Healthy Solutions
Consultancy firm to find solutions for your health and development!
30/05/2026
မိမိတွင် ဆီးချိုရောဂါ ဖြစ်နေပြီလား ????
🤔 ဆီးချိုရောဂါရဲ့ အဓိက လက္ခဏာရပ်တွေကို
အောက်ပါအတိုင်း သတိထားနိုင်ပါတယ်
၁။ အဓိကပြသလေ့ရှိသော လက္ခဏာများ (Symptoms)
✅ ရေငတ်ခြင်း: ပုံမှန်ထက် ပိုပြီး ရေငတ်လာတတ်ပါတယ်။
✅ဆီးခဏခဏသွားခြင်း: အထူးသဖြင့်
ညဘက်တွေမှာ ဆီးခဏခဏ ထသွားရတတ်ပါတယ်။
✅အလွန်အမင်း ဆာလောင်ခြင်း: အစား စားထားသော်လည်း ခဏခဏ ပြန်ဆာနေတတ်ပါတယ်။
✅ကိုယ်အလေးချိန် ကျဆင်းခြင်း: အစားတွေ အများကြီး စားသော်လည်း အကြောင်းအရင်းမရှိဘဲ ဝိတ်ကျသွားတတ်ပါတယ်။
✅မောပန်းနုံးနယ်ခြင်း: ခန္ဓာကိုယ်က သကြားဓာတ်ကို စွမ်းအင်အဖြစ် ကောင်းကောင်းမပြောင်းလဲနိုင်လို့ အမြဲနုံးနေတတ်ပါတယ်။
✅အမြင်အာရုံ ဝေဝါးခြင်း: သွေးတွင်းသကြားဓာတ်
မြင့်မားမှုကြောင့် မျက်စိကြည့်ရတာ မှုန်ဝါးလာနိုင်ပါတယ်။
✅အနာကျက်နှေးခြင်း: ပွန်းပဲ့ဒဏ်ရာ သို့မဟုတ် အနာတွေ ဖြစ်လာရင် အရင်ကထက် ပိုကြာမှ ကျက်တတ်ပါတယ်။
✅လက်ဖျားခြေဖျား ထုံကျင်ခြင်း: သွေးကြောနဲ့ အာရုံကြောတွေ ထိခိုက်မှုကြောင့် ထုံတာ၊ ကျဉ်တာ သို့မဟုတ် အပ်နဲ့ထိုးသလို ခံစားရတာမျိုး ရှိနိုင်ပါတယ်။
📌 အရေးကြီးသောအချက်: ဒီလက္ခဏာတွေဟာ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခံစားနေရပြီဆိုရင် သွေးတွင်းသကြားဓာတ် (Blood Sugar)ကို စနစ်တကျ စစ်ဆေးဖို့ နဲ့ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။
၂။ သွေးစစ်ဆေးခြင်း (Blood Tests)
သေချာသိရှိနိုင်ဖို့ ဆေးရုံ၊ ဆေးခန်းမှာ အောက်ပါအတိုင်း စစ်ဆေးနိုင်ပါတယ်။
✅Fasting Blood Sugar (FBS): အစာမစားမီ သွေးစစ်ခြင်း ဖြစ်ပါတယ်။ ညဘက် အနည်းဆုံး ၈ နာရီမှ ၁၂ နာရီခန့် အစာဖြတ်ထားပြီးမှ မနက်စောစော စစ်ဆေးရပါမယ်။(အနည်းဆုံး ၈နာရီ အစာ မစားဘဲ စစ်ပြီး
FBS - 126mg/dl ကျော်ရင်ဆီးချို ဖြစ်နိုင်ပါတယ်)
✅HbA1c (A1C): လွန်ခဲ့တဲ့ ၂ လ သို့မဟုတ် ၃ လအတွင်း သင့်ရဲ့ ပျမ်းမျှ သွေးတွင်းသကြားဓာတ် အခြေအနေကို ပြတာပါ။ အစာဖြတ်ထားဖို့ မလိုဘဲ အချိန်မရွေး စစ်ဆေးနိုင်ပြီး ဆီးချိုထိန်းချုပ်မှု ရှိ/မရှိ သိနိုင်တဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ HbA1C - 6.5% ကျော်ရင်ဆီးချို ဖြစ်နိုင်ပါတယ်
✅Random Blood Sugar (RBS): အစား စားထားသည်ဖြစ်စေ၊ မစားထားသည်ဖြစ်စေ အချိန်မရွေး စစ်ဆေးခြင်း ဖြစ်ပါတယ်။ ရုတ်တရက် လက္ခဏာပြလာတဲ့ အရေးပေါ် အခြေအနေမျိုးမှာ စစ်ဆေးလေ့ရှိပါတယ်။
RBS - 200mg/dl ကျော်ရင် ဆီးချို ဖြစ်နိုင်ပါတယ်
✅Oral Glucose Tolerance Test (OGTT): ကိုယ်ဝန်ဆောင် ဆီးချို စစ်ဆေးတဲ့နေရာမှာ အသုံးများပါတယ်။ သကြားရည် တိုက်ပြီးနောက် အချိန်အပိုင်းအခြားအလိုက် သွေးပြန်စစ်တဲ့ နည်းလမ်းပါ။
၃။ ဘယ်သူတွေ ဆီးချိုစစ်ဆေးသင့်သလဲ??
