Shwe A Sin Skincare

Shwe A Sin Skincare

Share

အသက်အရွယ် ကျား ၊ မ မရွေး မျက်နှာအသားအရေ ကောင်းစေရန်အတွက် မရှိမဖြစ် Skincare (Viber Number 09786440455)

25/01/2026

📢 ၂၀၂၆ ဖေဖော်ဝါရီလမှ စတင်၍ စျေးနှုန်းအပြောင်းအလဲရှိမည့်အကြောင်း အသိပေးချက်

ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစရိတ်များ
မြင့်တက်လာခြင်းကြောင့် လာမည့် February 2026 မှစတင်၍ အောက်ပါ Skincare ပစ္စည်းများ၏ စျေးနှုန်းများကို ပြောင်းလဲသတ်မှတ်လိုက်ရပါသည်။

🗓 ဇန်နဝါရီလ (လက်ရှိစျေး) VS ဖေဖော်ဝါရီလ (စျေးနှုန်းသစ်)

✨ Cleanser: 30,000 Ks ➡️ 33,000 Ks
✨ Toner: 30,000 Ks ➡️ 33,000 Ks
✨ Liquid: 35,000 Ks ➡️ 37,500 Ks
✨ Moisturizer: 41,500 Ks ➡️ 45,000 Ks
✨ Eyecream: 31,000 Ks ➡️ 32,000 Ks
✨ Suncream: 31,000 Ks ➡️ 32,500 Ks

ဇန်နဝါရီလအတွင်း ဝယ်ယူသူများအနေဖြင့် လက်ရှိစျေးနှုန်းဟောင်းဖြင့်သာ ရရှိမည်ဖြစ်သောကြောင့် အခုပဲ မှာယူထားရင် စျေးတန်တန်နဲ့ရပါမယ်

25/01/2026

Moisturizer မသုံးရင် ဘာတွေ ဖြစ်လာမလဲ
-အသားအရေ ခြောက်သွေ့ ပြီးတင်းတိပ် တွေထွက်လာမယ်။
-အဆီပြန်လာမယ်။
-အရေပြားအပေါ်ယံလွှာပျက်ဆီးလာမယ်
-Skincare သော်လည်းထိရောက်မူနည်းနေမယ်

25/01/2026

စိတ်ဖိစီးမူကိုလျော့ချပါ။
စိတ်ဖိစီးမူတွေများလာတဲ့အခါ အသားအရေနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။တရားထိုင်တာ၊ယောဂကျင့်တာ ဒါမှမဟုတ် ဝါသနာပါရာတခုခုလုပ်တာမျိုးနဲ့ စိတ်ကို အနားပေးပါ။

24/01/2026

အဆီပြန်တဲ့ အသားအရေကို ၇ ရက်အတွင်းဘယ်လို ဖြေရှင်းမလဲ
အဆီပြန်တဲ့ အသားအရေ (Oily Skin) ပိုင်ဆိုင်ထားသူတွေအတွက် နေ့စဉ် ဂရုစိုက်မှုက တကယ့်ကို အရေးကြီးပါတယ်။ အဆီပြန်တာကို လျှော့ချဖို့နဲ့ အသားအရေ ကြည်လင်နေစေဖို့
• သန့်စင်ခြင်း (Cleansing) မျက်နှာကို တစ်နေ့ နှစ်ကြိမ် (မနက်/ည) ထက် ပိုမသစ်သင့်ပါဘူး။ ခဏခဏ သစ်ပေးရင် အသားအရေ ခြောက်သွေ့သွားပြီး အဆီတွေ ပိုထွက်လာတတ်ပါတယ်။
• အစိုဓာတ်ထိန်းခြင်း (Moisturizing) "အဆီပြန်နေတာပဲ မလိုတော့ဘူး" လို့ ထင်ရပေမဲ့ အသားအရေ ရေဓာတ်ခမ်းခြောက်ရင် အဆီတွေ ပိုထွက်လာတတ်ပါတယ်။ ဒါကြောင့် Oil-free ဖြစ်တဲ့ moisturizer သုံးပေးဖို့ လိုပါတယ်။
• နေကာခရမ် (Sunscreen) အဆီပြန်တာကို ပိုမဆိုးစေတဲ့ non-comedogenic (ချွေးပေါက်မပိတ်စေတဲ့) နေကာခရမ်ကို ရွေးချယ်တတ်ဖို့ လိုပါတယ်။

