Sakura Baby & Mom Shop
�100% Japan Original Product Store�
24/08/2026
Meiji 0-1 , 1-3 နို့မှုန့် ၊ နို့ခဲ များထပ်ဝင်ပါပြီရှင်! ရှေ့ တသုတ်မရလိုက်တဲ့မေမေများ လာမှာယူလို့ရပါပြီရှင်။
စောင့်ဆိုင်းပေးတဲ့အတွက်လည်း မင်တို့မှ ကျေးဇူးအထူးတင်ပါတယ်ရှင်။ 💕💕
🤗ယနေ့အချိန်ထိယုံကြည်စိတ်ချစွာ အားပေးလာခဲ့ကြတဲ့ မေမေများ ကျေးဇူးအထူးတင်ပါတယ်။🤗💓
💯 Japan made စစ်စစ်တမျိုးတည်းသာရောင်းချပေးပါတယ်ရှင်။💯
#ဖြည့်စွက်စွာ
18/08/2026
Meiji 1-3 နို့မှုန့် တွေရောက်ပါပြီရှင်🤗💫💫
လက်လီ/ လက်ကား ဝယ်ယူအားပေးနိုင်ပါပြီ။
Exp date: 2028 date fresh တွေပါ။
💯Japan product စစ်စစ်သာရောင်းပေးပါသည်ရှင်။
ယုံကြည်စိတ်ချစွာ အမြဲအားပေးနေသော customers များအား ကျေးဇူးအထူးတင်ပါသည်။💕💕💕
#ဖြည့်စွက်စာ
12/08/2026
Meiji နို့မှုန့် နဲ့ နို့ခဲ များ မျှော်နေကြတဲ့ မေမေများ Japan မှ ပို့လိုက်ပါပြီနော်။ လိုအပ်တဲ့မေမေများ ကြိုတင် Order တင်ထားနိုင်ပါပြီ။ ပစ္စည်းလေးတွေရောက်တာနဲ့ Order သမားကို ဦးစားပေးပို့ပေးသွားပါမယ်ရှင်။ အစဉ်အမြဲ အားပေးနေတဲ့ မေမေများအားလုံး ကို ကျေးဇူးအထူးတင်ရှိပါကြောင်း 🤗🥰🥰
Meiji 0-1 နဲ့ 1-3 နို့ခဲတွေ လက်လီ/လက်ကားရပါတယ်နော်။ နို့မှုန့်တွေကတော့ လကုန်မှ ပြန်ရပါတော့မယ်ရှင်။
Meiji 1-3 နို့မှုန့် ၊ နို့ခဲ
Meiji 0-1 နို့မှုန့် ၊ နို့ခဲ
တွေအကုန် Instock ရှိပါတယ်ရှင်!
29/05/2026
အသက် (၁) နှစ်ကနေ (၃) နှစ်အရွယ် စူးစမ်းလေ့လာမှု အားကောင်းတဲ့အရွယ်အတွက်ကတော့ ဂျပန်နိုင်ငံထုတ် Meiji Step 1-3 တိုက်ရမှာပါမေမေတို့ရေ။ 🥰
၁။ ထမင်းစားနည်းတဲ့ ကလေးတွေအတွက် အာဟာရ ၁၀၀% ပြည့်ဝစေခြင်း။
အသက် ၁ နှစ်ကျော်လာရင် ကလေးတွေက ဖြည့်စွက်စာ (ထမင်း) စားတဲ့အရွယ် ရောက်လာပါပြီ။ ဒါပေမဲ့ ကလေးတော်တော်များများက ထမင်းသိပ်မစားဘဲ ဂျီကျတတ်တာကြောင့် သံဓာတ် (Iron) နဲ့ ကယ်လ်စီယမ် (Calcium) ဓာတ်တွေ လိုအပ်ချက်ထက် နည်းသွားတတ်ပါတယ်။ Meiji 1-3 ကတော့ ကလေးတွေ နေ့စဉ်လိုအပ်တဲ့ သံဓာတ်နဲ့ ကယ်လ်စီယမ် ပမာဏကို ၁၀၀% ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်အောင် အထူးထုတ်လုပ်ထားလို့ ထမင်းစားနည်းတဲ့ကလေးတွေအတွက် မေမေတို့ စိတ်အချရဆုံးပါပဲ။
၂။ စူးစမ်းလေ့လာမှု အားကောင်းမယ့်အရွယ်အတွက် ဦးနှောက်နဲ့ ဉာဏ်ရည် (DHA)။
၁ နှစ်ကနေ ၃ နှစ်ဆိုတာ လမ်းလျှောက်သင်၊ စကားပြောသင်နဲ့ ပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းလေ့လာပြီး ဉာဏ်ရည်အဖွံ့ဖြိုးဆုံး အရွယ်ဖြစ်ပါတယ်။ Meiji 1-3 မှာ ကလေးငယ်တွေရဲ့ ဦးနှောက်ဆဲလ်တွေ ပိုမိုဖွံ့ဖြိုးဖို့နဲ့ မှတ်ဉာဏ်ကောင်းမွန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ DHA ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
