Yoginiverse By Thett

Yoginiverse By Thett

Share

The Quiet Power Within

Photos from Yoginiverse By Thett's post 14/06/2026

"Listening to your body and finding strength in the stretch.

Happy backbend day, everyone! 🧘‍♂️"

Instructor – Thett

📍 အမှတ်-349/က၊ ပထမထပ်၊ သုမင်္ဂလာလမ်းမကြီး၊ (၉ )ရက်ကွက် ၊ သုမင်္ဂလာ ပန်းခြံရှေ့ ၊ ရွှေအိုးဆေးဆိုင် အပေါ်ထပ် ၊ ပဒေသာမှတ်တိုင်၊ တောင်ဥက္ကလာပမြို့နယ်။

📞 Register now: 09-7400 23 223
📩 message us on the Yoginiverse page

14/06/2026

🌿 Morning Gentle Yoga Flow 🌿
Start your day with mindful movement and deep breathing. ✨

Stretch • Breathe • Relax

A gentle flow to awaken your body, calm your mind, and set a positive tone for the day. ☀️

13/06/2026

Sound Healing Bowl & Relaxation Tools For Relaxation Time🧘‍♀️🍀

Photos from Yoginiverse By Thett's post 11/06/2026

YOGA For Everyone ,
But Asana not For Everyone .

🌟Asana (ခန္ဓာကိုယ်လှုပ်ရှားမှု) ဆိုတာ တကယ့်တော့ "အတွင်းစိတ်ကို သွားဖို့ လမ်းစ" တစ်ခုသက်သက်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျမတို့ နေထိုင်တဲ့
ခေတ်ရေစီးကြောင်းမှာတော့ Physical Look (အပြင်ပန်း သဏ္ဌာန်) ကို ပိုဦးစားပေးလာကြလို့ Asanaတွေ မလုပ်နိုင်ရင်ပဲ ယောဂမကျင့်တတ်သလိုမျိုး အထင်မှားစရာတွေ ဖြစ်လာပါတယ်။

၁။Asana ရဲ့ နောက်ကွယ်က အကြီးမားဆုံး ထောင်ချောက်က Ego (အတ္တ) ပါပဲ

Asana မှာ အဆင့်မြင့်တဲ့ ပို့စ်တွေကို လုပ်နိုင်တဲ့အခါ
ငါတတ်တယ်၊ ငါတော်တယ်ဆိုတဲ့ မာန်မာန ဝင်လာတတ်သလို၊ တခြားသူတွေလို မကွေးညွတ်နိုင်တဲ့အခါမှာလည်း
စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကိုယ် အားမရတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။

တကယ်တော့ ယောဂရဲ့ ရည်ရွယ်ချက်က အတ္တကို ဖြုတ်ချဖို့ (Ego dissolution) ဖြစ်ပါတယ်။ အဆင့်မြင့် ပို့စ်တစ်ခုကို ခက်ခက်ခဲခဲ လုပ်နေရင်း စိတ်ထဲမှာ ပြိုင်ဆိုင်မှုနဲ့ လောဘတွေ ပြည့်နေရင် အဲဒါ Asana သာဖြစ်ပြီး ယောဂ (Yoga) မဟုတ်တော့ပါဘူး။

ဆန့်ကျင်ဘက်အနေနဲ့ ရိုးရိုးရှင်းရှင်းလေး ထိုင်နေရင်း ဒါမှမဟုတ် အိပ်ရာပေါ်မှာ လှဲနေရင်းနဲ့ မိမိရဲ့ အသက်ရှူမှုကို သတိကပ်ပြီး စိတ်ကို ငြိမ်သက်အောင် ထားနိုင်ရင် ဒါဟာ အဆင့်မြင့်ဆုံး ယောဂကျင့်စဉ် ဖြစ်သွားပါတယ်။