အဓိကအားဖြင့် အောက်ပါအုပ်စုဝင်တွေဟာ ဆီးချိုရောဂါ ရှိ၊ မရှိ အမြန်ဆုံး စစ်ဆေးသင့်သူတွေ ဖြစ်ပါတယ်။
✅အသက် ၃၅ နှစ် အထက်ရှိသူများ : အရင်က ၄၅ နှစ်လို့ သတ်မှတ်ထားသော်လည်း ယခုအခါ နေထိုင်မှုပုံစံ ပြောင်းလဲလာတာကြောင့် အသက် ၃၅ နှစ် ပြည့်တာနဲ့ အနည်းဆုံး တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ ရလဒ်ကောင်းရင်တောင် ၃ နှစ်တစ်ကြိမ် ပုံမှန်စစ်ပေးဖို့ လိုအပ်ပါတယ်။
✅ကိုယ်အလေးချိန်များသူများ (Overweight): မိမိရဲ့ အရပ်နဲ့ အလေးချိန် မမျှတဘဲ ဝနေသူများ၊ အထူးသဖြင့် ခါးအတိုင်းအတာ ကြီးမားသူများ (ဗိုက်ပူသူများ) ဟာ
ဆီးချိုဖြစ်နိုင်ခြေ အရမ်းများပါတယ်။
BMI (Body Mass Index) ၂၃ နှင့် အထက်ရှိရင်
သတိထားရပါမယ်။
✅မျိုးရိုးရှိသူများ: မိဘ၊ ညီအစ်ကို မောင်နှမထဲမှာ ဆီးချိုရောဂါ အခံရှိသူတွေဟာ အခြားသူတွေထက်
ဖြစ်နိုင်ခြေ ပိုများတာကြောင့် အသက်ငယ်ရင်တောင် ကြိုတင်စစ်ဆေးသင့်ပါတယ်။
✅ရောဂါအခံရှိသူများ: သွေးတိုးရောဂါ ရှိသူများ (သွေးပေါင်ချိန် 140/90 mmHg နှင့် အထက် ရှိသူများ)။
✅ သွေးတွင်းအဆီဓာတ် များသူများ (Cholesterol သို့မဟုတ် Triglycerides များနေသူများ)။
✅ နှလုံးနှင့် သွေးကြောရောဂါ အခံရှိသူများ။
✅ကိုယ်ဝန်ဆောင် အမျိုးသမီးများ: ကိုယ်ဝန်ရှိစဉ် ဆီးချိုတက်ဖူးသူတွေ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအလေးချိန် (၉) ပေါင်ထက် ပိုကြီးတဲ့ ကလေးမွေးဖူးတဲ့ မိခင်တွေဟာ နောင်တစ်ချိန်မှာ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
✅သားဥအိမ် အရည်ကြည်အိတ် တည်ခြင်း (PCOS): အမျိုးသမီးတွေမှာ PCOS လို့ခေါ်တဲ့ သားဥအိမ်မှာ အရည်ကြည်အိတ် တည်တဲ့ပြဿနာ ရှိနေရင် အင်ဆူလင်ဟော်မုန်း အလုပ်မလုပ်တော့ဘဲ ဆီးချိုဖြစ်လာနိုင်ပါတယ်။
✅လှုပ်ရှားမှု နည်းသူများ: တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်ရသူများ၊ ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိသူများဟာ မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။
ဆီးချိုရောဂါဆိုတာ ကြိုတင်သိရှိပြီး စနစ်တကျ ထိန်းသိမ်းမယ်ဆိုရင် ပုံမှန်လူတစ်ယောက်လိုပဲ
ကျန်းမာပျော်ရွှင်စွာ နေထိုင်သွားနိုင်တဲ့ ရောဂါမျိုးပါ။
📌 ဒါကြောင့် အထက်ပါလက္ခဏာတွေ ခံစားနေရပြီဆိုရင်ပဲဖြစ်ဖြစ်၊ မိမိရဲ့ ကျန်းမာရေးကို ကြိုတင်စောင့်ရှောက်ချင်လို့ပဲဖြစ်ဖြစ် ဆီးချိုစစ်ဆေးကြည့်ဖို့ တိုက်တွန်းပါရစေ။
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပိုမိုသိရှိနိုင်ဖို့ Healthy Solutions Page ကို Follow လုပ်ထားကြဖို့
မမေ့နဲ့နော် 🤗
"SMART SOLUTIONS, STRONGER COMMUNITIES"
28/05/2026
ကျန်းမာခြင်းဆိုတာ ရောဂါမရှိရုံနဲ့တင် ပြည့်စုံပါသလား???? 🤔🤔🤔
ကျွန်တော်တို့အများစုက ဖျားနာမှုမရှိရင်
ကျန်းမာတယ်လို့ ထင်တတ်ကြပါတယ်
တကယ်တော့ စစ်မှန်တဲ့ "ကျန်းမာခြင်း" ဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပတ်ဝန်းကျင်ပါ အဘက်ဘက်က ဟန်ချက်ညီညီ ကောင်းမွန်နေခြင်းကို ဆိုလိုတာပါ....