၃။ အရိုးနဲ့ သွားများ သန်မာထွားကျိုင်းစေခြင်း။
ကလေးက ဆော့ကစားတာ၊ လမ်းလျှောက်တာ၊ ပြေးလွှားတာတွေ လုပ်လာပြီဖြစ်လို့ အရိုးအဆစ်တွေ သန်မာဖို့ အလွန်အရေးကြီးပါတယ်။ Meiji Step 1-3 မှာ အရိုးနဲ့ သွားတွေကို သန်မာစေတဲ့ ကယ်လ်စီယမ် (Calcium) သာမက၊ ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်အောင် ကူညီပေးတဲ့ ဗီတာမင် D (Vitamin D) ပါ မျှမျှတတ ပါဝင်ပါတယ်။
၄။ ဝမ်းမချုပ်ဘဲ အစာခြေစနစ် ကောင်းမွန်ခြင်း။
၁ နှစ်ကျော်လို့ အစားအစာမျိုးစုံ စမ်းသပ်စားသောက်တဲ့အခါ ကလေးတွေ ဝမ်းချုပ်တာ၊ အစာမကြေတာတွေ ဖြစ်တတ်ပါတယ်။ Meiji ထဲမှာ ပါဝင်တဲ့ FOS (Fructooligosaccharides) သဘာဝအမျှင်ဓာတ်က ကလေးရဲ့ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို အားကောင်းစေပြီး အစာခြေစနစ်ကို မှန်ကန်စေတဲ့အတွက် နို့မှုန့်ကြောင့် ဝမ်းချုပ်မှာကို လုံးဝပူစရာမလိုပါဘူး။
💥ထမင်းစားနည်းလို့ အာဟာရမပြည့်မှာ စိတ်ပူနေရတဲ့ မေမေတို့အတွက် သံဓာတ်၊ ကယ်လ်စီယမ်နဲ့ DHA ကို အချိုးကျကျ ဖြည့်ဆည်းပေးပြီး၊ ဝမ်းမှန်ပြီး ကိုယ်ခံအားလည်း ကောင်းစေလို့ အခုပဲ မှာယူလိုက်တော့နော်။ 🍼✨
#၁နှစ်မှ၃နှစ် #ဖြည့်စွက်စွာ #နို့မှုန့်
29/05/2026
ဂျပန်နိုင်ငံရဲ့ No.1 ရောင်းအားအကောင်းဆုံး Meiji Hohoemi (0-1) နို့မှုန့်က တခြားနို့မှုန့်တွေထက် ဘာလို့ထူးခြားပြီး နာမည်ကြီးရလဲဆိုတဲ့ အချက်ကို အောက်ပါ (၄) ချက်နဲ့ရှင်းပြပေးပါမယ်ရှင်။
၁။ မိခင်နို့ရည်နဲ့ အနီးစပ်ဆုံးတူအောင် ထုတ်လုပ်ထားခြင်း
Meiji ဟာ အနှစ် (၄၀) ကျော်ကြာ ကလေးငယ်ပေါင်း ၂ သိန်းကျော်ရဲ့ ဖွံ့ဖြိုးမှုကို သုတေသနပြုလုပ်ခဲ့ပြီး မိခင်နို့ရည် ၄,၀၀၀ ကျော်ကို ဓာတ်ခွဲစမ်းသပ်ပြီးမှ ဒီနို့မှုန့်ကို ဖော်စပ်ထုတ်လုပ်ခဲ့တာပါ။ ဒါကြောင့် ကလေးက မိခင်နို့နဲ့မခြား အရသာရော အာဟာရပါ အဆင်ပြေပြေ သောက်သုံးနိုင်ပါတယ်။
၂။ ဦးနှောက်နဲ့ ဉာဏ်ရည် (DHA & ARA) မျှတစွာပါဝင်ခြင်းကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ အားကောင်းဖို့အတွက် DHA ရော ARA ဓာတ်ပါ မရှိမဖြစ်လိုအပ်ပါတယ်။ Meiji 0-1 မှာတော့ ကလေးရဲ့ ဦးနှောက်ဆဲလ်တွေ ကောင်းမွန်စွာ ဖွံ့ဖြိုးဖို့အတွက် မိခင်နို့ရည်မှာပါဝင်တဲ့ နှုန်းထားအတိုင်း DHA : ARAကို 1:1 (မျှမျှတတ) စနစ်တကျ ထည့်သွင်းပေးထားလို့ ဉာဏ်ရည်ထက်မြက်စေပါတယ်။
၃။ အစာအိမ်နဲ့ အစာခြေစနစ်ကို အထူးကောင်းမွန်စေခြင်းကလေးတွေ နို့မှုန့်သောက်ရင် အဖြစ်များဆုံးက ဝမ်းချုပ်တာ၊ လေပွတာပါ။ Meiji မှာတော့ ကလေးရဲ့ အစာအိမ်ထဲမှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို တိုးပွားစေတဲ့ Bifidobacteria နဲ့ Fructooligosaccharides (FOS) (သဘာဝအမျှင်ဓာတ်) တွေ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ (နို့မှုန့်သောက်ပြီး ဝမ်းပူတာ၊ ဝမ်းချုပ်တာ လုံးဝမဖြစ်စေပါဘူး။)