၂။ Asana မပါဘဲ လူတိုင်း လုပ်နိုင်တဲ့ ယောဂလမ်းစဉ်တွေ အများကြီး ရှိပါသေးတယ်။
🌟Karma Yoga (အလုပ်ဖြင့် ယောဂကျင့်ခြင်း): ကိုယ်ကျိုးစွန့်ပြီး တပါးသူကို ကူညီတာ၊ မျှော်လင့်ချက်မရှိဘဲ စေတနာ သန့်သန့်နဲ့ ပေးကမ်းတာတွေဟာ အင်မတန် မြင့်မြတ်တဲ့ ယောဂကျင့်စဉ် ဖြစ်ပါတယ်။

🌟Bhakti Yoga (ချစ်ခြင်း၊ သက်ဝင်ခြင်း ယောဂ): သဘာဝတရား၊ စကြဝဠာ သို့မဟုတ် မိမိသက်ဝင်ယုံကြည်ရာအပေါ်မှာ မေတ္တာတရား အပြည့်နဲ့ အပ်နှံတာ၊ ကြင်နာသနားတတ်တဲ့ စိတ်ကို မွေးမြူတာဟာလည်း စိတ်နှလုံးကို သန့်စင်စေတဲ့ ယောဂဖြစ်ပါတယ်။

၃။ အသက်အရွယ်၊ ကျန်းမာရေးနှင့်
လူ့ဘဝရဲ့ သဘာဝအရ ကျမတို့
ခန္ဓာကိုယ်ဟာ အမြဲပြောင်းလဲနေပါတယ်။

ငယ်ရွယ်စဉ်မှာ ခက်ခဲတဲ့ Asana တွေကို အလွယ်တကူ လုပ်နိုင်ခဲ့ပေမဲ့ အသက်အရွယ်ရလာတဲ့အခါ၊ ဒါမှမဟုတ် ဖျားနာမှု၊ ထိခိုက်ဒဏ်ရာရမှု တစ်ခုခု ကြုံရတဲ့အခါ ခန္ဓာကိုယ်က အရင်လို လှုပ်ရှားလို့ ရချင်မှ ရပါတော့မယ်။

ဒီနေရာမှာပဲ "Yoga for Everyone" ဆိုတဲ့ အနှစ်သာရက ပေါ်လွင်လာပါတယ်။

ခန္ဓာကိုယ် လှုပ်ရှားလို့မရတော့တဲ့ အခြေအနေမှာတောင် စိတ်အေးချမ်းမှုကို ရှာဖွေတတ်တဲ့ အလေ့အကျင့် (Meditation & Mindfulness) ရှိနေရင်
ယောဂဟာ သေဆုံးသည်အထိ ကျမတို့နဲ့
အတူတူ ရှိနေမှာ ဖြစ်ပါတယ်။

အတိုချုပ်ပြောရရင်တော့ Asana ဆိုတာ ယောဂရဲ့ အပြင်ပန်း အိမ်အမိုး သက်သက်သာ ဖြစ်ပြီး

ခန္ဓာကိုယ်ကို ပုံသွင်းတာထက် စိတ်ကို ပုံသွင်းနိုင်ခြင်းကသာ စစ်မှန်တဲ့ ယောဂရဲ့ ပန်းတိုင်ဖြစ်ပါတယ်။

🍀Instructor -Thet 🍀

📍 နေရာ: အမှတ်-349/က၊ ပထမထပ်၊ သုမင်္ဂလာလမ်းမကြီး၊ (၉ )ရက်ကွက် ၊ သုမင်္ဂလာ ပန်းခြံရှေ့ ၊ ရွှေအိုးဆေးဆိုင် အပေါ်ထပ် ၊ ပဒေသာမှတ်တိုင်၊ တောင်ဥက္ကလာပမြို့နယ်။