24/01/2026
24/01/2026

တနေ့တနေ့ Skincare တဲ့အခါ ဘယ်အဆင့်ကိုကျော်လေ့ရှိလဲ
မပါ မဖြစ်လေးဆိုရင်ကော ဘာလေးဖြစ်မလဲ

Toner ဟာ အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး ခြောက်သွေ့မူကို ကာကွယ်ပေးတဲ့အပြင် ချွေးပေါက်ကိုကျဉ်းစေတဲ့အတွက် ဝက်ခြံဖြစ်နိုင်ခြေနည်းသွားစေပါတယ်။
မျက်နှာအဆီပြန်မူကို သက်သာစေတဲ့အပြင်အရေးပြားအတွင်းပိုင်းကို ဖုန်မှုန့်နဲ့ အညစ်အကြေးတွေမဝင်ရောက်အောင် ကာကွယ်ပေးပါတယ်။
တနေ့တာရဲ့ Natural အတိုင်း အလှတရားအစစ်ကိုရချင်လား
ဒါဆိုရင်တော့ HM Skincare Series လေးကိုသာ သုံးကြည့် Natural အတိုင်းလေး တနေ့လုံးလှပနေမှာ အသေအချာဘဲနော်။ ဒါနဲ့ အဆင့်တွေတော့ ကျော်မလိမ်းကြေးနော်။HM Skincare လဲ သုံးချင်တယ်
Budgetလဲ ချွေတာချင်တယ်
HM Skincare လဲ သုံးချင်တယ်
Budgetလဲ ချွေတာချင်တယ်ဆိုရင်
ဒီ ၆ မျိုးဆက် ကို သုံးကြည့်ပါ အသားအရေ ကောင်းလာမယ်ဆိုတာ အာမခံပါတယ်။
အသားခြောက်တဲ့သူ အဆီပြန်တဲ့သူ ဝက်ခြံ တင်းတိပ် အမဲစက်ရှိတဲ့သူတွေအတွက် အသင့်တော်ဆုံး ဖြစ်တဲ့ ၆ မျိုးစက်ထဲမှာ ဘာတွေပါတာဘဲဆိုတော့
FDA ရထားပြီး Korea Make
Cleaning water
Enzyme Cleanser
Moisturizing Toner
Liquid (Serum)
Moisturizer (မအိုဆေး)
Suncream (နေကာခရင်မ်)
၄/၅ လ အသုံးခံတာမို့ စိတ်ချယုံကြည်စွာသုံးလို့ရပါတယ်။



Viber Phone 09 786440455

23/01/2026

အီလွန်မက်စ်ရဲ့မေမေ မေရီမက်စ်က အံ့အားသင့်ဖွယ် စကားတစ်ခွန်းကို ထပ်ပြောလိုက်ပါတယ်။

"အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အခိုင်မာဆုံး ပိုင်ဆိုင်မှုက အလှအပ၊ ချမ်းသာကြွယ်ဝမှု၊ ကောင်းမွန်တဲ့အိမ်ထောင်ရေး မဟုတ်ဘဲ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် စဉ်ဆက်မပြတ် သင်ယူနိုင်စွမ်း၊ အလုပ်ကို မစွန့်လွှတ်တာ၊ မိမိကိုယ်ကို ထွန်းတောက်နိုင်စွမ်းရှိတာဖြစ်တယ်"

အသက် ၇၇ နှစ်အရွယ် မေရီမက်စ်ဟာ အခြားအဘွားအိုတွေ ဈေးထဲ ဈေးဝယ် ဈေးဆစ်နေချိန်မှာ သူက မော်ဒယ်လျှောက်၊ ကမ္ဘာတစ်ဝှမ်းမှာ မိန့်ခွန်းပြော၊ လူမှုကွန်ရက်မှာ လူငယ်တွေနဲ့ အပြန်အလှန် ပြောဆိုဆက်ဆံနေပါတယ်။