၄။ ကိုယ်ခံအားစနစ်နဲ့ ကျန်းမာသွက်လက်စေခြင်း
ကလေးငယ်တွေ အလွယ်တကူ ဖျားနာခြင်းမှ ကာကွယ်ပေးဖို့ Zinc (ဇင့်)၊ Iron (သံဓာတ်) နဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ Beta-carotene ဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကလေးကို ထွားရုံတင်မကဘဲ အသားစိုင်ကျစ်ကျစ်လစ်လစ်နဲ့ ရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းရှိပြီး ကျန်းမာသွက်လက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးပါတယ်။
💥အကျဉ်းချုပ်ပြောရရင် -ကလေးကို ဝမ်းမချုပ်စေဘဲ၊ မိခင်နို့လို အာဟာရအပြည့်အဝရရှိစေကာ ဉာဏ်ရည်နဲ့ ကိုယ်ခံအားကို တစ်ပြိုင်နက် မြှင့်တင်ပေးနိုင်တာကြောင့် ဂျပန်ကမေမေတို့တင်မကဘဲ မြန်မာနိုင်ငံက မေမေတို့ပါ ယုံကြည်စိတ်ချစွာ ရွေးချယ်ကြခြင်း ဖြစ်ပါတယ်ရှင်။🥰
27/05/2026
💥💥Meiji 0-1 နို့မှုန့်၊ နို့ခဲ များ instocks ရပါပြီရှင်💥💥 Pre-Order မှာထားတဲ့ မေမေများ မနက်ဖြန် Deli စပို့ပါပြီနော်။ ယုံကြည်စွာ အားပေးကျတဲ့ Customer တစ်ဦးချင်းအား အထူးကျေးဇူးတင်ပါသည်ရှင်🤗🥰 #နို့မှုန့် #ဖြည့်စွက်စွာ
06/05/2026
မေမေတို့ရေ 🙏
Sakura Baby & Mom Shop မှာ အမြဲအားပေးကြတဲ့မေမေများကိုကျေးဇူးတင်သောအားဖြင့် promotion လေးတစ်ခုလုပ်ပေးပါမယ်ရှင်🥰🥰🥰
Promotion လေးကတော့ Meiji 1-3 နို့မှုန့် နဲ့ နို့ခဲ လေးများကို အောက်ပါသတ်မှတ်ရက်အတွင်း အထူးလျော့ဈေးနဲ့ရပါမယ်❤️
💥Promotion ချလို့ Date လွန်တာတွေ Date နီးတာတွေတစ်ခုမှ မပါပါဘူးနော်။ အကုန် Date Fresh နို့မှုန့်တွေပါနော်။
🛒 Japan shop မှာတိုက်ရိုက်ဝယ်ယူထားတဲ့ 📦 Quality အာမခံ ✔️ Date Fresh ✔️တွေပါ။
Meiji 1-3 နို့မှုန့် မူရင်းစျေး 138000ks
Meiji 1-3 နို့ခဲ မူရင်းဈေး ၆၀ ပါတစ်ဖာ - 320000ks
👉 ယခု- နို့မှုန့် 3 ဘူး = 399,000 Ks (အနည်းဆုံး၃ ဘူး တစ်တွဲ ယူပေးရပါမယ်)(1 ဘူးကို ~133,000 Ks ပဲကျတော့မယ်နော် အရမ်းတန်သော)
👉နို့ခဲ ၆၀ ဖာ ၂ဖာ = 618000ks နဲ့ရပါမယ်။
🤗တစ်ဗူးချင်းယူမယ်ဆိုရင်တော့ မူရင်းဈေးပါဘဲရှင်။
⏰ ၁၀.၅.၂၆ ရက်နေ့ည ၁၂:၀၀ အထိသာဖြစ်ပါတယ်ရှင့်။ 💥Stocks ဗူး 30 အထိသာ💥
📩 မင်မင်တို့ Order လေးတွေ confirm လုပ်ပေးမှသာ အတည်ဖြစ်ပါမယ်ရှင်။
🙏 ယုံကြည်စွာအားပေးကြတဲ့ မေမေများအားလုံး အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙏
Category
Website
Address
Alerts
Be the first to know and let us send you an email when Sakura Baby & Mom Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