📞-09-740023223

08/06/2026

🌟Hello Yogis 🧘‍♀️

မနက်ဖြန်က စပီး ပုံမှန် အတန်းချိန်များ
ပြန်ရှိပါပီနော် 🥰

05/06/2026

🌹Beyond fear🌹

26/05/2026

🧘‍♀️🍀🌹 လှပတဲ့ အသက်ရှူသံတွေ၊ တည်ငြိမ်တဲ့ စွမ်းအင်တွေနဲ့အတူ ရှင်သန်ခြင်းရဲ့ အလှတရားကို အတူတူ ခံစားကြည့်ဖို့ နဲ့ စိတ်ခွန်အားတွေအပြည့်နဲ့ အသစ်ပြန်လည် စတင်ဖ်ို့အတွက်
ယောဂီနီဗာစ့်က အားလုံးနဲ့ အတူတူ ရှိနေချင်ပါပီ 🥰

ညင်သာတဲ့ လှုပ်ရှားမှုတွေနဲ့အတူ စိတ်ဖိစီးမှုတွေကို လွှတ်ချပြီး ခွန်အားအသစ်တွေကို ပြန်လည် ဖြည့်တင်းကြပါမယ်ရှင် 🌟

အသစ်တဖန် ပြန်စမယ့် ဒီအလေ့အကျင့်မှာ ခွန်အားသစ်တွေနဲ့အတူ ပေါ့ပါးမှုတွေကို အတူတူ ရှာဖွေကြပါမယ်။
နွေးထွေးတဲ့ စွမ်းအင်တွေ ကိန်းဝပ်ရာ ဒီနေရာလေးမှာ အတူတူ ပြန်လည်ဆုံတွေ့ကြရအောင်နော် 🥰

𝑰𝒏-𝒑𝒆𝒓𝒔𝒐𝒏 Yoga Class for JUNE
✅𝐁𝐄𝐆𝐈𝐍𝐍𝐄𝐑 𝐂𝐥𝐚𝐬𝐬𝐞𝐬 (Beginner Level)
Tue,Wed & Thu ⭐️ 7:00 Am ~ 8:00 Am
Investment -120,000 MMK (within 4 weeks)

✅ Tue,Wed,Thu & Fri ⭐️ 7:00 Am ~ 8:00 Am
Investment -160,000 MMK (within 4 weeks)

✅ Tue,Wed &Thu ⭐️ 9:30 Am ~10:30 Am
Investment -120,000 MMK (within 4 weeks)

✅ Tue,Wed,Thu & Fri ⭐️ 9:30 Am ~ 10:30 Am
Investment -160,000 MMK (within 4 weeks)

✅ Wed ,Thu & Fri ⭐️ 4:00 Pm ~ 5:00 Pm
Investment -120,000 MMK (within 4 weeks)

✅ Wed ,Thu & Fri ⭐️ 6:30 Pm ~ 7:30Pm
Investment -120000 MMK (within 4 weeks)

✅𝐁𝐄𝐆𝐈𝐍𝐍𝐄𝐑 & 𝐑𝐄𝐆𝐔𝐋𝐀𝐑 𝐂𝐥𝐚𝐬s
Sat & Sun ⭐️ 9:00 Am ~10:00 Am
Investment - 100,000 MMK (within 4 weeks)

✅ Ashtanga Yoga Beginner Class
Sat & Sun ⭐️ 10:30 ~ 12:00 Am
Investment - 180000 MMK (within 4 weeks)

🌟Weight Loss , Body Beauty & Strength Class
✅ Tue,Wed,Thu & Fri ⭐️ 10:45 Am ~ 11:45 Am
Investment -200,000 MMK (within 4 weeks)

✅ Tue,Wed,Thu & Fri ⭐️ 5:20 Pm~ 6:20Pm
Investment -200,000 MMK (within 4 weeks)

