Vibrantia Myanmar
Collect Moments, Collect Scents
17/09/2026
ရေမွှေးတွေက အချိန်ကြာရင် ဘာလို့အရောင်ပြောင်းသွားတာလဲ? ✨
ကိုယ်ဝယ်ထားတဲ့ တန်ဖိုးကြီးရေမွှေးပုလင်းတွေ အရောင်ပြောင်းကုန်ရင် "လွှင့်ပစ်ရတော့မှာလား" လို့ တွေးနေမိတယ်ဆိုရင် စိတ်မပူပါနဲ့။ ရေမွှေးတွေ အရောင်ရင့်သွားတာ၊ အရောင်ပြောင်းသွားတာနဲ့တင် ရနံ့ပျယ်သွားတာ၊ အနံ့ပျက်သွားတာ လုံးဝ မဟုတ်ပါဘူး။
ဘာလို့ အရောင်ပြောင်းသွားတာလဲ? 💡
ရေမွှေးမှာပါတဲ့ ဗနီလာ ဒါမှမဟုတ် ပန်းရနံ့တချို့က အချိန်ကြာလာတာနဲ့အမျှ လေနဲ့ထိပြီး သဘာဝအတိုင်း အရောင်ရင့်လာတတ်ပါတယ်။ ဒါကို Oxidization ဖြစ်လာတယ်လို့လည်း ခေါ်ကြပါတယ်> အထူးသဖြင့် ချိုတဲ့အနံ့ပါတဲ့ရေမွှေးတွေမှာ အရောင်ညိုလာတာဟာ ပုံမှန်ပါပဲ။ ပြတင်းပေါက်နဲ့ နီးတဲ့၊ နေရောင်တိုက်ရိုက်ထိတဲ့ နေရာတွေမှာ တင်ထားမိရင်လည်း ရေမွှေးရဲ့ အရည်က မြန်မြန်အရောင်ပြောင်းသွားတတ်ပါတယ်။
အနံ့ရော ပြောင်းသွားတတ်လား? 🌸
များသောအားဖြင့်ကတော့ အရောင်ပြောင်းတိုင်း အနံ့မပျက်ပါဘူး။ တချို့ရေမွှေးတွေဆိုရင် အချိန်ကြာပြီး အရောင်ရင့်လာလေ၊ အနံ့က ပိုပြီး နက်ရှိုင်းလာလေ၊ ပိုမိုက်လာလေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်... ရှာလကာရည်လို ချဉ်စူးစူး အနံ့တို့၊ သံချေးနံ့လို စူးရှရှ အနံ့တွေဖြစ်သွားရင်တော့ အဲဒီရေမွှေးက တကယ် ပျက်သွားပါပြီ။ အဲဒီအခါကျမှသာ ဆက်မသုံးဘဲ လွှင့်ပစ်လိုက်ပါ။
ရေမွှေးကို အကြာကြီး အနံ့မပျက်အောင် ဘယ်လိုထားမလဲ? 🛡️
✅ ရေချိုးခန်းထဲမှာ လုံးဝ (လုံးဝ) မထားပါနဲ့။ အပူအအေး အမြဲပြောင်းနေလို့ ရေမွှေးအတွက် အဆိုးဆုံးနေရာပါ။
✅ မှောင်ပြီး အေးတဲ့ ဗီရို ဒါမှမဟုတ် အံဆွဲထဲမှာပဲ ထားပါ။
✅ အကောင်းဆုံးကတော့ ဝယ်တုန်းကပါလာတဲ့ စက္ကူဘူးခွံလေးထဲမှာ ပြန်ထည့်သိမ်းတာပါပဲ။ အလင်းရောင်ကို အကောင်းဆုံး ကာကွယ်ပေးပါတယ်။
ဒီတော့ ကိုယ့်ရဲ့ အကြိုက်ဆုံး ရေမွှေးလေး အရောင်ပြောင်းသွားရုံနဲ့ နှမြောတသဖြစ်ပြီး လွှင့်မပစ်လိုက်နဲ့နော်။ မှန်ကန်တဲ့ သိမ်းဆည်းနည်းလေးတွေနဲ့ထားမယ်ဆိုရင် အကြာကြီး ဆက်သုံးလို့ ရပါသေးတယ်။ 🤍
Floral 💐💐💐💐💐
17/09/2026