သူဟာ သားဖြစ်သူရဲ့ ကျော်ကြားမှုပေါ် မှီခိုမနေသလို "လူမှုရေးဆန်ခါ" ကိုလည်း အားမကိုးပါဘူး။

သူ အားကိုးတာက ဆယ်စုနှစ်များစွာ စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ခဲ့တဲ့ သင်ယူမှုနဲ့ အလုပ်အကိုင် ဖြစ်ပါတယ်။ မိမိကိုယ်ကို သံချေးမတက်တဲ့ ဓားတစ်ချောင်းအဖြစ် ပြုစုပျိုးထောင်တာဖြစ်တယ်။

အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ အခိုင်မာဆုံး ပိုင်ဆိုင်မှုက ရုပ်ရည်မဟုတ်ဘူး၊ ကောင်းမွန်တဲ့ အိမ်ထောင်ရေး မဟုတ်ဘူး၊ သင်ယူမှုနဲ့ အလုပ်ကို မစွန့်လွှတ်ဘဲ မိမိကိုယ်ကို တောက်ပမှုလို့ ပြောပါတယ်။

ကြားရတာ လှုံ့ဆော်မှုစကားတစ်ခွန်းလို့ ထင်ရပေမယ့် သူ့ဘဝ လာရာလမ်းကြောင်းကို သိရင် ဒါဟာ အချည်းနှီးစကား မဟုတ်ဘူးဆိုတာ သိလာမှာပါ။

သူဟာ အသက် ၂၂ နှစ်မှာ အိမ်ထောင်ကျပြီး အသက် ၃၁ နှစ်မှာ အိမ်ထောင်ကွဲပါတယ်။ ကလေးသုံးယောက်ကို တစ်ယောက်တည်း ပြုစုကျွေးမွေးခဲ့ပြီး စုငွေ၊ အရင်းအနှီး၊ အဆက်အသွယ်မရှိဘဲ တစ်ယောက်တည်း နေထိုင်ခဲ့ပါတယ်။ ခင်ပွန်းဟောင်းရဲ့ အကြမ်းဖက်မှုကိုလည်း ရှောင်ခဲ့ရပါတယ်။

ဒီအခြေအနေမျိုးမှာ သူဟာ သြဇာရှိတဲ့ ကျောထောက်နောက်ခံပေးသူကို မရှာခဲ့သလို ဘဝပြောင်းလဲဖို့ ယောက်ျားတစ်ယောက်ကို မှီခိုအားထားတာမျိုးလည်း မလုပ်ခဲ့ပါဘူး။

အဲဒီအစား သူဟာ အာဟာရဘာသာရပ်နဲ့ မဟာဘွဲ့ကို ပြန်လည်ရယူခဲ့ပြီး တောင်အာဖရိကမှာ စုဆောင်းထားတဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အတွေ့အကြုံတွေကို စာမျက်နှာတစ်ရွက်ချင်းစီ ပြန်ရေးသားခဲ့ပါတယ်။

သူဟာ အချိန်ပိုင်းအလုပ် ငါးခုကို လုပ်ကိုင်ခဲ့ဖူးပြီး ကလေးထိန်းရင်း အလုပ်လုပ်ရင်း ညဘက်မှာ အတန်းတက်ခဲ့ပါတယ်။

တစ်နည်းပြောရရင် သူဟာ ဇွဲလုံ့လ၊ ကြိုးစားအားထုတ်မှုနဲ့ ပညာရေးဘွဲ့ကို သယ်ဆောင်ပြီး တောင်အာဖရိကကနေ ကနေဒါ အဲဒီကမှတဆင့် နယူးယောက်ကို ရောက်လာခဲ့ပါတယ်။ အဲဒီနောက် နယူးယောက်ကနေ ကမ္ဘာတစ်ဝှမ်းက ကြော်ငြာဘုတ်တွေနဲ့ ဖက်ရှင်မဂ္ဂဇင်း မျက်နှာဖုံးတွေပေါ် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒါတွေအားလုံးက သူ့ရဲ့ အလှအပကြောင့် မဟုတ်ဘဲ သူဟာ လက်ထဲက အလုပ်ကို မရပ်ခဲ့သလို ဦးနှောက်ထဲက သင်ယူမှုကိုလည်း မရပ်ခဲ့လို့ဖြစ်ပါတယ်။