ယောဂကို အခြေခံမရှိသူများအတွက်လဲ
class တိုင်းမှာ တစ်ဦးချင်းစီ သေချာ
ဂရုတစိုက် ပြပေးတာမို့ စိတ်ရော ကိုယ်ပါ
ပျော်ရွှင်စွာ လွတ်လပ်ပေါ့ပါးစွာ အတူတူ
လေ့ကျင့်နိုင်သွားပါတယ်

ယောဂီနီဗာစ့်မှာ လစဉ် အပတ်စဉ် နေ့စဉ်
အတန်းချိန် များ ပုံမှန် ရှိနေတာမို့
လကုန်တဲ့ထိ စောင့်စရာမလိုပဲ

မိမိ အဆင်ပြေရာ အချိန် နှင့် နေ့ရက်ကို
ရွေးချယ် တက်ရောက်နိုင်ပါတယ်ရှင် 🥰

🧘‍♀️Private Class 🧘‍♀️
Yoginiverse မှာ Private Yoga Session ယူနိုင်ပါတယ်။ Studio မှာ လာရောက် လေ့ကျင့်နိုင်သလို အိမ်မှာပဲစုပြီး လေ့ကျင့်ချင်တယ်ဆိုရင်လည်း နေရာပေါ်မူတည်ပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ်နော် 🥰

Instructor – Thett

📍 အမှတ်-349/က၊ ပထမထပ်၊ သုမင်္ဂလာလမ်းမကြီး၊ (၉ )ရက်ကွက် ၊ သုမင်္ဂလာ ပန်းခြံရှေ့ ၊ ရွှေအိုးဆေးဆိုင် အပေါ်ထပ် ၊ ပဒေသာမှတ်တိုင်၊ တောင်ဥက္ကလာပမြို့နယ်။

📞 Register now: 09-7400 23 223
📩 message us on the Yoginiverse page

Photos from Yoginiverse By Thett's post 16/05/2026

🧘‍♀️ယောဂီနီဗာစ့်ရဲ့ ပထမဆုံး အတန်းသစ်လေးကို
Full Booked ဖြစ်အောင် ပါဝင် အားဖြည့်ပေးကြတဲ့
တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူး အများကြီး တင်ရပါတယ်ရှင်

၂.၆.၂၀၂၅ ကျရင် ပုံမှန် Yoga Class တွေ
ပြန်တွေ့ကြရအောင်ပါရှင်

📍 အမှတ်-349/က၊ ပထမထပ်၊ သုမင်္ဂလာလမ်းမကြီး၊ (၉ )ရက်ကွက် ၊ သုမင်္ဂလာ ပန်းခြံရှေ့ ၊ ရွှေအိုးဆေးဆိုင် အပေါ်ထပ် ၊ ပဒေသာမှတ်တိုင်၊ တောင်ဥက္ကလာပမြို့နယ်။

📞 Register now: 09-7400 23 223
📩 message us on the Yoginiverse page

16/05/2026

🧘‍♀️💐🕊️စိတ်ကလေး ငြိမ်သက်ပြီး အနားရသွားစေမယ့်
Yoginiverse ရဲ့ Yin Yoga & Sound Healing အတန်းလေး..." 🥣🌿

13/05/2026

🕉️🪷 Yin Yoga & Sound Healing Session 🧘‍♀️

🍀တစ်ခါတလေမှာ ဘာမှမလုပ်ဘဲ
ငြိမ်သက်နေခြင်းက အကြီးမားဆုံး ကုသခြင်းပါပဲ။

🍀နေ့စဉ်ဖြတ်သန်းနေရတဲ့ တာဝန်တွေ၊ အလျင်စလိုဖြစ်မှုတွေနဲ့ ဆူညံသံတွေကြားမှာ ခဏတာ တိတ်ဆိတ်သွားမယ့် နေရာလေးတစ်ခု အဖြစ် မိမိကိုယ်ကိုယ် ပြန်လည်ချစ်ခင်ဖို့နဲ့ နက်နက်ရှိုင်းရှိုင်း ကုသပေးဖို့အတွက် ရည်ရွယ်ပြီး ဒီအထူး Session လေးကို ဖန်တီးထားတာ ဖြစ်ပါတယ် ။