Vibrantia ရဲ့ အသစ်စက်စက် Floral Series တွေကို Tester တွေစမ်းပြီး ဝယ်လို့ ရနေပါပြီ 🥳😍
📍 City Mart ဆိုင်ခွဲတိုင်း ၊ Ocean ဆိုင်ခွဲတိုင်း ၊ Marketplace ဆိုင်ခွဲတိုင်း ရနေပါပြီ 📢📢📢
12 ml - 18000/ ကျပ်
55 ml - 54500/ ကျပ်
15/09/2026
သီးခြားဆန်တဲ့ တိတ်ဆိတ်မှုနဲ့ ကျော့ရှင်းတဲ့အလှ - Vibrantia: Silent Blossom 🌹✨
ဆူဆူညံညံ ကြွားဝါနေစရာမလိုဘဲ တိတ်ဆိတ်စွာနဲ့ လူတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားနိုင်စွမ်းရှိတဲ့ အလှတရားမျိုးကို မြင်ဖူးပါသလား? 🤍 Vibrantia ရဲ့ Floral Series ထဲက Silent Blossom ဟာ အပေါ်ယံ ဟန်ဆောင်မှုတွေမပါဘဲ သန့်စင်အေးချမ်းပြီး အလွန်ကို ကြော့ရှင်းတဲ့ ပုံရိပ်ကို ဖန်တီးပေးမယ့် ရနံ့လေးပဲ ဖြစ်ပါတယ်။ 🌸💫
ပထမဆုံး ရှူရှိုက်လိုက်တာနဲ့ Tincture of Rose 🌹 နဲ့ Freesia 🌼 ပန်းတို့ရဲ့ သန့်စင်တဲ့ ရနံ့လေးတွေက Litchi နဲ့ Raspberry 🍓 တို့ရဲ့ ခပ်ချိုချို လတ်ဆတ်မှုတွေနဲ့ အချိုးကျကျ ပေါင်းစပ်သွားပါတယ်။ ဒါဟာ အာရုံကို ချက်ချင်း လန်းဆန်းသွားစေပြီး လူတိုင်းကို မျက်စိအေးစေမယ့် "Fresh & Fruity" အဖွင့်ရနံ့လေးပါ။ 🌬️
အချိန်နည်းနည်းကြာလာတာနဲ့အမျှ ဒီရနံ့ရဲ့ အဓိက နှလုံးသားဖြစ်တဲ့ White Florals တွေဖြစ်ကြတဲ့ Lily of the valley, Jasmine, Lilac, Peony နဲ့ Lily 🪷 ပန်းရနံ့တွေ အပြည့်အဝ ပွင့်လန်းလာပါတယ်။ ပန်းခင်းကြီးတစ်ခုထဲ ရောက်သွားသလိုမျိုး ခံစားရပေမယ့်၊ ခေါင်းကိုက်လောက်အောင် ပြင်းရှတာမျိုး လုံးဝမရှိဘဲ အလွန်ကို ကြော့ရှင်းပြီး လုံခြုံနွေးထွေးတဲ့ ခံစားမှုကို ပေးစွမ်းပါတယ်။ 😌 ဒါက တယောက်တည်းလှပနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ Vibe မျိုးပါပဲ။ 👗🍷
နောက်ဆုံးမှာတော့ သင့်အသားအရေပေါ်မှာ Musk ☁️ နဲ့ Patchouli 🌿 တို့ရဲ့ တည်ငြိမ်တဲ့ အငွေ့အသက်လေးတွေက အချိန်အကြာကြီး ငြိမ်ငြိမ်လေး စွဲကျန်ရစ်မှာပါ။ ဒီ Base Notes တွေက အပေါ်က ပန်းရနံ့တွေကို ပိုပြီး နက်ရှိုင်းသွားစေပြီး တိတ်ဆိတ်ငြိမ်သက်စွာနဲ့ပဲ ဘေးနားကလူတွေကို မေ့မရအောင် ဖမ်းစားထားနိုင်မယ့် ရနံ့မျိုး ဖြစ်ပါတယ်။ 🕰️🍂
