blush လေးကို စမ်းသုံးကြည့်လိုက်နော် အသဲစွဲဖြစ်သွားလိမ့်မယ် 🤭💕
ဝက်ခြံထွက်တဲ့အချိန်ဆိုရင် မိတ်ကပ်မလိမ်းရဲတော့တဲ့သူတွေရှိလား? 🧐
Parnell ရဲ့ ဒီcushion က ဝက်ခြံတွေကို healing လုပ်ပေးနိုင်တဲ့အပြင် skincare ပါပြီးသားမို့လို့ သူတစ်မျိုးတည်းလိမ်းရင်တောင် finish look က glowy look လေးဖြစ်နေမှာ 😭😭
အခုတလော နေ့တိုင်းနီးပါး သုံးဖြစ်နေတာလေး 🫶
ဝယ်ချင်တယ်ဆိုရင် BEYOU.tiful - Beauty & Personal Care Myanmar ဒီ page လေးမှာ မှာလို့ရတယ်နော် 👀
Final Destination 6 သွားကြည့်ဖြစ်ခဲ့တဲ့ vlog video လေး📷
ဒီတစ်ခေါက် final destination 6 က တကယ် trauma အကြီးစားပေးခဲ့တာ သူများတွေပြောသလိုသာ နောက်ထပ်အဆက်တွေထပ်မထွက်တော့ဘူးဆိုရင်တော့ ရင်နာရတော့မယ် 😭 5 ကပိုပြီးတော့ကြောက်စရာကောင်းတာတော့အမှန်ပဲ ဒီ 6 ကကြတော့ အရင်အပိုင်းတွေကိုဆက်စပ်မိသွားစေတော့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ် ဒါပေမယ့် ကြည့်ရတာတော့တကယ်တန်တယ် 🫶 မကြည့်ရသေးတဲ့သူတွေရှိသေးတယ်ဆိုရင် ဒီကားလေးကိုတကယ်သွားကြည့်သင့်တယ် ရုံမှာကြည့်တဲ့ feeling နဲ့ အိမ်မှာကြည့်တဲ့ feeling ချင်းလည်းမတူဘူးနော် ရုံမှာကြည့်တာက ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတာ 😁 မေဦးဆိုရင် mega ace မှာသွားကြည့်တာ မနက်ပိုင်းမဟုတ်တော့သွားလည်းသွားကော VIP မှာပဲပြတော့မှာ premium မှာက ညနေမှ ထပ်ပြမှာဆိုတော့ မိုးချုပ်မှာစိုးလို့နောက်ဆုံးတော့ VIP မှာပဲကြည့်လိုက်ရတယ် အမှန်တိုင်းပြောရရင်သိပ်မတန်ဘူးရယ် 🥹 ဒါပေမယ့်ရုပ်ရှင်လေးကကြည့်ကောင်းတော့ဖြေသိမ့်ရတာပေါ့ mega ace မှာသွားကြည့်မယ်ဆိုရင် premium တန်းကအတန်ဆုံးပဲ 😁
23/05/2025
နှုတ်ခမ်းနီလည်း crazy ဖြစ်တယ် budget save ထဲကလည်းဖြစ်ပြီး quality ကောင်းကောင်းလေးလိုချင်တာဆိုရင် ဒီ cat's lab လေးစမ်းသုံးကြည့်ဖို့ recommend လုပ်တယ်နော် ...
ပထမဦးဆုံး သူ့ရဲ့ ကောင်းတာလေးတွေအရင်ပြောပေးမယ်
သူ့ရဲ့ texture လေးကတကယ် Velvet လေး နူးနူးညံ့ညံ့လေးနဲ့ဆိုးလို့ကောင်းတယ် အရောင်တွေကလည်း ၁၅ ရောင်လောက်ရှိတာဆိုတော့ ရွေးစရာတော်တော်လေးများတယ် အရောင်ထွက်အားလည်းကောင်းပြီး ထွက်တဲ့အရောင်လည်းမှန်တယ်
သူ့ရဲ့ packaging လေးက ချစ်စရာလေးအူယားစရာ ... ဒါပေမယ့် တစ်ခုခုပေသွားရင်ဖျက်ရတာခက်တယ် 😭😭 ဖြူဖြူဖွေးဖွေးလေး ပေသွားရင် အရမ်းနှမြောတာ
အကုန်နီးပါးကြိုက်ပေမယ့် မကြိုက်တာက အနံ့လေး ကိုယ်က နှုတ်ခမ်းနီဆိုရင် အနံ့ပြင်းပြင်းကြီးတွေပါတာမကြိုက်တော့ သဘောမကျဘူးလို့ထင်မိတာပါ တကယ်တော့ အနံ့လေးက peach အနံ့မွှေးမွှေးလေး သူများတွေတော့ကြိုက်လောက်တယ် ကိုကတော့ သိပ်သဘောမကျဘူးရယ် ဒါပေမယ့်လည်း ဆိုးလို့အရမ်းကောင်းတော့ သဘောကျရသောပဲ 🫶🫶 ပေးရတဲ့ဈေးနဲ့တကယ်တန်တယ် 💰
Click here to claim your Sponsored Listing.