🍀ကျမတို့ဟာ နေ့စဉ်လူနေမှုလောကရဲ့ ဆူညံသံတွေနဲ့ အလျင်စလို သွားလာနေရတဲ့ နေ့ရက်တွေကြားမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။

🍀အခုစီစဉ်ထားတဲ့ Yin Yoga & Sound Healing အထူး session လေးဟာ မိမိကိုယ်ကိုယ် ပြန်လည်ချစ်ခင်ပေးဖို့နဲ့ အေးချမ်းတဲ့ စွမ်းအင်တွေ ပြန်လည်
ဖြည့်တင်းဖို့အတွက် ရည်ရွယ်ပါတယ်ရှင် ။

🌿 Yin Yoga ရဲ့ ငြိမ်သက်ခြင်းဟာ ကြွက်သားတွေထက် ပိုမိုနက်ရှိုင်းတဲ့ အရွတ်နဲ့ တစ်ရှူးတွေရဲ့ တင်းကြပ်နေမှုကို ပြေလျော့စေပြီး
အနေအထား တစ်ခုစီမှာ အချိန်ယူပြီး ငြိမ်သက်နေခြင်းက ခန္ဓာကိုယ်ထဲမှာ ပိတ်ဆို့နေတဲ့ စွမ်းအင်တွေကို ပြန်လည်ပွင့်လန်းစီးဆင်းစေပြီး စိတ်ကိုလည်း လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ တည်ရှိနေစေပါတယ်။

🎶 Sound Healing ရဲ့ ကုသခြင်းဟာ
Singing Bowls တွေဆီက ထွက်ပေါ်လာတဲ့ သန့်စင်တဲ့ တုန်ခါမှုလှိုင်းတွေဟာ
မိမိရဲ့ ဦးနှောက်နှင့် အာရုံကြောတွေကိုအေးချမ်းတဲ့ အခြေအနေဆီ ပို့ဆောင်ပေးပါတယ်။ ဒီအသံလှိုင်းတွေဟာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တစ်ခုချင်းစီအထိ ရောက်ရှိသွားပြီး စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ညင်သာစွာ ပြေလျော့စေပါတယ်။

🌻မိမိကိုယ်ကိုယ် အချိန်ပေးဖို့ လိုအပ်နေသူတိုင်းအတွက် ဒီ Sanctuary လေးက အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ လူဦးရေ အကန့်အသတ်လေးနဲ့သာ သေသေချာချာ ဂရုစိုက် စီစဉ်ထားတာမို့ စိတ်ဝင်စားပါက ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။

📅 ရက်စွဲ: ၁၆.၅.၂၀၂၆-စနေနေ့

• ⏰ အချိန်: ညနေ - ၅:၃၀ မှ ၆:၃၀ အထိ

•🍀Happy Money- 33,333 🍀

• 📍 နေရာ: အမှတ်-349/က၊ ပထမထပ်၊ သုမင်္ဂလာလမ်းမကြီး၊ (၉ )ရက်ကွက် ၊ သုမင်္ဂလာ ပန်းခြံရှေ့ ၊ ရွှေအိုးဆေးဆိုင် အပေါ်ထပ် ၊ ပဒေသာမှတ်တိုင်၊ တောင်ဥက္ကလာပမြို့နယ်။

• 🧘 ပြင်ဆင်ရန်: သက်သောင့်သက်သာရှိသောအဝတ်အစားလေးတွေ ဝတ်ဆင်လာဖို့သာ လိုအပ်ပါတယ်။

🌻တည်နေရာ ရှာမတွေ့ပါက
09-740023223 သို့ ဖုန်းဆက် မေးမြန်းနိုင်ပါတယ်ရှင် 🌟

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

-
Yangon