သင့်အနေနဲ့ နေရာတကာမှာ ထင်ပေါ်နေဖို့မလိုဘဲ သိမ်သိမ်မွေ့မွေ့နဲ့ ကိုယ်ပိုင်ဟန်ကို ထိန်းသိမ်းချင်တဲ့သူဆိုရင်တော့... 🕊️ Vibrantia: Silent Blossom က သင့်ရဲ့ Signature Scent အသစ် ဖြစ်လာဖို့ အသေအချာပါပဲ။ သင်ရော ဒီလို တိတ်ဆိတ်ငြိမ်သက်တဲ့ ကြော့ရှင်းမှုလေးကို ပိုင်ဆိုင်ချင်နေပြီဆိုရင် "Silent Blossm" ကိုသာ ရွေးချယ်လိုက်ပါ။ 🌹✨
Vibrantia: Silent Blossom 🧪✨
Top Notes: Tincture of Rose 🌹, Freesia 🌼, Litchi 🍒, Raspberry 🍓
Middle Notes: Lily of the Valley 🪷, Jasmine 🌸, Lilac 🪻, Peony 🌺, Lily 💮
Base Notes: Musk ☁️, Patchouli 🌿
"Collect Moments, Collect Scents."
ပန်းလေးတွေ မချစ်တဲ့သူ ဆိုတာ ရှိပါ့မလား !!!?
14/09/2026
ပြည်မြို့မှာ Floral တွေ အနံ့တွေ မြည်းစမ်းပီး ဝယ်လို့ ရနေပါပြီ 💐🥳
13/09/2026
Vibrantia အတွက် ဂုဏ်ယူစရာ ရနံ့ Burmese Floral 🌼🍃
မြန်မာတွေရဲ့ အမြတ်တနိုးတန်ဖိုး ထားရတဲ့ သနပ်ခါး အပင်ကနေ ပွင့်တဲ့ ရှင်မတောင် သနပ်ခါး ပန်းရနံ့လေး ကို Vibrantia ကနေ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အနေနဲ့ ဖော်ထုတ်ပေးလိုက်ပါတယ် 😍🥳
မြန်မာဆန်ဆန် သိမ်မွေ့ပြီး နူးညံ့တဲ့အလှ — Vibrantia: Burmese Floral 💛✨
စိတ်အာရုံကို အေးချမ်းသွားစေပြီး ငယ်ဘဝရဲ့ နွေးထွေးတဲ့ အမှတ်တရတွေဆီ ပြန်လည်ခေါ်ဆောင်ပေးမယ့် Vibrantia ရဲ့ Burmese Floral ရနံ့လေးပါ 🏡🌼
ရှင်မတောင် သနပ်ခါး ပန်း၏ သင်းပျံ့ပျံ့ရနံ့ကို Chamomile၊ Bergamot တို့ဖြင့် ပေါင်းစပ်ထား၍ မနက်ခင်း နေရောင်ခြည်နုနုလို လတ်ဆတ်ဆန်းသစ်မှုကို စတင်ပေးစွမ်းပါတယ် ☀️🌬️
White Violet ပန်း၏ ဖြူစင်နူးညံ့သော ရနံ့က မြန်မာမိန်းကလေးတစ်ယောက်၏ အေးချမ်းသည့် အပြုံးလိုမျိုး ဆွဲဆောင်မှု ပေးစွမ်းမှာပါ 🤍👘
Green Grass နှင့် Dew Drop တို့၏ သဘာဝ အငွေ့အသက်များက စိတ်ကို ငြိမ်းအေးစေပြီး တစ်ဖက်လူရဲ့ ရင်ထဲမှာ စွဲကျန်နေစေမယ့် ရနံ့တစ်ခု ဖြစ်စေပါတယ် 🌿💧
မြန်မာဆန်ဆန် ရိုးရှင်းအေးချမ်းတဲ့ Signature Scent လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Vibrantia: Burmese Floral လေးကို ရွေးချယ်လိုက်ပါ 🕊️✨