သူ့ရဲ့ဇာတ်လမ်းက ဒီကနေ့ခေတ် သာမန်အမျိုးသမီးအများစုရဲ့ လက်တွေ့ဘဝနဲ့ အတော်လေး ဆင်တူပါတယ်။

သူ့ရဲ့ အာဟာရဆိုင်ရာသီအိုရီတွေကို ကိုယ် နားမလည်နိုင်ပေမယ့် မနက်မိုးလင်း မျက်လုံးဖွင့်တာနဲ့ ပေးစရာဘေလ်တွေ၊ ကလေးတွေနဲ့ အလုပ်ခွင်ဖိစီးမှုတွေရဲ့ နေ့စဉ်ဘဝကိုတော့ နားလည်မှာပါ။ သူက ကံကြမ္မာကို "တန်ပြန်တိုက်ခိုက်တာ" မဟုတ်ပါဘူး။ အားတင်းပြီး ဇွဲမလျှော့စတမ်း မရပ်တန့်ခဲ့တာပါ။

သူက အီလွန်မက်စ်ရဲ့မေမေမို့ "သူ့သားက ကာကွယ်ပေးထားတယ်" လို့ အောင်မြင်သူတစ်ယောက်ကို အများက ပြောကြပါတယ်။ သူက သားဖြစ်သူရဲ့ စောင့်ရှောက်မှုကို မမျှော်လင့်ခဲ့သူပါ။

ဆန့်ကျင်ဘက်အနေနဲ့ ကလေးတွေငယ်စဉ်ကတည်းက ကလေးတွေကို သူက "မင်းတို့ရဲ့ အိမ်စာကို ငါမစစ်ဘူး၊ သင်ယူဖို့လည်း မတိုက်တွန်းဘူး။ မင်းတို့ကိုယ်တိုင် ကိုယ့်ဘဝကိုယ် တာဝန်ယူရမယ်" လို့ ပြောခဲ့ပါတယ်။

သူဟာ ကလေးတွေအတွက် လမ်းမခင်းပေးဘူး။ သူကိုယ်တိုင် မီးတစ်ဆောင် ဖြစ်အောင် ကြိုးစားတယ်။ ကလေးတွေကို သူ ဂရုမစိုက်ဘူးလို့ လူတွေ ပြောကောင်းပြောပါလိမ့်မယ်။ မဟုတ်ပါဘူး... ကိုယ်တိုင် မုန်တိုင်းတွေကို မခံနိုင်ရင် ကလေးတွေအတွက် ဘယ်လို ထီးဆောင်းပေးမလဲဆိုတာကို သူပ်ိုနားလည်လို့ဖြစ်တယ်။

သူ့ဘဝနေထိုင်မှုပုံစံက လက်တွေ့ကျပါတယ်။ သူဟာ ပါရမီရှင်တစ်ယောက် မဟုတ်သလို ထူးခြားတဲ့ ကျောထောက်နောက်ခံလည်း မရှိပါဘူး။ သူဟာ "သူကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် အရာအားလုံးကို အောင်မြင်ခဲ့တဲ့" သာမန်လူတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ ပညာရေးဆိုင်ရာ အတွေးအခေါ်ကလည်း သိပ်မြင့်တဲ့ အတွေးအခေါ် မဟုတ်ပါဘူး။ ရိုးရိုးလေးပြောရရင် "မင်းအတွက် ဆုံးဖြတ်ချက်တွေ ငါချမပေးပေမယ့် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင် ငါနေမယ်" ဆိုတာဖြစ်တယ်။

သားသမီးတွေ ရှုံးနိမ့်တဲ့အခါ သူက "မင်း မလုပ်နိုင်ဘူးဆိုတာ ငါသိတယ်" လို့ မပြောသလို သားသမီးတွေ အောင်မြင်တော့လည်း ကြွားဝါတာမျိုး မရှိပါဘူး။ အားပေးမှုကို သူတို့ လိုအပ်
ချိန်မှာ "မင်း ကြိုးစားကြည့်လို့ ရတယ်" လို့ပဲ ပြောခဲ့ပါတယ်။

