MADI HTOO Yoga Studio
Find your balance, strengthen your soul.🧘♀️
Join us at Madi Htoo Yoga Studio to discover the harmony of body and mind through mindful movement.
All levels welcome! 🧘♀️🌿
🙏🏼NAMASTE🙏🏼
Capturing that brief moment where effortless lightness and raw strength meet 🤸🏻
# handstand
23/06/2026
🦋Nothing comes easy 🦋
ကိုယ့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သဘာဝအတိုင်း
Flexible ဖြစ်တဲ့အထဲမှာ မပါတော့
ပိုပြီးတော့ကို ကြိုးစားအားထုတ်ရတယ်။
Flexibility ဆိုတာ တစ်ရက်၊ နှစ်ရက်တည်းနဲ့
ရလာတာမျိုး မဟုတ်ဘဲ နေ့စဉ်မပြတ်
အားထုတ်မှုတွေကနေ
တိုးတက်ပြောင်လဲလာတာဖြစ်တယ် ..🧘♀️
လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အရိုးအဆစ်
တည်ဆောက်ပုံ (Bone Compression)၊
အရွတ်နဲ့ ကြွက်သားတွေရဲ့ မွေးရာပါ
ဆန့်ဆန့်နိုင်စွမ်း (Elasticity) တွေက မတူညီကြပါဘူး။ တချို့က သဘာဝအတိုင်း Flexible ဖြစ်တဲ့အထဲ
ပါဝင်ပေမယ့် တချို့ကတော့ ကြွက်သားထု ထူတာ၊ သို့မဟုတ် အရိုးအဆစ် တည်ဆောက်ပုံကြောင့်
စလုပ်ချင်းမှာ တောင့်တင်းနေတတ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ Body Type အလိုက်
သူများထက် ပိုပြီး အချိန်ပေး ကြိုးစားရတာဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝတစ်ခုဖြစ်လို့
ငါမရနိုင်ဘူးဆိုပြီး စိတ်မပျက်သွားဖို့လိုပါတယ်..
အမြဲတမ်းကြိုးစားအားထုတ်မှု့က ပိုအရေးကြီးပါတယ် 🥰🍃🥰
ယောဂနဲ့ Flexibility ရဲ့ အခြေခံအကျဆုံး
လျှို့ဝှက်ချက်က Consistency ပါပဲ။
ရက်ရှည်လများ နေ့စဉ် ပုံမှန် စိုက်ထုတ်ရတဲ့
အားထုတ်မှုကသာ ကြွက်သားတွေကို ပိုမို ရှည်လျား ပျော့ပျောင်းလာစေပြီး ပိုကောင်းတဲ့
Range of Motion ကို ရရှိစေတာ ဖြစ်ပါတယ်။🦋🌱
ကိုယ့်ရဲ့ Balance point လေးတစ်ခုကို
ရှာတွေ့လိုက်တဲ့အချိန်တိုင်း
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေအားလုံးကို
ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဂါရဝပြုမိတယ်။
ဒီညလည်း ဆရာ Yograja ကို ဂါရဝပြုလျက်ပါ 🙏🏼
ခက်ခက်ခဲခဲ ပြန်လည်ရှာဖွေထားတဲ့
ငါ့ရဲ့ Balance ကို
ဘာအတွက်ကြောင့်နဲ့မှ
အပျောက်မခံနိုင်တော့ဘူး 😂ဒါဗြဲ 😂 # #
20/06/2026
ပွင့်ထွက်တဲ့နေ့ 😘
မပွင့်တဲ့နေ့ဆိုတာလဲ မရှိပါဘူး 😜😜😜
My daily practice 💙🦋💙Mix bending day 🧘♀️
မနေ့ကတော့ တစ်ဖွဲ့လုံးကို ပြိုင်းတဲ့နေ့ 😁
ဆရာ့အသံလေးက နေမကောင်းတဲ့အသံလေးပေါက်နေသော်လဲ စက္ကန့်ပိုင်းအတွင်းကို တစ်ယောက်မှကို အလွတ်မပေးတာ 😁😁
ကိုယ့်မှာလဲ လက်မောင်းနာနေလို့
နားချင်သော်လဲ ခဏတောင် နားလို့မရ 😬
အဲ့လိုတွေပါဆို 😁😁ဆရာ့ရဲ့အလစ်မပေးမှု့ 😜
အတန်းပြေးသူလေးများ မြန်မြန်ပြန်ခဲ့ပါတော့လို့ 😂
💌
17/06/2026
🚀 Level Up Your Practice with Rocket Yoga Workshop 🚀
ခန္ဓာကိုယ်ရဲ့ Flexibility ရော Strength ကိုပါ တိုးတက်လာစေမယ့် Rocket Yoga with deeper backbending & inversions workshop လေးကို Madi Htoo Yoga Studio တွင် မကြာခင် ကျင်းပပြုလုပ်တော့မည် ဖြစ်ပါသည်ရှင့်။
ဒီ Workshop ကို ခန္ဓာကိုယ် Alignment ပိုင်းနဲ့ Advance ပိုင်းတွေမှာ ကျွမ်းကျင်တဲ့ Tr. May Myat က အနီးကပ် မျှဝေသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ဒီ Workshop က ဘယ်သူတွေအတွက် သင့်တော်လဲ?
✅ Dynamic Flow ပုံစံဖြင့် ကိုယ့်ကိုယ်ကို ပိုမို Challenge လုပ်လိုသူများ
✅ Flow ကျင့်စဉ်အတွင်း Arm Balance, Backbending, Twisting နှင့် Inversions များကို တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ Smooth ကျကျ Transition သွားလိုသူများ
✅ ချွေးထွက်များပြီး တက်ကြွပျော်ရွှင်စရာကောင်းသော (Sweaty & Playful Flow) Practice ကို နှစ်သက်သူများ
အတွက်သင့်တော်ပါတယ်ရှင်
🗓 Date: 25.6.2026
🕙 Time: 10:00 AM - 12:00 PM
💸 Fees: 150,000 MMK
🚨 [ Only One Spot Left ] 🚨
#
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
