Tin’s Diary

Tin’s Diary

Share

Peace environment

Photos from Tin’s Diary's post 20/03/2026

သူများတွေလို နေ့စဉ်ဆွမ်းတန်းကို ဆွမ်းလောင်းချင်ပေမယ့် အကြောင်းအကျိုး မသင့်လို့မလောင်းရပါဘူး ။

ဘုရားစင်ဆွမ်းတော်လဲ ပျက်ကွက် တဲ့အချိန်က များများပါပဲ ။

သို့ပေမယ့်

အိမ်တွင်းအလှူခံ ပုဂ္ဂိုလ် ကြီးများကိုတော့ စွမ်းသလောက်ချက်ပြုတ်ကျွေးမွေးရပါတယ် ။

20.3.26
Tin’s Diary

20/03/2026

လူတွေကို စိတ်ဆိုးရတာ ၊ စိတ်တိုင်းမကျရတာ အရမ်းပင်ပန်းပြီးအလုပ်ပျက်လွန်းလို့ စိတ်ဆိုးတာ တွေ မလုပ်ဖြစ်တော့ဘူး ။

စိတ်ဆိုးလာရင် ၊ စိတ်တိုင်းမကျလာရင် ဥပက္ခာပဲ ပြုလိုက်တော့တယ် ။

ကိုယ့်ကိုယ် အကောင်းဆုံးတွေ လုပ်ပေးဖို့ပဲ အာရုံစိုက်တော့တယ် ။

20.3.26
Tin’s Diary

Photos from Tin’s Diary's post 19/03/2026

ချက်တဲ့ ရက် မတူတဲ့ ဟင်း နှစ်မျိုး 🍀

စိတ်တွေက ကြိုပြီးနောင်တရနေသလို ဖြစ်နေတာ ။

ဒါပေမယ့် ဒါတွေက ကံတွေ ၊ ရေစက်တွေပဲ

ဖြစ်ရမယ့်အချိန်
ရှိနေရမယ့်အချိန်တွေမှာ ရှိနေ ၊ ဖြစ်နေရတာဟာ အတိတ်ဘဝဘဝက ပြုလုပ်ခဲ့တဲ့ ရေစက်နဲ့ ကံတွေပဲ ။

ဘဝကို ပျော်အောင်ထက် အေးချမ်းအောင်နေဖို့ အဓိက ကျတယ် ။

18.3.26
Tin’s Diary

11/03/2026

အလုပ်မပြီးပဲ အစွမ်းကုန်မောနေသလို ခံစားရတယ် ။

အချိန်မလောက်နိုင်အောင်ပဲ ။

ဝိတ်လဲ ပြန်လျော့နေတယ် ( နိုင်သလောက်ပေါ့ ) ။ ညနေစာ မစားဖြစ်တာတော့ 9.3.26 ကစတယ် ။

11.3.26
Tin’s Diary

10/03/2026

စာရေး ဆရာမ နိုင်းနိုင်းစနေကတော့ ..

“အတွင်းစိတ်ကလာတဲ့ ပျော်ရွှင်မှုရယ် ...
ခိုးယူလို့မရတဲ့ ကျန်းမာရေးကလွဲပြီး
ဘဝတစ်သက်တာမှာ ...
ကြွားဝါဖို့ ဘာမှ တန်ဖိုးရှိမနေပါဘူး...။” …..

မှန်လိုက်တာနော်

10.3.26
Tin’s Diary

Photos from Tin’s Diary's post 10/03/2026

ခရမ်းချဉ်သီးပန်ထွေဖျော် ၊ ကြက်ဥ ဆူးပုတ်ကြော် ၊ ကျောက်ဖရုံသီး ဟင်းရည် 🍀

ဟင်းချက်ရင်းတွေးမိတာလေး ချရေးလိုက်အုံးမယ်ကွယ် ။

သားသမီးမွေးလာရင် ဆုတံဆိတ်တွေ ရဖို့ထက် ဘဝကို ဘယ်လိုရင်ဆိုင်သင့်ကြောင်းတွေပဲ သင်ပေးသင့်တယ်ဆိုတာပဲ သင်ပေးသင့်တယ် ။

10.3.26
Tin’s Diary

Photos from Tin’s Diary's post 09/03/2026

တနေကုန် အေးချမ်းနေရောပဲ 🥰

ဘာလို့လဲလို့ အဖြေထုတ်ကြည့်တဲ့အခါ ဘယ်သူ့ဆီကမှ ဘာမှ မမျှော်လင့်တော့လို့ ။

9.3.26
Tin’s Diary

07/03/2026

ဒီနေ့ စဉ်းစားမိတယ် ။

လူတွေဆီကနေ တခုခုကိုမျှော်လင့်နေရင် ဘဝ က မပျော်ရွှင် ၊ မအေးချမ်းပါလားဆိုတာ ကွင်းကွင်းကွက်ကွက်မြင်သွားတယ်။

7.3.26
Tin’s Diary

Photos from Tin’s Diary's post 06/03/2026

ချဉ်ပေါင်ကြော်

ကိုယ့်စိတ်ကြိုက် ကြော်ထားတာ 🍀

Tin’s Diary
6.3.26

#ချဉ်ပေါင်ကြော်

26/02/2026

ကရမက် 🧚🏽‍♂️

25.2.26
Tin’s Diary

25/02/2026

၃ ရက်ခွဲလောက် အသိအမှတ်မပြုခံရတဲ့စိတ်ပြသနာကို ရင်ဆိုင်ပြီးနောက်ပိုင်း ပြန်လည်ကောင်းမွန်လာပါတယ် ။ ကိုယ့်ကို ပိုမိုကောင်းမွန်အောင်နေဖို့ပဲဆိုတာ အဖြေရလိုက်ပါတယ် ။ 🍀

ကိုယ့်ကို ချီးကျူးမိတာ တခုက ဘုရားရှိခိုးမပျက်ခဲ့ဘူးဆိုတာပါပဲ 🥰

ဘာလို့လဲဆိုတော့ အရင်က တခုခုဖြစ်ရင် ဘုရားရှိခိုးပျက်ပါတယ် ။ ခု တိုးတက်လာပြီပြောရမယ် 😻

25.2.26
Tin’s Evelyn

24/02/2026

အဆင်မပြေတာ ၃ ရက်ရှိပါပြီ ။
ဖြေမဆည်နိုင်အောင်ငိုမိပါတယ် ။
ငါ့ဘာငါ တစ်ယောက်ထဲ ဘယ်လိုပျော်အောင်နေမလဲ
အေးချမ်းအောင် ဘယ်လိုနေမလဲ … အဲ့ဒီမေးခွန်း ကိုယ့်ကိုယ်မေးကြည့်ပါတယ် ။

ကိုယ်လဲ ဖြေနည်းမတွေ့သေးဘူး 🍀

24.2.26
Tin’s Diary

Category

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Tin’s Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.