Healthy Solutions အဖွဲ့က သင့်ဘဝရဲ့
ဒီဟန်ချက်တွေကို ထိန်းညှိပေးဖို့ အသင့်ရှိနေပါတယ်
ကျွန်တော်တို့ဟာ ခိုင်လုံတဲ့ သိပ္ပံနည်းကျ အထောက်အထား (Evidence-based) တွေကို အခြေခံပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေကို
ဖော်ဆောင်ပေးနေပါတယ် -
✅ ဆီးချို၊ သွေးတိုးကဲ့သို့ နာတာရှည်ရောဂါများကို စနစ်တကျ စီမံခန့်ခွဲပေးခြင်းလုပ်ငန်းများ။
✅ စိတ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုတွေကို လျော့ချပေးမည့် အထောက်အကူပြုပစ္စည်းများနဲ့ နည်းလမ်းများ။
✅ ငွေကြေးစနစ်တကျစီမံခန့်ခွဲခြင်းဖြင့် financial freedom ဖန်တီးနိုင်ရန် လေ့ကျင့်ပေးခြင်းလုပ်ငန်းများ။
✅ လူထုကျန်းမာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအတွက် အထောက်အထားအခြေပြု သုတေသနလုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အကြံပေးချက်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို Consultancy Services အနေဖြင့် ထိရောက်စွာ ဝန်ဆောင်မှုပေးခြင်း။
"Smart Solutions, Stronger Communities"
ဆိုတဲ့အတိုင်း ပိုမိုခိုင်မာတဲ့ လူမှုအသိုက်အဝန်းဖြစ်ဖို့ Healthy Solutions နဲ့ လက်တွဲလိုက်ပါ 🤝
💥 ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ် သိရှိလိုပါက Page Messenger (သို့ ) အောက်ပါ ရုံးလိပ်စာသို့လည်း လူကိုယ်တိုင်လာရောက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ ✅
📍 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900
📧 Email - [email protected]
🏡ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ
21/05/2026
🌟လူနေမှုပုံစံသစ်မှာ စစ်မှန်တဲ့ ကျန်းမာခြင်းကို
ပိုင်ဆိုင်နိုင်ဖို့🌟
▪️ခေတ်ရေစီးကြောင်းတွေ ပြောင်းလဲလာတာနဲ့အမျှ
ကျွန်တော်တို့ရဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကလည်း ကွဲပြားလာပါတယ်။
▪️ဒီနေ့ခေတ်မှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို
တည်ဆောက်ဖို့ဆိုတာ ခန္ဓာကိုယ်၊ စိတ်ခံစားမှုနဲ့
လူမှုစီးပွားရေး အခြေအနေတွေ အားလုံး
မျှတနေဖို့ လိုအပ်ပါတယ်။
▪️မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို
ပိုမိုကောင်းမွန်တဲ့ လူနေမှုပုံစံသစ်ဆီသို့ အရောက်လှမ်းနိုင်စေဖို့ Healthy Solutions မှ ခိုင်လုံသော ဝန်ဆောင်မှုများဖြင့်
ပံ့ပိုးကူညီပေးနေပါတယ်ရှင့်
🌟 Healthy Solutions က သင့်အတွက် ဘာတွေ ပြင်ဆင်ပေးထားလဲ 🤔
▪️ကျွန်တော်တို့ဆီမှာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လူနေမှုဘဝ
မြှင့်တင်ရေးကနေ အဖွဲ့အစည်းအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအထိ ဘက်စုံလွှမ်းခြုံနိုင်မယ့် ဝန်ဆောင်မှုတွေကို
ရရှိနိုင်ပါတယ် - 👇👇👇
🩺 နာတာရှည်ရောဂါ စီမံခန့်ခွဲမှု (NCD Management) :
ဆီးချို၊ သွေးတိုးကဲ့သို့ နာတာရှည်ရောဂါခံစားနေရသူများ ရောဂါကို စနစ်တကျထိန်းချုပ်ပြီး ပုံမှန်အတိုင်း လွတ်လပ်ပျော်ရွှင်စွာ ပြန်လည်နေထိုင်နိုင်ဖို့ ကူညီပေးခြင်း။
🧘♂️ စိတ်ကျန်းမာရေးနှင့် ပေါ့ပါးလန်းဆန်းမှု (Mental Wellbeing):
အလုပ်ဒဏ်၊ လူမှုရေးဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး စိတ်အေးချမ်းသာယာမှု ရရှိစေမယ့် လက်တွေ့ကျသော နည်းလမ်းကောင်းများ ပံ့ပိုးပေးခြင်း။
💰 ငွေကြေးဆိုင်ရာ ဟန်ချက်ညီမှု (Financial Wellness):
ဘဝတစ်ခုလုံး စိတ်အေးချမ်းသာစွာဖြင့် Financial Freedom (ငွေကြေးလွတ်လပ်ခွင့်) ရရှိနိုင်စေရန်
စနစ်တကျ ငွေကြေးစီမံခန့်ခွဲမှုကို လေ့ကျင့်သင်ကြားပေးခြင်း။
📊 လူထုကျန်းမာရေးနှင့် corporate ဝန်ဆောင်မှုများ (Public Health Consultancy):
အဖွဲ့အစည်းများနှင့် လူမှုအသိုက်အဝန်းအတွက် အထောက်အထားအခြေပြု သုတေသန (Evidence-based Research)၊ အကြံပေး Consultancy နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး (Capacity Building) သင်တန်းများကို
ဘက်စုံဝန်ဆောင်မှုပေးခြင်း။
🛡️ ဘာကြောင့် Healthy Solutions ကို ရွေးချယ်သင့်သလဲ
ကျွန်တော်တို့ဟာ ခိုင်လုံတဲ့ သိပ္ပံနည်းကျ အထောက်အထား (Evidence-based) တွေကိုသာ အခြေခံပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေကို ဖော်ဆောင်ပေးနေတာဖြစ်လို့ သင့်ဘဝရဲ့ ဟန်ချက်တွေကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်မှာပါ။
📌 Healthy Solutions က မျှဝေပေးမယ့် ကျန်းမာရေး၊
စိတ်ခွန်အားဖြည့်စာစုတွေနဲ့ ငွေကြေးဆိုင်ရာ အကြံပြုချက်တွေကို အမြဲမပြတ် ဖတ်ရှုချင်လို့ပဲဖြစ်ဖြစ်၊ မိမိရဲ့ ကျန်းမာရေးလူနေမှုပုံစံအတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်ချင်လို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ Telegram Channel မှာ အခုပဲ Join ထားလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့် ✅✅
👉 Telegram Channel သို့ ဝင်ရောက်ရန်:
https://t.me/+ySqSrH_wa2I3OGFl
🤝 ကျွန်တော်တို့ Healthy Solutions နဲ့အတူ
လက်တွဲဖို့ ဖိတ်ခေါ်ပါတယ် 🤝
🌟Smart Solutions, Stronger Communities 🌟
ပိုမိုခိုင်မာတဲ့ လူမှုအသိုက်အဝန်းတစ်ခုဖြစ်ဖို့
Healthy Solutions က သင့်အနားမှာ အမြဲရှိနေပါမယ် 💪
📍 လိပ်စာ: အမှတ် ၁၁၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊
ရန်ကုန်။
📞 ဆက်သွယ်ရန်: 09 401 800 119, 09 949 909 900
📧 Email: [email protected]
⏰ ရုံးဖွင့်ချိန်: မနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ
(တနင်္လာ-သောကြာ)
17/05/2026
စိတ်ဖိစီးမှုကင်းတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ သင့်မှာ
"ငွေကြေးကိုယ်ခံအား" ဘယ်လောက်ရှိလဲ
စစ်ဆေးကြည့်ရအောင် 🩺💰
💡 ကျန်းမာရေးအတွက် ကိုယ်ခံအားစနစ် (Immunity) အရေးကြီးသလိုပဲ၊ ဘဝရဲ့ မုန်တိုင်းတွေကို ကြံ့ကြံ့ခံနိုင်ဖို့ "ငွေကြေးကိုယ်ခံအား (Financial Immunity)" ကလည်း အရေးကြီးပါတယ်။
ဒီနေ့မှာတော့ မင်မင်တို့ Healthy Solutions ရဲ့ Followers တွေ အတွက် ငွေကြေးစီမံခန့်ခွဲမှုပုံစံက ကိုယ့်ကို စိတ်အေးချမ်းသာမှု ပေးနိုင်ရဲ့လားဆိုတာ
သိရအောင် မေးခွန်း (၃) ခုနဲ့ စစ်ဆေးကြည့်ရအောင်။
စာရွက်နဲ့ ခဲတံလေးဆောင်ပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ အဖြေ (က၊ ခ၊ ဂ) လေးတွေကို မှတ်ထားပေးပါဦးနော်။ 👇
📌 မေးခွန်း (၁) - လစာရတဲ့နေ့မှာ သင် အရင်ဆုံး ဘာလုပ်လေ့ရှိလဲ?