🧪 Notes Breakdown
Top Notes: Thanakha Flower 🌼, Chamomile 🍵, Bergamot 🍋
Middle Notes: White Violet 💮
Base Notes: Green Grass 🌿, Dew Drop 💧
Beauty Began With Floral 💐
13/09/2026
Vibrantia အကြောင်း သူတို့ရဲ့ ပြောစကားများ 💬✨
ရေမွှေးတစ်ပုလင်းဆိုတာ ရိုးရှင်းတဲ့ ရနံ့လေးတစ်ခုတည်းမဟုတ်ဘဲ ကိုယ်ပိုင်အမှတ်တရတွေ၊ ယုံကြည်မှုတွေနဲ့ ခံစားချက်တွေကိုပါ အသက်ဝင်စေတဲ့ အရာလေးတစ်ခုပါ။ Vibrantia ရဲ့ ရနံ့လေးတွေကို ရွေးချယ်ပြီး သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ ဘယ်လိုလှပတဲ့ အမှတ်တရလေးတွေ ဖန်တီးဖြစ်ခဲ့လဲဆိုတာ ချစ်ရတဲ့ Customer တွေရဲ့ ရင်တွင်းစကားသံလေးတွေကနေတဆင့် ဝေမျှပေးလိုက်ပါတယ်နော်။
ပုံလေးတွေထဲမှာ သူတို့ရဲ့ အကြိုက်ဆုံး ရနံ့လေးတွေနဲ့ ခံစားချက်လေးတွေကို ဖတ်ကြည့်ပေးပါဦး။ ကိုယ်နဲ့အကြိုက်တူတဲ့ ရနံ့လေးတွေများ ပါနေမလားဆိုတာ အတူတူ ရှာကြည့်လိုက်ရအောင်။ 🤍
"Collect Moments, Collect Scents."
11/09/2026
မြန်မာဆန်ဆန် သိမ်မွေ့ပြီး နူးညံ့တဲ့အလှ - Vibrantia: Burmese Floral 💛✨
အိမ်နဲ့ဝေးနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်ပဲဖြစ်ဖြစ်... ငယ်ဘဝရဲ့ နွေးထွေးတဲ့ အမှတ်တရတွေဆီ ပြန်လည်ခေါ်ဆောင်သွားပေးမယ့် ရနံ့တစ်ခု ရှိပါတယ်။ 🏡 Vibrantia ရဲ့ Floral Series ထဲက Burmese Floral ဆိုတာကတော့ မြန်မာဆန်ဆန် သိမ်မွေ့နူးညံ့မှုတွေနဲ့အတူ ရိုးရှင်းပြီး သန့်စင်တဲ့ အလှတရားကို ဖော်ကျူးထားတဲ့ ရနံ့လေးပဲ ဖြစ်ပါတယ်။ 🌼🍃
ပထမဆုံး ရှူရှိုက်လိုက်တာနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ရှင်မတောင်သနပ်ခါးပန်းရဲ့ သင်းပျံ့ပျံ့ရနံ့လေးက စိတ်ကို ချက်ချင်း ငြိမ်းအေးသွားစေမှာပါ။ ပြီးတော့ Chamomile နဲ့ Bergamot တို့ရဲ့ လတ်ဆတ်တဲ့ အငွေ့အသက်လေးတွေ ပေါင်းစပ်သွားတဲ့အခါ မနက်ခင်း နေရောင်ခြည်နုနုလေးအောက်မှာ လန်းဆန်းတက်ကြွနေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းပါတယ်။ ☀️ တကယ့်ကို "မြန်မာဆန်ဆန် သိမ်မွေ့မှု" ဆိုတဲ့ စကားလုံးနဲ့ အလိုက်ဖက်ဆုံး အဖွင့်ရနံ့လေးပါ။ 🌬️