သားသမီးတွေ အောင်မြင်ဖို့အတွက် သူဘာမှ မစွန့်လွှတ်ခဲ့တဲ့အတွက် သူနဲ့ သားသမီးကြားမှာ "ကျေးဇူးတရားရှိတဲ့တာဝန်" ထက် "တန်းတူလေးစားတဲ့ ဆက်ဆံရေး"ကို ထားရှိနိုင်ခဲ့ပါတယ်။

သူ့ရဲ့ "ထွန်းတောက်မှု" က ပြင်ပအခြေအနေပေါ်မှာ အခြေခံတာ မဟုတ်ဘဲ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အရည်အချင်းတွေနဲ့ စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်နေတဲ့ စိတ်အားထက်သန်မှုပေါ်မှာ အခြေခံပါတယ်။

"တကယ်လို့ ကိုယ်က ပိုကောင်းတဲ့ဘဝနဲ့ မထိုက်တန်ဘူးလို့ ခံစားရရင် အရည်အချင်းတွေ ပိုသင်ယူပါ" လို့ သူပြောခဲ့ဖူးပါတယ်။

ဒီစကားက အေးစက်စက် ထင်ရပေမယ့် လူတွေရဲ့ နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။

အသက် ၆၀ အရွယ်မှာ သူ့ရွယ်တူတွေ အငြိမ်းစားယူနေချိန်မှာ သူက L'Oréal ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဖိတ်ကြားခံရပါတယ်။

အသက် ၇၃ နှစ်မှာ သူဟာ နိုင်ငံတကာ မဂ္ဂဇင်း ၁၆ ခုရဲ့ မျက်နှာဖုံးမှာ ပါဝင်ခဲ့ပြီး အသက် ၇၄ နှစ်မှာ Sports Illustrated ရေကူးဝတ်စုံ မဂ္ဂဇင်းမှာ ပါဝင်ခဲ့ပြီး မော်ဒယ်တွေထဲမှာ အသက်အကြီးဆုံးတစ်ယောက်အဖြစ် ပါဝင်လာခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ တရုတ်မိခင်နဲ့ ကလေး အမှတ်တံဆိပ်တစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့ပါတယ်။

သူဟာ အသက်အရွယ်ကို မှီခိုတာ မဟုတ်တာကြောင့် အိုမင်းရင့်ရော်မှုကို ဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး။

သူက မအိုတာ မဟုတ်ဘဲ အိုလည်းပဲ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

"အသက်အရွယ်ဆိုတာ အတားအဆီး မဟုတ်ပါဘူး... လူ့အဖွဲ့အစည်းရဲ့ ဆင်ခြေတစ်ခုသာ ဖြစ်ပါတယ်" လို့ သူပြောခဲ့ပါတယ်။

သူဟာ အသက်အရွယ်ကို ဘယ်တော့မှ မရှောင်ဖယ်ပါဘူး။ ဘဝ အစိတ်အပိုင်းတိုင်းမှာ သူ့တန်ဖိုး သူ့ရှိတယ်လို့ ယုံကြည်ထားပါတယ်။

သူရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို "အမျိုးသမီးတစ်ယောက်ရဲ့ ဘဝ" ( A Woman Makes a Plan) လို့ ပေးထားပါတယ်။ ဒီစကားလုံးတွေဟာ နားထောင်ကောင်းရုံသက်သက် မဟုတ်ဘဲ ဆယ်စုနှစ်များစွာ သူ့ဘဝအတွေ့အကြုံရဲ့ ရလဒ်ဖြစ်ပါတယ်။

တောင်အာဖရိကကနေ ကနေဒါ၊ ပြီးတော့ အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းအထိ သူဟာ အလုပ်တွေ၊ လိပ်စာတွေနဲ့ မှတ်ပုံတင်တွေပြောင်းလဲခဲ့ပေမယ့် မိမ်ကိုယ်ကိုအားကိုးမှုဆိုတဲ့ ယုံကြည်မှုကိုတော့ လုံးဝ မပြောင်းခဲ့ပါဘူး။