(က) လိုချင်တာတွေ အရင်ဝယ်တယ်၊ ကျန်မှ စုဖို့ စဉ်းစားတယ်။
(ခ) အသုံးစရိတ်တွေကို အရင်ပေးချေပြီး ပိုတဲ့ငွေကို ဘဏ်ထဲ ဒီအတိုင်း ထားလိုက်တယ်။
(၈) စုမယ့်ငွေ/ရင်းနှီးမြှုပ်နှံမယ့်ငွေကို အရင်ဖယ်ပြီးမှ ကျန်တာကို စနစ်တကျ သုံးစွဲတယ်။
📌 မေးခွန်း (၂) - မမျှော်လင့်ဘဲ အလုပ်နားလိုက်ရရင် ဒါမှမဟုတ် ဆေးရုံတက်ရရင် သုံးဖို့ "အရေးပေါ်ရန်ပုံငွေ" ရှိလား?
(က) လုံးဝမရှိပါဘူး၊ လကုန်ရင် လောက်ငှဖို့တောင် မနည်းရုန်းကန်နေရတယ်။
(ခ) ရှိတော့ရှိတယ်၊ ဒါပေမယ့် ၁ လစာ ဒါမှမဟုတ် ၂ လစာလောက်ပဲ ခံမယ်။
(ဂ) စိတ်အေးရအောင် အနည်းဆုံး ၃ လစာကနေ ၆ လစာအထိ သီးသန့် အဆင်သင့်စုထားတာ ရှိပါတယ်။
📌မေးခွန်း (၃) - သင့်မှာ ဝင်ငွေလမ်းကြောင်း ဘယ်နှခို ရှိလဲ?
(က) လစာ တစ်ခုတည်းပဲ ရှိပါတယ်။ (အလုပ်ပြုတ်ရင် ဒုက္ခရောက်နိုင်တယ်)
(ခ) လစာအပြင် အချိန်ပိုင်းအလုပ် ဒါမှမဟုတ် Side Hustle အနည်းငယ် ရှိပါတယ်။
(ဂ) ပုံမှန်ဝင်ငွေအပြင် အိပ်ပျော်နေရင်း ပိုက်ဆံဝင်မယ့် ရင်းနှီးမြှုပ်နှံမှု (Passive Income) လမ်းကြောင်းတွေ ရှိပါတယ်။
🎯 ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်ပြီး တည်ဆောက်ယူရသလိုပဲ၊ တောင့်တင်းတဲ့ ငွေကြေးကိုယ်ခံအားကိုလည်း အလေ့အကျင့်ကောင်းတွေနဲ့ တည်ဆောက်ယူလို့ ရပါတယ်။
မင်မင်တို့ Healthy Solutions ရဲ့ Followers တွေ
ရော... မေးခွန်းတွေ တွက်ချက်ပြီး သွားတဲ့အခါ
ဘယ်အဖြေ (က၊ ခ၊ ဂ) တွေ ပိုများနေကြလဲ?
ကိုယ့်ရဲ့ ရလဒ်လေးတွေကို comment မှာ မင်မင်နဲ့ အတူတူ ဝေမျှပေးသွားခဲ့ကြပါဦးနော်။ 👇❤️
"SMART SOLUTIONS, STRONGER COMMUNITIES"
14/05/2026
50/30/20 စည်းမျဉ်းနဲ့အတူ ငွေကြေးစုဆောင်းနိုင်တဲ့
နည်းလမ်းကောင်းများ 💰
"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ကျန်းမာရေးတင်မကဘဲ ငွေကြေးကျန်းမာရေး
(Financial Health) ကလည်း အရေးကြီးပါတယ် 🩺💵
လကုန်ခါနီးတိုင်း ပိုက်ဆံမကျန်တော့လို့ စိတ်ဖိစီးနေရတာဟာ ရေရှည်မှာ စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ် 😖📉
ဒါကြောင့် ဒီနေ့မှာတော့ ကမ္ဘာတစ်ဝန်းမှာ အောင်မြင်တဲ့သူတွေ အသုံးများကြတဲ့ 50/30/20 စည်းမျဉ်း နဲ့ တခြားထိရောက်တဲ့ ငွေစုနည်းလမ်းတွေကို မျှဝေပေးသွားပါမယ်ရှင့် 🤗📢
📉 50/30/20 စည်းမျဉ်းဆိုတာ ဘာလဲ?