အချိန်လေး နည်းနည်းကြာလာတာနဲ့အမျှ ဒီရနံ့ရဲ့ နှလုံးသားဖြစ်တဲ့ White Violet ပန်းလေးရဲ့ ဖြူစင်နူးညံ့တဲ့ ရနံ့လေးက ဆက်လက်ထွက်ပေါ်လာပါတယ်။ ဖြူစင်ပြီး ရိုးသားတဲ့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ အေးချမ်းတဲ့ အပြုံးလိုမျိုး၊ ဆူဆူညံညံ ဖမ်းစားတာမျိုးမဟုတ်ဘဲ ဘေးနားကလူတွေကိုပါ ကူးစက်အေးချမ်းစေတဲ့ (Fresh & Floral) ဆွဲဆောင်မှုမျိုးကို ဖန်တီးပေးပါတယ်။ 🤍👘
နောက်ဆုံး သင့်အသားအရေပေါ်မှာ အချိန်အကြာကြီး ခြေရာချန်ရစ်မယ့် ရနံ့ကတော့ မိုးလင်းကာစ မြက်ခင်းစိမ်းစိမ်း (Green Grass) နဲ့ နှင်းပေါက်လေးတွေ (Dew Drop) ရဲ့ သဘာဝအငွေ့အသက်ပါပဲ။ 🌿💧 ဖိအားတွေများနေတဲ့ ကမ္ဘာကြီးထဲကနေ ခဏတာ ရုန်းထွက်ပြီး သဘာဝတရားရဲ့ ရင်ခွင်ထဲမှာ အေးချမ်းစွာ အနားယူလိုက်ရသလိုမျိုး သန့်စင်လန်းဆန်းတဲ့ မှတ်ဉာဏ်တစ်ခုကို တစ်ဖက်လူရဲ့ ရင်ထဲမှာ ထာဝရ သိမ်းဆည်းပေးထားမှာပါ။ 🕰️🍃
မြန်မာဆန်ဆန် ရိုးရှင်းတဲ့ အလှတရားကို မြတ်နိုးပြီး၊ ဘယ်အချိန်ရရ စိတ်ကို အေးချမ်းသွားစေမယ့် Signature Scent မျိုးကို ရှာဖွေနေတယ်ဆိုရင်တော့... 🕊️ Vibrantia: Burmese Floral က သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ သင်ရော ဒီလို သိမ်မွေ့နူးညံ့တဲ့ အေးချမ်းမှုလေးနဲ့အတူ သင့်ရဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းချင်တယ်ဆိုရင်တော့ Vibrantia: Burmese Floral က သင့်အတွက် အကောင်းဆုံး ရနံ့တစ်ခုဖြစ်လာမှာပါ။ 💛✨
Vibrantia: Burmese Floral 🧪✨
- Top Notes: Thanakha Flower 🌼, Chamomile 🍵, Bergamot 🍋
- Middle Notes: White Violet 💮
- Base Notes: Green Grass 🌿, Dew Drop 💧
"Collect Moments, Collect Scents."
Vibrantia ရဲ့ အသစ်ထွက်လာတဲ့ Floral Series ကို
Ko NorGee ဘယ်လိုဝေဖန်ထားလဲ ကြည့်ကြည့်ရအောင် 💐💐
ချစ်စရာ Family လေးနဲ့ ကလောမြို့ရဲ့ ရှူခင်း အလှတွေနဲ့
ဖန်တီးထားတာလေး ရင်သပ်ရှူမောဖွယ်ရာ Floral ရနံ့ တွေနဲ့ လိုက်ဖက်နေရော 🥰😍
#ရေမွှေး
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Vibrantia Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