ဒီကနေ့ခေတ်မှာ အမျိုးသမီးတွေရဲ့ အောင်မြင်မှုကို ထူးကဲတဲ့အလှတရား ဒါမှမဟုတ် ဂုဏ်သိက္ခာရှိတဲ့ အိမ်ထောင်ရေးနဲ့ နှိုင်းယှဉ်ပြီး လူအများ အထင်လွဲနေကြဆဲဖြစ်ပါတယ်။

ဒါပေမဲ့ မေရီမက်စ်ရဲ့ဘဝက စစ်မှန်တဲ့ယုံကြည်မှုဟာ ဘာမှမရှိရင်တောင် ကိုယ့်အားကိုယ်ကိုးပြီး အစကနေ ပြန်စနိုင်လို့ ပြောပြနေပါတယ်။

ကိုယ့်မှာ လှပတဲ့ရုပ်ရည် မရှိပေမယ့်
ပိုက်ဆံရှာဖို့ ဦးနှောက်မရှိလို့ မရပါဘူး။

ကိုယ့်မှာ တည်ငြိမ်တဲ့အိမ်ထောင်ရေး မရှိပေမယ့် တည်ငြိမ်တဲ့ဝင်ငွေ မရှိလို့ မရပါဘူး။

ဘဝရဲ့ ထိုးနှက်ဖိနှိပ်မှုကို ခဏတာ ကိုယ်ခံရနိုင်ပေမယ့် လဲကျရာက ပြန်မထလို့ မရပါဘူး။

ယနေ့ခေတ် အမျိုးသမီးအများစုဟာ ကလေးထိန်းရင်း သင်တန်းတက်ရင်း၊ အလုပ်လုပ်ရင်း ပညာတွေ သင်ယူနေကြပါတယ်။

လူ့ဘောင် လူ့လောကလည်း ပြောင်းလဲနေပါတယ်။ မြို့ကြီးတွေမှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်ပြပွဲတွေ ပိုကျင်းပလာကြပြီး လေ့ကျင့်ရေးဌာနတွေကလည်း မိခင်တွေအတွက် သင့်တော်တဲ့ အချိန်ဇယားနဲ့ သင်တန်းတွေ ပေးနေကြပါတယ်။ ဒါဟာ အမျိုးသမီးတွေ ကိုယ့်အားကိုယ်ကိုးလိုတာဟာ စိတ်ကူးမဟုတ်တော့ဘဲ လက်တွေ့ကျတဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေပြီဆိုတာ ပြသနေပါတယ်။

မေရီမက်စ်ရဲ့ "ထွန်းတောက်ဖို့" ဆိုတဲ့ စကားက အနုပညာကြယ်တစ်ပွင့် ဖြစ်လာဖို့ မဆိုလိုပါဘူး။ ကိုယ့်စိတ်အားထက်သန်မှုကို မငြိမ်းသတ်မိဖို့ပါ။

ကြီးကျယ်ခမ်းနား အောင်မြင်ရမယ်လို့ မဆိုလိုပါဘူး။ ဘဝက ကိုယ့်ကို တွန်းချတဲ့အခါ ကိုယ်တိုင် ပြန်ထလာနိုင်တယ်ဆိုတာကို ဆိုလိုပါတယ်။

သူဟာ အသက် ၇၇ မှာတောင် ထိပ်တန်းမင်းသမီးတစ်ယောက်လို ရှင်သန်နေဆဲဖြစ်ပါ်။ ဒါဟာ ကံကောင်းလို့ မဟုတ်ဘဲ သူ့ဇာတ်ညွှန်းကို ရေးဖို့ တခြားသူကို ဘယ်တုန်းကမှ သူ အားမကိုးခဲ့လို့ပါ။

သူဟာ "တခြားလူရဲ့ မေမေမို့ တော်နေတာ" မဟုတ်ပါဘူး။ သူဟာ ကျွန်မတို့ကြိုးစားရင် ဖြစ်နိုင်တဲ့ လူမျိုးပါ။