ဒါဟာ မိမိရရှိတဲ့ အသားတင်ဝင်ငွေ (Net Income) ကို အပိုင်း ၃ ပိုင်း ခွဲခြားသုံးစွဲတဲ့ နည်းလမ်းဖြစ်ပါတယ်။
🔵 ၅၀% - လိုအပ်ချက်များ (Needs) ✅
မရှိမဖြစ် လိုအပ်တဲ့ အသုံးစရိတ်တွေအတွက် သတ်မှတ်ထားတာပါ။
🏠 အိမ်လခ၊ မီတာခ၊ ရေခ၊ ဖုန်းဘေလ်။
🍱 နေ့စဉ်စားစရိတ်နဲ့ သွားလာစရိတ်။
🟡 ၃၀% - လိုချင်တာများ (Wants) 🛍️
ဒါကတော့ ကိုယ့်ရဲ့ Lifestyle အတွက် အပန်းဖြေတာမျိုးပါ။
🍿 အပြင်စာစားတာ၊ ရုပ်ရှင်ကြည့်တာ။
👗 Shopping ထွက်တာ၊ Netflix Subscription ဝယ်တာ။
🟢 ၂၀% - စုဆောင်းခြင်းနှင့် အကြွေးဆပ်ခြင်း
(Savings & Debts) 🏦
ဒီအပိုင်းကတော့ သင့်ရဲ့ အနာဂတ်အတွက်ပါ။
🆘 အရေးပေါ်ရန်ပုံငွေ (Emergency Fund) စုတာ။
💳 အကြွေးတွေ အမြန်ကျေအောင် ဆပ်တာ။
📈 ရင်းနှီးမြှုပ်နှံမှု လုပ်တာ။
💡 အောင်မြင်တဲ့ ငွေစုသူဖြစ်ဖို့ တခြားနည်းလမ်းကောင်းများ
☕ အသေးအမွှားလေးတွေကို သတိထားပါ
(The Latte Factor)
တစ်နေ့ကို ကော်ဖီတစ်ခွက်၊ မုန့်ဖိုးလေး တစ်ထောင် နှစ်ထောင်က ဘာမှမဟုတ်သလိုနဲ့ လကုန်ရင် ပမာဏတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါတွေကို လျှော့ချပြီး စုကြည့်ပါ 🪙🚫
📥 အရင်စု ပြီးမှသုံး
လစာရတာနဲ့ စုမယ့်ပမာဏကို အရင်ဖယ်ထားပါ။
ကျန်တဲ့ပမာဏကိုမှ လောက်အောင်သုံးတဲ့ အကျင့်ကိုမွေးမြူပါ🔒
📱 Expenses Tracker သုံးပါ
ဖုန်းထဲမှာ ငွေစာရင်းမှတ်တဲ့ App တစ်ခုခုသွင်းထားပြီး ကိုယ် ဘယ်နေရာမှာ ပိုသုံးမိနေလဲဆိုတာကို လစဉ်ပြန်ဆန်းစစ်ပါ 📊✍️
🗓️ ၃၀ ရက် စည်းမျဉ်း (The 30-Day Rule)
တန်ဖိုးကြီးပစ္စည်းတစ်ခုခု ဝယ်ချင်လာရင် ချက်ချင်းမဝယ်ဘဲ ရက် ၃၀ စောင့်ကြည့်ပါ။ အဲ့ဒီအချိန်ထိ လိုချင်စိတ်ရှိနေသေးမှ ဝယ်ပါ။ ဒါကလည်း စိတ်လိုက်မာန်ပါ ဝယ်ယူမိခြင်းကို တားဆီးပေးပါတယ် 🛑💭
ငွေစုတယ်ဆိုတာ နည်းတာ များတာထက် "စွဲမြဲဖို့" က ပိုအရေးကြီးပါတယ်။ ငွေကြေးစီမံခန့်ခွဲမှု စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုကင်းဝေးတဲ့ ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 🥰🌈
"SMART SOLUTIONS, STRONGER COMMUNITIES "
📍 Healthy Solutions (HS)
လိပ်စာ: အမှတ် ၁၁၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
📞 ဆက်သွယ်ရန်: 09 401 800 119, 09 949 909 900
📧 Email: [email protected]
⏰ ရုံးဖွင့်ချိန်: မနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ (တနင်္လာ-သောကြာ)
#ငွေစုနည်း
12/05/2026
နွေအပူဒဏ်ကို အန်တုဖို့ ဘာတွေ စားကြမလဲ ☀️🌡️
ပူပြင်းတဲ့ နွေရာသီမှာ ခန္ဓာကိုယ်ကို အေးမြစေပြီး
ရေဓာတ်ခန်းခြောက်မှု (Dehydration) ကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးဖို့က အရေးကြီးပါတယ်။
အဓိကအားဖြင့် ရေဓာတ်ကြွယ်ဝပြီး အစာကြေလွယ်တဲ့ အောက်ပါအုပ်စုတွေကို ဦးစားပေးသင့်ပါတယ် -
၁။ ရေဓာတ်ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ 🍉🥒
သဘာဝအတိုင်း ရေဓာတ် (Water content) မြင့်မားတဲ့ အသီးအနှံတွေဟာ ခန္ဓာကိုယ်အပူချိန်ကို အလိုအလျောက် ထိန်းညှိပေးပါတယ်။
🍉ဖရဲသီး: ရေဓာတ် ၉၀ % ကျော် ပါဝင်ပြီး Lycopene ဓာတ်ကြောင့် နေလောင်ဒဏ်ကနေလည်း အကာအကွယ်ပေးပါတယ်
🥒သခွားသီး: ခန္ဓာကိုယ်ကို ချက်ချင်းအေးမြစေပြီး အမျှင်ဓာတ်ကြွယ်ဝလို့ အပူဒဏ်အတွက် အကောင်းဆုံးပါ
🍊🍋လိမ္မော်သီးနှင့် ဂရိတ်ဖရု (Grapefruit): ပိုတက်စီယမ် ပါဝင်မှုများတဲ့အတွက် ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်
၂။ အေးမြလန်းဆန်းစေမည့် အစားအစာများနှင့် အဖျော်ယမကာများ 🥥🍦
🥣🍓ဒိန်ချဉ် (Yogurt): Probiotics ပါဝင်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အေးမြစေပါတယ်။ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့
ရောစားနိုင်ပါတယ်
🥥🥤အုန်းရည်: သဘာဝဓာတ်ဆားရည်လို့ တင်စားရလောက်အောင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Electrolytes တွေကို အကောင်းဆုံး ဖြည့်တင်းပေးပါတယ်
🌱💧ပူစီနံ (Mint): သောက်သုံးမည့် ရေထဲဖြစ်စေ၊ အသုပ်ထဲမှာဖြစ်စေ ပူစီနံရွက် ထည့်စားခြင်းက သဘာဝအတိုင်း အအေးဓာတ်ကို ပေးစွမ်းနိုင်ပါတယ်
၃။ ဟင်းသီးဟင်းရွက်နှင့် ဟင်းလျာများ 🥗🍲
🍲✅ ဗူးသီး၊ ခရမ်းက စော့သီး : မြန်မာ့ရိုးရာဆေးကျမ်းများအရလည်း အအေးစာများ ဖြစ်ကြပြီး ဆီးရွှင်စေကာ အပူအပုပ်များကို ဖယ်ရှားပေးပါတယ်။
🥬🥗ဟင်းနုနွယ်နှင့် အစိမ်းရောင်ရှိသော အရွက်များ: ကယ်လိုရီနည်းပြီး ရေဓာတ်နှင့် ဗီတာမင်ဓာတ်များစွာ ပါဝင်ပါတယ်။
၄။ နွေရာသီမှာ ရှောင်ကြဉ်သင့်သည့် အစားအစာများ 🚫🌶️
အပူဒဏ်ပြင်းနေချိန်မှာ အောက်ပါတို့ကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ် -
🍗🍟အဆီအအိမ့်နှင့် ကြော်လှော်ထားသောအစားအစာများ: အစာချေဖျက်ရ ခက်ခဲစေပြီး ခန္ဓာကိုယ်အတွင်း အပူချိန် ပိုတက်စေပါတယ်။
🌶️🔥အပူအစပ်များ: ချွေးထွက်များစေပြီး ရေဓာတ်ကို ပိုမိုခန်းခြောက်စေနိုင်ပါတယ်။
☕🍺ကဖင်း (Caffeine) နှင့် အရက်: ဆီးခဏခဏ သွားစေတဲ့အတွက် ခန္ဓာကိုယ်ထဲက ရေဓာတ်ကို အလျင်အမြန် ကုန်ခမ်းစေပါတယ်
🥩🍖ပရိုတင်း (Protein) အလွန်များသော အသားဟင်းများ: အသားဓာတ်ကို အစာချေဖျက်တဲ့အခါ ခန္ဓာကိုယ်က အပူစွမ်းအင် (Thermogenesis) ပိုမိုထွက်ရှိစေလို့ အလွန်အကျွံ မစားသင့်ပါဘူး
ဥပမာ 🚫 အနီရောင်အသားများ (Red Meat): အမဲသားနဲ့ ဆိတ်သားတို့ဟာ ပရိုတင်းနဲ့ အဆီဓာတ် အလွန်မြင့်မားလို့ ၎င်းတို့ကို ဖြိုခွဲဖို့ ခန္ဓာကိုယ်က အပူစွမ်းအင် အများကြီး သုံးရပါတယ်။ ဒါကြောင့် စားပြီးရင် ကိုယ်ပူရှိန်တက်လာသလို ခံစားရတတ်ပါတယ်။
✅ စားပေးသင့်တဲ့ အသားအမျိုးအစားတွေကတော့ -
၁။ ငါးနှင့် ပင်လယ်စာများ
▪️ငါးဟာ အခြားအသားတွေထက် အစာချေရ ပိုမိုလွယ်ကူပြီး ခန္ဓာကိုယ်ကို အပူရှိန် အလွန်အမင်း
မတက်စေပါဘူး။
▪️ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဆီတွေပါဝင်တဲ့ ငါး။
(ဥပမာ- ငါးကြင်း၊ ငါးတန် စသဖြင့်)
▪️ ပုစွန်: ပေါ့ပေါ့ပါးပါးနဲ့ အဟာရဖြစ်စေတဲ့အတွက် ဟင်းသီးဟင်းရွက်တွေနဲ့ ရောချက်စားဖို့ သင့်တော်ပါတယ်။
၂။ ကြက်ရင်ပုံသား (Skinless Chicken)
အသားထဲမှာမှ ကြက်သားဟာ အနီရောင်အသား (အမဲသား၊ ဆိတ်သား) တွေထက် အစာချေဖျက်ရ ပိုမိုလွယ်ကူပါတယ်။အဆီများတဲ့ အရေခွံတွေကို ဖယ်ရှားပြီး ရင်ပုံသားကို ဦးစားပေး စားသင့်ပါတယ်။ကြက်သားကို ဆီပြန်ဟင်းထက်စာရင် ဟင်းခါးချက်သောက်တာ ဒါမှမဟုတ် ပြုတ်ပြီး သုပ်စားတာက
ပိုပြီး လန်းဆန်းစေပါတယ်။
ဒီလို ပူပြင်းတဲ့ ရာသီဥတုမှာ
စားဖြစ်နေတဲ့ အစားအစာလေးတွေကိုလည်း Comment မှာ ဝေမျှပေးသွားပါဦး ... 👇✍️
"SMART SOLUTIONS, STRONGER COMMUNITIES"
ဆရာဝန်နဲ့ပြတိုင်း ဆီးချိုဘယ်လောက်လဲလို့
မေးရင် ဝေခွဲမရ ဖြစ်နေပါသလား? 📉
ဆီးချိုရောဂါကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့
ဆိုတာ နေ့စဉ် အတက်အကျ မှတ်တမ်းရှိဖို့က အဓိက သော့ချက်ပါပဲနော် ❣️
စာရွက်ပိုင်းလေးတွေနဲ့ မှတ်လို့ ပျောက်သွားတာမျိုး၊
မေ့သွားတာမျိုး မဖြစ်ရအောင် Healthy Solutions ရဲ့ "ဆီးချိုမှတ်တမ်းစာအုပ်" လေးက ကူညီပေးပါလိမ့်မယ်ရှင့်
ဒီစာအုပ်လေးထဲမှာ...