သူ့ရဲ့ ဇာတ်လမ်းက ဒဏ္ဍရီပုံပြင် မဟုတ်ပါဘူး။ လမ်းညွှန်လက်စွဲစာအုပ် တစ်အုပ်ပါ။

ရုပ်ရည်၊ ငွေကြေးနဲ့ အိမ်ထောင်ရေးက ယုံကြည်စိတ်ချရမှု မရှိတဲ့အခါ ဘဝတစ်လျှောက်မှာ ကိုယ့်ကို ထောက်ပံ့ပေးနေမှာက ကိုယ့်ဦးနှောက်၊ ကိုယ်ကျွမ်းကျင်မှုနဲ့ ဆက်လက်တိုးတက်အောင် လုပ်ဆောင်ဖို့ ကိုယ့်ရဲ့ စဉ်ဆက်မပြတ် စိတ်အားထက်သန်မှုပဲဖြစ်ပါတယ်။

--- ကျွန်မလည်း သင်ယူရင်း ခွန်အားတွေ ရယူရင်း ဘာသာပြန်မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

Photos from Shwe A Sin Skincare's post 23/01/2026

တင်းတိပ် နှင့် အမည်းစက် သက်သာစေဖို့ လျှို့ဝှက်ချက် (၂) ခုပဲ ရှိပါတယ်:
"မှန်ကြည့်လိုက်တိုင်း ပါးပြင်ပေါ်က တင်းတိပ်နဲ့ မှဲ့ခြောက်တွေက ပိုပိုသိသာလာသလိုပဲ..." ဆိုပြီး စိတ်ညစ်နေရပြီလားရှင်? 😔
တင်းတိပ်ဆိုတာ တစ်ညတည်းနဲ့ ဖြစ်လာတာမဟုတ်သလို၊ တစ်ရက်တည်းနဲ့လည်း ချက်ချင်း အမြစ်ပြတ်ဖို့ ခက်ပါတယ်။ ဒါပေမဲ့... မှန်ကန်တဲ့ နည်းလမ်းနဲ့ စိတ်ရှည်မှု ရှိရင်တော့ တဖြည်းဖြည်း မှေးမှိန်သွားအောင် ကုသလို့ ရပါတယ်။
အသားအရေလှဖို့ဆိုတာ ဈေးကြီးတဲ့ Skincare တွေ အများကြီးသုံးရမှာ မဟုတ်ပါဘူး... မှန်ကန်တဲ့ အခြေခံ (၂) ခုကို စနစ်တကျ သုံးတတ်ဖို့ပဲ လိုတာပါ။
၁။ အသားအရေက ခြောက်သွေ့နေရင် နေလောင်ဒဏ်ကို ပိုခံရလွယ်ပြီး တင်းတိပ်တွေ ပိုအမြစ်တွယ်စေပါတယ်။ Moisturizer က အသားအရေကို ကျန်းမာအောင် အားဖြည့်ပေးလို့ ကုသမှုမှာ ပိုထိရောက်စေပါတယ်။
အသားအရေ ခြောက်တဲ့သူမှ သုံးရမှာမဟုတ်ပါဘူး။ အဆီပြန်တဲ့သူ၊ ဝက်ခြံရှိတဲ့သူတွေအတွက်လည်း Moisturizer က မရှိမဖြစ် လိုအပ်ပါတယ်ရှင်။

၂။ နေရောင်ခြည်ကို အထိရောက်ဆုံး ကာကွယ်ခြင်း (Sunscreen က မမတို့ရဲ့ အသက်ပါပဲ)။
HM Skincare Products တွေက သုံးစွဲသူတိုင်းကို ၂ ပါတ်အတွင်း သိသာတဲ့ ရလာဒ်ကိုပေးစွမ်းနိုင်တာမို့ ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါသည်။
အမြို့မြို့အနယ်နယ်သို့ ပစည်းရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါသဖြင့် ယုံကြည်စိတ်ချစွာ မှာယူနိုင်ပြီး ငွေကြိုလွဲစရာမလိုပါ။
Viber Phone 09 786440455
• #တင်းတိပ်မှဲ့ခြောက်
• #ဝက်ခြံနှင့်အမည်းစက်
• #အသားအရေကြည်လင်စိုပြေဖို့
• #နေလောင်ဒဏ်ကာကွယ်ပါ

Website

Address

Aung Chan Thar(6th)street
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Shwe A Sin Skincare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.