✅ (၆) လစာ သွေးတွင်းသကြားဓာတ် မှတ်တမ်းများ
✅ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း မှတ်တမ်း
✅ နေ့စဉ် စားသောက်မှုနှင့် ကိုယ်လက်လှုပ်ရှားမှု မှတ်စု
✅ ဆီးချိုဝေဒနာရှင်များအတွက် မသိမဖြစ် ကျန်းမာရေးဗဟုသုတများ အစုံအလင် ပါဝင်ပါတယ်။
"စနစ်တကျ မှတ်တမ်းတင်ခြင်းဟာ မှန်ကန်တဲ့ ကုသမှုအတွက် ပထမခြေလှမ်းပါ"
💰 ဈေးနှုန်း - ၉,၅၀ဝ ကျပ်
မိမိအတွက်ဖြစ်စေ၊ ချစ်ခင်ရတဲ့ မိဘဘိုးဘွားတွေအတွက်ဖြစ်စေ အဖိုးတန်တဲ့ လက်ဆောင်တစ်ခုအဖြစ် မှာယူနိုင်ပါပြီရှင့်
📩 မှာယူလိုပါက Messenger သို့ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ ပေးပို့ပြီး မှာယူနိုင်ပါတယ်ရှင့် ။
#ဆီးချိုမှတ်တမ်းစာအုပ်
ဆီးချိုရောဂါရှိသူများအတွက် အစားအသောက်
စီမံခန့်ခွဲမှု လမ်းညွှန်
ဆီးချိုရောဂါရှိသူများအတွက် အစားအသောက် စီမံခန့်ခွဲခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အလွန်အရေးကြီးပါတယ်။
အဓိကအားဖြင့် ဘာတွေကို ရှောင်ရမလဲ နဲ့ ဘယ်လို
စားသောက်ရမလဲ ဆိုတာကို Healthy Solutions မှ အောက်ပါအတိုင်း အကြံပြုလိုပါတယ် -
၁။ အဓိက ရှောင်ကြဉ်ရမည့် အစားအစာများ
✅ သကြားနှင့် အချိုဓာတ်များသော အစားအစာများ: သကြားဖြူ၊ ထန်းလျက်၊ ပျားရည်၊ အချိုရည်များ၊ မုန့်လုံးရေပေါ်နှင့် အခြားအချိုပွဲများ။
✅သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ် (Refined Carbs): ဆန်လုံးဖြူ၊ ပါမုန့်ဖြူ၊ ဂျုံမှုန့်ဖြင့် လုပ်သောမုန့်များ
(ဥပမာ - ကိတ်မုန့်၊ ဘီစကစ်)။
✅အချိုဓာတ်များသော သစ်သီးများ: သရက်သီးမှည့်၊ ဒူးရင်းသီး၊ ဖရဲသီးနှင့် စပျစ်သီးတို့ကို အလွန်အကျွံ
စားခြင်းမှ ရှောင်ကြဉ်ရပါမယ်။
✅အဆီများသော အစားအစာများ: ဆီကြော်မုန့်များ၊ အဆီများသော အသားများ၊ ပြည့်ဝဆီ (Saturated fat) များသော အစားအစာများ။
၂။ စားသုံးရန် သင့်တော်သော အစားအစာများ
✅အမျှင်ဓာတ်များသော အစားအစာများ: ဟင်းသီးဟင်းရွက် စိမ်းစိမ်းစိုစိုများ၊ ပဲမျိုးစုံ။
✅Complex Carbohydrates: ဆန်လုံးညို၊ ဂျုံကြမ်းပါမုန့်၊ အုတ်ဂျုံ (Oats)။ ၎င်းတို့သည် သကြားဓာတ်ကို ဖြည်းဖြည်းချင်းသာ တက်စေပါတယ်။
✅အသားဓာတ် (Protein): အဆီနည်းသော အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် တို့ဟူး။
✅အချိုနည်းသော သစ်သီးများ: ပန်းသီး၊ ဂရိတ်ဖရု (Grapefruit)၊ မာလကာသီး။
၃။ အထူးသတိပြုရန် အချက်များ
✅အစာကို အချိန်မှန်စားပါ: အစာနပ်ကျော်ခြင်းသည် သွေးတွင်းသကြားဓာတ်ကို မတည်မငြိမ် ဖြစ်စေနိုင်ပါတယ်။
✅ရေများများသောက်ပါ: အချိုရည်များအစား ရေသန့်ကိုသာ အဓိက သောက်ပေးပါ။
✅ကိုယ်လက်လှုပ်ရှားမှု: အစားအသောက်အပြင်
တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်းက ဆီးချိုကို
ကောင်းစွာ ထိန်းချုပ်နိုင်ပါတယ်။
✅ပုံမှန်ဆေးစစ်ပါ: မိမိ၏ သွေးတွင်းသကြားဓာတ် အတက်အကျကို သိရှိစေရန် ဆရာဝန်နှင့် ပုံမှန်ပြသပြီး စစ်ဆေးပါ။
ဆီးချိုရောဂါကို ထိန်းချုပ်ခြင်းဆိုသည်မှာ မိမိကြိုက်နှစ်သက်သည့် အစားအစာများကို လုံးဝဖြတ်တောက်လိုက်ရခြင်း မဟုတ်ဘဲ 'ဘာကို၊ ဘယ်လောက်၊ ဘယ်လိုစားမလဲ' ဆိုသည့် မှန်ကန်သော ရွေးချယ်မှု
ပြုလုပ်ခြင်းသာ ဖြစ်ပါသည်။
ယခုဖော်ပြပါ အလေ့အကျင့်ကောင်းများကို နေ့စဉ်ဘဝတွင် အသုံးချရင်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Healthy Solutions မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်
"SMART SOLUTIONS, STRONGER COMMUNITIES"
30/04/2026
🙏🙏ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏🙏
ဒီနေ့ဟာ မြတ်စွာဘုရားရှင်
ဗျာဒိတ်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊
ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့်
ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း ဆိုတဲ့ ထူးခြားတဲ့
အဖြစ်အပျက် (၄) ခု ဆုံကြုံတဲ့
မင်္ဂလာရှိသော "ကဆုန်လပြည့် ဗုဒ္ဓနေ့" ဖြစ်ပါတယ် 🙏🙏
Healthy Solutions မိသားစုဝင်များအားလုံး ဒီကနေ့မှာ...
🙏 ကိုယ်၏ကျန်းမာခြင်း ရောဂါဘယများ
ကင်းဝေးပြီး လန်းဆန်းတက်ကြွသော
ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေ
🙏စိတ်၏ချမ်းသာခြင်း လောဘ၊ ဒေါသ၊ မောဟ
အပူမီးများ ငြိမ်းအေးပြီး တည်ငြိမ်အေးချမ်းသော စိတ်နှလုံးကို ပိုင်ဆိုင်နိုင်ကြပါစေ
🙏ဉာဏ်အလင်းပွင့်ခြင်း ဘဝရဲ့ အခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်မယ့်
ဆင်ခြင်တုံတရားနှင့် ပြည့်စုံကြပါစေ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းကြပါစေကြောင်း Healthy Solutions မိသားစုမှ ဆုတောင်းမေတ္တာ
ပို့သအပ်ပါတယ်ရှင့် 🙏🙏🙏🙏🙏
27/04/2026
☀️ မြန်မာ့နွေရာသီ အပူရှိန်နှင့် အပူလျှပ်ခြင်း
(Heat Stroke) အန္တရာယ် ⚠️
မြန်မာနိုင်ငံမှာ အခုလို နွေရာသီ အပူရှိန် အလွန်ပြင်းထန်တဲ့ ကာလမှာ အပူဒဏ်ကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူလျှပ်ခြင်း (Heat Stroke) ဟာ အထူးသတိထားရမယ့် အခြေအနေဖြစ်ပါတယ်။
🚨 အပူလျှပ်ခြင်း (Heat Stroke) ရဲ့ လက္ခဏာများ
အောက်ပါလက္ခဏာတွေ ပြသလာရင် အပူလျှပ်တာ ဖြစ်နိုင်လို့ အထူးဂရုစိုက်ပါ-
1️⃣🌡️ ကိုယ်ပူချိန် အလွန်မြင့်ခြင်း: ခန္ဓာကိုယ် အပူချိန် 40°C (104°F) နှင့်အထက် ရှိနေခြင်း။
2️⃣😵💫 စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း: ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ စကားသံဗလုံးဗထွေးဖြစ်ခြင်း သို့မဟုတ် သတိလစ်ခြင်း။
3️⃣🥵 အရေပြားအခြေအနေ: ချွေးမထွက်တော့ဘဲ အရေပြား ပူစပ်ပူလောင်ဖြစ်ပြီး နီမြန်းလာခြင်း။
4️⃣🤢 ဝေဒနာများ: ပျို့အန်ခြင်း နှင့် ခေါင်းအလွန်ကိုက်ခြင်း။
4️⃣🫀 အသက်ရှူနှုန်း: နှလုံးခုန်မြန်ခြင်း နှင့် အသက်ရှူ အလွန်မြန်လာခြင်း။
🆘 အရေးပေါ် ပြုစုနည်း (လူနာတွေ့ရှိပါက)
လူနာတစ်ဦး အပူလျှပ်နေပြီဟု သံသယရှိပါက အရေးပေါ်လူနာတင်ယာဉ်ကို အမြန်ဆုံးခေါ်ယူပြီး စောင့်ဆိုင်းနေစဉ်အတွင်း အောက်ပါတို့ကို လုပ်ဆောင်ပေးပါ-
1️⃣📍 အေးမြသောနေရာသို့ရွှေ့ပါ: လူနာကို အရိပ်ရပြီး လေဝင်လေထွက်ကောင်းသော နေရာသို့ ချက်ချင်းရွှေ့ပါ။
2️⃣👕 အပူချိန်လျော့ချပါ: လူနာ၏ အဝတ်အစားများကို ချောင်ချိအောင်လုပ်ပါ။ ရေပတ်အေးအး
တိုက်ပေးပါ သို့မဟုတ် ရေဖျန်းပေးပါ။
3️⃣🧊 ရေခဲကပ်ပါ: ချိုင်းကြား၊ ပေါင်ခြံ၊ လည်ပင်း နှင့် နဖူး တို့တွင် ရေခဲထုပ်များ ကပ်ပေးပါ။
4️⃣🌬️ လေရရှိအောင်လုပ်ပေးပါ: ယပ်တောင်ဖြင့် ခပ်ပေးခြင်း သို့မဟုတ် ပန်ကာဖွင့်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို အမြန်ကျအောင် လုပ်ဆောင်ပးပါ။
✅ ကြိုတင်ကာကွယ်ရန် အကြံပြုချက်များ
1️⃣🚫 🕘 နေပူထဲ မထွက်ပါနှင့်: အပူဆုံးအချိန်ဖြစ်သော မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
2️⃣💧 ရေများများသောက်ပါ: ရေကို ခဏခဏ သောက်ပေးပါ။ အရက်နှင့် ကဖိန်းဓာတ်ပါသော သောက်စရာများကို ရှောင်ပါ။
3️⃣👕 အဝတ်အစား: ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသော ချည်ထည် (Cotton) အဝတ်အစားများကို ဝတ်ဆင်ပါ။
4️⃣🏃 ကိုယ်လက်လှုပ်ရှားမှု: ပြင်းထန်သော အလုပ်များ သို့မဟုတ် လေ့ကျင့်ခန်းများကို နေအေးချိန် (မနက်စောစော သို့မဟုတ် ညနေပိုင်း) တွင်သာ ပြုလုပ်ပါ။
💡 အထူးသတိပေးချက်: အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများသည် အပူဒဏ်ကို ခံနိုင်ရည်နည်းပါးသောကြောင့် အထူးဂရုစိုက် စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်ရှင်။
"SMART SOLUTIONS, STRONGER COMMUNITIES"
🇲🇲
Click here to claim your Sponsored Listing.
Category
Website
Address
11201
